အိုင်တီ ကွန်ပျူတာ သင်တန်း
* အိုင်တီ ကွန်ပျူတာသင်တန်းကို သင်ကြားရေးကျွမ်းကျင်သော ဆယ်စုနှစ်အထက် အတွေ့အကြုံရင့် သင်တန်းနည်းပြ ဆရာ/ဆရာမ များနှင့် ဖွဲ့စည်းထားပါသည်။
* ကျောင်းသား / ကျောင်းသူ များ နှင့် လုပ်ငန်းခွင် ၀င်နေသော ၀န်ထမ်းများ အတွက် ရည်ရွယ်ထားသောကြောင့် အချိန် အခက်အခဲ မဖြစ်စေရေးကို ဖြေရှင်းပေးပါမည်။
* အိုင်တီ ကွန်ပျူတာ သင်တန်းကျောင်းတွင် ၁ဝ-တန်း အောင်မြင်ပြီးသော ကျောင်းသား/သူများကွန်ပျူတာကိုအခြေခံမှစ၍စတင်လေ့လာလိုသူများနှင့်ကွန်ပျူတာ ကိုအသက်မွေးဝမ်းကြောင်းပညာရပ် တစ်ခုအနေဖြင့် COMPUTER PROFESSIONAL ဖြစ်သည့်အထိ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ရန် စာတွေ့လက်တွေ့သင်ကြားပေးပါသည်။
* သင်တန်းကြေးများကို အနည်းဆုံးဖြစ်အောင်နှင့်လွယ်ကူစွာတတ်မြောက်နိုင်အောင် ကျွမ်းကျင် ဆရာ / ဆရာမများက တာဝန်ယူ သင်ကြားပေးနေပါသည်။
Internet & Email Course
MIRC , G-Mail , G-Talk , VZO Chat , Facebook and Web browsing
သင်တန်းကာလ - 2 Weeks ၊ သင်တန်းကြေး - 15000 Ks
I
Internet&E-mail အားစတင်အသုံးပြုလိုသူများ၊ လုပ်ငန်းခွင်တွင် ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုလို သူများအတွက် Internet အသုံးပြုခြင်းဖြင့် တစ်ကမ္ဘာလုံးရှိ Website များ Information များနှင့် Data အချက်အလက်များအား ရယူခြင်း၊ Gmail ဖြင့် email ပို့ခြင်း၊ Gtalk ဖြင့် စကားပြောခြင်း၊ VZO video chatting ဖြင့် အရုပ်ကြည့်၍ စကားပြောဖုန်းခေါ်ခြင်းတို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်အောင် သင်ကြားပေးပါသည်။
Computer For Kids Course
Painting & Drawing, English Typing with Game and Flash Gaming ...
သင်တန်းကာလ - 1 Month ၊ သင်တန်းကြေး - 20000 Ks
ကလေးငယ်များအား ငယ်စဉ်ကတည်းက ကွန်ပျူတာ နှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် သင်ကြားပေးထားသင့်သော သင်တန်းဖြစ်ပါသည်။ ကလေးငယ်များ စိတ်ပါဝင်စားမှုရှိစေရန် ပန်းချီဆွဲခြင်း၊ ရုပ်ပုံများ နှင့် လက်ကွက်လေ့ကျင့်ခြင်း၊ စာများ ပြင်ခြင်း၊ ဂဏန်းသင်္ချာ စာရင်းတွက်ချက်ခြင်း၊ ဥာဏ်ရည် ထက်မြက်စေရန် ဂိမ်းကစားခြင်းများကိုပါတွဲဖက်သင်ကြား ပေးပါသည်။
Computer Basic Course
Microsoft Word , Excel , Power Point , Adobe Pagemaker
သင်တန်းကာလ - 1 Month ၊ သင်တန်းကြေး - 25000 Ks
ကွန်ပျူတာစတင် လေ့လာလိုသူများအနေဖြင့် ကွန်ပျူတာအခြေခံ ရုံးသုံး Softwares
များဖြစ်သည့် Microsoft Word , Excel , Power Point , Adobe Pagemaker
Software များကို ကျွမ်းကျင်စွာအသုံးပြနိုင်ရန် လိုအပ်ပါသည်။ ရုံးသုံးလုပ်ငန်းများနှင့်
ကုမ္ပဏီများတွင် လုပ်ငန်းခွင်သုံး ရုံးစာများ ရိုက်ခြင်း၊ ဇယားဆွဲခြင်း၊ စာရင်းတွက်ခြင်း၊
PowerPoint ဖြင့် Presentation ပြုလုပ်ခြင်း၊ စာစီစာရိုက် အသုံးပြုလိုသူများအတွက်
မြန်မာ/အင်္ဂလိပ် စာများကိုကျွမ်းကျင်ပိုင်နိုင်စွာ ရိုက်နိုင်အောင် သင်ကြား ပြသပေးပါသည်။
Desktop Publishing Course
Adobe PageMaker 7 , Adobe Photoshop CS3 , Corel DrawX4
သင်တန်းကာလ - 2 Months ၊ သင်တန်းကြေး - 60000 Ks
ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းများ လုပ်ကိုင်လိုသူများ၊ မဂ္ဂဇင်းနှင့် ဂျာနယ်တိုက်များတွင် အလုပ် လုပ်ကိုင်လိုသူများ၊ ပုံနှိပ် ထုတ်ဝေခြင်းလုပ်ငန်းများ၊ လိပ်စာကဒ်၊ ဖိတ်စာကဒ် ၊ လက်ကမ်းကြော်ငြာ စာစောင်ဒီဇိုင်းများ၊ LOGO ဒီဇိုင်းရေးဆွဲချင်သူများ နှင့် Layout Design များပြုလုပ်ခြင်းများကို ကျွမ်းကျင်စွာတတ်မြောက်နိုင်ရန် တာဝန်ယူသင်ကြားပေးပါသည်။
Graphic Design Course
Adobe Photoshop CS3,Illustrator CS3 , Corel DrawX4, Adobe PageMaker 7
သင်တန်းကာလ - 2 Months ၊ သင်တန်းကြေး - 70000 Ks
Professional Graphic Designer တစ်ယောက်အဖြစ် Company များ Photo ဆိုင်များ၊ Media လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လိုသူများအနေဖြင့် တက်ရောက်သင်ကြားသင့်သောသင်တန်း ဖြစ်ပါ သည်။ Graphic Design သင်တန်းတွင်Adobe Photoshop, Adobe Illustartor,Corel Draw, Pagemaker Softwareများကိုကျွမ်းကျင်အောင်စနစ်တကျသင်ကြားပေးပါမည်။ လုပ်ငန်းခွင်လက်တွေ့ သင်ခန်းစာများဖြစ်သော Magazine ဒီဇိုင်း၊ Journalဒီဇိုင်းများ၊ Pamphlet များ Vinyl ကြော်ငြာများ ပြုလုပ်ခြင်း၊ကုန်ပစ္စည်းအမှတ်တံဆိပ်များ ဖန်တီးရေးဆွဲခြင်း၊ CD ကာဗာများ၊ Wallsheet, Sticker များပြုလုပ်ခြင်း၊ Calenderများပြုလုပ်ခြင်း၊ဘူးခွံဒီဇိုင်းအမျိုးမျိုးပြုလုပ်ခြင်း၊ဓါတ်ပုံပြုပြင်အလှဆင်ခြင်း လုပ်ငန်းများကိုကျွမ်းကျင်သည်အထိသင်ကြားပြသပေးပါမည်။ Software များကိုကျွမ်းကျင်ပြီးစီးပါက အခြေခံကာလာသီအိုရီများအကြောင်း၊အခြေခံအရောင်များအကြောင်း၊အလင်းအမှောင်၊အရောင်အနု
အရင့်၊ဒီဇိုင်းအထားအသို (position) ပုံနှိပ်စက္ကူအချိုးများနှင့် ပုံနှိပ်ဖလင်ခွဲခြင်း၊ ပုံနှိပ်ရိုက်နှိပ်ခြင်းများ
အကြောင်းကိုအသေးစိတ်စာတွေ့၊ လက်တွေ့အဆင့်ဆင့်သင်ကြားပေးသွားမှာဖြစ်သည်။
Video Editing Course
သင်တန်းကာလ - 2 Months ၊ သင်တန်းကြေး - 150000 Ks
Adobe Premiere CS3,Adobe After Effect CS3,Cinema 4D, Photoshop CS3, Poser,Flash MX စတဲ့ Software တွေကို ကျွမ်းကျင်အောင် စနစ်တကျ သင်ကြားပေးမှာဖြစ်ပါသည်။ Adobe Premiere နဲ့ Video ရုပ်ရှင်ကားများ၊ကြော်ငြာများ၊ မင်္ဂလာဆောင်၊ ရှင်ပြု၊ မွေးနေ့ အခွေများတွင် Video ရုပ်သံ ရိုက်ကူးတည်းဖြတ်ခြင်း၊ VCD Karaoke စာတန်းထိုးပြုလုပ်ခြင်း၊ AfterEffect ဖြင့် တည်းဖြတ်ထားတဲ့ Video ကိုပိုပြီး ထူးခြားလှပသက်ဝင်လာအောင် ထည့်သွင်းအသုံးပြုနိုင်ရန် သင်ကြားပေးမှာဖြစ်ပါတယ်။Cinema 4D Software ကတော့ 3D Animation နှင့် 3D ကြော်ငြာများ၊ 3D ဇာတ်ကောင်များ ထည့်သွင်းဖန်တီးပြုလုပ်ပုံများ သင်ကြားပေးမှာဖြစ်ပါတယ်။ Poserဖြင့် မိမိ ထည့်သွင်း ချင် တဲ့ ဇာတ်ကောင်တွေကို ကိုယ်တိုင်ဖန်တီးပြီး သက်ဝင်လှုပ်ရှားနိုင်အောင် အထူး ပြုလုပ်ပေးခြင်း၊FlashSoftwareနဲ့ 2DAnimation ကာတွန်းများ ပြုလုပ်ဖန်တီး ပြုလုပ်ပုံများကို သင်ကြားပြသပေးပါသည်။ Photoshop နဲ့ ဓါတ်ပုံများကို ပြုပြင်၍ Video အတွင်းထည့်သွင်း အသုံးပြုမည့် Design များကို လှပသေသပ်အောင် ဖန်တီးပြုလုပ်နိုင်မှာဖြစ်ပါသည်။
Web Developing Course
သင်တန်းကာလ - 2 Months ၊ သင်တန်းကြေး - 150000 Ks
Web Designer အဖြစ်ရပ်တည်လိုသူများ အတွက် HTML နှင့် CSS ကို အခြေခံမှစတင်၍ စနစ်တကျ သင်ကြားပေးပါသည်။ Photoshop ဖြင့် Professional Design များဖန်တီးခြင်း၊ Animated Gif file များဖန်တီးနည်း၊ Dreamwaver ဖြင့်အလွယ်တကူ စာမျက်နှာများ ဖန်တီးခြင်း Flash CS3 နှင့် Special effect များဖန်တီးခြင်း၊ Java Script Softwareကို အသုံးပြု၍ အသက်ဝင်သောစာမျက်နှာများ ဖန်တီး
ခြင်း စသော လွယ်ကူသောသင်ခန်းစာများနှင့်လေ့ကျင့်သင်ကြားပေးပါသည်။ Internet, WebDesign အတွက် လိုအပ်သောနည်းပညာ ဗဟုသုတများ နှင့် အသိပညာများကိုလည်း သင်ကြားပေးပါသည်။ HTML 4.01, HTML5,XML DOM, HTML DOM, jQuery, SQL, CSS 3, PHP, XSLT XPath, XSL-FO, HTMLColors, CSS3 စသည့် နည်းပညာသစ်များအကြောင်းပါ နားလည်အောင် သင်ကြားရမည် ဖြစ်သည်။(((((အထူးအစီအစဉ်အနေဖြင့်သင်တန်းတက်ရောက်သူသင်တန်းသားများသည်မိမိနာမည်ဖြင့်
( Eg:www.yourname.com) Domain အင်တာနက် Website တစ်ခုပိုင်ဆိုင်ရမည်ဖြစ်သည်။)))))....
AutoCAD 2D, 3D Course
သင်တန်းကာလ - 2 Months ၊ သင်တန်းကြေး - 85000 Ks
AutoCAD ဖြင့် လုပ်ငန်းခွင်ဝင်မည့်သူများ၊ အင်ဂျင်နီယာကျောင်းသားများ၊ နိုင်ငံခြားတွင် အလုပ်လုပ်
မည့်သူများ တက်ရောက်သင့်သောသင်တန်းဖြစ်ပါသည်။ AutoCAD စတင်လေ့လာ ဆည်းပူးလိုသူများ
အတွက်အခြေခံ AutoCAD 2Dcommand နှင့် Drawingများ ကိုစနစ်တကျပိုင်နိုင်အောင်သင်ကြားပေး ပါသည်။ သင်တန်းတွင် 2D Command အပြည့်အစုံ နှင့် အခြေခံမှ အဆင့်မြင့် Drawing များအထိ
ထည့်သွင်း သင်ကြားပေးပါသည်။ 3D အမြင်ဖြင့် ဆွဲသော Isometric Drawing များ၊ 3D Command အခြေခံများပါ ထည့်သွင်းသင်ကြားပေးပါတယ်။ Command များကို ကျွမ်းကျင်အောင် သင်ကြားပေး သည့်အပြင် Drawingအယူအဆများကိုပါသင်ကြားပေးပါသည်။ Command နှင့် Drawing ကျွမ်းကျင် သောအခါပုံထုတ်နိုင်ရန်အတွက် Layout Command အပြည့်အစုံနှင့် PDF File ပြောင်းခြင်းများကိုပါ သင်ကြားပေးပါသည်။ 3D အခြေခံ Command မှစ၍အဆင့်မြင့် Drawing ဆွဲနိုင်သည်အထိ သင်ကြား ပေးခြင်း၊ ကျောင်းသားများအတွက်3D Command အပြည့်အစုံနှင့် Architectural, Civil, Mechanical Drawingများကို အထူးလေ့ကျင့်သင်ကြားပေးသည်။
A+ Hardware Course
သင်တန်းကာလ - 1 Month ၊ သင်တန်းကြေး - 60000 Ks
ComTIA Original A+ Book ကိုသင်ရိုးအဖြစ်ထားရှိသင်ကြားသည်။ Computer အတွင်းရှိ Hardware Device ပစ္စည်းများအားလုံး အလုပ်လုပ်ပုံ အကြောင်းများကို အသေးစိတ် သိရှိနားလည် နိုင်ရမည်။
Registry အကြောင်း အသေးစိတ် ရှင်းလင်းချက်၊ User Account Control & Data Encryption
အကြောင်း၊ မိမိ Computer ကိုစနစ်တကျ လက်တွေ့တပ်ဆင်ခြင်း/စမ်းသပ်ခြင်း/ပြုပြင်ခြင်းများ ကို ကျွမ်းကျင်စွာလုပ်နိုင်ရမည်။ အမျိုးမျိုးသော Operating System, Device Drivers, Softwares နှင့် Games များကိုInstall ထည့်သွင်းနိုင်ရမည်။ AntiVirus ထည့်သွင်းခြင်းနှင့် Update ပြုလုပ်ခြင်းကို ကျွမ်းကျင်ရမည်။ Storage Media & Data Recovery အကြောင်း၊ Win, Mac, Linux စသော OS မျိုးစုံကို Computer တစ်လုံးတည်းတွင်ထည့်သွင်းအသုံးပြုခြင်း နှင့် LinuxOS ကို Microsoft Window ကဲ့သို့ အသုံးပြုခြင်းများ နှင့် Softwares များကို Activation, Patch, Crack, Online Register ပြုလုပ်ခြင်း မျိုးစုံကို အသေးစိတ်သင်ကြားပေးမည်။ Computer နှင့် Laptop များကို ၀ယ်ယူရာတွင် ပစ္စည်းအမျိုးအစားကိုမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရမည်။ Computer များကို Network ချိတ်ဆက် နည်း နှင့် အင်တာနက် အီးမေးလ် အသုံးပြုလျှင်သိထားသင့်သောနည်းစနစ်များ၊ Metering & Tracing System board fault with QiGuan အသုံးပြုခြင်းနှင့် BIOS update, Tuning and Overclocking
အကြောင်းများကို သင်ကြားပေးပါသည်။
Networking Course
သင်တန်းကာလ - 1 Month ၊ သင်တန်းကြေး - 60000 Ks
CompTIA Original N+ book ကို Course အဖြစ်ထားရှိပြီး Server Computer မှ Client Computer များသို့ Data များ၊ Software များနှင့် InternetConnection များကိုထိန်းချုပ်အသုံးပြုခြင်း၊ Network Topology နှင့် OSI Seven Layer အကြောင်း အသေးစိတ်ရှင်းလင်းချက်၊ အမျိုးမျိုးသော Modems,
Switchs & Routers များကိုကျွမ်းကျင်စွာကိုင်တွယ်၍ Configure လုပ်နိုင်ရမည်။ မိမိအသုံးပြုနေ သော Wireless Network ကိုလုံခြုံစွာကာကွယ်နိုင်ရမည်။ Routing & Switching, DMZ, Port FordwardingDNS, DHCP, Firewall များအလုပ်လုပ်ပုံနှင့် စီမံခန့်ခွဲခြင်း၊PortFilter, Packet Filter, Data Encryption, MAC filtering သင်ခန်းစာများ၊ADSL ( Bagan, MPT India, MPT Korea), Bagan WiMax, Redlink WiMax andSKYNET အစရှိသော Internet Connections များကို သင်တန်းတွင် လက်တွေ့တပ်ဆင်ထားရှိ သင်ကြားပေးသည်။ အလွန်ဝေးကွာသော နေရာတစ်နေရာမှ
တစ်နေရာသို့ ကြိုးမဲ့ကွန်ယက် ချိတ်ဆက်ခြင်း နှင့် ဖြန့်ဝေခြင်းနည်းပညာများ၊ CCTV Camera များကို Wireless ထိန်းချုပ်ချိတ်ဆက်ခြင်း၊ Cisco Router, CPE, Omini, Parabolic Antanna များဖြင့် Outdoor Long Range ချိန်ညှိချိတ်ဆက်ခြင်းနည်းလမ်းများနှင့် Web Development အခြေခံ စသည့်
အထူးပြုသင်ခန်းစာများအား ပြီးပြည့်စုံစွာ တာဝန်ယူ သင်ကြားပေးပါသည်။
↧
IT Computer Training Centre မှ 3/4/5/6/7/8-2-2012 ရက်များတွင် computer တန်းခွဲသစ်များ ဖွင့်လှစ်ခြင်း
↧