Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ညတွင်းချင်း သေတမ်းစာ

$
0
0

               တစ်နေ့တာ ပင်ပန်းနွမ်းနယ်နေသမျှကို တစ်ညတာ ဆာလောင်ခြင်းနဲ့ အပန်းဖြေခဲ့ရ မိခင်နို့ရည်ကို မသောက်သုံးဖူးတဲ့ မြေးမကလေးရဲ့ နို့ဗူးကသာ ဘဘအတွက် ချမ်းသာခြင်းစစ်စစ် မီးဇာကုန်စီခန်းတာဆိုရင်တော့ ကောင်းတာပေါ့ မီးစာတန်းလန်းနဲ့ ဆီခန်းနေခဲ့တာ အဲဒီလို ကိုယ်ပိုင်ကိုယ်ဆိုင် ချီ့နဲ့နဲ့ အင်အားမျိုးနဲ့ မြေးမကလေးရဲ့ ဘ၀ကို ဘယ်ပုံဘယ်နည်းအလင်းပြရပါ့မလဲ တစ်သက်လုံးရင်ဆိုင်လာခဲ့ရတဲ့ ဆင်းရဲ ဒုက္ခတွေ ဆံပင်ဖြူနှုတ်ပေးနေကျ မြေးမကလေးရဲ့ လက်ပေါ်မှာတင်ပပျောက်သွားခဲ့ပြီလေ ဘဘ မျက်စိမှိတ်မယ့်အချိန်ကျရင် မြေးကလေးကို အခုလိုဘယ်သူကများချော့သိပ်ပါ့မလဲ အိပ်ပါတော့ ကလေးရယ် မြေးလေးအိပ်ပျော်သွားလို့ အိမ်မက် မက်ခဲ့ရင် မြေးရဲ့ အိမ်မက်ထဲမှာ စည်းစိမ်ဥစ္စာတွေကိုထည့်မမက်ရဘူးနော် တော်တော်ကြာ .... လောကကြီးက ဘဘတို့ကို စိတ်ဆိုးနေပါဦးမယ်

                    ဘဘရဲ့ ဆာလောင်ခြင်းတွေကို မြေးမကလေးရဲ့ အိပ်ရာဝင်ပုံပြင် တစ်ပုဒ်အဖြစ်ဖန်တီးနိုင်ခဲ့လို့ ဘဘကျေနပ်ပါတယ် လေးနှစ် ငါးနှစ် ကြာလို့မှ တစ်ခါမလဲနိုင်တဲ့ အင်ဖက် အမိုးကလေးကလည်း မြေးမကလေးကိုလုံခြုံမှုမပေးနိုင်ခဲ့ အားကိုးတကြီးဖက်တွယ်ထားတဲ့မြေးမကလေးရဲ့ လက်တစ်စုံက ဘဘ ကိုအားအင်ဖြစ်စေတယ် အခုအချိန်မှာ မြေးရဲ့ မျက်ဝန်းကကျတဲ့ မျက်ရည်စတွေဟာ ဆာလောင်ခြင်းကြောင့်ကျတဲ့ မျက်ရည်ဖြစ်ပါစေလို့ ဘဘ ဆုတောင်းပါတယ် တစ်ကယ်လို့များ မတူညီတဲ့ဘ၀တွေကို နှိုင်းယှဉ်ရင်းနဲ့ လောကဓံကို အပြစ်တင်တဲ့အခါ ဘ၀ကိုအရှုံးပေးလိုက်တဲ့မိန်းကလေး တစ်ယောက်ဖြစ်သွားတတ်တယ် ပြီးတော့……… ကံတရားကို အပြစ်တင်တဲ့အခါ သူတပါးကိုအပြစ်ပုံချတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်သွားတတ်တယ် တစ်ချိန်ချိန်ကျရင် အဲဒီမျက်ရည်တွေဟာ သမီးကလေးရဲ့ ရင်ထဲမှာဘယ်တော့မှ မပျောက်ပျက်နိုင်တော့မယ့် ဒဏ်ရာဖြစ်သွားမှာစိုးလို့ပါ................

           [လောကကြီးထဲစတင်ဝင်ရောက်လာစဉ်ကစလို့ သေဆုံးချိန်ထိ လောကစည်းစိမ်ကို မခံစား မစံစားရဘဲနဲ့ ဒုက္ခမျိုးစုံကို ရင်စီးခံခဲ့ရသော ဘဘ တစ်ယောက် ဒီဘ၀မှ လွဲပြီးရောက်လေရာဘ၀ တိုင်းမှာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့ လို့ ဆုတောင်းပေးပါတယ်] စစ်ပိုင်လင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>