ရင်ထဲကို စိုက်ဝင်ခဲ့တဲ့ မြားတစ်စင်းနဲ့  တူတဲ့ စကားတစ်ခွန်း......။
KNU နဲ့  မြန်မာစစ်တပ် လက်နဲ့ နှင့်ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီတဲ့..........။
ကြားခဲ့တဲ့ စကားတစ်ခွန်းက ငါ့ရဲ့ရင်ကို အေးမြစေတယ်.............။
ဘယ်သူက မှားပြီ ဘယ်သူက မှန်တယ်မသိတဲ့ လူမျိုးရေးနဲ့  တိုင်းပြည်ရေးမှာ ငါတို့ တွေ မြေဇာပင်ဖြစ်နေခဲ့ရတာ အနှစ်နှစ်အလလပေါ့.................။
အဝတ်ထုတ်ကို ခေါင်းအုံးလုပ် ဘယ်အချိန်ထပြေးရမလဲဆိုတဲ့ ကျီးလန့်စာစာ အတွေးတွေနဲ့  အိပ်စက်ခဲ့ရတဲ့ အိပ်ပျက်ညတွေ ခုတော့ တကယ်ကင်းစင်တော့မှာလား.......။
ဒေါနတောင်တန်းက မြစ်ဖျားခံလာတဲ့ရေ သွေးချောင်းတွေစီးလို့  ဇွဲကပင်တောင်ကြီး ငိုခဲ့ဖူးတယ်...........။
ဆပ်ကြေး ၊ပေါ်တာ ဤ နှစ်ဖြားကြား ရုန်းကန်လှုပ်ရှား ဥကွဲသိုက်ပျက် ငါ့သွေးသားတွေ အသက် မြေမှာခခဲ့ရတယ်...။
စိမ်းလန်းနေတဲ့ တောတောင်တွေကြား ရောယှယ်ခဲ့တဲ့ အနီရောင်သွေးစက်တွေက လှပတဲ့ ပန်ချီကားတစ်ချပ် မဟုတ်ခဲ့တာတော့ ခံစားဖူးတဲ့ သူတွေပဲ သိလိမ့်မယ်...........။
ငါဆိုတဲ့ငါ ဒီနယ်မြေမှာ တောခုတ်တောင်ခုတ် လယ်ယာလုပ် ၊ ပြေးရင်း လွှားရင်း ဝမ်းစာဖြေရှင်းခဲ့ရတဲ့ နေ့ ရက်တွေ..............။
ဖားစည်တီးသံနဲ့  ဗုံးဆံသံ ရောနှောနေတဲ့ ဒီသံစဉ်တွေထဲ သွေးစက်နဲ့  ချွေးစက် ဘဝတွေက မညီမျှခဲ့ဘူး........။
ခုတော့...............
ဒီနယ်မြေလေး အေးချမ်းတော့မယ်တဲ့........။
ထွန်းလင်းတောက်ပတဲ့ နေရောင်အောက်မှ စိမ်းလန်းနေတဲ့ တောတောင်တန်းလေး ရနံတွေ သင်းပျံ့ တဲ့ ပန်းလေးတွေ အေးချမ်းစွာ ဖူးပွင့်ရတော့မယ်................။
မျက်ဝန်းအစုံစုံက ကျခဲ့ဖူးတဲ့ မျက်ရည်တွေ ခုတော့ ခန်းခြောက်ပြီး ကြည်လင်လန်းဆန်း ပြုံးပန်းတွေ ဆင်နိုင်ခဲ့ပြီ............။
စိုးရိမ်စိတ်တွေနဲ့  တုန်ရီခဲ့ဖူးတဲ့ နှုတ်ခမ်းတစ်စုံ ခုတော့ လှပကော့ညွှတ်စွာ ပြုံးနိုင်ခဲ့ပြီ........။
ဒီငြိမ်းချမ်းရေးသတင်းကြောင့် ငါ ဝေးတနေရာကနေ ပီတိမျက်ရည် ကျခဲ့ရတယ်...။
ငါ့ပြည်နယ် ငါ့သွေးချင်းတွေ ငြိမ်းချမ်းရေး အရသာကို ပီပီပြင်ပြင် ခံစားနိုင်ကြပါစေ............။
ဖားစည်သံကြီး ဆက်လက်မြည်ဟည်းနိုင်ပါစေ..............။
ဒေါနတောင်တန်း စိုပြေလန်းလို့  ကျေးငှက်လေးတွေ တေးသီဆိုနိုင်ပါစေ...။
ငါ ချစ်တဲ့ မြေ ဖားစည်မြေ
ပျိုမေတသင်း လယ်ထဲဆင်းချိန်
ဖြိုးဖြိုးဖျောက်ဖျောက် သေနတ်သံကြောင့်
တုန်ရီခဲ့ဖူး ကြောက်စိတ်ရူးတွေ
ခုတော့ ကင်းပြီတဲ့လေ
ထာဝရ ဆက်လက် အေးချမ်းနိုင်ပါစေ
ချစ်သော ကရင်မြေ...........။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်