မိန်းမများသည် ဂုဏ်အတော်အတန် ငွေအတော်အတန်ရှိလာပြီဆိုလျှင် ငွေသံ ဂုဏ်သံ ပါစပ်မှထွတ်လာတက်
သည်....။
စကားအရာမှာ မညှင်သာလှ........အထက်စီးကလေးပါသည်..........။
မာန်ရိပ်ကလေး ဂုဏ်ရိပ်ကလေး သန်းနေသည်......။
ငွေရည်သုတ်ထားသော စကားလုံးများသည် အနည်းငယ်မာ၍ ရွှေရည်သုတ်ထားသော စကားလုံးများကျ
တော့ ပို၍မာလာကြသည်........။
တောက်ပြောင်တင်းမာလာကြသည်.........။
ရွှေမှတစ်ဆင့် ကျောက်သံ ပတ္တမြားအထိ ရှိလာကြပြီဆိုလျှင် ပါးစပ်မှ စိန် သံတပြောင်ပြောင်ကြားလာရသည်
အကြည့်ကရဲတင်းလာသည်..........။စိန်မျက်လုံး....... ရွှေမျက်လုံး.....ဖြစ်လာသည်...။
ကြည့်ပုံကြည့်နည်းကလည်း တင်စိးသော အကြည့်မျိုးဖြစ်လာသည်.......။
မိန်းမတို့၏ တစ်ကိုယ်လုံးမှ စိန်သံ၊ ပတ္တမြားသံများထွတ်လာတက်ကြလျှက် ...............
လေလည်သည်ကိုပင် စိန် သံထွတ်အောင် ဘူ ခနဲ ဒင် ကနဲ ရဲရဲဝင့်ဝင့် ပြတ်ပြတ်သားသား လည်တက်ကြလေ
တည်း...........................။