လပြည့်လကွယ်ဥပုသ်နေ့တွေရဲ့ အဖိတ်နေ့တိုင်း ရွှေတီဂုံဘုရားကို ညနေတိုင်းရောက်နေတဲ့ ကျွန်မကတော့ ဒီနေ့လည်း ခါတိုင်းနေ့တွေလိုပဲ အလုပ်ကနေ တစ်ဆင့် လာခဲ့ရပြန်ပါပြီ။..
မင်္ဂလာဈေးဆွမ်းလောင်းအသင်းရဲ့ အသင်းသားတစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့
ခုလို အဖိတ်နေ့တိုင်း လာရတာကိုပဲ တစ်ကယ့်ကို ပီတိပါ။ ကြေးသွန်းဘုရားကြီးရဲ့ အရှေ့တည့်တည့်မှာရှိတဲ့ ကျွန်မတို့ ဓမ္မာရုံက တစ်ကယ့် ကြီးမားတဲ့ အဆောက်အအုံကြီးတစ်ခုပေါ့..။
မြောက်ဘက်မုခ်ကနေ ဘုရားပေါ်တက်ပြီး တစ်ပတ်ပတ်လို့ အရှေ့ဘက်မုခ်ကနေပြန်ဆင်းရတဲ့ ကျွန်မရဲ့အလုပ်ကိုတော့ မညည်းညူမိတာ အမှန်ပင်....။
တာဝန်တစ်ခုကို ကျေပွန်ချင်တာထက်.. ကိုယ်ရမယ့် ကုသိုလ်စိတ်ကလေးကို အမြဲပဲရယူချင်တာကြောင့်လည်း ခုလို မပျက်မကွက်နဲ့ လာနေခြင်းပါ..။
ပုံမှန်သွားလာနေကြနေရာမို့လည်း.ဘုရားပေါ်က. တစ်နေရာရာမှ တစ်ခုခုများ ထူးခြားမလားလို့ စောင့်ကြည့်မိတတ်တာလည်း ပုံမှန်လိုပင်..
ဒီနေ့တော့ ဘုရားပေါ်မှာ ပန်းအိုးလေးတွေ အများကြီးပဲ စောင်းတန်းတွေရဲ့ အထဲကော အပြင်တွေမှာပါ တန်းစီချထားတားမှ တစ်ကယ့်ကို အများကြီးပါ...။
တစ်ချို့နေရာများဆို ပန်းနာမည်လေးတွေရေးထားပြီး မပွင့်သေးတဲ့ အပင်များတွက်ဆိုရင်တော့ အပွင့်ပွင့်မယ့် နေ့ရက်တွေပါ.. တစ်ခါတည်းရေးထားတယ်လေ..။
ရွှေတီဂုံဘုရားရဲ့ အနှစ် 2600 ပြည့်အထိန်းအမှတ်အနေနဲ့ ပန်းအိုးလေးတွေကို ကပ်လှူထားခြင်းတဲ့...
ပြီးတော့ မီးရောင်စုံလေးတွေကိုလည်း မိမိတို့စိတ်ကြိုက်ပေးလှူနိုင်အောင် ဆောင်ရွက်ထားတာလည်း ရှိသေးတယ်လေ...
မကြာခင်ကမှ ရောင်းချပေးတဲ့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကလည်း ကျွန်မရောက်နေတဲ့ မြောက်ဘက်မုခ်မှာ ရှိနေလေတော့..
ကမ္ဘာလှည့်ဧည့်သည်တွေကော တခြားသူတွေပါ ၀ယ်နေကျတာများ အားကျလိုက်တာ.....။
ကြည်ညိုစရာကောင်းတဲ့ ရွှေတီဂုံစေတီရဲ့ ဂုဏ်သတင်းကြောင့်လည်း ဘုရားရင်ပြင်တော်ပေါ်မှာ နိုင်ငံခြားဧည့်သည်တွေ နေရာယူထားတာများ
ကျွန်မတို့ ရန်ကုန်ကသူတွေတောင် ပျောက်သလောက်ကိုဖြစ်နေတာ... ဒါဟာ ၀မ်းသာစရာပဲလို့ ကျွန်မတော့ မှတ်ယူတယ်လေ...။ သူတို့တွေရဲ့ကြားမှာသွားလာရတဲ့ စိတ်ကလည်း
ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူမိချင်သလိုလို.....
မြင်မြင်သမျှကို အထူးအဆန်းသဖွယ်.. မှတ်တမ်းတင်ဓါတ်ပုံရိုက်နေတာများ လမ်းလျောက်ရင်းကြည်ညိုနေတဲ့ ကျွန်မတောင် ပါသွားမလားပဲလေ..။
အောင်မြေနားက ဗုဒ္ဓဂါယာ ဓါတ်ပုံပြခန်းမှာလည်း လေ့လာနေတဲ့လူတွေက များလိုက်တာ...
တခြားရက်များထက် အဖိတ်နေ့၊ ဥပုသ်နေ့တွေ လူပိုများတယ်ဆိုရင်တော့ မဆီမဆိုင် ကျွန်မက ၀မ်းသာရပါတယ်.. ။
တခြားပိတ်ရက်တွေထက် ဥပုသ်နေ့တိုင်း ပိတ်ရက်လုပ်ပေးတဲ့ မင်္ဂလာဈေးကိုလည်း တစ်ဖက်က ကျေးဇူးတင်ရပါတယ်။
ဒါမှလည်း မြန်မာပြက္ခဒိန် နဲ့ အဖိတ် ၊ ဥပုသ်တွေကို ကျွန်မတို့ သိရတာ။
တခြားသူတွေများဆို မြန်မာလို့ကို မသိတာများနေကြပြီလေ...
ဟုတ်တယ်.. ဘာပဲဖြစ်ဖြစ်လေ... ဒီနေ့တစ်ညနေ့တာ ပြာသိုလကွယ်နေ့ရဲ့ အဖိတ်နေ့ကတော့ ကျွန်မတွက်တော့ ၀မ်းသာပီတိများနဲ့သာ
အပြည့်ပါပဲလို့....။
သူဇာလေး (စိမ့်စမ်းရေ)
22.1.2012