Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မြန်မာနှင့် စီးပွားရေးမလုပ်ရန် နော်ဝေကုမ္ပဏီများကို အကြံပြုထားခြင်းကို နော်ဝေအစိုးရ ပြန်ရုပ်သိမ်း

$
0
0

မြန်မာနိုင်ငံတွင် နော်ဝေကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းများကို နော်ဝေအစိုးရ အနေဖြင့် တားဆီးပိတ် ပင်တော့မည်မဟုတ်ကြောင်း နော်ဝေ အစိုးရက ယခုလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ နော်ဝေ အစိုးရ၏ သီးသန့်ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများအတွက် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့ရာတွင် ဥရောပသမဂ္ဂ (အီးယူ)မှ ချမှတ်ထားဆဲ ဖြစ်သည့် အရေးယူပိတ်ဆို့မှုများကို ဆက်လက်လိုက်နာသွားမည်ဟု ဆိုသည်။ "အခုဆိုရင် နိုင်ငံရေးအကျဉ်းသား အများအပြားလည်း ပြန်လွတ်လာပါပြီ။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ အရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေလည်း လှမ်းနေပါပြီ။ နော်ဝေအစိုးရရဲ့ ပေါ်လစီအပြောင်းအလဲဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေအတွက် တုံ့ပြန့်ပေးအပ်အချက်ပြခြင်းလည်း ဖြစ်ပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီး Mr Jonas Gahr Store က ပြောသည်။ မြန်မာအစိုးရနှင့် စီးပွားရေးအဆက် အဆံမပြုလုပ်ရန် နော်ဝေအစိုးရသည် နော်ဝေလုပ်ငန်းများကို ယခင်က တင်းတင်းကျပ်ကျပ် ညွှန်ကြားထားခဲ့သော်လည်း တားမြစ်ပိတ်ပင်သည့်အမိန့် တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိခဲ့ဘဲ ယခုအခါတွင် အဆိုပါညွှန်ကြား ချက်ကို ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည် ဟုသိရသည်။ "အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချနိုင်ဖို့အတွက် ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေလိုအပ်ပါတယ်။ လူနေမှုအဆင့်မြင့်မားလာခြင်းကနေ ဒီမိုကရေစီစနစ်ကို ဆက်လက်ကူးပြောင်းရေးမှာ အထောက် အကူဖြစ်စေမှာပါ။ "ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမလုပ်ကြဖို့ နော်ဝေကုမ္ပဏီတွေကို နော်ဝေအစိုးရ အနေနဲ့ ဆော်ဩတော့မှာမဟုတ်ပါဘူး" ဟု နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ၎င်းသတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>