Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကိုယ်ပိုင်ဘ၀ရဲ့ အယ်ဒီတာ.....

$
0
0

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ သူငယ်ချင်းတို့ သိထားကြပြီးသား စကားလေးတစ်ခွန်းကို မှတ်သားစရာ အဖြစ် ပြောပြမယ်နော်......

          စာပေတွေကို ဖတ်ရှု မှတ်သားနေတဲ့ သူငယ်ချင်းတို့တွေ အနေနဲ့ စာရေးဆရာကြီး ပီမိုးနှင်းကို သိကြမယ်ထင်ပါတယ်၊ ဆရာကြီးရဲ့ စာပေတွေထဲက အယ်ဒီတာ ဆိုတဲ့စကားလေးနဲ့ ပတ်သက်ပြီး ပြောပြမယ်နော်၊ တကယ်တော့ အယ်ဒီတာ ဆိုတာဟာ လက်တင် ဘာသာစကား (Edere= အပြင်သို့ ထုတ်ပေးသည်) ဆိုတာက ဆင်းသက်လာတာလို့ သိရပါတယ်ဗျာ၊ အယ်ဒီတာဆိုတာ သူတစ်ပါး ရေးထားတဲ့ စာများစွာထဲမှ မိမိဥာဏ်ကို အသုံးပြုပြီး မိမိဥာဏ်ကို အသုံးပြုလျှက် တော်၏ မတော်၏၊ သင့်၏ မသင့်၏ကို ကြည့်ရှုပြီးနောက် ဒီစာကိုတော့ အမှိုက်တောင်းထဲထည့်၊ ဟိုစာကိုတော့ ဟိုမှာတွဲ၊ ထိုစာတွေကို သူ့ထံပြန်ပို့၊ ရာဇ၀တ်မှု အရေးအသားတွေ ဖယ်ရှား၊ ဘယ်စာတွေကတော့ ဘယ်သူတွေအတွက် အကျိုးများပြီး၊ ဘယ်စာမျိုးကိုတော့ စာဖတ်သူတို့ သဘောကျမယ်လို့ ဆင်ခြင်ကာ နငယ်ကို အမြီးတပ်၊ အသတ်ကို ထင်အောင်ရေး၊ သေးသေးတင်ပါ မကျန်ရစ်ရအောင် လျော်သလို ပြုပြင်ပြီး ဖျက်တန်ဖျက်၊ ဖြည့်တန်ဖြည့်၊ ပြောင်းတန်ပြောင်းလို့ ကောင်းမွန်အောင် အကန့်အသတ်ခွဲ၊ အခန်း အခန်းတို့မှာ နေရာချထားပြီးရင် စာနယ်ဇင်းဆိုတဲ့ စာအမျိုးမျိုး စုံလင်လှသော အမယ်စုံ စားပွဲကြီးမှာ ""ဆော့စ်""၊ ""ချက်တနီး"" လေးတွေနဲ့ မွှေးမွှေးကြိုင်ကြိုင်၊ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားအောင်၊ အငွေ့တွေ တထောင်းထောင်းနဲ့ မြင်သူတိုင်း သွားရည်ယိုအောင် စီမံတတ်တဲ့ စာအိုးသူကြီးဥာဏ် ရှိသူမျိုးကို ခေါ်ဆိုသတဲ့ဗျာ၊ အယ်ဒီတာ ဟူသည်... ကြီးကြပ် ပြင်ဆင်ပေးရသူဖြစ်၏၊ ဥာဏ်မျက်စိဖြင့် ခြုံငုံ သုံးသပ်ပြီး ကောင်းမကောင်း၊ သင့်မသင့်၊ တော်မတော် ဆိုတာတွေကိုလည်း ဝေဖန် ပိုင်းခြားတတ်ရ၏၊ ပြုတတ်၊ ပြင်တတ်၊ တန်ဆာဆင်တတ် အသိဥာဏ်လည်း ကြီးရ၏တဲ့ဗျ၊  ဒီတော့... အယ်ဒီတာဆိုတဲ့ စကားဟာ  စာပေလောကနဲ့ ဆက်စပ်ပြီး စတင်ပေါ်ပေါက်လာတယ်ပဲ ဆိုဆို၊ စီးပွားရေး လုပ်ငန်းမှာ စတင်အသုံးပြုတာပါ လို့ပဲ ပြောပြောပေါ့ဗျာ၊ ထုတ်ဝေတတ်ရုံနဲ့ အယ်ဒီတာ မဟုတ်တာကတော့ သေချာနေပြီ၊ အနှစ်သာရကို ခွဲခြားဖော်ထုတ်၊ တည်းဖြတ် သုတ်သင်တတ်မှသာ အယ်ဒီတာ ဖြစ်မယ်ထင်ပါတယ်၊

          သူငယ်ချင်းတို့ရေ.... ဒီနေ့ အွန်လိုင်းလောကမှာ နည်းမျိုးစုံ၊ ပညာပေါင်းစုံနေတယ်နော်၊ ဒီတော့... အွန်လိုင်းသုံးတဲ့ သူငယ်ချင်းတို့က မိမိဘ၀ရဲ့ အယ်ဒီတာ လုပ်ရတော့မယ်လေ၊ ကျနော့အမြင်ကို လွတ်လပ်စွာ ဝေဖန်ပြမယ်နော်၊ မှတ်သားစရာ ရေးသားမှုတွေဟာ သတိပြုနိုင်ဖို့၊ ဟာဒယ ရေးသားမှုတွေဟာ စိတ်ကြည်နူးဖို့၊ သတင်းတင်ပြမှုတွေဟာ အသိကြွယ်ဖို့၊ ပုံပြင်တွေဟာ ဗဟုသုတစုံဖို့၊ အသည်းကွဲ ဇာတ်လမ်းတွေဟာ ဆင်ခြင်နိုင်ဖို့၊ ပညာရပ်တွေဟာ လေ့လာဖို့တွေပါ၊ စာပေအားလုံးမှာ ကောင်းကျိုး ကိုယ်စီ ရှိကြပါတယ်၊ ဒီတော့ဗျာ... ကျနော့သူငယ်ချင်းတွေအားလုံး... ကိုယ်ပိုင်ဘ၀ရဲ့ အယ်ဒီတာကောင်းတွေ ဖြစ်ကြပါစေကြောင်း... လေးလေးနက်နက် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ခင်ဗျာ......။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>