Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အဖြေရယ်မရှိ သုညကြွင်းသည့် ပုစ္ဆာ (စထ္တုထပိုင်း)

$
0
0

အိမ်ကထွက်သာ လာလိုက်ရတာ မေမေ့အတွက် စိတ်မချဘူး … ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိဘူးလေ… မေမေ့အတွက် စိတ်ပူသလို… မမ အတွက်လည်း အရမ်းစိတ်ပူမိပါရဲ့… မထူးပါဘူး မမကို မြန်မြန်သွားတွေ့ပြီး အိမ်ပြန်မှပဲလို့ ရေးရွတ်ရင်း … Demo တစ်ယောက် မမ အိမ်လေးကို ဦးတည် လျှောက်လှမ်းရင်း…
မမအိမ်ကိုရောက်တော့… မမက သတိရနေပြီလေ… ဒေါ်ဒေါ် ရေဘတ်တိုက်ထားတယ် ထင်ပါရဲ့… ဆောင်းရာသီရဲ့ နေညိုချိန်လေးဆိုတော့ … အေးစက်တဲ့ လေရူးလေးတွေ တိုက်ခတ်မှုကြောင့်ပဲလား မသိ… မမ တစ်ယောက် စောင်ထူထူတွေအောက်မှာ… လဲလျောင်းနေလေရဲ့…. Demo အလာကို စောင့်မျှော်နေသလား..မသိ မမမျက်နှာလေးက နေရောင်မထိတဲ့ ပွင်းလေးတစ်ပွင့်လို ဖူးပွင့်နေလေရဲ့…
“မမ သက်သာပြီလား” အိမ်ထဲ ဝင်ဝင်ချင်းပဲ Demo မေးလိုက်ပါတယ်… အပြုံးလေးတစ်ချက်နဲ့ မမက Demo မေးတာ မဖြေပဲ..
“ မမကို ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်…. အိမ်အထိ လာပို့ပေးတဲ့ အတွက်လည်း မောင်လေးကို မမဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ဘူး”…
“ ရပါတယ် မောင်လေးအတွက် အပန်းမကြီးပါဘူး…” လက်ထဲက ပါလာတဲ့ အထုပ်ကိုမမဘေးနား ချရင်း…
“ဒေါ်ဒေါ်… မမ သောက်ဖို့ဆေးနဲ့ စားစရာတွေပါ …ယူထားပေးပါနော်…” အားနာတဲ့ မျက်နှာနဲ့ ဒေါ်ဒေါ်က
“ ဒါတွေ မလိုပါဘူးကွယ်… အခုလို သမီးအပေါ်မှာ ဂရုတစိုက်ရှိတာကိုပဲ ကျေးဇူးတင်လှပါပြီ…”
“ ရပါတယ် ဒေါ်ဒေါ်ရယ်… သားအတွက် အပန်းမကြီးပါဘူး… တရွာတည်းသားချင်တွေပဲလေ… သားကူညီနိုင်ရမှာပေါ့…. မဟုတ်ဘူးလား…”
“ ဟုတ်ပါပြီကွယ်… ကဲ မင်းမမ နဲ့ စကားပြောလိုက်ဦး… ဒေါ်ဒေါ် ခြံထဲမှာ ချက်ဖို့ဟင်းရွက်တွေ သွားခူးလိုက်ဦးမယ်..” ပြောပြောဆိုဆိုနှင့် ဒေါ်ဒေါ်ထွက်သွားလေရဲ့…
“ဟုတ်ကဲ့ ဒေါ်ဒေါ်” … (အလိုက်သိတယ်နော်… ၁၀တော့ မအောင်လောက်ဘူး ဟီးဟီး)
ဒေါ်ဒေါ် ထွက်သွားတော့ .. မမ အနားသွားထိုင်ပြီး…
“မမ … သက်သာလာဟင်…”
“ နည်းနည်းတော့ သက်သာပါပြီ….စိတ်မပူနဲ့တော့နော်..” စကားပြောပြီး အဆုံးမှာ … Demo ရဲ့လက်ကို ညှင်သာဆုပ်ကိုင်ထားရင်း မမ မေးလိုက်တာကတော့
“ မောင်လေး”
“ဗျာ… ပြောလေ မမ”
“ မမကို တကယ်ချစ်လားဟင်…”
မမရဲ့ မေးခွန်းထဲမှာပင် Demo နစ်မျောနေပါပြီ… မမရဲ့ နုညံ့တဲ့လက်ကလေးကို တင်းကြပ်စွာဆုပ်ကိုင်ရင်း…
“ဘယ်လိုမေးလိုက်တာလဲ မမရယ်… ဘဝတစ်ခုလုံးပေးရမယ်ဆိုရင်တောင် မောင်လေး မငြင်းပါဘူး… မမကို မောင်လေး အရမ်းချစ်တာပါ တကယ်ချစ်တာပါ ဟုတ်ပြီလား….”
အသာအယာ ခေါင်းလေးငြိမ့်ရင်း ပျော်ရွှင်အပြုံးတွေနဲ့ Demo ကိုကြည့်နေလေရဲ့…
“မမ.. ပန်းသီးစားမလား မောင်လေးလုပ်ပေးမယ်လေ…”
“အင်း … စားမယ်..” Demo ထိုင်ရာကထပြီး မမအတွက် ပန်းသီးအခွံနွှာပေးရင်းက…
“မမ နောက်တစ်ခါ နေမကောင်းရင် ခြံထဲကို လိုက်မလာရဘူးနော်….” စိုးရိမ်တဲ့ အကြည့်လေးတစ်ချက်နဲ့ မမကိုကြည့်ပြီး….
“လိုက်မှာပဲ … ဒါမှ အခုလို မောင်လေးပြုစုတာကို ခံစားရမှာပေါ့….ဟဲဟဲ.” စပ်ဖြီးဖြီး အပြုံးနဲ့ မမ Demo ကို ပြုံးပြနေတယ်လေ… မမက ဘယ်လိုပဲ ပြုံးပြုံးပါ… ပါးချိုင့်ကလေး ပါးနှစ်ဖက်မှာ ပေါ်ပေါ်လွင်လွင်နဲ့ အရမ်းကို ချစ်စရာကောင်းပါတယ်… ဖြူစင်လွန်တဲ့မမရဲ့ မျက်နှာလေးက အပြစ်ကင်းစင်တဲ့ ကလေးလေ တစ်ယောက်လိုပါ
ပန်းသီးအခွံနွှာနေရင်းက … Demo မမကို နောက်ချင်လာတယ်….
“အား…” အော်သံကြားပြီးတဲ့နောက် မမစိုးရိမ်တကြီးနဲ့ အိပ်နေရာက ထလာတယ်
“ မောင်လေး ဘာဖြစ်သွားလဲဟင်.. မမကိုပြကြည့်….”
လက်ကို တင်းကြပ်စွာဆုပ်ထားရင်း မမရှေ့ကို ထိုးပေးပါတယ်… ညင်သာစွာ Demoရဲ့ လက်ချောင်းလေးတွေကို တချောင်းချင်း ဖြည်ထုတ်ရင်း…
“ဟင် လူဆိုးလေး… မမက အကောင်းမှတ်လို့..သွား” စိတ်ဆိုးဆိုးနဲ့ Demo ရင်ဘတ်ကို လက်သီးနဲ့ ဖွဖွလေးထုရင်း မမကို Demo ဖက်ထားလိုက်မိတယ်…
“မမကို မောင်းလေးအရမ်းချစ်တယ်…”
“ဟွန်း .. ချစ်တာကို မပြောပဲနဲ့ မမပြောမှ ပြောပြတယ်… သွား မယုံဘူး” ဆိုပြီး မမ ကုတင်ပေါ် ပြန်သွားအိပ် နေလေရဲ့… အသင့် စိတ်ထားပြီးသော ပန်းသီးတွေကို ယူလာရင်း….
“မမ ပန်းသီးစားရအောင်…” .. ကျောပေးပြီး အိပ်နေတဲ့ မမက စိတ်ကောက်နေတယ် ထင်ပါရဲ့…
“မမ မစားဘူးလား… မစားရင် မောင်လေး အကုန်စားမှာနော်…”
“စားပေါ့”
“ စားတယ်ကွာ…”
“စားပေါ့” တော်တော်လေး စိတ်ကောက်နေတယ်ထင်ပါရဲ့… ဘယ်လိုမှ ချော့လိုမရတဲ့အဆုံး …
“ဟာ ဒေါ်ဒေါ် ပြန်လာပြီလား….” ကမန်းကတမ်းနဲ့ မမ အိပ်ရာက ထထိုင်လိုက်တယ်
“ဟာ နောက်ပြန်ပြီ …” တကယ်တမ်းတော့ ဒေါ်ဒေါ်မလာသေးပါဘူး…
“ မမ ပါးစပ်ဟ မောင်လေး ခွန့်ကျွေးမယ်လေ…..”
“အင်း… ” ပြုံးပြုံးကလေး Demo ကို ထိုင်ပြီးကြည့်ပြီး ပန်းသီးကို စားနေတဲ့ မမက ခလေး လေး တစ်ယောက်လိုပါပဲ… ပျော်ရွှင်စရာတွေ ကြည်နူမှုတွေ အပြည့်နဲ့ Demo နဲ့ မမရဲ့ အချစ်ကမ္ဘာလေးက ဘာတွေနဲ့မှ အစားထိုးလို့ မရခဲ့ပါဘူး… ဒီလိုပဲ ထာဝရ အတူဘဝကို ဖြတ်သန်းကြမယ်လို့ နှစ်ယောက်လုံး ကတိပြုခဲ့ကြတာပါ… ဒါပေမယ့်… မမပဲ ကံမကောင်းခဲ့တာလား Demo ကပဲ အချစ်ကံခေခဲ့တာလား မသိဘူး… ရည်ရွယ်တာတွေ တခုမှ မဖြစ်ခဲ့ပါဘူး…
နေဝင်စ ပျိုပြီ… Demo အိမ်ပြန်မှ ဖြစ်တော့မယ် ဖေဖေတို့ ပြန်ရောက်နေလောက်ပြီ … Demo ကို မတွေ့ရင် ဖေဖေ ဒေါပွနေဦးမယ်…
“မမ.. မောင်လေးအိမ်ပြန်တော့မယ်နော်..ဒီနေ့ ဖေဖေတို့ပြန်လာကြမှာ… မောင်လေးကို မတွေ့ရင် ဖေဖေ မေမေ့နဲ့ မောင်လေးကို ဆူနေဦးမယ်…
“အင်း ပြန်တော့လေ… မနက်ဖန်မှ ဆုံကြတာပေါ့…” မမ စကားပြောပြီးတဲ့ အဆုံး… ဒေါ်ဒေါ် ပြန်ရောက်လာပါတယ်….
“ အော် သားလေး ရှိနေသေးတာပဲ … ထမင်းစားပြီးမှ ပြန်နော်…”
“ရပါပြီ ဒေါ်ဒေါ်… သား အခုပဲ အိမ်ပြန်မလို့… ဖေဖေတို့ ဒီနေ့ ပြန်ရောက်မှာမို့လို့ပါ…ခွင့်ပြုပါဦး..”
“ကောင်းပါပြီကွယ်….”
“ မမ မောင်လေးပြန်တော့မယ်နော်… ဆေးသောက်ဖို့လည်း မမေ့နဲ့နော်…”
“အင်းပါ…စိတ်ချပါ မောင်လေးရဲ့…”
ချက်ချင်းဆိုသလို Demo အိမ်ကို တန်းပြန်ပါတယ်…အိမ်အပြန်လမ်းမှာ ညနေတိုင်း ဂီတာတီးတတ်တဲ့သူငယ်ချင်းနဲ့ ဆုံတော့…
“ဟာ Demo ဘယ်ကလှည့်လာတာလဲ…”
“မမ အိမ်ကပါ…နေမကောင်းလို့ သွားကြည့်ပေးတာလေ..”
“အော် ဘယ်လိုလဲ သက်သာရဲ့လား… မင်းမမကိုလည်း ဂရုတစိုက်ကြည့်ဦး သူများနောက်ပါသွားဦးမယ်..”
“ဟင် ဘာစကားကြီးလဲ မင်းဟာက…”
“ဟုတ်တယ်… မင်း မမကို ဝေမင်းက လိုက်နေတာ….” မထိမဲ့အပြုံးလေး ညွန့်မောင်ကို Demo ပြုံးပြရင်း…
“ဟား ဟား ဟား…. သူငယ်ချင်းကလည်းကွာ… မမနဲ့ ငါက ဘယ်အရာတွေနဲ့မှ… တိုက်ဖျက်လို့ မရတော့ပါဘူးကွာ… မမက ငါ့ကို အဖြေပေးပြီးသွားပြီလေ….”
“ဟေ … ဟုတ်လား… တယ်တော်လိုက်တဲ့ ငါ့ကောင်…”
“အေးပါ… ကဲ ငါပြန်တော့မယ် ညမှ ဆုံကြရအောင်… ဘိုးတော် ရောက်နေလို့… ငါဒီည မင်းနဲ့ ဂီတာ မတီးနိုင်တော့ဘူးဟ..”
“အေးပါ…”
“သွားပြီ…” သူငယ်ချင်းကို နှုတ်ဆက်ပြီး အိမ်ကို ခြေဦးတည့်နေလေရဲ့…. ညွန့်မောင်က Demo ရဲ့ အခင်ဆုံး သူငယ်ချင်းမဟုတ်ခဲ့သည်တိုင်.. ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေပါ…သူမိဘတွေက ချမ်းသာကြတယ်လေ…. အရင်က တစ်ရပ်ကွက်ထဲမှာပါပဲနေခဲ့ကြတာပါ…ပြီးတော့ သူက ငယ်ငယ်ကတည်းက ဂီတာတီးတာ အရမ်းဝါသနာပါတယ်…ဂီတာတီးတာလည်း အရမ်းတော်ပါတယ်… ဒါပေမယ့်က သူက နည်းနည်းတော့ လျှိုတယ်… သူတတ်တာ အကုန်မပြဘူး… ဒါပေမယ့် ဘယ်ရမလဲ Demo လည်း သူတီးတာတွေ လိုက်နားထောင်ပြီး လိုက်တီးခဲ့တာလေ… သင်ဆရာမဟုတ်ခဲ့ပေမယ့်.. ကြားဆရာပေါ့… ဒီလိုနဲ့ပဲ Demo လည်း ဂီတာတီးတတ်ခဲ့ပါတာပေါ့..ဒါပေမယ့် Demo ကောင်းကောင်းမတီးတတ်ပါဘူး… ကိုယ်ကိုကိုယ်တိုင်လေ့လာတာဆိုတော့ မပြည့်စုံဘူးပေါ့…
အင်း ဒီနေ့ မိုးလေဝသ အခြေအနေတော်တော်ကောင်းတယ် ထင်တယ်… ဖေဖေတစ်ယောက် …ထမင်းဟင်းချက်ပေးနေရပေမယ့်… Demo ကို ပြဿနာ မရှာဘူးလေ..ဟီးဟီး ဖေဖေက သောက်တယ် မူးရင် ကြောက်ရတယ်… ကျန်တဲ့အချိန်တော့ မကြောက်ရပါဘူး… ဘာပဲဖြစ်ဖြစ်ပါ… ဖေဖေပဲလေ… အိမ်ထဲကို ဝင်ဝင်ချင်းပဲ…
“ဟာ… ဖေဖေတို့ ရောက်နေတယ်…..” မသိသလို ဖေဖေ့ကို နှုတ်ဆက်ရင်း…အစ်ကိုကြီးနား သွားထိုင်လိုက်မိတယ်… ဟား ဟား ဟား ဖေဖေက မတင်းဘူး … တင်းနေတာ အစ်ကိုကြီလေး…
“အငယ်ကောင်… ဘယ်ကိုသွားလို့ ဘယ်က ပြန်လာတာလဲ…”
“သူငယ်ချင်း နေမကောင်းလို့ သွားကြည့်ပေးတာပါ….အစ်ကိုကြီးရ” … Demo အသံကြားလို့လားမသိ.. မေမေ အိမ်အောက်ကိုဆင်းလာတာတွေ့တော့ မေမေ့ကို လှေကားအဆင်းမှာ… ဖေးကူရင်း…အစ်ကိုကြီး ကတော့ ကော နေတုန်းပဲ
“အော် … မေမေ နေမကောင်းတာတော့ မကြည့်ဘူးပေါ့…”
“ မဟုတ်ပါဘူး သားကြီးရယ်… မေမေ့ကို ပြုစုပေးပြီးမှ အပြင်ကိုသွားတာပါ…တချိန်လုံး ကိုယ့်ညီကို ဆူဖို့ပဲ သိတယ် ” ဟုတ်ပါ့… လူကို ဆူဖို့ပဲ သိတယ်…
ကံကြမ္မာအလှည့်ပေးတာလား … ချစ်သူနဲ့ဝေးရဖို့ကံဇာတာပဲပါခဲ့တာလား မသိ… ချစ်သူဝေးရမယ်ဆိုလည်း ထားပါဦးတော့… အိမ်မှာက မေမေ နဲ့ အဒေါ်ကြီးပဲရှိတာ… မိသားစု ၇ နှစ်ယောက်သာရှိတာ ဒေါ်ကြီးနဲ့ မေမေက ရွာမှာ… ဖေဖေနဲ့ အစ်ကိုကြီးနှစ်ယောက် တခြားဒေသ အလုပ်ခွင်မှာ… ညီမ အငယ်ဆုံးလေးက ကျောက်မဲမြို့မှာ ကျောင်းတက်… Demo ပါ သွားရမယ်ဆိုရင်တော့ မေမေနဲ့ ဒေါ်ဒေါ်ကို ဘယ်သူတွေ ဂရုစိုက်ပေးမှာလဲ… ဘယ်သူတွေ စောင့်ရှောက်ပေးမှာလဲ… ဖေဖေပြောလိုက်တာကတော့..
“သားငယ်… ဖေဖေ ပြောစရာရှိတယ်…ဒီနှစ် ကျောက်မဲမြို့မှာ သားကို ကျောင်းထားပေးမယ်…”
“ဘာဖြစ်လို့လဲ ဖေဖေ သားဒီမှာပဲတက်ရတာပျော်ပါတယ်.. ပြီးတော့ မေမေနဲ့ ကြီးကြီး ကို ဘယ်သူကြည့်မှာလဲ.. ပြီးတော့ သားက ကျောင်းကနေ ရွာကို အသွားအပြန်တက်လို့ရတာပဲလေ…”
“မဟုတ်ဘူးသား… ကုန်ကျတာခြင်း အတူတူ သားငယ်လေးကို ဒီတစ်ခါ မြို့ကြီးပြကြီးမှာ တက်စေချင်တယ်… အိမ်အတွက်တော့ စိတ်မပူပါနဲ့ ဖေဖေတို့ လည်းရှိတာပဲ… သားငယ်လေးလည်း ပြန်လာလို့ရတယ်လေ…”
“ဖေဖေတို့သဘောပါ..သားကတော့ဘယ်မှာပဲနေနေ ဖြစ်ပါတယ်ဖေဖေရ..” မိဘစကား မလွန်ဆန်နိုင်ဘူးလေ ဘယ်တုန်းကမှလည်း လွန်ဆန်ဖို့မစဉ်းစားခဲ့တဲ့ Demo ပါ….အငယ်ဆုံးအလိုလိုက်အခံရဆုံးသားလေး ဆိုပေမယ့် မြေဝယ်မကျ လိုက်နာခဲ့တာပါ… ဒါကြောင့်လည်း အချစ်ရဆုံးလေးအဖြစ်ခဲ့တာလေ…
ဖေဖေတို့ အိမ်မှာ ၁ ပတ်တည်းသာ နေခဲ့ကြတယ်… အလုပ်တွေပုံနေမှာစိုးလို့ ပြန်သွားကြတယ်လေ… သူများဆီမှာ အလုပ်လုပ်ရတယ်ဆိုတော့ အလုပ်ချိန်ကိုလေးစားရတယ် မဟုတ်လား… ဒီလိုနဲ့ပဲ တစ်ရက်ပြီး တစ်ရက် .. အချိန်တွေကုန်ဆုံးလို့ ကျောင်းတက်မယ့် ရာသီရောက်တော့မယ်လေ…မခွဲချင်လဲ ခွဲရတော့မယ် ဆိုတဲ့အသိတွေက လေဝင်ပေါက်မရှိတဲ့ အခန်းထဲမှာ ပိတ်လှောင်ထားသလို ရင်ခွင်တခုလုံး မွန်ကြပ်ခဲ့ရတယ်…

ကြေကွဲစရာနေ့လေး…
မနက်ခင်း ငှက်တွန်သံတွေကြောင့် Demo အိပ်ယာကနိုးလာပြီး နာရီကြည့်တော့ မနက် ၈ နာရီရှိနေပြီ…… အိမ်အောက်ဆင်းတော့ မေမေ ထမင်း ဟင်း ချက်နေတယ်လေ…. အိပ်အောက် ရောက်ရောက်ချင်း..
“သားလေး နိုးပြီလား”
“ဟုတ်.. မေမေ.. ဘာဖြစ်လို့ သားကို မနှိုးတာလဲ … သားကူချက်ပေးမှာပေါ့…”
“အမယ်လေး … ညက ညဥ့်နက်မှ အိပ်နေပြီးတော့… ငါ့သားလေး အိပ်ရေးမဝမှာစိုးလို့ မနှိုးခဲ့တာပါတော်…”
“ဟဲ..ဟဲ.. သားစာဖတ်နေတာပါ မေမေရ..”
“သိပါတယ် အချစ်ဝထ္တုတွေဖတ်ပြီးတော့ အချစ်ဆိပ်တွေ တက်နေတာမဟုတ်းလား…ကဲကဲ သွားသွား… ရေသွားချိုးတော့.. ဒီနေ့ဘုန်းကြီးကျောင်းသွားရအောင်..” ဟာ ဟုတ်ပေသားပဲ ဒီနေ့က ဥပုဒ်နေ့လေ… အလုပ်နားတဲ့နေ့ပဲ…
“ဟုတ်ကဲ့ မေမေ..”
Demo တို့ဆီမှာရေချိုးရတာ အဆင်မပြေပါဘူး….အဓိက ကတော့ မိန်းခလေးတွေအတွက်ပေါ့… ရွာမှာဆိုတော့ အိမ်တိုင်ရာရောက် ရေတွေ မစီစဉ်ပေးနိုင်ဘူးလေ… အဲဒီတော့ ရွာ့အပြင်မှာ ထွက်တဲ့ စိမ့်ကျရေ ဒါမှမဟုတ် စမ်းချောင်းရေတွေကို ကန်ထဲလှောင်ပြီ အသုံးပြုကျရတာလေ… သောက်ရေကတော့ ရွာထဲမှာပေါ့ … အသုံးပြုမယ့်ရေတွေကိုတော့ ရွာ့အပြင်က ရေတွေကို သယ်ကြရတယ်.. တချို့ ချမ်းသာတဲ့လူတွေကတော့ အိမ်မှာ ရေကန်လေးဆောက်ပြီး မိုးရေခံပြီး အသုံးပြုကြရတာပေါ့…
ရေချိုးထမင်းစားပြီး … ဘုန်းကြီးကျောင်းသွားတော့ မမနဲ့ဆုံတယ်…ဘုရားရှိခိုး… တရားနာပြီးတော့ မမနဲ့ စကားတွေပြောဖြစ်ပါတယ်…. ဘုန်းကြီးကျောင်းဝန်က ကျယ်ပါတယ်… စေတီတွေကိုဘုန်းကြီးကျောင်း အထက်ကုန်းမှာလည်း ဆောက်ထားတယ်… အဲဒီမှာသွားပြီး… ဟီးဟီး… စကားသွားပြောကြတာပါ… လျှောက်တွေးမနေနဲ့နော်…
“မမ..”
“ရှင့်..” ချိုသာစွာ အပြုံးလေးတစ်ပွင့်နဲ့ မမပြန်ထူးပါတယ်…
“မောင်လေး မေးစရာရှိတယ်…”
“မေးလေ..”
“မောင်လေး ကိုချစ်လားဟင်…”
“မေနေစရာလိုသေးလို့လား မောင်လေးရယ်…. မမ မောင်လေးကို ဘယ်လောက်အထိ ချစ်လဲဆိုတာ မောင်လေးအသိဆုံးပါ…”
“ဟုတ်ပါပြီ…မောင်လေးနဲ့ ခွဲနေရမယ်ဆိုရင် မောင်လေးကို လွမ်းနေမှာလား..”
“ဟင် မောင်လေးက ဘယ်ကိုသွားမှာလဲ… မမနဲ့ ဝေးရာကို သွားမလို့လား…”
“ ဝေးရာကိုတော့ မသွားပါဘူး… ဒီနှစ်မောင်လေး ကျောင်းဆက်ရမယ်လေ.. ဖေဖေက မောင်လေးကို ကျောက်မဲမှာ ကျောင်းထားပေးမလို့တဲ့လေ… အဲဒါ မောင်လေး ကျောက်မဲမြို့မှာ ကျောင်းသွားတက်ရမယ်..”
Demo ပြောပြီးတဲ့အဆုံးမှာ … မမမျက်နှာလေး ရေ၊ လေ၊ နေ မထိတဲ့ပန်းအလား…
“ဟင်… ဒါဆို မောင်းလေးနဲ့ဝေးနေရမှာ အတူတူပဲပေါ့…”
မမရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားရင်…
“ဟုတ်တော့ဟုတ်ပါတယ်…ဒါပေမယ့် မောင်လေးပြန်လာမှာပါ…ကျောင်းကမပြီးသေးတော့ ဆက်ကြိုးစား ရဦးမယ်လေ… တချိန်ကျ မမနဲ့အတူတူနေနိုင်ဖို့ မောင်လေးကြိုးစားရဦးမယ်လေ…ပြီးတော့ အနေဝေးပေမယ့်… မမကို မောင်လေးရဲ့ ရင်ခွင်ထဲမှာ ကဗ္ဗည်းထိုးထားပြီးသားပါ…”
“မြို့မှာ ကျောင်းသွားတက်ပြီး…မမကိုမေ့သွားမှာလားဟင်…အနေဝေးသွားရင် … မေ့သွားမှာကို မမကြောက်တယ်….”
“ ဟား ဟား ဟား…. မမရယ်… မမကို မောင်လေးဘယ်အလောက်အထိချစ်လဲဆိုတာ တရွာလုံးအသိပါ… မမကလွဲလို့ မောင်လေးဘယ်သူ့ကိုမှမချစ်ပါဘူး…မမရဲ့နေရာကိုလည်း အစားမထိုးနိုင်ပါဘူး.. မမတစ်ယောက်တည်းကိုပဲ ချစ်မယ်ဆိုတာ ကတိပေးပါတယ်…ဟုတ်ပြီလား..”
“အင်းပါ… မမမောင်လေးကို ယုံပါတယ်..”
မမကို ဖက်မယ်ပြင်တုန်း… အလိုက်ကို မသိတဲ့သူငယ်ချင်း ကျော်ဝင်း ဘယ်တုန်းကရောက်လားမသိ…..ရေးကြီး သုတ်ပြာနဲ့… ပြေးတက်လာဟန် တူပါရဲ့..ဟောဟဲ ဟောဟဲနဲ့….
“ဟေ့ Demo မင်းကို ဒေါ်လေးက ခေါ်ခိုင်းလို့ … အရေးကြီးတယ်တဲ့… မင်းကလည်း လိုက်ရှာလိုက်ရတာ မောပါ့ကွာ…”
ဒီလိုနဲ့ သုံးရောက်သား… ဆင်းလာပြီး သူငယ်ချင်းက ရှေ့ဆုံးက ဆင်းနှင့်လေရဲ့…
“မမ…”
“ ရှင်.. ပြောလေ… ”
“မောင်လေးကို ခွဲမသွားပါဘူးဆိုတဲ့ကတိပေး….” မမခေါင်းလေးငြိမ့်ပြတယ်… မမမျက်နှာလုံးဝမကောင်းတော့ပါ မမရဲ့လက်ကို တင်းကြပ်စွာကိုင်ထားရင်းက အိမ်ပြန်ခဲ့ကြတယ်… ရင်ထဲမှာတာ့ မွန်းကြပ်နေတာပါ…
အိမ်ရောက်တော့ … အလုပ်ခွင်ကိုခဏလာဖို့ ဖေဖေ စားရေးပြီးလှမ်းမှာလိုက်တာလေ.. အနည်းဆုံး တစ်လလောက်တော့ ဖေဖေနဲ့ အလုပ်လုပ်ရဦးမယ်…အဝတ်အစားတွေပြင်ပြီးတော့ ဆိုင်ကယ်အစုတ်လေးကို အိမ်ပြင်ထုတ်..အသေအချာစစ်ဆေးပြီး မေမေနဲ့ သူငယ်ချင်းကို နှုတ်ဆက်ပြီးတော့ မမကိုအိမ်ပြန်ပို့ အဲဒီနေ့မှာပဲ… ဖေဖေဆီကို ခရီးဆက်လိုက်တယ်… ဝေးတော့ မဝေးပါဘူး… တောင်ပေါ်လမ်းက ကြမ်းတယ်… ဂျိမ်းစ်ဘွန်လိုပဲ ဆိုင်ကယ်မောင်းရမယ် … ကြာချိန်ကတော့ ၇ နာရီလောက် မောင်းရမယ် အိမ်ကနေပေါ့….

ကံဆိုးမိုးမှောင်ကျတဲ့ နေ့လေး…
အလုပ်ခွင်ထဲမှာပဲ တလကျော်ကြာသွားတယ်… သင်္ကြန်ရောက်ဖို့ ၃ ရက်အလိုမှာ Demo အိမ်ပြန်ခွင့်ရတယ်… ဒါပေမယ့် မထင်မှတ်တာတွေ ဘယ်လိုမှ မမျှော်လင့်တာတွေ ဖြစ်ပျက်ခဲ့တယ်…. ရွာအဝင်မှာ လူတွေ Demo ကိုဝိုင်းကြည့်နေကြတယ်… သနားလေးဆိုတဲ့ မျက်နှာတွေနဲ့ပါ အိမ်ပြန်ရောက်တော့ … မေမေက ဆီးကြိုနေပေမယ့် မေမေ့မျက်နှာ ဘယ်လိုမှ မကောင်းတာကို Demo ရိပ်မိလိုက်တယ်… တခုခုတော့ ဖြစ်နေပြီ ဆိုတာကိုပေါ့…
ဘယ်သူမှ Demo ကို ဘာတွေဖြစ်နေလဲဆိုတာ မပြောပြကြပါဘူး…အိမ်ပြန်ရောက်တော့ Demo ဖျားတယ်… သူငယ်ချင်းတွေ လာကြည့်ပေးကြတယ်…. မမ မလာခဲ့ဘူး… မြို့မှာ သူအဖွားကို သွားစောင့်ရှောက်ပေးတယ်လို့ မေမေက ပြောတယ်… အားမငယ်ခဲ့ပါဘူး… ၂ ရက်တော့ Demo ခံလိုက်ရတယ်… ငှက်ဖျားပါ… ၆ တန်းကျောင်းတက်ကတည်းက ငှက်ဖျားအခံရှိခဲ့တယ်… ဖေဖေနဲ့ သွားနေလို့လေ… စက်ပညာကို တတ်ချင်တော့လည်း ဖေဖေက မတားခဲ့ပါဘူး…အဲဒီက ရခဲ့တယ်ဆိုပါတော့…
ဒီလိုနဲ့ သင်္ကြန်ကျတော့ Demo ကောင်းကောင်းကြီးသက်သာခဲ့တယ်… သင်္ကြန်ကို နွှဲနိုင်ခဲ့တယ်လို့ ဆိုရမှာပဲ… ဒါပေမယ့် မမကို မတွေ့ဘူး… မြို့ကို တက်ချင်ပေမယ့်… မသွားဖြစ်ခဲ့ဘူး… ဘာပဲဖြစ်ဖြစ် မမ ပြန်လာမှာပါ ဆိုတဲ့ အသိတွေကြောင့်ပါ…မမက အိမ်မှာရှိနေခဲ့တာကို ဘယ်သူမှမပြောတဲ့အပြင် မေမေနဲ့ သူငယ်ချင်းတွေက Demo ကို လိမ်ထားခဲ့တာကို သင်္ကြန်နောက်ဆုံးညမှာ သိလိုက်ရတယ်… ဘယ်လိုသိလိုက်ရလဲဆိုတော့…. အောင်သွယ်လုပ်ပေးတဲ့ အစ်မဆိုင်မှာ သူငယ်ချင်းတွေကို အရက်တိုက်တာလေ.. အဲဒီမှာ ဖြစ်ကြောင်းကုန်စင်ကို သိရတာပါ…

“ Cheer …” သူငယ်ချင်းတွေ မူးနေကြပြီလေ… သူငယ်ချင်းတွေကြားမှာ မသောက်တတ်ခဲ့တာက Demo နဲ့ အချစ်ရဆုံး ညီမလေး မွန်သီပါ… သူတို့တွေ စသောက်တုန်းကတော့ … သူတို့မဟုတ်သလိုပဲ … ပြီးမှာ ငိုကြတယ်… Demo လုံးဝကို နားမလည်ခဲ့ဘူး… အဓိက ဇတ်လမ်းစတာကတော့ ကျော်ဝင်းပေါ့…
“Demo မင်းအသုံးမကျတဲ့ကောင်…. မမကို ဂရုမစိုက်နိုင်ကောင်… မင်းဟာ တစ်ကိုယ်ကောင်းဆန်တယ်… မင်းရဲ့ရှေ့ရေးအတွက်ပဲ မင်းကြည့်ပြီး မမကို ပစ်ထားတယ်… အခု မမ ဘာတွေဖြစ်နေလဲဆိုတာ မင်းသိလား…မင်းမသိဘူး မဟုတ်လား……အား ဟား ..” ငိုပြီး ပြောနေတာပါ …
“ တော်ပါတော့ ကျော်ဝင်းရာ… Demo ကို အပြစ်မတင်ပါနဲ့ … သူကြောင့်ဖြစ်တာမှ မဟုတ်တာ… ဟိုမသာကောင်ကြောင့်ဖြစ်ရတာလေကွာ…” ထွန်းထွန်းလင်း ပြောလိုက်တာပါ…
“ ဟေ့ကောင်တွေ… မင်းတို့ပြောတာတွေကို ငါတခုမှ နားမလည်တော့ဘူး… ဘာတွေဖြစ်နေလဲဆိုတာကို ငါ့ကို ပြောပြကြပါဦးကွာ…”
“ဘာဖြစ်ရမှာလဲ…လူစိတ်မရှိတဲ့ သူဌေးသား ထွန်းငယ် ပေါ့… မင်းမမ ကို ဖျက်ဆီးလိုက်တာလေ…” မွန်သီက တည့်ထိုးကြီးပြောလိုက်တော့…
“ဘာကွ! .. အဲဒီအကောင် အခုဘယ်မှာလဲ… ငါသတ်မယ်.. ဒီကောင့်ကို ငါဒီညသတ်ရမှာ နေသာလိမ့်မယ်… ခွေးမသား….” Demo ဘယ်လိုမှ မထိန်းနိုင်တော့ပါ… စားပွဲပေါ်မှာရှိတဲ့ ခွက်တွေကို ကိုင်ပေါက်လိုက်မိတယ်… ဒေါသမီးတွေနဲ့အတူ… Demo မျက်ဝန်းထဲ မျက်ရည်တွေကျလာတယ်… ချက်ချင်းဆိုသလို… မမကို အိမ်ကို ပြေးသွားလိုက်တယ်… မမ မအိပ်သေးပါဘူး… အချိန်က ၁၀ နာရီခွဲပါပြီ…. အိမ်ကိုရောက်တော့
“ဒေါက် …ဒေါက်…” Demo တံခါးခေါက်တဲ့အသံပါ… ဒါပေမယ့် ဘယ်သူမှ ဖွင့်မပေးခဲ့ပါဘူး..
“ဒေါက် …ဒေါက်.. ဒေါက် …ဒေါက်” ဒေါသမီးတွေနဲ့ အတူ တံခါးကို ဆက်တိုက်ခေါက်လိုက်မိတယ်…
တံခါး ဖွင့်ဖွင့်ချင်းမှာပဲ Demo လက်သီးနဲ့ အထိုးခံလိုက်ရတယ်… အဲဒါကတော့ မမရဲ့ အစ်ကိုတော်… ကိုလေး (မတော်လိုက်ရတဲ့ ယောက္ဖပေါ့)
“ ဟေ့ကောင်… လူအိပ်ချိန်ဆိုတာ မသိဘူးလား….”
“မမ…နဲ့ တွေ့ခွင့်ပေးပါ.. အစ်ကိုရာ … ညီတောင်ပန်းပါတယ်… ညီ…. မမနဲ့ စကားပြောချင်တယ်…” ငိုယိုဒူးထောက်ပြီး တောင်းပန်တော့… ကိုလေး Demo ကိုကြည့်ပြီး မျက်ရည်လိုက်ကျတယ်…
“မင်းပြန်တော့… မနက်ဖန်မှ လာခဲ့…”
“မလုပ်ပါနဲ့ အစ်ကိုရာ… ညီ မမနဲ့ စကားပြောချင်လို့ပါ …” Demo အသံကြားတော့ မမ ထွက်လာတယ်…. ကိုလေး အိမ်ထဲဝင်သွားပါတယ်…
“Demo … နင်ပြန်တော့ဟာ… နင်ရဲ့ဘဝနဲ့ ငါ့ဘဝ မတူတော့ဘူး မတန်တော့ဘူး… နင်ပြန်ပါတော့…” မမ တစ်ယောက် ကြေကွဲစွာနဲ့ Demoကို အော်ဟစ်ပြီး တံခါးကို ဆောင့်ပိတ်လိုက်တယ်…နောက်က သူငယ်ချင်းတွေလိုက်လာပြီး …. Demo ကို ဆွဲထူးပြီး အိမ်ပြန်ခေါ်သွားကြတယ်….အိမ်ပြန်ရောက်တော့… မေမေလည်း ငိုနေတယ်လေ… တနေ့ကျရင် သိလာလိမ့်မယ်ဆိုတာကို မေမေက သိနေတာလေ… မေ့မေ့ကို ဖက်ရင်း …
“သူငယ်ချင်းတို့… မင်းတို့ကို ငါအရမ်းချစ်ပါတယ်ဟာ.. အရမ်းလည်း ကျေးဇူးတင်ပါတယ်… လောလောဆယ်တော့ ငါ့ကို တစ်ယောက်တည်းနေခွင့်ပြုပါနော်…. နောက်နေ့တွေမှာ ဆုံကြရအောင်ကွာ…” သူငယ်ချင်းတွေ အလိုက်သိစွာပဲ အိမ်ပြန်သွားခဲ့ကြတယ်… မေမေ့ကို ဖက်ထားရင်းက … Demo အိပ်ယာပေါ်လှဲနေလိုက်တာ… ရေကစားတာရယ်.. ငိုထားတာရယ်… ဒေါသတွေရယ်ကြောင့်… Demo အိပ်မောကျသွားတယ်…
တစ်ပတ်တိတိဘာမှ မစားပဲ အခန်းထဲမှာ အောင်းနေခဲ့တယ်… ဘယ်သူ့ကိုမှလည်း မတွေ့ချင်တော့ဘူး… ထမင်းစားဖို့ မေမေခေါ်လည်း မစားဘူး ..သူငယ်ချင်းတွေလာလည်း တံခါး ဖွင့်မပေးခဲ့ဘူး….ဒါပေမယ့် ချစ်တဲ့စိတ်တွေကြောင့်လား မသိ…အချစ်ဦးကြောင့်လား မသိ… Demo မမကို တွေ့ချင်တဲ့စိတ်က ပိုပြီးပြင်ထန်လာတယ်…. ဒီလိုနဲ့ပဲ မမကို စာရေးပေးဖို့ ဆုံးဖြတ်လိုက်တယ်….

ဇတ်သိမ်းပိုင်းကို စောင့်မျှော်ပေးကြပါရန်..

Demo Rain


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>