Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘ၀ဆိုတာ..... အားစမ်းမှုတစ်ခုပါ

$
0
0

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ မှတ်သားစရာလေးတွေ ရေးဦးမယ်ဗျာ.... ကျနော့ အလုပ်ထဲမှာ ကြုံရတာတွေက ဖတ်မှတ်ဖူးခဲ့တဲ့ စာပေတစ်ချို့နဲ့ တိုက်ဆိုင်နေတော့....

သူငယ်ချင်းတို့ရေ.... ကျနော်က ကိုယ့်ဒူး ကိုယ်ချွန်ရတဲ့ ဘ၀သမားဆိုတော့ ဘ၀စာပေတွေ တော်တော်လေး ရေးခဲ့ဖူးပါတယ်၊ ကျနော် ကျောင်းပြီးတဲ့နှစ်၊ အသက်က(၂၀)၊ ၂၀၀၉ခုနှစ်မှာပဲ ဖေဖေက ကွယ်လွန်တာကြောင့် မိသားစု စီးပွားရေး ဆန်စပါး အရောင်းအ၀ယ် လုပ်ငန်းကို ဦးဆောင်ရတဲ့အခါ ကုန်သည်အချင်းချင်း ဗိုလ်ကျမှုတွေ၊ ကိုယ့်အလုပ်သမားတွေက ပညာပြမှုတွေ စတဲ့ အခက်အခဲတွေနဲ့ တော်တော်လေး ရင်ဆိုင်ခဲ့ရပါတယ်၊ ဒါကြောင့်... ဒီတစ်ခါတော့ ဘ၀ ဆိုတာကို တစ်မျိုးလေး ပြောင်းရေးမယ်နော်၊ အခု ရေးသားမှာကတော့ သူငယ်ချင်းတို့ မထင်မှတ်တဲ့ အရေးအသား ဖြစ်လိမ့်မယ် ထင်ပါတယ်ဗျာ....

သူငယ်ချင်းတို့ရေ... ဘ၀ဆိုတာ..... သွေးတိုး စမ်းသပ်မှု လောက်ပါပဲဗျာ၊ တကယ်တမ်းဆိုရင် ဘ၀က ကိုယ့်ကို ဟိုသွားပါ၊ ဒီသွားပါ၊ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါနဲ့ ညွှန်ကြား ခိုင်းစေ နေတာပါ၊ ဘ၀ကို ဒီလို ပေါ့ပေါ့ပျက်ပျက် ဟာသစွက် ပြောရတာကလည်း ဘ၀အပေါ် သိပ်ပြီး အရေးကြီးခွင်ကျယ် မတွေးမိစေဖို့ ကိုယ့်ကိုကိုယ် သတိပေးခဲ့တာပါ၊ ဘာကြောင့်လဲ ဆိုတော့.... ကျနော် တိတ်တိတ်လေး မှတ်သားထားဖူးတဲ့ ဆောင်ပုဒ်လေး ပြောပြမယ်နော်၊ ""ဘ၀ဆိုတာ.... အားစမ်းမှုတစ်ခုပါ"" ဆိုတာပါပဲဗျ၊ အင်း... ဘ၀ကို စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ အားစမ်းပွဲလို့ မြင်တတ်လာရင် ကြုံသမျှ အခက်အခဲတွေဟာ ကိုယ့်အစွမ်းအစကို ပြဖို့၊ လေ့ကျင့် သင်ယူဖို့ အခွင့်ကောင်း ချည်းပဲလို့ မြင်လာပါလိမ့်မယ်၊ အဲ့ဒီလို မြင်တတ်လာရင် တိုက်ပွဲဝင်ရတာဟာ ပျော်စရာကောင်းပြီး အောင်မြင်မှုတွေလည်း များများ ကြုံရမယ်လို့ ယုံကြည်ပါတယ်၊ ဒါမှမဟုတ်... ကြုံလာတဲ့ အခက်အခဲတိုင်းဟာ ဘ၀ရပ်တည်မှုကို ခြိမ်းခြောက်နေတဲ့ သေရေး ရှင်ရေး ပြဿနာလို့ သဘောထားမိပြီ ဆိုရင်တော့... ဖြတ်သန်းရတာ ကြမ်းတမ်းပြီး ပျော်စရာလည်း ကောင်းတော့မှာ မဟုတ်ပါဘူး။

သူငယ်ချင်းတို့ရေ.... အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သြော်.... ဒီပွဲမှာ ငါဟာ... အနိုင်ရ အောင်မြင်ရင် အမှတ် ကောင်းကောင်းနဲ့ ဆုများများရမယ့် စာမေးပွဲပဲ လို့သာ သဘောထားလိုက်ပါ၊ ဖြေရှင်းလိုတဲ့ စိတ်တွေ တက်ကြွပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေ ပေါ်လာပါလိမ့်မယ်၊ အထက်လူကြီးက ဆူပူကြိမ်းမောင်းတာမျိုး၊ အောက်လက်ငယ်သားက ဆင်ခြေ ပေးတာမျိုးတွေကြောင့် အခက်အခဲတွေ ကြုံရတဲ့အခါ.... ဒါဟာ... ငါ့ရဲ့ အစွမ်းအစကို စမ်းသပ်တာပဲ၊ အောင်မြင်အောင် လုပ်ပြနိုင်ရင် ငါ့ရဲ့ အောင်မြင်မှုပဲလို့ တွေးလိုက်ပါ၊ ကိုယ့်မှာ လုပ်စရာတွေကများပြီး အချိန်က နည်းနေတယ်ဆိုရင်လည်း ဒါဟာ.... ဖြေရှင်းလို့ရအောင် မဖြစ်မနေ ကြိုးစားရမယ့် အားစမ်းပွဲလို့ တွေးလိုက်ပါ၊ ဒီတော့... အရေးကြီးတာတွေကို ဂရုပြုပြီး အရေးမကြီးတာတွေကို လျှော့လုပ်ဖို့ တွေ့မြင်လာမယ့် လမ်းသစ်တွေ ပေါ်ထွက်လာရင်တော့ မိမိရဲ့ အောင်ပွဲပါပဲနော်၊ သူငယ်ချင်းတို့ရေ.... ဘ၀အတွက် ပေါ်ပေါက်နေတဲ့ အားစမ်းမှုတွေကို ထူးဆန်းလှတဲ့ ပြိုင်ပွဲကြီးမှာ မိမိအနေနဲ့ ပါဝင် ယှဉ်ပြိုင်ခွင့်ရတဲ့ အခွင့်အရေး တစ်ရပ်အဖြစ် ပျော်ပျော်နဲ့ ရဲရဲ ရင်ဆိုင်ကြပါစို့.... လို့ တိုက်တွန်းလိုက်မယ်နော်....။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>