Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမြင်မတူတာလေးတွေကိုလည်း လေ့လာကြည့်ပါ

$
0
0
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီတစ်ခါလည်း မှတ်သားစရာပါပဲဗျာ၊ ဘ၀သမားပီပီ အားစမ်းမှုတွေကို ရင်ဆိုင် ကြုံတွေ့ နေရသူဆိုတော့... ကျနော့အမြင်လေးကို ပြောကြည့်မယ်နော်....

ဘ၀အတွေ့အကြုံတွေ များချင်တဲ့ ကျနော်က စာတွေလည်း ဖတ်ဖြစ်တယ်၊ အလုပ်တွေ တော်တော်လုပ်ဖြစ်သလို ပေါင်းသင်း ဆက်ဆံမှုတွေမှာလည်း လူမျိုးစုံအောင် ပေါင်းသင်းခဲ့ပါတယ်၊ ဒီတော့ အဲ့ဒီဘ၀အတွေ့အကြုံတွေကနေ အသိပညာတွေလည်း တော်တော်လေး ရခဲ့ပါတယ်ဗျာ၊ ဘ၀အတွေ့အကြုံတွေကနေ ပညာရတယ်ဆိုပေမယ့် ပညာအားလုံး ရလောက်အောင်တော့ ဘယ်သူမှ ဘ၀ မစုံနိုင်ပါဘူးနော်၊ ပညာရှင်ဘွဲ့ ခံယူထားသူတွေတောင် မသိတာ မတတ်တာ မမြင်ဖူးတာတွေ ရှိသေးတာပဲလေ၊ ဒီတော့ တကယ် ပညာရနိုင်တာက စာအုပ် စာပေတွေထဲက ဖြစ်ပါတယ်၊ စာပေတွေထဲမှာ အတွေးအခေါ် အမျိုးမျိုး၊ အတွေ့အကြုံ အမျိုးမျိုးကို တွေ့နိုင်ပါတယ်၊ ဒါပေမယ့်... စာဖတ်တယ် ဆိုတိုင်းလည်း ဆင်ခြင်ဥာဏ် တက်လာတယ်လို့ ပြောလို့မရပါဘူး၊ ကိုယ်ကြိုက်တဲ့ လိုင်းကိုပဲ ထွင်းထွင်း ဖေါက်ဖေါက် ဖတ်တဲ့သူဟာ သူ့လိုင်းမှာတော့ ပြိုင်စံရှား ဖြစ်နေပေမယ့် တစ်ခြား ဘာမှမသိတာမျိုး ဖြစ်တတ်ပါတယ်၊ ဒါကြောင့် ကိုယ့်အကြိုက်နဲ့ ဆန့်ကျင်ဖက်ဆိုတဲ့ စာပေတွေကို ဖတ်ကြည့်ခြင်းအားဖြင့် မတူညီတဲ့ ရှုထောင့်တွေကို မြင်တွေ့ရမှာပါ၊ အဲ့ဒီစာတွေကို ဖတ်တဲ့အခါ ပွင့်လင်းတဲ့ စိတ်ထားကို အရင်းခံပြီး ဖတ်ဖို့တော့ လိုပါတယ်၊ ဒါမှလည်း အသိ ပညာ အလိမ္မာတွေ တိုးပွားလိမ့်မယ် ထင်ပါတယ်၊ အဲ့ဒါတွေကို ဖတ်ရင်း ဖတ်ရင်းနဲ့ ကိုယ့်ဖက်က ကြည့်တော့ ""အလုံး"" သူ့ဖက်ကကြည့်တော့ ""အပြား"" ဖြစ်နေပါလား၊ ကိုယ့်အမြင်က ကိုယ့်အတွေးသာဖြစ်ပြီး အမှန်တရား စစ်စစ် မဟုတ်သေးပါလား ဆိုတာတွေကို ဆင်ခြင် တွေးတောတတ်လာပါလိမ့်မယ်။

သူငယ်ချင်းတို့ရေ.... သူ့ဖက် ကိုယ့်ဖက် မျှတအောင် တွေးတတ်လာရင်တော့ အေးချမ်းမှုတွေ ရလာပြီလို့ ဆိုရမှာပါ၊ ဒါကြောင့်... ကျနော့အမြင် ကျနော့အတွေးလေးနဲ့ အကြံပြု တိုက်တွန်း ချင်တာကတော့.... အမြင်မတူတာလေးတွေကိုလည်း လေ့လာကြည့်ပါ ဆိုတာပါပဲဗျာ.....။

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>