လှိုင်သာယာမြို့နယ် အမှတ် (2--- )အခြေခံပညာမူလတန်းလွန်ကျောင်းတွင်
23.1.2012 ရက်နေ့ညနေပိုင်းတွင်
ကျောင်းအုပ်ဆရာမကြီးမရှိခိုက်
အတန်းပိုင်ဆရာမများမှ
ကျောင်းသားများကို White book တွင် ကျောင်းသင်ခန်းစာများကိုပေးပြီး
အခန်းအပြင်ထွက်ကာ
အလာဘသလာဘများပြောနေသည်မှာ (30) မိနစ်ခန့်ကြာသွားပါသဖြင့်
အတန်းထဲရှိ ခပ်စွာစွာကျောင်းသားတစ်ဦးမှာ
အနီးရှိခုံတွင်ထိုင်နေသော ကျောင်းသားအား
သွားရောက်စနောက်သဖြင့် ကျောင်းသားမှာ မစနောက်ရန် တောင်းပန်ပြောနေသော်လည်း
မရသဖြင့် ဆဲလိုက်မိပါသည်
အဆိုပါဆဲမိသူကျောင်းသားအား အတန်းထဲတွင် အလေ့အထကဲ့သို့ရန်ဖြစ်နေသော
ကျောင်းသားမောင်ဝေယံမြင့်မှ ကျောင်းသားငယ် စတုတ္ထတန်းအား ဆဲရမလားဆိုပြီး မျက်စီအား ထိုးသတ်ခဲ့ပါသည်။
ကျောင်းသားငယ်မှာ မျက်စိအတွင်း သွေးချေအု သွားပြီး မျက်ဖြူတစ်ခုလုံးသွေးခဲနေပါသည်။ (အမြင်ဖြင့်တွေရှိခြင်း)
ယခုမျက်လုံးမှာ နီးရဲနေသည်။
ခေါင်းလဲကိုက်နေတယ်ဟု ငိုကြွေးနေပြီး မျက်စီမှာ ယားယံခြင်း
အမြင်မကြည်လင်ခြင်းများဖြစ်ပေါ်နေပါသည်။
မျက်ကွင်းတစ်ခုလုံးလဲညိုမည်းနေပါသည်။
သို့ဖြစ်ပါသော်လည်း ဖြစ်ချိန်တွင် အတန်းပိုင်ဆရာမများမှာ ဆေးခန်းသို့ပို့ဆောင်ခြင်းမရှိဘဲ
ကြတ်ထုတ်ထိုးပေးယုံထားရှိပြီး
ကျောင်းလွှတ်မှာသာ ကျောင်းသားအား အိမ်သို့ပို့ဆောင်ပေးခဲ့ပါသည်
မိဘများလဲအကြောင်းကြားခြင်းများမပြုလုပ်ခဲ့ပါ
ကျောင်းသားမိဘအားလဲခေါ်ယူတွေ့ဆုံခြင်းများမပြုလုပ်ခဲ့ပါ
မျက်စီဒဏ်ရာရရှိထားသော ကျောင်းသား၏မိဘများက ညအချိန်မတောမှသာ
မိဘအချင်းချင်းအကြောင်းကြားခြင်း
ကျောင်းတွင် နံနက်လာရောက်တွေ့ဆုံရန်အကြောင်းကြားခဲ့ရပါသည်။
ကျောင်းသို့ရောက်ရှိချိန်တွင်လည်း ပြုလုပ်ခဲ့သောကျောင်းသားမိဘမှာ အချေမငံဆက်ဆံခြင်းများပြုလုပ်ခဲ့ပြီး
ကျောင်းဆရာမနှင့်ကျောင်းသားမိဘ(ပြုလုပ်သူ) မှာ ကျောင်းသားအပေါ်တာဝန်ယူကုသပေးခြင်းမျိုးမပြုလုပ်ပဲ
ရပ်ကွက်အတွင်းရှိ အထွေထွေဆေးခန်းကိုသာသွားရောက်ပြသပေးခဲ့စေပါသည်။
ခံရသူကျောင်းသားမိဘမှ မျက်စီဆရာဝန်နှင့်ပြသရန်ပြောကြားသောလည်း
ဆရာမနှင့် ပြုလုပ်သူမိဘမှ အနီးရှိဆေးခန်းတွင်သာ ပြသပေးနိုင်မည်ဖြစ်ကြောင်းနှင့်
အလုပ်အရေးကြီးပါသဖြင့် အချိန်မရကြောင်းပြောကြားခဲ့ပါသည်။
၎င်းပြုလုပ်သူကျောင်းသားအားလဲ ထိရောက်စွာအရေးယူခြင်းမပြုလုပ်ပဲ
မသိလိုက်ဖာသာဖြင့်သာဆောင်ရွက်နေပါသဖြင့် သားသမီချင်းကိုယ်ချင်းစာသော ကျောင်းသားမိဘများအနေဖြင့် 
အထက်ပါအဖြစ်မျိုးထပ်မံမဖြစ်ပွားစေရန်နှင့် ယခုဖြစ်စ့ဉ်အား အခြားဝက်ဆိုင်များပေါ်သို့တင်ပေးရန်တောင်းပန်းအပ်ပါသည်။
↧
သူဆန်စားရင် သူဝန်ထမ်းရဲနိုင်ပါစေ
↧