Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကောင်မလေးတို့အတွက် သိသင့်တာ (၃) ချက်

$
0
0

(၁) ချစ်သူနဲ့ချိန်းတွေ့ခါနီးမှာ အစားအစာကို ဗိုက်တင်းအောင် စားမသွားပါနဲ့။

နှင်းမှုန်တွေ ကြားထဲမှာ ဝေး၀ါးစွာ စောင့်မျှော်နေမိတယ်။ ချစ်ရတဲ့ ဆုကိုပေါ့။ သူ့ဆီက ချစ်တယ်ဆိုတဲ့ အဖြေစကာသံလေးဟာ ပညာရည်ချွန်ဆုရတုန်း လက်ခုတ်သံမြောက်များစွာထက် ပိုပြီးသာယာကြည်နူးဖွယ် ကောင်းခဲ့ပါတယ်။ သူ့ရဲ့ ချစ်တယ်လို့ တိုးတိုးလေး ဖြေလိုက်တဲ့ အသံဝဲ၀ဲလေးက ကျွန်တော့်ဘ၀မှာ အလိုချင်ဆုံး အမက်မောဆုံး တန်းဘိုးအထားဆုံး ဆုမို့ သူ့ကို ဆုလို့ ခေါ်ခဲ့တာပါ။ ဒီနေ့ သူနဲ့ တွေ့ဘို့ ချိန်းထားတယ်လေ။ သူတို့တိုက်ဘေးက စပါယ်ရုံအောက်မှာပေါ့။ အေးလိုက်တာနော်။ အနွေးထည် နှစ်ထပ်ဝတ်ထားတာကို အေးနေတုန်းပဲ။ နှင်းတွေကလည်း ဒီနေ့မှ ပိုကျနေသလိုပါပဲ။ တွေ့ချင်နေတဲ့ သူဆိုတော့ ကျွန်တော်က အစောကြီးရောက်နေတာပေါ့။ ဟော သူလာနေပြီ။

 

ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်နဲ့ ရထားခုတ်မောင်းနေသလိုပဲ။ သူရောက်လာတာနဲ့ ကျွန်တော့်ရင်ခွင်ထဲ အတင်းပဲ ဖက်ထားလိုက်တယ်။ “မောင်၊ အသက်ရှူ ကြပ်တယ်” တဲ့။ တိုးတိုးလေး ပြောတာနော်။ ဟူးးးးးးးးးးးးးးး -- ခုမှ နွေးသွားတယ်ဗျာ။ သူ့မေးလှလှလေးကို အသားလေး မ - ယူလိုက်ပါတယ်။ သူက ခေါင်းငုံ့ထားလို့လေ။ ကျွန်တော့် မျက်စိထဲမှာ သူ့နှုတ်ခမ်းလေးတွေ တုန်နေတယ်လို့တောင် ထင်မိပါတယ်။ “ အင် ” ဘာနံ့ကြီးလဲ။ နံလိုက်တာ။ ကျွန်တော့်စိတ်တွေ ဟိုးအဝေးကြီးကို ထွက်ပြေးသွားပါပြီ။ မခံနိုင်တော့ဘူး။ နွေးနေတဲ့ ကျွန်တော့် ခံစားချက်တွေ ပြန်အေးသွားတယ်။ ဘာမှ မပြောချင်တော့ဘူး။ နှုတ်ဆက်ဘို့လည်း မေ့သွားတယ်။ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ မခံစားနိုင်တော့ဘူး။ လှည့်ပြန်လာခဲ့တယ်။  နောက်နေ့ သူနဲ့တွေ့နိုင်မယ့်နေရာကို သွားပါတယ်။ သူက စကားမပြောတော့ဘူးဗျ။ စာလေးတစ်စောင့်ပဲ ပေးတယ်။ စကားတစ်ခွန်းမှ ပြန်မပြောဘူး။ စာရွက်လေးပေးပြီး ပြန်သွားတယ်။ ဖတ်ကြည့်လိုက်တော့ “မောင်ရယ်၊ မောင် စိတ်ရှိသလို ဖက်ထားတာကိုလည်း မတားမြစ်ချင်ဘူး၊ ဆုက ထမင်းစားလာတာ များသွားတယ်၊ ဗိုက်ကပြည့်နေတယ်လေ၊ မောင်က အားကြီးဖက်တော့ လေလည် သွားတာပေါ့၊ အဲဒါကို မောင်ရွံသွားတာ မဟုတ်လား၊ ဆု သိလိုက်ပါတယ်၊ အဲလောက်လေးမှ သည်းမခံနိုင်ရင် ဆုကို မချစ်ပါနဲ့တော့” တဲ့၊ ကဲ ပြဿနာက အဲဒါပါပဲနော်။ ဒါကြောင့် ချစ်သူနဲ့ ချိန်းတွေ့မယ် အချိန်မှာ ဗိုက်ဝအောင် စားမသွားပါနဲ့၊ ကျွန်တာ့်လို အဖြစ်မျိုးနဲ့ ကြုံမှာ စိုးလို့ပါ။ ဟိ။ လေမလည်မိစေနဲ့နော်။ ချုပ်တာ ထားပေတော့။

 

(၂) ချစ်သူနဲ့ချိန်းတွေ့ဘို့မသွားခင် သွားတိုက်ဖြစ်အောင် တိုက်သွားပါ။

 သူ့ပါးပြင်က သနပ်ခါးနံ့သင်းသင်းလေးကို တွေ့တိုင်း ခံစားခွင့်ရနေပါတယ်။ ဒါပေမဲ့ သူ့နှုတ်ခမ်း နီနီလေးမှာ ချစ်တံဆိပ် ခပ်နှိပ်ခွင့် မရသေးဘူးလေ။ သူက မကြိုက်ဘူးတဲ့။ သူမကြိုက်ဘူးဆိုလို့ ကျွန်တော်လည်း မတင်းမယူရက်ပါဘူး။ ကျွန်တော်က သူ့ကို သိပ်ချစ်တာလေ။ အဲဒါနဲ့ “ဆု ပါးနမ်းတာကို မောင်နှမအနမ်းလို့ ခေါ်တာတဲ့၊ နှုတ်ခမ်းနမ်းမှ ချစ်သူအနမ်းလို့ခေါ်တာတဲ့၊ အနမ်းနှစ်ခုရှိတယ်လို့ မောင် ဖတ်လိုက်ရတယ်၊ ဒီည တွေ့ရင်တော့ ချစ်သူဘ၀စစ်စစ်ကို ရပါရစေနော်” လို့ ဖုန်းထဲကတိုင် ပြောလိုက်တယ်။ ဒါဟာ ကျားတွေရဲ့ မာယာတစ်ခုလို့ ဆိုနိုင်ပါတယ်။ မင်္ဂလာတံတားပေါ်မှာ ကျွန်တော် ရောက်နေပါပြီ။ ချိန်းထားတဲ့အချိန် ရောက်နေပြီ။ သူက ရောက်မလာသေးဘူး။ စိတ်ပူလို့ ဖုန်းဆက်ရတာပေါ့။ သူက မေ့နေတာတဲ့။ လာခဲ့မယ် စောင့်နေတဲ့။ ကျွန်တာ့်မှာတော့ စိတ်ဆိုးရခက် လွမ်းရခက်ပေါ့နော်။ သူရောက်လာတော့လည်း စိတ်ဆိုးနေတာတွေက ပြေပျောက်သွားရပြန်ရော။

 

စကားလုံး အလှအပတွေနဲ့ တန်ဆာဆင် မပြောတတ်တဲ့ ကျွန်တ်ာက သူရောက်လာတယ်ဆိုရင်ပဲ အတင်းဆွဲဖက်ပြီး သူ့နှုတ်ခမ်းနီနီလေးကို နမ်းလိုက်ပါတယ်။ “ ဟင် ” ဘယ်လိုကြီးလဲ။ လ္ဘက်နံ့လိုလို ပဲဆီနံ့လိုလို ဘာလိုလိုနဲ့။ ကိုဇော်ပိုင်ဆိုထားတဲ့ “ ချိုမြိန်တဲ့ နှုတ်ခမ်းလေးပဲ လွမ်းနေလို့” လိုလည်း မဟုတ်ပါလား။ ချိုလည်း ချိုဘူး။ ဟိ။ နှုတ်ခမ်းဆီနံ့ မဟုတ်တာတော့ သေချာတယ်။  ပင်ကိုယ်နှုတ်ခမ်းသားလေး နီနေတာပဲ မြင်ချင်တယ်လို့ ပြောထားတော့ သူ နှုတ်ခမ်းဆီ မဆိုးဘူးလေ။ ကြိုပြောထားတော့ သူက မငြင်းပါဘူး။ မျက်လုံးလေး မှိတ်နေရှာတယ်။ ကျွန်တော့်ခံစားချက်က တံတားအောက်က ရေပြင်ထဲကို ပလုံးဆို ပြုတ်ကျသွားပါပြီ။ သူကတော့ ရိပ်မိဟန် မတူဘူး။ သူရိပ်မိရင်  စိတ်ဆိုးမှာ သိနေလို့ မကြိုက်သော်လည်းအောင့်ကာ နမ်းခဲ့ရတယ်။ နောက်နေ့မှ မေးကြည့်တော့ ဟုတ်တာပေါ့။ လ္ဘက်သုတ်စားနေရင်းနဲ့ အတင်းပြေးလာတာတဲ့။ သူတို့တိုက်နဲ့ တံတားနဲ့က နည်းနည်းလည်း လှမ်းတယ်လေ။ နောက်ချိန်းရင် သွားတိုက်လာဘို့ပြောတော့ “ဘာကြောင့်လဲ” လို့ ကျွန်တော့်ကို ပြန်မေးတယ်။ ဘယ်ပြောမလဲ။ သူ စိတ်ဆိုးသွားမှာပေါ့။ သူ ဘယ်ကြိုက်မလဲနော်။ ဒါတောင် သူမေးတာကို မဖြေလို့ စိတ်ကောက်နေတာ။ မချော့တတ် ချော့တတ်နဲ့ (၇) ရက်လောက် ချော့လိုက်ရသေးတယ်။ ဟင်း ဟင်း။ ချစ်သူက မြတ်မြတ်နိုးနိုး နမ်းတာကိုပဲ လိုချင်ကြမှာပါ။ အဲလိုဖြစ်ဘို့ ချိန်းတွေ့ဘို့ သွားခါနီးမှာ သွားကို မဖြစ်မနေ တိုက်ပေးကြပါနော်။ အ - ဟင်း   အ - ဟင်း ။

 

(၃) ဘ၀အတွက် အဆင်သင့်မဖြစ်သေးရင် လူရှင်းတဲ့နေရာမှာ ချိန်း မတွေ့ပါနဲ့။

ချစ်သူတွေဖြစ်လာကြပြီးဆိုရင် လွတ်လွတ်လပ်လပ် စကားပြောချင်လာတယ်။ ဖက်ထားချင်လာတယ်။ နမ်းချင်လာတယ်။ ဒါဟာ သဘာဝပါ။ အပြစ်ပြောလို့ မရပါဘူး။ အဲလိုနဲ့ ကိုယ့်ချစ်သူကိုယုံပြီး လူတွေရှင်းတဲ့နေရာတွေမှာ ချိန်းကြတယ်။ တွေ့တော့ ဖက်ကြနမ်းကြတယ်။ စိတ်ဆိုတာ ခါချည်အုံ လိုပါပဲ။ ခါချည်အုံက သူ့ကို မထိဘူး မတို့ဘူး ဆိုရင် ငြိမ်နေပါတယ်။ သူ့ကို ထိပြီး တို့ပြီးရင်ဆိုရင်တော့ ရွစိတက်နေအောင် ထွက်လာပြီး ကိုက်တော့တာပဲ။ ပြီးတော့ ကျားနဲ့လည်းတူတယ်။ ဗိုက်ဝနေရင် ငြိမ်လို့။ သူ့ကို တက်နင်းသွားရင်တောင် ငြိမ်နေတတ်တာ။ ဗိုက်ဆာနေရင်တော့ အဝေးမှာ ရှိနေလည်း အတင်းလိုက်ဆွဲတော့တာပဲ။

 

စရင်း စရင်းနဲ့ တိုးတိုးလာချင် တတ်ကြတယ်။ အဲဒီအခါမှာ မိန်းကလေးက ကိုယ့်ချစ်သူ စိတ်ချမ်းသာစေချင်တာကြောင့်ဖြစ်စေ ကိုယ်တိုင်က သာယာမက်မော နေတာကြောင့်ဖြစ်စေ လူကရှင်းပြီး တိတ်ဆိတ်နေသောကြောင့်ဖြစ်စေ လိုက်လျောမိတတ်ကြတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အဲဒါဟာ မဖြစ်သင့်ဘူး။ ကောင်လေးကလည်း ချစ်သူဘ၀ရဲ့စည်းကို စောင့်သင့်တယ်။ ကောင်မလေးကလည်း စောင့်သင့်တယ်။ ဒီချစ်သူကို တကယ် လက်ထပ်နိုင်မယ်လို့ ယုံကြည်ပေမဲ့ဖြစ်မလာတာတွေ အများကြီးရှိတယ်။ ခက်တာက စိတ်ပဲ။ စိတ်သွားတဲ့လမ်းက နှစ်လမ်းပဲ ရှိတယ်။ အဲဒါဟာ ကုသိုလ်လမ်းနဲ့ အကုသိုလ်လမ်းပဲ။ ချစ်သူနှစ်ဦး ချိန်းတွေ့နေချိန်မှာတော့ ကုသိုလ် လမ်းကို နှလုံးသွင်းမိဘို့ဆိုတာ ဘယ်နည်းနဲ့မှ ဖြစ်နိုင်မယ် မထင်ဘူး။ ကုသိုလ်လမ်းကို နှလုံးမသွင်းမိ နိုင်ဘူးဆိုရင်တော့ သူ သွားတဲ့လမ်းက တစ်ခုပဲ ရှိတော့တာလေ။ အဲဒါကြောင့် အဲလိုတွေ ဖြစ်ဖြစ်သွားကြတာပါ။ တကယ်ချစ်တဲ့ ယောက်ျားတွေမှာ  ကိုယ့်ချစ်သူ နစ်မွန်းမဲ့ အလုပ်မျိုးကို မလုပ်ရက်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလို မီးကိုလည်း မလောင်ခင် တားတာ အကောင်းဆုံးပဲ။ ဒါကြောင့် မီးလောင်နိုင်တဲ့ လူသူရှင်းတဲ့နေရာ အရမ်းတိတ်ဆိတ်လွန်း မှောင်မိုက်လွန်းတဲ့နေရာတွေမှာ ချိန်းတွေ့တာမျိုးကို လက်မခံသင့်ပါဘူး။ လက်ခံလိုက်ရင် ချစ်သူစည်းကို အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ကျော်ဖြစ်သွားတတ်ပါတယ်။

 

 (( ကောင်းမွန်သန့်ရှင်း ဖြူစင်စေချင်တဲ့ ဆန္ဒအမှန်နဲ့ ပြောပြတာပါနော်။ ဇာတ်ကောင်ဖြစ်တဲ့ ကျွန်တော်ရယ် ဆုရယ်ဆိုတာ သရုပ်ဆောင်တွေပါ။ တကယ် မထင်လိုက်ပါနဲ့။ ကိုယ်ပွား ခံစားပြီး ရေးထားတာပါ။ ဟဲဟဲ။ ယုံတာ မယုံတာတော့ သူငယ်ချင်းများရဲ့ ခံယူချက်ပါ ။ ကျွန်တော်ပြောတာ ဖြစ်သင့်တယ်ဆိုရင် လက်ခံတယ်ဆိုရင် လက်မလေး ထောင်ပြခဲ့ပါနော် ))။

 

အားလုံးကို

ခင်မင်စွာဖြင့်

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>