Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မိခင် မေတ္တာ

$
0
0

ရွာတစ်ရွာရဲ့ အပြင်မှာနေထိုင်နေသော မုဆိုးမ သားအမိနှစ်ယောက်ရှိတယ်။မိခင်ကလည်း သားတစ်ယောက်ထည်း ရှိတာဆိုတော့ အချစ်ကြီး ချစ်ရှာပါတယ်။အလိုလည်း လိုက်တယ်။ဒါပေမယ့် သူတို့

က လက်လုပ်လက်စားတွေဆိုတော့ သားကိုအချိန်ပြည့် မထိန်းနိုင်ဘူးပေါ့ဗျာ။အမေကလည်း သားအတွက် နေ့မအားညမနားဘဲ တတ်နိုင်သရွေ့ လုပ်ကျွေး၇ရှာပါတယ်။ဒီလို အလိုလိုက်ခံတဲ့သားက

တဖြည်းနဲ့ အ၇ွယ်ေ၇ာက်လာပါတော့တယ်။ငယ်ငယ်ကတည်းက မိခင်အလိုလိုက်ခံ ၇တဲ့သားက ကြီးလာတော့ ပိုဆိုးလာတာပေါ့ ဗျာ။မိခင်ဆီက ပိုက်ဆံတောင်း မ၇တော့ မိခင်ကို ကန်ကျောက်

ရိုက်နှက်တဲ့ အထိပဲ။မိခင်ကလည်း သားအတွက် ငါဘာပဲဖြစ်ဖြစ် ဆိုတဲ့စိတ်နဲ့ သားတောင်းတဲ့ အတိုင်းမငြီးငြူဘဲ ပေးတတ်ပါတယ်။သားကလည်း ပိုက်ဆံ၇ေ၇ာ အ၇က် မိန်းမ နောက် မူယစ်ဆေးဝါး

ကိုပါ စွဲနေပြီး။အဲဒီပစ္စည်းတွေက ဈေးကြီးတော့ သူ့အမေ ရှာတဲ့တနေ့စာ ပိုက်ဆံနဲ့ မလောက်တော့ဘူး။သူ့မိခင်လည်း ငတ်တလှည့် ပြတ်တလှည့်နဲ့ပေါ့။ထမင်းလည်းပုံမှန်မစား၇တော့ဘူးပေါ့ ဗျာ။

ဒါပေမယ့် သားက သူ့ကို ဘယ်လောက်ပဲမိုက်မိုက်ရိုင်းရိုင်း ဆက်ဆံပါစေ သားကိုအပြစ်တင်ဖို့ နေနေသာသာ သားလိုသမျှကို လိုက်လျှောဖြည့်ဆည်းပေးခဲ့ပါတယ်။အဲလိုပဲ နောက်လူကလည်းကြီး

လာတော့ အလုပ်ပုံမှန်မလုပ်နိုင်တော့ဘူး။ဝင်ငွေလည်း ပုံမှန်မရှိတော့ဘူးပေါ့။ဒါကို နားမလည်တဲ့သားက သူ့မိခင်ကို အလုပ်အတင်းလုပ်ခိုင်းတယ်။သူကတော့ အိမ်မှာပဲ ဇိမ်နဲ့နေနေတာပေါ့ ဗျာ။

ဒီလိုပဲ အ၇င်ဘဝက ပြုလာခဲ့တဲ့ ကုသိုလ်ကြောင့် သူဌေးသမီးတယောက်နဲ့ လက်ထပ်ဖြစ်သွားခဲ့ပါတယ်။သူ့အမေလည်း သတို့သားရဲ့ အမေ နေ၇ာမှာတောင် နေခွင့်မ၇ခဲ့ပါဘူး။သူလက်ထပ်ပြီးတော့

သူ့မိခင်နဲ့ အိမ်ခွဲသွားတော့တယ်။သူ့မိခင်ကလည်း သူ့သားကိုလွမ်းလို့ ထမင်းလည်းပုံမှန်မစားတာကြာတော့ အားပြတ်သွားတယ်။တယောက်ထည်းပဲ တဲလေးတလုံးမှာ လှဲနေ၇င်း သူ့သားအကြောင်း

ကို တွေးနေတယ်။ဒီလိုနဲ့ ငတ်တလှည့်ပြတ်တလှည့် ဘဝမှာ နေနေ၇င်နဲ့ သူ့သား ကလေးမွေးပါတော့တယ်။သူလညး သူ့မြေးကို တွေ့ချင်လည်း သူ့သားကိုကြောက်နေ၍ မသွား၇ဲ။သူ့သားကလေး

မွေးပြီးတပတ်လောက်အကြာမှာ မိခင်ဟာ အပြင်းဖျားပါတော့တယ်။နေတာကလည်း တယောက်ထည်း ဆင်း၇ဲတယ်ဆိုတော့ ကူညီမယ့်သူကိုလည်း မရှိ တယောက်ထဲ တဲလေးတလုံးမှာ

လှဲနေရင်းနဲ့ သေခြင်းတ၇ားကို ကြိုဆိုနေပါတယ်။ဟိုမှာ သူ့သားကလည်း သူ့ကလေးကို ချီနေတဲ့အချိန်မှာ အတွေးတခုသူ့ခေါင်းထဲကိုဝင်လာတယ်။ "ငါ့သားကိုငါချစ်သလို ငါ့အမေလည်းငါ့ကို

ဒီလိုမျိုးချစ်ခဲ့ပါလား" တွေးပြီး အ၇င်အခါတုန်းက သူ့ငယ်ငယ်လေးကတည်းက သူ့အမေ သူ့ကို ချစ်ခဲ့ပုံ၊အလိုလိုက်ခဲ့ပုံ နောက် ကြီးလားတော့ သူပိုက်ဆံတောင်းတိုင်း မငြီးငြူဘဲ ပေးခဲ့ပုံတို့ကို

တ၇ိပ်၇ိပ် သူ့အတွေးထဲမှာပေါ်လာတယ်။သူလည်း ချက်ချင်းဘဲ သူ့အမေဆီကို အပြေးလာခဲ့ပါတယ်။"အလာကောင်းပေမယ့် အခါနှောင်းသွားပြီး" ဆိုတဲ့အတိုင်း သူ့မိခင်မေတ္တာကို သူသိတဲ့အချိန်

မှာ သူ့အမေ က သူနဲ့ဝေး၇ာကိုေ၇ာက်ရှိသွားခဲ့ပါပြီး။သူလည်း ယူကြုံးမ၇ ငိုကြွေးလျက်.............။

ကျေးဇူးတင်ပါတယ်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>