သူငယ်ချင်းတို့ရေ.... ကောင်းသောနေ့လေးပါနော်၊ ဟာဒယတွေကို အားရပါးရ ရေးချင်ပေမယ့် အဲ့ဒီထက် ရေးချင်တာတွေ ပေါ်လာလို့ ရေးလိုက်ဦးမယ်နော....
""မျက်နှာစိမ်းပေမယ့်.... ပြုံးပြလိုက်စမ်းပါ""
မျက်နှာစိမ်းတစ်ယောက်နဲ့ ကြုံတဲ့အခါ
တစ်ချက်လောက်လေး ငဲ့ကြည့်ပြီး
မျက်နှာ လွှဲသွားတတ်ကြတယ်
ဘာတံတိုင်းတွေ ခြားထားလို့
ဒီလောက် စိမ်းကားကြတာလဲဆိုတာတော့
အဖြေရှာရ ခက်လှပါတယ်။
ကျနော်.... စဉ်းစားမိတာက
စိတ်ချမ်းသာမှုတွေနဲ့ လမ်းထွက်ခဲ့ရင်
ခေါင်းလေးမော့ပြီး
မြင်မြင်သမျှတွေကို
ငေးမောလို့ ကြည့်ရှုတတ်သလို
စိတ်ညစ်မှုတွေနဲ့ လမ်းပေါ်ရောက်တဲ့အခါ
ခေါင်းလေးငုံ့ပြီး
ခပ်လျှိုးလျှိုးလေး ဖြစ်သွားတတ်တယ်။
ပင်ကိုယ်သဘာဝအရ
အေးအေးနဲ့ သီးသီးသန့်သန့်
နေတတ်သူမျိုးကို
ချက်ချင်းပဲ
ပွင့်ပွင့်လင်းလင်း ခင်ခင်မင်မင်ကြီး
ပြောင်းလဲရမယ်လို့ မဆိုလိုပါဘူး
တစ်ဖက်သား ပျော်ရွှင်သွားအောင်
အတင်းလိုက်ကြိုးစားရမယ် ဟန်ဆောင်ရမယ်
ဆိုတာမျိုးလည်း မဟုတ်ပါဘူး။
တစ်ချို့ကတော့ မျက်နှာစိမ်းဆိုရင်
တမင်ကြီး မျက်နှာကြော တင်းထားတတ်ကြတယ်
ဘေးအန္တရာယ်မရှိနိုင်
အထင်လွဲမှု မခံရနိုင်တဲ့အခါမျိုးမှာ
နှစ်လိုဖွယ်မျက်နှာထားမျိုး ထားကြည့်ပါ
သူစိမ်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
မေတ္တာစိတ်ထားပြီး ပြုံးပြုံးရွှင်ရွှင် နေဖို့ပါပဲ။
ကြိုးစားလျှက်....................