သယ်ရင်းတို့ ရေ.....
မင်းတို့လဲ ကြားဖူးမှာပါ..အကန်းရေတွင်ထဲ ကျ...ဆိုတဲ့စကား ကို ပေါ့...
အဲဒီနောက် ဘာဖြစ်လဲ ဆိုတာက ဒီလိုပါ...
ရွာ တစ်ရွာ မှာ အကန်း တစ်ယောက်ရှိတယ်...
တစနေ့ ၇ွာ မှာ မီးလောင်ပါရော....သူလဲ မီးလောင်တယ်လို့ ကြားတော့ ပြေး တာပေါ့...
မဟုတ်ဘူးလား..ပြေးရင်းနဲ့ သူအိမ်ရှေ့က ရေတွင်းထဲ ကျသွားရော...
ရွာသားတွေ က သူ့ကိုရေတွင်းထဲမှာ တွေ့ရော..မေးတယ်..
ရွာသာ.းများ......ဟေ့ကောင် မင်းရေတွင်းထဲ မှာ ဘာလုပ်နေတာလဲ....
အကန်း...ဘာမှ မလုပ်ပါဘူးကွ..မင်းတို့ကို မင်းငြိမ်းကူမလို့ ရေဆင်းခပ်တာပါ....
ရွာသားများ...အေးအေး...ဒါဆို တက်ကွာ....
လို့ ပြောပြီး ၀ါးလုံးကို အောက်ချပေးတယ်..ဒါပေမယ့် ၀ါးလုံးက ရေတွင်းထက် ရှည်နေတယ်...
အကန်ကတော့ ဘယ်သိမလဲ...၀ါးလုံး အဆုံးထိ တက်သွားတာပေါ့...အပေါ်ကို ရောက်မှာ ရွာသားတွေက....
ရွာသားများ..ဟေ့ကောင်...မင်းတက်တာ ၀ါးလုံး အဆုံထိ ရောက်နေပြီလေ...
အကန်း...သိပါတယ်ကွာ...ငါမီးညွှန့်ကျိုးပြီလားလို့ တက်ကြည့် တာပါ...
လို့ ပြောပြီး အောက်ကို ခုန်ချလိုက်တော့..ခွေးကို တက်နင်းမိရော...ခွေးက သူကို နင်းတော့ ကိုက်တာပေါ့..အဲဒီချကျမှာ အကန်းက စိတ်တိုတိုနဲံ့ ပြောလိုက်တယ်...
အကန်း....တောက်...ဒီ ခွေးမက တော့ ကွာ...
ရွာသားများကလည်းရယ်ပြီး ပြန်ပြောတယ်...
ရွာသားများ...ဟေ့ကောင် မင်းတက်နင်းတဲ့ ခွေးက အထီးကွ ...
အဲဒီတော့ အကန်းကရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောတယ်...
အကန်း....သိပါတယ်ကွာ...ငါ့ကိုကိုက်လို့ နံနှိမ်ပြီး ပြောတာ....
တဲ့....အကန်းလို ထင်ရာစွတ်ပြောတတ်တဲ့ အကျင့် တွေက ဖျောက်နိုင်ပါစေ..........