Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

English စာလေ့လာလို့ ကောင်းတဲ့ site များ

$
0
0
ဒီဆိုဒ်ကို အစက တင်ထားရင်လည်း တင်ထားမှာပါ။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

အင်္ဂလိပ်စာ ကို Online ကနေ သင်ကြားပေးတဲ့ အကောင်းဆုံး Website ၁၀ ခု
 အင်္ဂလိပ်စာ ကို Online ကနေ သင်ကြားပေးတဲ့ အကောင်းဆုံး Website ၁၀ ခု လို့ သတ်မှတ်ထားတဲ့ ဆိုက်လေး တွေပါ။
 
( 1 )          www.nonstopenglish.com
                 ဒီ website ကတော့ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံး နံပါတ် ( ၁ ) website ဖြစ်ပါတယ်။ ဒီ website မှာ အသုံးပြုသူ user တွေ အနေနဲ့ ကိုယ့်ရဲ့ English Grammer and Vocabulary Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင် Register လုပ်ပြီး user log in နဲ့ ၀င်မယ် ဆိုရင်လည်း သူ့ဆီက အခမဲ့ Email Test တွေ ရယူဖြေဆိုပြီး ကိုယ့်ရဲ့ ရမှတ်ကိုလည်း ပြန်လည် ကြည့်ရှုလို့ရပါတယ်။ ဒီ website က သူ့ရဲ့ Test တွေကို အပတ်စဉ် update လုပ်ပေးပါတယ်။
 
( 2 )         www.englishclub.com
                            သူကတော့ ဒုတိယ အကောင်းဆုံး Learning English Website ပါ။ ဒီ website မှာတော့ လူငယ်တွေ လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကဗျာလေးတွေ ၊ စာလေးတွေကို website ပေါ်မှာ ပြန်ပြီး upload လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက် ( comment ) တွေကိုလည်း Website ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ မေးခွန်းပြဿနာ တွေကိုလည်း အခမဲ့ Email နဲ့ ပြန်လည် ဖြေကြားပေးပါသေးတယ်။
 
( 3 )         www.freeenglish.com
                             ဒီ website မှာတော့အခမဲ့သင်ခန်းစာတွေ ၊ English နဲ့ ပတ်သက်တဲ့ E Books တွေကို download ရယူနိုင်ပါတယ်။
 
( 4 )         www.rong-chang.com
                              ဒီ Website ကတော့ အင်္ဂလိပ်စာကို Second Language အဖြစ် လေ့လာတဲ့ သူတွေ အတွက် အထူးလွှင့်တင်ထားတဲ့ Website ပါ။ အထူးသဖြင့် English ဘာသာ mother language မဟုတ်တဲ့ လေ့လာသူများအတွက် သင့်တော်ပါတယ်။ လေ့ကျင့်ခန်းမျိုးစုံ ထဲက ကိုယ်နဲ့ ကိုက်ညီမယ့် သင်ခန်းစာတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။
 
( 5 )          www.englishathome.com
                              ဒီ Website မှာတော့ Grammer, Vocabulary, Verbs and Speaking Games တွေနဲ့ English Newsletter ( သတင်းလွှာ ) တွေကို အခမဲ့ ရယူနိုင်ပါတယ်။
 
( 6 )          www.nylanguageexchnage.com
                              ဒီ Website ကတော့ နာမည် အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို မတူညီတဲ့ လူနှစ်ယောက် သင်ယူတဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ - ပြင်သစ်စကား သင်နေတဲ့ English Speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကား သင်နေတဲ့ French Speaker တစ်ယောက် အပြန်အလှန် သင်ကြားတဲ့ ပုံစံမျိုးပါ။
 
( 7 )          www.roseofyork.co.uk
                              ဒီ Website ကိုတော့ The Rose Of York English College က လွှင့်တင်ထားတာပါ။ ဒီ site မှာ user တွေ အနေနဲ့ General English, Business English, Academic English, English Speaking စတာတွေကို အခမဲ့ သင်ကြားလေ့လာနိုင်ကြပါတယ်။
 
( 8 )           www.expertenglish.com
                              ဒီ Site မှာတော့ user တွေ ကိုယ်တိုင်ပါဝင် ( participate ) နိုင်တဲ့ program တွေနဲ့အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ - One Stop English Perfection Program မျိုးတွေနဲ့ပါ။
 
( 9 )           www.worldenglish.com
                                ဒီ Website ကတော့ ကမ္ဘာ တစ်ဝှမ်း မှာ ရှိတဲ့ English ဘာသာ လေ့လာသူတွေ အနေနဲ့ Highest Quality English Language Resources တွေကို ရ ရှိနိုင်ကြဖို့လွှင့်တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က မျက်စိမှုန်သူများနဲ့ အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့ Font Size အကြီး အသေးကို အဆင့် ၄ ဆင့် အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်ပေါ်က စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ်ပျက်နေသူများအတွက် အထူးသင့်လျော် ပါတယ်။
 
( 10 )           www.learnenglish.org.uk
                         ဒီ Website မှာတော့ အင်္ဂလိပ်ဘာသာ လေ့လာရာမှာ အထောက်အကူပြု Quotes တွေ၊ Films တွေ၊ Music Files တွေကို အခမဲ့ ဒေါင်းလုပ်ရယူနိုင်ကြပါတယ်။

ဒီဆိုဒ်လေးတွေကို Mail ထဲက တဆင့်ရတာပါ။သူငယ်ချင်းတို့တွေလည်း လေ့လာလို့ရအောင်ပါ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>