မင်္ဂလာပါရှင်
အင်တာဗျုးအစီအစဉ်ဒီကြားထဲမအားလပ်မူကြောင့်ပြတ်လတ်သွားခဲ့ပါတယ်ရှင်
ခုတစ်ပတ် ချစ်သူမြို့ တော်ရဲ့  အင်တာဗျူုး ..အစီအစဉ်ကို..
ချစ်သူမြို့ တော်.
.လူငယ်လေးတယောက်ဖြစ်တဲ့..ကဗျာ၊ရသစာပေတွေရေးတဲ့အမုန်းသခင်ဖြစ်ပါတယ်ရှင်............။
လူငယ်တစ်ယောက်အနေနဲ့သူရဲ့ဖြေကြားထားမူလေးကို ဆက်လက်ရှု့ စား ဖတ်ကြပါရှင်..............။
♥★ ရှင်းသန့်မေမေး၍♥★
အမုန်းသခင်: မင်္ဂလာပါမရှင်းရေ
ရှင်းသန့်မေ: မောင်လေးကဒီဆိုဒ်ကိုဝင်လာတာကြာပီးလား
အမုန်းသခင်: တစ်နှစ်တောင်မကျော်သေးပါဘူးခင်ဗျာ
ရှင်းသန့်မေ: မောင်လေးကဒီဆိုဒ်ရဲ့အက်မင်ဆိုတော့အက်မင်တယောက်ဖြစ်ရတာ
အမုန်းသခင်: ပျော်ထာထက်တောင်ပိုပါတယ် :D
ရှင်းသန့်မေ: မောင်လေးနေတာကဘယ်မှာနေတာလဲ..
အမုန်းသခင်: ကျွန်တော်က ရန်ကုန်စမ်းချောင်းမှာ အခြေချပါတယ်........
: လာလည်ရင်မုန့်ကြွေးမယ်.. ပီားပီား
ရှင်းသန့်မေ: ငတ်ဦးမှာ...အဲမှားလို..စားဦးမှာ
အမုန်းသခင်: သိသားပဲ....မမေဘယ်လောက်စားးရယ်ဆိုတာ...(အန်ာပြောဘူးနော်)
ရှင်းသန့်မေ: တိန် (ကစ်တယ်ဟ) :cool
မောင်လေးကလူငယ်တယောက်အနေနဲ့ဘလော့ရေးနေတဲ့
အမုန်းသခင်: ဘလော့ရေးတယ်ဆိုတာကောင်းပါတယ်..တစ်နည်းအားဖြင့်
အနုပညာအသေးစားလေးပေါ့ဗျာ......အဲ့လိုမျိုးလေးတွေများများရေးတာကောင်းပါတယ်
အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာတော့ ဒုတိယမှတ်တိုင်တစ်ခုပေါ့....အကောင်းဆုံးက
ပထမမှတ်တိုင်ဖြစ်တဲ့ အနုပညာဖန်တီးမှု့သာအရေးကြီးပါတယ်....ဒုတိယက နောက်မှပေါ့
အထိုက်အလျှောက် ကြိုးစားနေသမျှတော့ ရလာမှာပါ
ဥပမာ...မရှင်းလိုမျိုးပေါ့....ပီားးးးး
ရှင်းသန့်မေ: တိန်.. ရှင်းလည်းဘာမှမဟုတ်ပါဘူး... ကြိုးစားနေဆဲပါ..
အမုန်းသခင်: အဲ့တာပြောတာပေါ့ ပညာရှိအစစ်မှန်က
ဘယ်တော့မှ..မော်မကြွားဘူးဆိုတာပီားပီား
ရှင်းသန့်မေ: မောင်လေးကလူငယ်တယောက်အနေနဲ့ကဗျာတွေစာတွေရေးတာတွေရတယ်နော်
လူငယ်တယောက်အနေနဲ့.. ဘယ်လိုစာတွေဖတ်သင့်တယ်ထင်သပါသလဲ...
အမုန်းသခင်:ပာုတ်ပါတယ်...ကျွန်တော်ကလူငယ်တွေရဲ့စိတ်ခံစားချက်တွေကိုဦးတည်ပြီးရေးတာများပါတယ်..
. ဘယ်စာအုပ်တွေကိုဖတ်သင့်လဲဆိုတာတော့..ပိာုးအရင်အရင်အင်တာဗျူးခံခဲ့ကြတဲ့ကိုကို
မမတွေ.. ပြောပြခဲ့ကြတဲ့စာအုပ်တွေရှိပြီးသားဆိုတော့....ကျွန်တော်ကတော့
ကိုယ်တစ်ကယ်ဝါသနာပါရာ တစ်ကယ်စိတ်ဝင်စားတဲ့အရာတွေကိုသာဖတ်သင့်ပါတယ်
ကိုယ်တစ်ကယ်လိုလားတာတွေပဲပေါ့ ဘယ်စာအုပ်မဆိုပါ
ယူတက်ရင်အကုန်ပညာတွေကြီးပါပဲ.......ဗျာ
ရှင်းသန့်မေ: အင်းမောင်လေးလိုလူငယ်တိုင်းစာများများဖတ်ချင်စိတ်ရှိနိုင်ပါစေ..
ချစ်သူမြိုတော်အက်မင်တယောက်အနေနဲ့..ချစ်သူမြို့တော်အပေါ်ဘယ်လိုမြင်ပါသလဲ
အမုန်းသခင်:အလွန့်အလွန်ကောင်းမွန်တဲ့ဆိုဒ်လေးများထဲကတစ်ခုပါ......
ရှင်းသန့်မေ:ချစ်သူမြိုတော်မန်ဘာတွေကို..မောင်လေးခံယူထားတဲ့..ဆောင်ပုဒ်လေးတခုရှိရင်ပြောပြပါလား
အမုန်းသခင်:ဒီဆိုဒ်က သူငယ်ချင်းတွေအတွက် ဆောင်ပုဒ်လေးတွေတော့မပြောချင်ပါဘူး...ကျွန်တော်က
ဆောင်ပုဒ်တွေအတိုင်းမနေတက်လို့ပါခင်ဗျာ....
ရှင်းသန့်မေ:မောင်လေးတို့လိုလူငယ်တွေကိုမောင်လေးအနေနဲ့ဘာများပြောစရာရှိပါသလဲ
အမုန်းသခင်:လူငယ်တွေကိုပြောချင်တာက အများကြီးမရှိပါဘူး...အရင့်အရင်လူငယ်တွေထက်
ခုခေတ်လူငယ်တွေက အများကြီးတိုးတက်လာပါပြီ..အရင်ကဆို အတွေးအခေါ်တို့ဘာတို့ဆိုရင်
လက်မခံတက်ကြဘူး..ခုဆိုရင် စာပေတွေထဲမှာရော
အတွေးတွေထဲမှာပါ...လက်ခံမှု့တွေပြုပြင်ပြီး ကျင့်ကျန်လိုက်သုံးနေကြတာ အများကြီးပါ
တစ်ချို့တစ်ချို့ဆိုရင် တော်တော်ကြီးကို ကောင်းမွန်အောင်နေထိုင်တက်ကြတယ်....
အဲ့တာတွေက အားရစရာတွေပါ...
ရှင်းသန့်မေ:ချစ်သူမြို့တော်ဆိုဒ်လေးကိုအကြံပေးချင်တာများရှိရင်ပြောပြပေးခဲ့ပါ
အမုန်းသခင်:ဆိုဒ်လေးကို အကျံပေးချင်တာတစ်ခုတော့ ရှိတယ်...ခုနောက်ပိုင်းမှဖြစ်လာတဲ့အရာလေးတစ်ခုပါ
ချက်ခန်းက အရင်လိုပုံစံမျိုးမပာုတ်တော့ပဲ ပြောင်းလဲ သွားတာတွေရှိပါတယ်.
ပျော်စရာမကောင်းလိုပဲလားတော့မသိဘူး ခုတစ်လော
ချက်ခန်းက အရမ်းရိုင်းတာပဲဆိုတဲ့ ပြောသံလေးတွေကြားရပါတယ်...တစ်ချို့ဆို
ချစ်သူမြို့တော်ဆိုဒ်ကြီးက ဒီလိုပဲလားဆိုပြီး အကောင့်မှာ
လာမေးတဲ့သူတွေတောင်ရှိပါတယ်....အဲ့ထဲက ကောင်မလေးတစ်ယောက်က ကျွန်တော်ကိုပြောတယ်
ချက်ခန်းကတစ်ယောက်တဲ့ PVမှာ သူ့ကို ကောင်လေးတစ်ယောက်က
လာခေါ်တာကို ပြန်မပြောဖြစ်လို့ ရက်ရက် စက်စက် ဆဲသွားတယ်ဆိုပြီး
Gtalkမှာလာပြောပါတယ်...
စိတ်မကောင်းတော်တော်ဖြစ်သွားတယ်..စကားလေးမပြောတာနဲ့ ဆဲခံလိုက်ရတဲ့ အတွက်ရော
နောက် ကိုယ်နေထိုင်တဲ့နေရာလေးမှာ ဒီလိုတွေဖြစ်နေတယ်ဆိုတာတွေရော
အကုန်လုံးလိုက်ထိန်းဖို့ဆိုတာ ကျွန်တော်တို့တွေအတွက်မဖြစ်နိုင်ပါဘူး.....အသိစိတ်လေးနဲ့ပါ
နည်းနည်းလေးထိန်းပေးကြပါလို့ပြောချင်ပါတယ်....
ကိုယ်ချင်းမစာပါနဲ့ ဖြစ်နိုင်ရင် သူချင်းစာပေးကြပါ
ရှင်းသန့်မေ:အင်းမောင်လေးရေအကြံပေးမူအတွက်ကျေးဇူးတင်ပါတယ်
လူတွေကိုပြောဖို့တော့ခက်သားလား..လူအမျိုးမျိုးစိတ်အထွေထွေရှိနေတဲ့လူတွေကို
အက်မင် တွေဘယ်လိုထိန်းနိုင်ပမလဲ
ကိုယ့်အသိစိတ်လေးနဲ့ပြုမူနေထိုင်ကြရင်တော့ပိုကောင်းတာပေါ့
မြန်မာဆိုတာယဉ်ကျေးပါတယ်ကိုပြောင်းပြန်ပြောရမလိုဖြစ်နေပြီ..
အမုန်းသခင်:ပာုတ်ပါတယ် မမေရယ်..ဒါကြောင့်လဲ တစ်ချို့လူတွေဆို ၀ါးလုံးတွေနဲ့
သိမ်းကြုံးအရိုက်ခံနေရတယ်......ဗျာ...
ရှင်းသန့်မေ:အင်းစကားပုံထဲကလိုပေါ့..ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုသလိုဖြစ်နေပြီ
အမုန်းသခင်:ပုတ်တဲ့အဆင့်ထက်ကျော်နေပီမမေရေ နောက်ဆို မြုပ်ပါ
မြုပ်တော့မယ်...ပီားပီား
မမေအလေးချိန်နဲပဆို ကြိမ်းသေတယ်...ပလုံစွပ်ပဲ....ပီားးးးးးးးးးးး
ရှင်းသန့်မေ:တိန်..ကစ်လိုက်ရ..ဘာဆိုင်လည်း..ဒါပဲခလုတ်တိုက်နေ...ဟွန့်
ရှင်းတို့ကတတ်နိုင်သလောက်ထိန်းရမှာပေါ့
ကဲမောင်လေးရေမေးတာလည်းတော်တော်ပြည့်စုံပြီဆိုတော့နောက်ဆုံးမေးခွန်းလေးအနေနဲ့
မြို့တော်မှာမောင်လေးလုပ်ဆောင်နေတဲ့ပရဟိတ၀င်လုပ်နေတယ်နော်အဲဒီအပေါ်
အမုန်းသခင်:ပာုတ်ကဲ့...အဲ့အတွက် တော်တော်ဝမ်းသာပါတယ်...တစ်ကယ်လှူရင်တစ်ကယ်
ဘာလို့ဆိုတော့ အားလုံးကြောင့် ဒီလိုလေးတွေဖြစ်လာတာလေ
ရှင်းသန့်မေ:ဟုတ်ပါတယ်..မောင်လေးပရဟိတဆိုတာကိုဘယ်လိုမှတ်ယူထားပါသလဲ
အမုန်းသခင်:ပရပိာတဆိုတာ လွယ်လွယ်ပဲမှတ်လိုက်ပါ ကုသိုလ်ယူစရာ
ပီတိဖြစ်စရာလေးပေါ့ ကျွန်တော် တက်နိုင်သလောက် လုပ်ဆောင်နေရတာတွေကို
ပေါ့ပေါ့ပဲထားတယ်...လိုအပ်လာတဲ့အခါ Pressure တွေမမိစေဖို့အတွက်လေ ပရပိာတ
ဘာကြီးးညာကြီးဆိုပြီး လူအထင်ကြီးအောင်မပြောချင်ဘူး (မပြောတက်တာလဲ ဖြစ်မှာပါ )
ဒီအလုပ်ကို လုပ်နေတဲ့အချိန်မှာ အားလုံး စည်းလုံးနဲ့ လက်တွဲညီဖို့ အလုပ်တွေကို
ပျော်ပျော်ရွှင်ရွှင်လုပ်နေရဖို့သာ လိုပါတယ်...ကျန်တာတွေ
သိပ်အရေးမကြီးလောက်ပါဘူးလို့ မှတ်ယူထားပါတယ်
ရှင်းသန့်မေ:အင်းရှင်းနဲ့အတူတူလုပ်ဆောင်ပေးတဲ့မောင်လေးအမုန်းကို
ကျေးဇူးတင်ပါတယ်
အမုန်းသခင်:ကျွန်တော်ကိုလက်ကမ်းပေးခဲ့တဲ့ ရှင်းကိုလဲ အမုန်းက..ကျေးဇူးပြန်တင်ပါတယ်
နောက်လဲကမ်းပေးအုန်းနော်...(မုန့်ပြောပါတယ်)ပီားးးးးး
ရှင်းသန့်မေ:တိန်..ငတ်လိုက်တာ
အမုန်းသခင်:မွေးကထဲက ငတ်လာတာကြာပီ ...တိဝူးလား:P
ရှင်းသန့်မေ:နာတိတယ်...အဟိ
မောင်လေးရေရှင်းတို့မောင်နှမ.ဒုတိယခြေလှမ်းပရဟိတကိုတူတူလျှောက်လှမ်းကြမယ်
အမုန်းသခင်:ပာုတ်ပါတယ် မရှင်းရေ လူငယ်တွေရော လူကြီးးတွေရော ပရပိာတဆိုတာ
အလွန်မွန်မြတ်ကြောင်း သူတို့သိထားကြပါတယ်.....စိတ်ပါဝင်စားသူတိုင်း ကျွန်တော်တို့
ရွှေမြို့တော် ပရပိာတအဖွဲလေးကိုလှမ်းခဲ့ကြပါလို့ နွေးထွေးစွာပဲ ဒီနေရာလေးကနေ
လူအား ဖြစ်ဖြစိ စိတ်အားဖြစ်ဖြစ် ငွေအားဖြစ်ဖြစ်
ပါဝင်လှုဒါန်းနိုင်ပါတယ်လို့ပြောကြားဖိတ်ခေါ်ပါရစေ
ရှင်းသန့်မေ:ဟုတ်အခုလိုဖြေပေးတဲ့မောင်လေးအမုန်းကို...ကျေးဇူးပါရှင်..လူတွေအကျိုးဆတိုးလို.
အမုန်းသခင်:ပာုတ်ကဲ့ ကျွန်တော်က လဲ ကျေးဇူးပါလို့ပြောကြားရင်..မရှင်းကျွန်တော်ကိုဘာနဲ့ဧည့်ခံမှာလည်း..
ပီားပီားပီား
ပေးတဲ့ဆုနဲ့ ပြညာ့်ရပါလို၏ ခင်ဗျာ....(ဆုကြီးကလည်းဘာမှန်းမသိဘူး.. မသကာ
ရည်းစားရပါစေဆို တော်သေး :)
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်.............။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် ဘယ်သူဖြစ်မည်ဆိုတာကို
မန်ဘာများ သီးခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်.............။
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်ရင်
နာမည်လေးပေးထားခဲ့ပါ ရှင်းတို့မေးပေးပါမယ့်ရှင်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်.....။
လေးစားလျှက်
♥★ ရှင်းသန့်မေ♥★