တံတွေးခွက်ထဲမှာပက်လက်မျောတာမဟုတ်ဘူး
အဲဒါရွက်လွှင့်နေတာ......
ရင့်ကျက်ချင်ဟန်ဆောင်ရတာပင်ပန်းပါတယ်
ငါတို့အားလုံး တညချင်းမျိုချနေကြတာပဲ....
မင်းကို သတင်းတခုပြောရဦးမယ်
အိပ်မက်အပျက်တခုကို ငါကွန်ယက်ဆင်မိတယ်....
ငါ့ခံယူချက်ကို အောက်ပိုင်းပျက်လုံးတခုလို
သူမကရှိုက်ကြီးတငင်ရယ်တယ်......
ငါလား....
ဟား...ဟား...
အဲဒီလို ခွက်ထိုးခွက်လှန်ငိုချလိုက်တာပေါ့
ငါ့လိုကောင်ရဲ့စကားက လင်္ကာတော့ဘယ်ချောမလဲ
ဒါပါပဲကွာ
ဘယ်သူမှ ဘ၀ကိုစာလုံးပေါင်း စစ်မရပါဘူး...
ချစ်သော
လဂွန်းအိမ်