လူတိုင်းလူတိုင်းကတော့.....ကိုယ့်ဘ၀ကိုကြည့်ပြီး.....စိတ်ဓတ်တွေကျနေကြတယ်...
....ကိုယ့်ဘ၀မကြည့်ခင်...... မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။
နေလောင်ပန်းလေးတွေ .......များစွာ တွေ့ရပါလိမ့်မယ်။
အဲဒီပန်းလေးတွေဟာ ......အပူဒဏ်ကိုကာကွယ်ပေးမယ့်....လူလည်းမရှိ.....
..မြေသြဇာထည့်ပေးမယ့်လူလည်းမရှိ......ရေလောင်းပေါင်းသင်ပေးမယ့်လူလည်းမရှိ..
...နေထိပန်းတွေလို...... ညှိုးနေရတယ်။ ရေပတ်ဖျန်းပေးမယ့်..သူမရှိလို့......ပန်းလေးတွေ....နွမ်းနေရတယ်။
****************
ဆင်းရဲနွမ်းပါးလို့..... ဒုက္ခရောက်နေသူတွေ၊ မိဘမဲ့နေသူတွေ၊ ဝမ်းရေးအတွက်...ပင်ပန်းဆင်းရဲနေသူတွေ.... တွေ့ရ မြင်ရ နေပါတယ်။ ဘဝကံဇာတ်ဆရာ..ခိုင်းစေမူအောက်မှာ....၀မ်းတထွာအတွက်..... ရုံးမထွက်နိုင်ကြဘူး။ ကိုယ့်အတွက်ရုန်းကန်နေရ...ငါအတွက်...ငါမိသားစုအတွက်..
.ငါဆိုတဲ့အတ္တကိုသုံးပြီး.....ဒါနလည်းမလုပ်ဘဲနေရင်....မိမိသံသရာအတွက် ပါအောင်လုပ်ဖို့...လိုပါတယ်။ဒါမှ....ဒီဘ၀မှာရုန်းကန်နေရတာတွေ.....
....နောင်ဘ၀မှာ...အေးချမ်းစွာနေရအောင်.....ဒါနပြုမယ်။သဒ္ဓါတရားနဲ့ မေတ္တာတရား ရှေ့ထားပြီးတော့ ကရုဏာနဲ့ စေတနာ......ပေါင်းစပ်လိုက်မယ်ဆို.... ကုသိုလ်လည်းရ၊ လောကအတွက် ....အကျိုးလည်း ရှိမယ်။
ဒါမှနေလောင်းပန်းတို့ဘ၀လည်းရှင်သန်လာနိုင်မယ်။
****************
နေလောင် ပန်းလေး တွေ ပတ်ဝန်းကျင်မှာများနေပါတယ်..ကိုယ်ကသာအုတ်တချပ်...သဲတပွင့်ကူညီလိုက်နိုင်မယ်ဆို..
..သူတို့အတွက်အခုတခဏ...ပျော်ရွှင်ရပေမယ့်...ကိုယ့်အတွက်တော့...နောင်ဘ၀.
.နောင်သံသရာထိ...သုခတွေခံစားနေရမှာပါ။နေလောင်းပန်းလေးတွေကို ကြင်နာတတ်၊ ပြုစုယုယတတ်မယ်ဆိုရင် နေလောင်ပန်းလေးတွေ ထာဝရလန်းနေပါလိမ့်မယ်။ လူ့ကမ္ဘာလောကလေးမှာ..အလှတရားများစွာရှိတယ်လောကမှာ
အလှတရားတန်ဖိုးမဖြတ်နိုင်တဲ့ အရာတခုပါပဲလူသားဥယျာဉ်ထဲမှာနှလုံးလှ အပင်လေးတွေစိုက်.......မေတ္တာပန်းပွင့်လေးတွေဝေဆာနေမယ်။
*********************
မေတ္တာတရားပန်းပွင့်လေးကို..... ကမ္ဘာလောကကြီးကထာဝရအေးချမ်းလှပနေမှာပါ
မေတ္တာဆိုတာအေးမြခြင်းသဘော.......လူသားသစ်ပင်တွေအစဉ်ထာဝရအေးချမ်းဖို့.......
ဘ၀ရဲ့ အလှအပတွေ တန်ဆာဆင်မယ်ဆို...... မေတ္တာတရားဟာ....လူသားတိုင်းရဲ့ လမ်းပြကြယ်လေးပါပဲ... မေတ္တာဆိုတာ ဖြုစင်တယ် လူသားအပေါ်ထားလိုရတယ်
ဘာသာမရွေးလူမျိုးသောက်သုံးလို့ရတဲ့... မေတ္တာရေစင်တစက်ကို လူသားတိုင်း သောက်သုံးနိုင်ပါစေ။မေတ္တာနှလုံးကိုယ်စီသုံးလူတိုင်းအေးချမ်းကြပါစေ။
: ကရုဏာအသီးအပွင့်လေးကို....ဥပေက္ခာရိုးတံလေးနဲပေါင်းစပ်လိုက်မယ်ဆို....... အလှတရားတွေ ..င့်ပွားဆင့်ပွားပြီး.......ကမ္ဘာလောကကြီးက....ထာဝရအေးချမ်းလှပနေမှာပါ...
..မေတ္တာဆိုတာအေးမြခြင်းသဘော......လူသားသစ်ပင်တွေအစဉ်ထာဝရအေးချမ်းဖို့....... ဘ၀ရဲ့ အလှအပတွေ... တန်ဆာဆင်မယ်ဆို.......... မေတ္တာတရားပါလူသားတိုင်းရဲ့ လမ်းပြကြယ်လေးပါပဲ.......မေတ္တာဆိုတာ ဖြုစင်တယ်။
*************************
လူသားအပေါ်ထားလိုရတယ်........ဘာသာမရွေးလူမျိုးသောက်သုံးလို့ရတဲ့............ မေတ္တာရေစင်တစက်ကို လူသားတိုင်း သောက်သုံးနိုင်ပါစေ........နေလောင်းပန်းလေးများအစဉ်လန်းစေဖို့...
မေတ္တာနှလုံးကိုယ်စီသုံးပြီး .....မေတ္တာ၊စေတနာနဲ့တတ်စွမ်းနိုင်သလောက်ပတ်ဖျန်းကြရအောင်။
အားလုံးဝိုင်းဝန်းရွတ်ဆောင်ပေးဖို့
ချစ်သူမြို့တော်ပရဟိတအသင်းလေးက ဖိတ်ခေါ်ပါတယ်ရှင်
လူအား၊စိတ်အား၊ငွေအားတတ်နိုင်တဲ့အားများဖြင့်အားလုံးညီတူ
နေလောင်းပန်းလေးများကိုမေတ္တာရေ၀ိုင်းဝန်းဖျန်းပတ်ရအောင်
ကလစ်နှိပ်ရန်ရွှေမြို့တော်ပရဟိတအသင်း
အဖွဲ့ကိုယ်စား
ကြိုးစားနေဆဲ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ