ပြောရအုံးမယ် ။ ကျွန်မရဲ့အလှက ရှေးကုသိုလ်ကံလို့ပဲပြောရမလားပဲ မြင်မိ့လိုက်တဲ့သူတိုင်း အနည်းဆုံးနှစ်ခါပြန်ကြည့်ရလောက်အောင်
ကိုစွဲဆောင်မှု့ရှိတယ်လေ ။ ဆံစကနေခြေဖျားအဆုံး ဘယ်ဟာမှကိုမမုန်းဘူးဆိုတဲ့ယောကျာ်းသားတွေရဲ့စကားအောက်မှာ မရိုးနိင်
အောင်အလှဆင်နေတဲ့ကျွန်မကလဲ ဘယ်အရာနဲ့မှနောက်ထက်ပြုပြင်စရာမလိုတော့လောက်အောင် လှရက်လွန်းသူပေါ့ ။ ကျွန်မအချစ်
ကိုမှမရရင် လူ့လောကမှာနထိုင်ရှင်သန်ရတာအလကားဆိုတဲ့ ယောကျာ်းတွေကလဲအများကြီးပါပဲ ။ တခုပဲ ။ ကျွန်မအကြောင်းကိုသိ့
တဲ့ ကျွန်မရဲ့အတန်းဖော်တွေနဲ့သူငယ်ချင်းတွေက ကျွန်မလှရက်လွန်းသူရဲ့နံမည်အရင်းကို အားမနာတမ်းခေါ်တတ်ကြလို့ပဲ ။ ဟုတ်
တယ် သူတို့ဒီလိုနှောက်ချင်လဲနှောက်ချင်စရာပဲ ။ ဘုန်းကြီးလူထွက်ကျွန်မရဲ့ဘိုးဘိုးပေးထားတဲ့နံမည်က “ မတင်စိန် ” တဲ့ ။ ရက်၊လ
ခုနှစ် ၊သက္ကရစ်တွေနဲ့ သေချာတွက်ချက်ပြီပေးခဲ့တာမှန်ပေမဲ့ ဖလန်းဖလန်းထနေအောင်မလန်းတော့ ကျွန်မလဲသူငယ်ချင်တွေကြားထဲ
မှာ ဂွမ်း တော့တာပေါ့လို့ အဟင့် ။ ပေးပါလားဒီလိုလေးတွေ ရွှေကြာမြတ် ၊ သွန်းနှင်းအိမ် ၊ ရော်ရော်ထွေး ၊ ကြာညှို့စမ်း ၊
ရှစ်တိုင်ခွင် ၊ သင်းသင်းသက်သာ အဲလိုနံမည်လှလှလေးတွေပေးခဲ့တာမှုတ်ဘူး ။ ဂုတော့ “ မတင်စိန် ” တဲ့ ။ ကျွန်မရဲ့အလှနဲ့
ကျွန်မရဲ့နံမည်ကဘယ်လိုမှအစပ်အဟပ်မတဲ့တော့ လူတွေနဲ့ဆက်ဆံရတဲ့အခါတိုင်းဘိုးဘိုးကိုပဲစိတ်နာရတော့မလိုလိုပါပဲ ။ အနုအလှ
အဖုအထွလေးတွေနဲ့ သမုဒယနှောင်ကြိုးချည်ချင်ကြတဲ့ယောကျာ်းတွေရဲ့စကားထဲမှာ ကျွန်မနဲ့ပတ်သက်လို့စကားတခွန်းရှိတယ် ။
အဲဒါက -
“ စိန်ပလိမ်တိမ် မုန့်ကြိုးလိမ် ကျွန်တော်ချစ်တာ မတင်စိန် ”
တဲ့ ကဲ ဘယ်လောက်အဖြစ်ဆိုးလဲလို့ ။ ဒါတင်ဟုတ်တေးဘူး မှတ်ပုံတင်ထဲမှာလဲ မတင်စိန် ။ အိမ်ထောင်စုဇယားထဲမှာလဲ မတင်
စိန် ။ ကျောင်းအပ်တော့လဲ မတင်စိန် ။ နောက်ဆုံးသေရင်တောင်မှ မတင်စိန် ဆိုပြီ အမည်မလှတဲ့ဒီနံမယ်နဲ့ အခေါင်းမှာစာ
အကပ်ခံပြီကြွရမဲ့သဘော ။ ဒါကြောင့်ကျွန်မလဲဝတ္တုလေးတွေဖတ်ပြီ နံမည်လှလှလေးတွေစိတ်ကူးယဉ်ကြည့်မိ့တာပေါ့ ။ “ နီတာရဲ
လျံ ” လို့ပေးရင်ကောင်းမလား ။ “ သာကီနွယ် ” လို့ပေးရင်ကောင်းမလား ။ ပြီတော့ ဧကရီဘွဲ့ ၊ ယဉ်ကြော့ခေါင် ၊ ပန်းသဘော ၊
အရိပ်ဝေ ၊ သျှင်လေးနတ် ဟာ အများကြီးပါပဲ ။ ဒီလိုနဲ့ကျွန်မတက္ကသိုလ်ရောက်ခဲ့ရတော့လဲ ရင်တခါမောခဲ့ရတာပေါ့ ။ သူငယ်
ချင်းတွေအားလုံးမေဂျာတွေကွဲသွားကြတယ်ဆိုပေမဲ့ ကျွန်မနဲ့တမေဂျာထဲရှိနေတဲ့ ရှိရင်စွဲသူငယ်ချင်းတွေကိုတော့ လူတွေကြားမှာ
ကျွန်မရဲ့နံမည် “ မတင်စိန် ” ဆိုတာကြီးကိုအော်ခေါ်လိုက်မှာဆိုးတာပါပဲ ။ အင်း ဒီထက်အမှန်အတိုင်းပြောရအုံးမယ်ဆိုရင် ဟို
နေ့ကလိုအဖြစ်အပျက်မျိုးပေါ့ ။
“ ဟေ့ မင်းကိုမြင်လိုက်ရတာ ကမ္ဘာဦးလူသားတွေငွေလမင်းကြီးကိုစတွေ့လိုက်ရသလိုပဲ ကိုတကယ်မညာဘူး မင်းအရမ်းလှတယ် ”
ကျွန်မဘေးနားမှာ ကောင်လေးတယောက်လာပြီစကားပြောနေတာကိုကျွန်မသိ့ပေမဲ့ မိန်းကလေးတို့မှုအတိုင်း မကြားချင်ယောင်
ဆောင်ပြီလျှောက်မြဲတိုင်းလျှောက်နေလိုက်တယ် ။
“ အင်းးး ရှေးကလူတွေပြောကြတဲ့ အမရာ၊ကိန္နရီ၊မဒီ၊သမ္မူလ အရမ်းလှခဲ့ကြတယ်ဆိုတာ မင်းကိုမတွေ့ဘူးခဲ့ကြလို့ပဲဖြစ်မှာပါ တချက်
လောက်မင်းရဲ့နံမည်လေးပြောပြပါလား ”
ဒိုင်ယာလော့အမိုက်စားလေးတွေကို ဆက်ပြီနားထောင်ချင်ပေမဲ့ နံမည်ဆိုတာကိုမေးတော့ကျွန်မတင်းသွားတယ် ။ ဒါကြောင့်ကျွန်မ
သူ့ကိုတချက်ခတ်တင်းတင်းစူးစိုက်ကြည့်လိုက်ပြီ “ ဘာတွေလာပြောနေတာလဲ ” လို့အော်လိုက်မိ့တယ် ။ ကျွန်မဒီလောက်ထိ့မတုန့်
ပြန်သင့်ဘူးဆိုတာသိ့နေပေမဲ့ ဒီ မတင်စိန် ဆိုတာကြီးကိုဘယ်လိုပြောထွက်ခဲ့မှာလဲ ။ ဒါပေမဲ့သူနောက်ဆုတ်မသွားပဲ ကျွန်မရဲ့အကြိုက်
ဟူသမျှကို အချိန်တိုင်းဖြည့်စည်းပေးရင်အချစ်သက်သေပြနေတဲ့သူကို “ မယ်မဒီ ” ဆိုတဲ့ကျွန်မရဲ့နံမည်အတုလေးကိုခေါ်ခွင့်ပေး
လိုက်ပါတယ် ။ အဲဒီအချိန်မှာပဲ ကျွန်မကသူ့ရဲ့နံမည်ကိုမေးလိုက်တော့ ခေါင်းကုပ်ဖင်ကုပ်နဲ့တလုံးချင်းပြောပြပါတယ် ။
“ ဟို ဟိုလေ ကျွန်တော့်ရဲ့နံမည်က ကြွက်နီ ပါ ”
“ ငင် ... ”
ကျွန်မမှာ အမှတ်မထင်ကြားလိုက်ရတဲ့သူ့ရဲ့နံမည်ကြောင့် ရှင် လို့တောင်မအော်နိင်ပဲ ငင် ဆိုပြီထွက်သွားပါတယ် ။
“ မယ်မဒီရယ် တယောက်နဲ့တယောက်ချစ်ကြတယ်ဆိုတာ နံမည်ကအဓိကမကျဘူးလို့ပဲ ကျွန်တော်ထင်ခဲ့မိ့တာပါ ။ ပြီတော့ လူတ
ယောက်ရဲ့တန်ဖိုး လူတယောက်ရဲ့အကျင့်သိက္ခာကလဲ ဒီနံမည်ကြောင့်ကျဆင်းမသွားနိင်ဘူးလို့ကျွန်တော်ထင်ပါတယ် ။ တကယ်
တော့လူတယောက်ရဲ့နံမည်ဆိုတာ သက်မှတ်ချက်တခုပါပဲ မယ်မဒီ ။ ကျွန်တော့်ရဲ့နံမည်မလှလို့ မယ်မဒီ လက်မခံနိင်ဘူးဆိုရင်လဲ
ရပါတယ် ဒါ ကျွန်တော်ရဲ့နုံချာမှု့တခုပါပဲမယ်မဒီရယ် ”
ကျွန်မကိုပြောပြီကျောခိုင်းသွားမလို့ ခြေလှမ်းလေးဦးလှည့်နေတဲ့သူ့ကို -
“ ဟေ့နေပါအုံး တို့နံမည်လဲမင်းသိ့ထားတဲ့ မယ်မဒီမဟုတ်ဘူးကွ ငါလဲမင်းလိုပဲနံမည်မလှဘူး ဒါပေမဲ့ မင်းခုနာကပြောတဲ့စကားတွေ
ကြောင့် ငါ့မှာအသိ့တရားတခုရသွားတယ် အင်းဟုတ်တယ် တကယ်တော့မင်းပြောသလိုလူတယောက်ရဲ့တန်ဖိုးဆိုတာ နံမည်နဲ့
့အဓိကမသက်ဆိုင်ပါဘူး ဒီအတွက်မင်းကိုကျေးဇူးတင်ပါတယ် ပြီတော့ မင်းရဲ့ရိုးသားမှု့ကိုလဲအသိ့အမှတ်ပြုပါတယ် ”
ကျွန်မရဲ့စကားတခွန်းကြောင့် သူမျက်နာလေးက အပြစ်မရှိတဲ့ကလေးငယ်တယောက်လို ဖြူစင်မှု့တွေနဲ့ပြုံပျော်သွားတယ် ။ ဟုတ်
ပါတယ် တကယ်တော့ကျွန်မကလူထဲကလူတယောက်ဖြစ်နေခဲ့တဲ့အတွက် အမည်တခုနဲ့ကိုယ်စားပြုထားတဲ့လူတယောက်ပဲပေါ့ ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ
( ၂၆.၁.၁၂ )