Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကိုယ့်တာဝန်ကို ကိုယ်ယူကြရအောင်

$
0
0

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီတစ်ခါလည်း မှတ်သားစရာပါပဲဗျ၊ ကျနော်က မှတ်သားစရာတွေ ရေးလွန်းတော့ ခင်တဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမတွေက ပြောကြပါတယ်၊ ""ရွှေဘရေ... နင်ရေးတာတွေက လူကြီးဆိုဒ် ဖမ်းနေတော့ မန်ဘာတွေက နင့်ကို အသက်ကြီးကြီးလို့ ထင်နေကြပြီ"" တဲ့.... ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ်၊ ""အသက် ကြီးတယ်လို့ ယူဆကြတော့လည်း ရိုသေ လေးစားမှုကို ခံလိုက်ရုံပေါ့"" လို့လေ၊ အိုခေ.... ပြောမယ်နော်....

          ကျနော် ဖတ်ဖူးတဲ့စာထဲမှာ.... မိသားစု နှစ်စုရဲ့ အကြောင်းလေးပါ၊ ပထမ မိသားစုက မိသားစုဝင် တစ်ဦးကြောင့် သူတို့အိမ်မှာ သုံးတဲ့ ဖန်ခွက် ကျကွဲသွားတာနဲ့ ပတ်သက်ပြီး တစ်ဦးကို တစ်ဦး အပြစ်တင် ပြောဆိုရင်းနဲ့ ရန်ပွဲကြီး ဖြစ်သွားကြတယ်၊ ဒုတိယ အိမ်ထောင်စုမှာလည်း အလားတူပဲ အိမ်သုံး ဖန်ခွက် ကျကွဲသွားတာပါပဲ၊ ဒါပေမယ့် အဲ့ဒီ အိမ်ထောင်စုရဲ့ မိသားစုဝင်ဖြစ်တဲ့ မောင်သူရဟာ သူ့ကြောင့် ဖန်ခွက်ကျကွဲသွားတာကို ၀န်ခံပြီး စိတ်မကောင်းဖြစ်နေတယ်၊ ဒီတော့... မိခင်ဖြစ်သူက.. ""အိုကွယ်.... သားကို ဖန်ခွက်ထားခိုင်းတဲ့ မေမေ့ အမှားပါ၊ စိတ်မကောင်း မဖြစ်ပါနဲ့"" ဆိုပြီး သားလေးကို နှစ်သိမ့်တယ်၊ အဲ့ဒီလိုပဲ.... ဖခင်ဖြစ်သူကလည်း... ""မဟုတ်ပါဘူးကွာ.... မိန်းမ အလုပ်တွေ များနေချိန် ကူမသိမ်းပေးမိတဲ့ ဖေဖေ့အပြစ်ပါ၊ ကွဲတတ်တဲ့ ဒီဖန်ခွက်ကို ၀ယ်လာခဲ့တာလည်း ဖေဖေပါပဲ၊ နောက်ဆိုရင် မကွဲနိုင်တာမျိုးပဲ ၀ယ်တော့မယ်"" လို့ နှစ်သိမ့်ပြန်တယ်၊ ဒီတော့.... အဲ့ဒီမိသားစု နှစ်စုလိုပဲ ဒီနေ့ လောကကြီးမှာ ဘာမဟုတ်တဲ့ ကိစ္စ အသေးအမွှား မျိုးတွေကြောင့်သူငယ်ချင်း အချင်းချင်း၊ မိသားစုဝင် အချင်းချင်း၊ ချစ်သူ အချင်းချင်း ပြဿနာ တက်နေကြတာတွေ ဒူးနဲ့ဒေး တွေ့မြင် ကြရမှာပါ။

          သူငယ်ချင်းတို့ရေ.... လူဆိုတာဟာ ကိုယ့်ခေါင်းပေါ်ကို အပြစ်တွေ ပုံကျလာမှာကိုတော့ ကြောက်ကြတာ ချည်းပဲနော်၊ အဲ့ဒီလို ကြောက်လို့ သူတစ်ပါး အပြောခံရမှာကို ရှက်လို့ အပြစ်ကင်းအောင် ကြိုးစားကြတာလည်း ပါတယ်၊ မူရင်း စိတ်နေ သဘောထားနဲ့လည်း ဆိုင်တယ်၊ အင်း.... မတတ်သာလို့ အပြစ်ပြုမိတဲ့ အခါမျိုးကျတော့မှ လူချင်းတူပေမယ့် အသက်ရှူချင်းကွဲ ဆိုတဲ့ သဘောကို မြင်တွေ့ရမယ် ထင်ပါတယ်၊ ကိုယ်ကျူးလွန်မိတဲ့ အပြစ်တွေကို သူတပါးထံ ပို့တတ်တဲ့ လူတွေကို ဘယ်လိုခေါ်မလဲ၊ သက်ရှိတွေအပေါ်၊ ရုပ်ဝတ္ထု ပစ္စည်းတွေအပေါ် လွှဲချလို့ မရခဲ့ရင်လည်း နေပူလို့၊ မိုးရွာလို့ စတာတွေနဲ့ ဆင်ခြေပေးကြတယ်၊ ရှေ့သုံးစကားလည်း ရှိပါတယ်၊ ""မုသားမပါ လင်္ကာမချော"" တဲ့၊ အပြစ်တစ်ခုနဲ့ ပတ်သက်ပြီး ကိုယ်သုံးလိုက်တဲ့ မုသားက တစ်ခြားသူအတွက် အပြစ် မဖြစ်ဖူး၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ဖူး ဆိုရင်တော့ ပြဿနာ မဟုတ်ပေမယ့်.... ကိုယ်လွှဲချလိုက်တာကြောင့် သူတစ်ပါး နစ်နာသလို၊ ကိုယ့်ရှေ့ရေး အတွက်လည်း ရင်လေးစရာ၊ ဒီမုသားကြောင့်လည်း အငြင်းပွားစရာ ဆိုရင်တော့... အဲ့ဒီမုသားမျိုးကို မသုံးသင့်ဘူး ထင်ပါတယ်။

          သူငယ်ချင်းတို့ရေ.... သူတစ်ပါးအပေါ် အပြစ်တွေ ပုံချလိုက်တာဟာ ကိုယ့်စိတ်မှာလည်း လုံခြုံမှု မရနိုင်ပါဘူး၊ ကိုယ့်အပြစ်ကို ကိုယ်သိနေတဲ့အတွက်လည်း ကြောင့်ကြ ပူပန်မှုတွေ ဖြစ်နေတတ်ပါတယ်၊ ဒါကြောင့်.... လူဆိုတာ... ကိုယ့်တာဝန်ကို ကိုယ်ယူတတ်ရမယ်၊ ယူလည်း ယူရဲရမယ်၊ သူတစ်ပါးအပြစ် ဖြစ်ခဲ့ရင်တောင် ဥပဒေအတွင်း တတ်နိုင်တဲ့ဖက်က ၀ိုင်းကူရှင်းပေးသင့်ရင် ရှင်းပေးနိုင်တဲ့ စိတ်ထားမျိုး မွေးမြူသင့်တယ် ထင်ပါတယ်၊ ဒီလို ပြုမူခြင်းဟာ ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရာ ရောက်သလို၊ လူမှုရေး နယ်ပယ်မှာလည်း ကောင်းသတင်းတွေ ရနိုင်ပါတယ်၊ လုပ်ငန်းစု တစ်ခုမှာ၊ အိမ်ထောင်စု တစ်စုမှာ ဆိုရင်လည်း စိတ်ချမ်းသာမှုတွေ ထာဝရ ပိုင်ဆိုင်နိုင်မယ် ထင်ပါတယ် လို့ ကျနော့ရဲ့ အတွေးလေးကို ပြောလိုက်ပါရစေဗျာ....။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>