ကျွန်တော်သူငယ်ချင်းမလေးတစ်ယောက်နဲ့စကားပြောရင်းနဲ့ဒီအတွေးလေးခေါင်းထဲရောက်လာလို့ရေးလိုက်တာပါ။ ဆက်ဖတ်ကြည့်ပါနော်၊ ကျွန်တော်သူငယ်ချင်းမလေးမှာ ညီအမ ၃ယောက်ရှိတယ် တစ်နေ့ကြ သူ့အမေကဈေးကနေပြီးတော့ပိတ်စလေး(၃)စ၀ယ်လာတယ်၊ အဲဒီမှာ အငယ်နှစ်ယောက်ကိုသူကဦးစားပေးပြီးတော့ကြိုက်တာယူစေတယ်၊ သူကတော့ညီမလေးတွေကျန်တဲ့ပိတ်စလေး ကိုဘဲယူလိုက်တယ်တဲ့၊ အဲဒီအခါမှာ သူ့စိတ်ထဲမှာဘယ်လိုရှိမလဲဆိုတာ သူပြောပြလို့သိရတယ်၊ သူကညီမလေးတွေကို ဦးစားပေးပြီးတော့ အရင်ယူစေလိုက်ပြီးတော့ကျန်တဲ့အစကိုသူကယူလိုက်ရာမှာ အဲဒီသူရတဲ့ပိတ်စကအရမ်းကောင်းနေတယ်၊ ဒါကိုသူ့စိတ်ထဲမှာကျေနပ်နေတယ်တဲ့လေ၊ ဟုတ်ပြီကျွန်တော်မေးကြည့်တယ် နင်ကအဲဒီပိတ်စဟာအကောင်းဆုံးပါဆိုတာကို နင်စိတ်ထဲမှာအသိအမှတ်ပြုလို့ လက်ခံလိုက်တာလား ဒါမှမဟုတ် နင့်ညီမနဲ့နင့်အမေက နင်ရသွားတဲ့ပိတ်စကအကောင်းဆုံးဘဲလို့ဝိုင်းပြောကြလို့လားဆိုတာကိုတော့ သူမဖြေနိုင်ပါ ဘူး။
ဒီအဖြစ်အပျက်လေးဟာသာမန်အဖြစ်အပျက်လေးဖြစ်ပေမယ့်ကျွန်တော်ကတော့ဒီလိုတွေးမိလိုက်ပါတယ်၊ လောကမှာ လူရယ်လို့ ဖြစ်လာရင် ဘ၀တစ်ခုကိုရမယ်၊ ခန္ဓာတစ်ခုကိုရမယ်၊ ဒီခန္ဓာကို သင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပေါ့သေတဲ့အထိတော့သင်ရဲ့ စိတ်ဝဥာဉ်နဲ့အတူတည်ရှိနေရမှာပါဘဲလေ၊ အဲဒီအရာကိုသင်တန်ဖိုးထားခြင်း၊ အသိအမှတ်ပြုခြင်းဆိုတာတွေဟာသူတစ်ပါးကချီးကျူးမှ၊ မိမိကိုယ်တိုင်က ကျေနပ်မှဆိုတဲ့အချက်တွေပေါ်မှာတော့ မူမတည်သင့်ဘူးလို့ယူဆပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် သင်ဟာ လူအဖြစ်နဲ့ဒီလောကကြီးထဲကိုဝင်ရောက်လာခဲ့ပြီးခဲ့ပြီလေ၊ သူများပြောမှဂုဏ်ယူရတာထက် ကိုယ့်ရဲ့စိတ်ထဲမှာငါရယူခဲ့ရတဲ့ဘ၀လေးဟာဖြင့် ငါနဲ့အတန်ဆုံး ဘဲ၊ ဒီဘ၀လေးကို ငါ့မိဘဆီကနေငါရလာခဲ့ပြီ ငါဒီထက်ကောင်းအောင်လုပ်ရင်လည်းရတယ် ဒါမှမဟုတ်ဒီအတိုင်းထားလိုက်မယ်ဆိုလည်းရပါတယ်၊ အရာရာဟာသင့်ရဲ့ရွေးချယ်မူပေါ်မှာဘဲမူတည်ပါတယ်၊ ဒီထက်ကောင်းအောင်လုပ်ယူတဲ့အခါမှာ ဒါဟာတရားသဖြင့်ယှဉ်ပြိုင်နိုင် ရင်တော့ပိုကောင်းပါတယ်၊ ဒါမှအလှပေါ်အယဉ်ဆင့်စေမှာမှတ်လား၊ ဒီအတိုင်းထားမယ်ဆိုရင်လည်းသင့်ရဲ့လက်ရှိအနေအထားလေးကိုတော့ မပျက်ဆီးစေချင်ပါဘူး၊ ဒီထက်မနိမ့်ကျစေချင်ဘူးလေ၊ ခုနက ပိတ်စလေးသုံးစထဲကနောက်ဆုံးအစလို ပိုကောင်းတဲ့ပိတ်စလေးအဖြစ်ကိုတော့သင့်ရဲ့ရင်ထဲမှာ လက်ခံနိုင်ရင်အရာရာဟာ ဒီအတိုင်းရှိနေလည်းအဆင်ပြေမှာပါ။ ဒီလိုမဟုတ်ဘဲ ငါကတော့အကောင်းနဲ့သူတို့ ကိုအရင်ရွေးခိုင်းလိုက်တာအခုငါအတွက်ကြတော့မကောင်းတာကြီးဘဲရတယ်လို့များ ရင်ထဲမှာ မချိတင်ကဲလုပ်ရပ်တွေဝင်လာခဲ့မယ်ဆိုရင် တော့သင်ဟာ ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာဖြစ်ပါတယ်ဗျာ။ အားလုံးကိုယ်စီမှာ ရွေးချယ်ခွင့်တန်းတူပေးထားတဲ့အခွင့်အရေးကို ကိုယ်က စိတ်ကောင်းရှိတယ်ဆိုပြီးတော့ သူတို့ကိုဘဲရွေးခိုင်းပြီး နောက်မှ ကိုယ့်စိတ်ထဲမှာတအုံနွေးနွေးနဲ့လောင်ကျွမ်းစေမယ့်ဖြစ်အင်မျိုးကိုယ်တော့ အထူးသဖြင့်မလုပ်မိကြစေချင်ဘူးဗျာ။
အလျှော့ပေးတာဟာ စိတ်ထားမွန်မြတ်ရာကျပါတယ်ထိုအတူဘဲ အညံ့ခံရာလည်းရပါတယ်၊ ဒီလိုဘဲ သူ့ဘာသာဖြစ်ချိန်တန်လို့ ဖြစ်လာတာဘဲလေဘာတက်နိုင်မှာလဲလို့တွေးမိစေတာဟာလည်း ဥပက္ခာပြုရာရောက်စေပါတယ်၊ လူသားတစ်ယောက်ဟာလူသားတစ် ယောက်ရဲ့အခြေခံတာဝန်လောက်ကိုမှ မကျေဘူးဆိုရင်တော့ ဒါဟာဘုရားဟောကိုဆန့်ကျင်ရာကျစေတယ်ဆိုတဲ့အကြောင်းပြော်ကြားပါရစေဗျာ။ မြတ်စွာဘုရားရဲ့ တရားတွေထဲမှာဟောထားတာရှိပါတယ်၊ ကံသာလျှင်အမိကံသာလျှင်အဖတဲ့လေ ဟုတ်ပါတယ်၊ ကံသာလျှင် ဦး ဆောင်ရာအမှန်တရားပါ ကံဆိုတာဘာလဲ ကံဆိုတာအလုပ်ပါဗျာ၊ ကောင်းအောင်လုပ်ခြင်းသည်လည်းမိမိရဲ့ကံပါ၊ ဆိုးအောင်လုပ်ခြင်းသည် လည်းမိမိ၏ကံသာဖြစ်ပါတယ်လေ၊ ဘယ်အရာကမှ အလိုအလျှောက်စိတ်တိုင်းကျဖြစ်လာစေမှာမဟုတ်တဲ့လောကကြီးမှာ ကံကောင်းအောင် ဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရင်း မိမိရတဲ့ပိတ်စလေးတစ်စကို မိမိကိုယ်တိုင်ရဲ့အတွင်းစိတ်ထဲမှာ ကျေနပ် သည်အထိနှလုံးသွင်းနိုင်ကြပါစေလို့သာ............။
လူလွန်လှိုင်း
_Battalion-Royal_Canadian_Regiment_of_Infantry.jpg)










