25.11.2012 ...တစ်မိသားစုထဲနေတဲ့  ဆောင်း နဲ့ ကိုကြီးနဲ့ ရဲ့ အကြီးမားဆုံး မတူညီခဲ့တဲ့နေ့ 
ဟုတ်တယ်....
ကိုကြီးအတွက် ...မင်္ဂလာပွဲကျင်းပတဲ့နေ့ ...ဘုတလင်ဆိုတဲ့မြို့ လေးမှာ..မင်္ဂလာပွဲကျင်းပတဲ့ နေ့ ။
ဆောင်းအတွက်....မွေးစားဖေဖေ ဆုံးတဲ့နေ့ ...။
ဘ၀ကထူးဆန်း ဆန်းပြာလွန်းတယ် မောင်နှမရင်း နှစ်ယောက် အတွက်...။
တစ်ယောက်က အပျော်ကြီး ပျော်ရတဲ့ နေ့ ...
ကျန်တစ်ယောက်က ကိုယ်လေးစားရတဲ့ မွေးစားဖခင်ဆုံးတဲ့နေ့ .....။
ဒီလို မတူညီခဲ့တဲ့ နေ့  တွေ....နဲ့  ...ရှင်သန်ခဲ့ရတဲ့တစ်နေ့....။
ယောက်မကမေးတယ်
“ငယ်လေး မွေးစားဖေဖေ ဆုံးသားပြီဆို”
“ဟုတ် မမ တို့ ဘုတလင်မှာ မင်္ဂလာဆောင်တဲ့နေ့ ကပဲ ဆုံးတာ ”
“ကောင်းပါတယ်..”
“ရှင်..မမ”
“သေတာလည်း ကောင်းပါတယ် ”
ကြားလိုက်ရတဲ့ စကားက နားထဲမှာ မိုးကြိုးပစ်ခဲ့ သလို ပါပဲ ဖေဖေ...
ထိုစကားနောက်မှာ ဒေါသတွေ ပေါက်ကွဲမလာမီ စကားစကိုဖြတ်ပြီး...
စာကြည့် စားပွဲမှာ ...မှောက်အိပ်ငိုချလိုက်တယ်ဖေဖေ...
ဒေါသနောက်က မောဟနဲ့ ဆောင်း တုတ်တုတ်မှမလှုပ်ချင်လောက်အောင်
နာကျင်ခဲ့ရတယ်ဖေဖေ...။
တစ်ခုခုပြန်ပြောမီ မလုပ်မှာ...
ဆောင်း ခုလို ပြန်သွားပြောလိုက် လို့  ဆောင်းပဲရိုင်းရာကျမယ် ...
ဒီတော့...ဒေါသကို ထိန်းထားရတယ်....
မပျောက်ခဲ့ဘူးဖေဖေ....
ဆောင်း ဘ၀မှာ ဆောင်းသိပ်ချစ်လေးစားရတဲ့ ဖေဖေ့ကို ဒီလိုပြောတာလုံးဝမကျေနပ်ဘူး...
ကိုယ့် အပူနဲ့ ကိုယ်လောက်မြိုက်နေရတယ်ဖေဖေ.....
၁ရက်လည်း မပျောက်
၂ရက်လည်းမပြေ ...
၃ရက်လည်း ဒေါသနဲ့ ...
၎ရက်မြောက်လည်း မောဟ ထမ်းရင်....
လောင်မြိုက်နေတဲ့ ကိုယ့်ကိုကိုယ် ဘယ်လို ဆုံးမရမှာလဲ....ဖေဖေရယ်...။
******************************
တစ်နေ့ တော့ ဖေဖေ့ဆေးခန်း ဖက်ကဖြတ်အသွား ...
ပုံရိပ်တစ်ခု မှတ်ဥာဏ်ထဲပေါ်လာတယ်...
အဲ့ဒီ ..တစ်နေ့တုန်းက ....ဖေဖေရယ်လေ...
အရက်သမားတစ်ယောက်သွေးတိုးနေတာကို ကုပေးတဲ့ ဖေဖေ ကို ထိုအရက်သမားက
ဖေဖေကို တွန်းထုတ်လိုက်တော့ ဖေဖေနံရံထိ ရောက်သွားတယ်...
ဒါကိုဖေဖေက ဒေါသမထွက်၊ဆေးကုမပျက်နဲ့ ....
.ဆောင်းရှေ့မှာ စံပြ ပြုမူပေးတဲ့ ပုံရိပ်နဲ့ ...
ဖေဖေတောင်ကိုယ့်ကို ကိုယ်ထိ လက်ရောက် ဆက်ဆံသူ ကို ခွင့်လွှတ်ပေးသေးတာပဲ
ဖေဖေ့ သမီးဖြစ်တဲ့ဆောင်း ဒီစကားလေးတစ်ခွန်းကို....
တစ်ဖက်သာရည်ရွယ်ပြီးပြောသည်ဖြစ်စေ .....
မရည်ရွယ်ဘဲပြောသည်ဖြစ်စေ...
ခွင့်လွှတ်နိုင်ရမယ်...ဆိုတဲ့  ခံယူချက်နဲ့ နားလည်ခွင့်လွှတ်ပေးခဲ့တယ်...
ထိုနောက်...ခွင့်လွှတ်ခြင်းနောက်မှာ...
နန်းဆောင်းလင်းမေရဲ့  ဒေါသက နားလည်မှုယူပြီး မောဟကိုပါ စိတ်ထဲက ခေါ်ထုတ်ပေးသွားတယ်
အဆုံးသတ်တော့.....
တစ်ချို့ကိစ္စတွေမှာ...ကြီးသူဖြစ်စေ...ငယ်သူဖြစ်စေ...
ဒေါသမီးကို ခွင့်လွှတ်နားလည်ပေးခြင်းနဲ့  ပင်စင်ယူနိုင်တယ်ဆိုတာ ကောင်းကောင်းကြီး
နားလည်လိုက်ရတယ်......ချစ်ဖေဖေ။
*လေးစားလျှက်*
*နန်းဆောင်းလင်းမေ(လားရှိုး)*
_Battalion-Royal_Canadian_Regiment_of_Infantry.jpg)










