Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တွေးမိတာလေးတွေပါ

$
0
0

            ယခုအင်တာနက်ပေါ်တင်နေကြသော ဘလော့တော်တော်များများမှာအချစ်နဲ့ပတ်သတ်နေကြတာဟာ
ဘယ်လိုကြောင့်လဲလို့ တစ်ခါတစ်လေတော့စဉ်းစားမိကြမယ်လို့ ထင်ပါတယ်
လူတိုင်းကအချစ်နဲ့ မကင်းဘူးဆိုတော့လဲအဲ့ဒါတွေကလျှော့သွားမယ်လို့ မထင်ပါဘူး
နောက်ဆိုပိုတိုးလာမယ်လို့ တောင်ထင်မိတယ်
ဒါပေမဲ့ အချစ်နဲ့ပဲအချိန်ကုန်နေကြတယ်လို့ ရောကိုယ့်ဘာသာများတစ်ခါလောက်စဉ်းစားကြည့်ဖူးပါသလား
ဒါဆိုနင်ရောလို့ ပြန်မေးချင်စိတ်လေးများပေါ်လာပါလိမ့်မယ်
ဟုတ်ကဲ့ ခင်ဗျာ..ကျွန်တော်လဲလူထဲကလူမို့ လို့ အချစ်နဲ့ မကင်းပါဘူး
ဒါပေမဲ့တန်ဆေးလွန်ဘေးဆိုသလိုပဲ အချစ်ကလဲလွန်လာရင်မကောင်းဘူးလို့ တော့ထင်မိပါတယ်
အချစ်ကြီးတာမကောင်းဘူးလားလို့ မေးခွန်းကလဲထပ်ပေါ်လာအုံးမယ်ထင်တယ်
ကောင်းလားဆိုတော့ကောင်းတဲ့နေရာမှာတော့တော်တော်လေးကိုကောင်းပါတယ်
ဘယ်နေရာလဲဆိုတာတော့ကိုယ့်ဘာသာပဲတွေးချင်သလိုဆွဲတွေးလိုက်ပေါ့ဗျာ
ကိုယ့်အတွေးနဲ့ ကိုယ်ပဲကောင်းပါတယ်
လူဆိုတာကလဲကိုယ့်ခံယူချက်နဲ့ ကိုယ်ဘ၀ကိုလျှောက်နေကြတော့ကျွန်တော်ကျန်တာတော့မပြောချင်ပါဘူး
မချစ်နဲ့ လိုမပြောပါဘူး ချစ်ကြပါ..ဒါပေမဲ့နဲနဲလေးတော့စည်းထားသင့်ပါတယ်

        ကျွန်တော်တို့ မြန်မာပြည်မှာလဲအနောက်နိုင်ငံကလိုဖြစ်နေပြီလို့ တွေးမိတယ်

မြန်မာမိန်းကလေးတွေလဲယဉ်ကျေးမှုတွေ စောင့်ထိန်းရမဲ့အရာတွေမေ့နေပြီလားလို့ တောင်တစ်ခါတစ်လေတွေးမိပါတယ်
အင်တာနက်မှာဓာတ်ပုံတွေကိုကြည့်လိုက်ရင်ဖြင့် ဒါလားမြန်မာပြည်လို့ တောင်တွေးမိပါတယ်
အရင်ခေတ်ကမိန်းမတွေဖြင့်ပေါင်ပေါ်ဖို့ မပြောပါနဲ့ ခြေမျက်စိတောင်ဖုံးအောင်ထဘီဝတ်ရတယ်လို့ ကြားဖူးပါတယ်
ဒါဆိုအခုခေတ်မှာမရှိတော့ဘူးလားဆိုတော့ ရှိတော့ရှိပါသေးတယ်...ဘယ်လိုပြောရမလဲ
ရှိတော့ရှိတယ်..ဒါပေမဲ့ရှားတယ်ပေါ့
ခေတ်မှီတာမကောင်းဘူးလားဆိုတော့ကောင်းပါတယ်
ဒါပေမဲ့ခေတ်ဆန်တာတော့မကောင်းဘူးပေါ့ဗျာ
လူကခေတ်နောက်ကျန်ခဲ့တာတော့ဘယ်လိုလုပ်ကောင်းမလဲ
ဒါပေမဲ့လဲ ခေတ်မှီလာတဲ့အထဲကအတုယူသင့်တာယူ လက်ခံသင့်တာတွေလက်ခံမယ်ဆိုရင်တော့
မြန်မာနိုင်ငံကြီးကအမှန်တကယ်ကိုဗုဒ္ဒဘာသာနိုင်ငံကြီးဖြစ်လာလိမ့်မယ်လို့ တွေးမိပါတယ်
       ဒီအတိုင်းတင်လိုက်ရင်တော့မိန်းကလေးတွေဘက်ကပြဿနာရှာလိမ့်မယ်လို့ ထင်မိပါတယ်
အဲ့ဒါကြောင့်ယောကျာ်းလေးတွေဖြစ်လာတာကိုပါဆက်ရေးပါ့မယ် အခုခေတ်ယောကျာ်းလေးတွေကလဲ
အကုန်လုံးတော့မပါပါ ကျွန်တော့်အမြင်ကိုပြောရရင်တော့ ကိုရီးယားဒီဇိုင်းဆိုပြီးဖြူဖြူဖျော့ဖျော့
ပိန်ပိန်ပါးပါးဆေးသမားတွေလားတောင်ထင်မိတယ် အဲ့..နဲနဲလွန်သွားရင်တော့သည်းခံပြီးဖတ်ပါခင်ဗျာ
ဒါပေမဲ့လဲ အဲ့ဒါအမှန်ပါပဲ
ကျွန်တော်တို့ မြန်မာပြည်ကြီးဂျပန်တွေသိမ်းတုန်းက ဂျပန်ငပုဆိုပြီးကျွန်တော်တို့ ခေါ်ခဲ့ကြပါတယ်
ဒါပေမဲ့ ယခုဂျပန်တွေပုလားဆိုတော့ကျွန်တော်တို့ မြန်မာတွေထက်တောင်ရှည်ပါသေးတယ်..
အဲ့..အရပ်ပြောတာနော်..
ကျွန်တော်တို့ ထက်အရပ်ရှည်တာဘာကြောင့်များပါလဲလို့ တွေးမိကြမယ်တော့မထင်ပါဘူး
သူတို့ ဆီကကောင်းတဲ့အထဲမှာကျန်းမာတယ်ဆိုတာလဲအတုယူသင်ပါတယ်
ယောကျာ်းလေးတွေကစောဒကတတ်ချင်ကြပါလိမ့်မယ်
ဒါပေမဲ့သေချာပြန်စဉ်းစားကြည့်ပါ
လူစုံရင်ဘီယာဆိုင်သွားမဲ့လူနဲ့ ဘုရားသွားမဲ့လူဘယ်သူပိုများလဲလို့ 
အဲ့လောက်လေးပြောရင်တော့သဘောပေါက်လောက်ပြီထင်ပါတယ်
           ဆက်ရေးရင်လူအမြင်ကပ်မှာဆိုးလို့ အဲ့လောက်နဲ့ ပဲရပ်လိုက်ပါတော့မယ်
တစ်ခါမှမရေးဖူးတာမို့ အမှားပါရင်တော့ခွင့်လွတ်ပါ..
ဒီဘလော့လေးဖတ်ပြီးတော့အတွေးလေးတစ်ခုလောက်ဖြစ်ဖြစ်
ခေါင်းထဲရောက်သွားတယ်ဆိုရင်တော့ရေးရကြိုးနပ်ပါတယ်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>