ဒုတိယကမ ၻာစစ္မတိုင္မီ..
မြန်မာနိုင်ငံ..နယ်ချဲ့လက်အောက်ကျရောက်နေစဉ်ကာလ..
ရိုးသားလှတဲ့ ကချင်တိုင်းရင်းသားတို့နေထိုင်ရာ..ဗန်းမော်မြို့လေးမှာ..
မင်းတုန်းမင်းတရားကြီးရဲ့မြစ်တော်စပ်သူ မိန်းကလေးတစ်ဦးနှင့် အင်္ဂလိပ်အမှုထမ်း
အေဘီအမ် ကျောင်းအုပ်ဆရာကြီးရဲ့ .. သားလေးတစ်ဦး တို့ရဲ့ ရင်နာဖွယ်မေတ္တာဇာတ်လမ်းလေးတစ်ပုဒ်..အမှန်ပင်ဖြစ်ပျက်ခဲ့ဘူးပါတယ်..
ဗန်းမော်မြို့မှာ..သည်မေတ္တာဇာတ်လမ်းကို မျက်မြင်ကိုယ်တွေ့ သိရှိသူများကတော့ သက်ရှိထင်ရှား ရှိကြတော့မည်မထင်ပါ..ဒါပေမဲ့..ဂန္ဓ၀င်အချစ်ဇာတ်လမ်းလေးမို့..
ကြားဘူးအသိနဲ့ သိနေသူများ ကတော့ ဧကန်မုချရှိနိုင်လောက်ပါသေးတယ်..
သီပေါမင်း ပါတော်မူစဉ်..သူကျွန်မခံလိုသူ..ထီးသွေးနန်းသွေး မင်းသားများ ခေါင်းဆောင်လို့
လက်နက်စွဲကိုင်တော်လှန်ခဲ့ကြပါတယ်..တော်လှန်ရေးမှာ..မင်းတုန်းမင်းကြီးရဲ့သားတော်
မက္ခရာမင်းသားကြီးရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ စောရန်ပိုင်..စောရန်နိုင် မင်းသားနှစ်ပါးလည်း
ပါဝင်ခဲ့ပါတယ်..
စောရန်ပိုင် မင်းသားကြီးတော်လှန်ရေးမှာ အခြေမလှတာမို့..
တရုပ်ပြည်ထဲဝင်ရောက်ခိုလှုံခဲ့ရပါတယ်.
မလျှော့သောဇွဲနဲ့ နယ်ချဲ့တော်လှန်ရေးကို.သားတော် သမီးတော်များကို လက်ဆင့်ကမ်းဆောင်ရွက်စေခဲ့ပါတယ်..
ဖခင်ကြီး စောရန်ပိုင်ရဲ့ တော်လှန်ရေးအမွေကို..သားတော်သုံးပါးအပြင်..
သမီးတော် စပ်ခွန်တီ လည်းရဲဝန့်စွာ လက်ပြောင်းယူခဲ့ပါတယ်..
ဒီနေရာမှာ..တော်လှန်ရေးထဲက..ရင်နာဖွယ်အချစ်ဇာတ်လမ်းလေး စခဲ့ရတာပါ..။
မင်းသမီးလေး စပ်ခွန်တီက..အင်္ဂလိပ် မြန်မာ ဆယ်တန်းအောင်မြင်သူပါ..။
ကိုယ်လုံးကိုယ်ပေါက်လှပကြော့ရှင်းသူ..မျက်လုံး မျက်ခုံးလှသူ..
သန်မာဖြတ်လတ်လို့ ကိုယ်ခံပညာတတ်မြောက်..မြင်းစီးလည်းကျွမ်းကျင်..
အနုပညာမှာလဲ..စောင်း..စန္ဒယားတီးတတ်ပါတယ်..စွယ်စုံရမင်းသမီးလေးပါ။
စပ်ခွန်တီ ဗန်းမော်မြို့ကို တော်လှန်ရေးလုပ်ဖို့ရောက်လာတော့ ..
မိုးလှိုင်းစော်ဘွားကြီးအဆက်နဲ့ရွှေကျောင်းကုန်းထောင့် ကမ်းနားလမ်းကဦးသက်ရှည်၊ ဒေါ်စောရွှေ တို့အိမ်မှာနေပါတယ်..။
ဦးသက်ရှည်တို့က..စပ်ခွန်တီကို..ထိပ်ထား လို့ခေါ်ကြပါတယ်..။ သူတို့သားသမီးများကတော့..မမထား လို့ခေါ်ရာကစ..ဗန်းမော်မှာ..စပ်ခွန်တီ ကို မမထား လို့ လူသိများလာကြပါတယ်..။
ဗန်းမော် အရေးပိုင်က..စပ်ခွန်တီကို တော်လှန်ရေးသမားကြီး စောရန်ပိုင် သမီးမှန်းသိလို့မျက်စေ့ထောက်ထောက်ကြည့်နေပါတယ်။
နောင်တော့ ဦးသက်ရှည် တို့အိမ်ကို အ၀င်အထွက်ရှိတဲ့..
ဗန်းမော်အေဘီအမ်ကျောင်းအုပ်ဆရာကြီး ဦးကျင် ၊ ဒေါ်မြမေ တို့ရဲ့သား
မောင်ပါကျင် နဲ့မမထားတို့ ခင်မင်ရင်းနှီးခဲ့ပါတော့တယ်။
မောင်ပါကျင်ကိုတော့..ဗန်းမော်မှာ..အပါ..လို့ခေါ်ကြပါတယ်..။ ဆယ်တန်းဖြေထားသူပါ။
သူတို့နှစ်ဦး သံယောဇဉ်နှောင်တွယ်လို့..မေတ္တာသက်ဝင်ခဲ့ကြပါတယ်။
အပါနဲ့ပတ်သက်ပြီး..မမထား ကို အပါမိဘများကပါ ခင်မင်လာလို့..သူတို့အိမ်မှာ
ပြောင်းရွေ့တည်းခိုခိုင်းခဲ့ပါတယ်..။
သူတို့နှစ်ဦးတွေ့ကြစဉ်က..မမထား.ကအသက် ၂၈နှစ်ပါ။ အပါက..၁၈နှစ်ပါ။
မမထား နဲ့ အပါ တို့ဇာတ်လမ်းကိုနောင်အခါ..ဆရာကြီး ဦးပါကျင် တို့သိရှိခဲ့ချိန်မှာ..
နယ်ချဲ့အစိုးရကို တော်လှန်ရေးလုပ်နေတဲ့ မမထားနဲ့ မောင်ပါကျင်ကို..
သဘောမတူနိုင်ဖြစ်ခဲ့ ကြပါတယ်..။ အသက်ကလည်း ကွာလွန်းတာနေမှာပါ။
နယ်ချဲ့ အစိုးရရဲ့ အငြိုအငြင်ကို မခံဝန့်တာလည်းပါမှာပါ။
မပြေလည်နိုင်တဲ့ မေတ္တာဇာတ်လမ်းကို ရှေ့ဆက်မတိုးချင်တော့တဲ့မမထား တစ်ယောက်.အပါနဲ့ဝေးရာ ရွှေကူမြို့လေးကိုတိတ်တဆိတ် ရှောင်ထွက်ခဲ့ပါတယ်..။
စုံထောက်တွေနဲ့ ရင်းနှီးတဲ့ အပါက..မမထား ရွှေကူရောက်နေတာသိပါတယ်.
အပါတစ်ယောက် မမထားရှိတဲ့ ရွှေကူကိုလိုက်သွားပါတယ်.။
သားဖြစ်တဲ့ အပါ..မမထားနောက်လိုက်တာသိတော့..နှလုံးရောဂါသည်မိခင်ဒေါ်မြအေး အိပ်ယာထဲ ဘုန်းဘုန်းလဲပါတော့တယ်..
ဆရာကြီး ဦးကျင်နဲ့ ပုလိပ်အရာရှိတွေ..ရွှေကူနားက..တောပုန်းရွာကို လိုက်ပြီး..အပါကို ပြန်လိုက်ဖို့ခေါ်ပါတယ်..။ အပါက မမထား နဲ့ တရုပ်ပြည်ဖက်အပြီးလိုက်သွားဖို့စိတ်ထက်
သန်နေတာပါ။
အနစ်နာခံစရာ ရှိရင် အမျိုးသမီးတွေက..ပိုတတ်ကြပါတယ်..။
အပါ အိမ်ပြန်လိုက်ဖို့..မမထားပါ..ဗန်းမော်ကို..ပြန်လိုက်လာပါတယ်..။
အပါ တို့အိမ်မှာ..မမထား..၁၀ရက်လောက်နေခဲ့ပါတယ်..။
တစ်ပတ် ဆယ်ရက်အကြာမှာ..ဗန်းမော် ဒီအက်စ်ပီ..မစ္စတာအိုင်ဘိုး အမိန့်နဲ့
မမထား ကိုပြည်နှင်ဒါဏ်ပေးလိုက်ပါတော့တယ်..။
ဒါပေမဲ့..အပါမသိအောင် မမထားက..ကျောက်စိမ်းအောင်လို့ မိုးကောင်းကို
ခရီးထွက်မှာလို့ပြောထားပါတယ်။
မမထား ဗန်းမော်က ထွက်ခွာရမဲ့နေ့မှာ အပါက..သင်္ဘော အပေါ်ထပ်..အထူးခန်းထဲထိ လိုက်ပို့ပေးခဲ့ပါတယ်..။
သင်္ဘောကြီး ထွက်ခါနီးမှ..မမထားကို..နုတ်ဆက်ပြီးဆင်းခဲ့ပါတယ်..။
မမထားကို ချစ်လွန်းသူ..အပါ တစ်ယောက်..ရူးမတတ်ခံစားခဲရသလို..
အပါရဲ့ မမထား လည်း..ဗန်းမော် ဆိပ်ကမ်းကနေထွက်ခွာခဲ့တဲ့..သင်္ဘောကြီးပေါ်မှာ
ဘယ်လောက်ခံစားရလေမလဲ..။
ဒီတစ်ခါ ခွဲခွာခြင်းဟာ..နောက်ဆုံးဆိုတာ..မမထား သိပေမဲ့..
အပါတစ်ယောက်က မသိရှာပါ။
မမထား...ကြိုက်တတ်တဲ့..နှင်းဆီပွင့် အ၀ါလေးတစ်ပွင့်ကို..နေ့စဉ်ခူးပြီး.
မမထားရဲ့ဓါတ်ပုံဘေးက ရေတကောင်းလေးထဲမှာ..ထိုးမြဲ..အပွင့်ခြောက်လေးတွေကို
မပစ်ရက်..ကြေးသေတ္တာလေးထဲမှာ..သိမ်းခဲ့ရပါတယ်..။
အပါစိတ်ထဲမှာ..တစ်နေ့သူတို့နှစ်ဦး အမှန်တကယ် ပြန်လည်ဆုံတွေ့နိုင်မယ်လို့ နားလည်နေခဲ့ရတာပါ။
မမထားတစ်ယောက်..သူချစ်တဲ့ အပါကို ခွဲခဲ့ပြီးတဲ့နောက်..
မိုးမိတ်မှာ..အခြေပြုလို့တော်လှန်ရေးကိစ္စတွေကို..ဆောင်ရွက်နေခဲ့ပါတယ်..။
နောက်တော့..တရုပ်ပြည်ဖက်ကို..ကူးဝင်ခဲ့ပြန်ပါတယ်..။
တော်လှန်ရေး သွေးနီလွန်းတဲ့ မမထားတစ်ယောက်..
မြန်မာပြည်တွင်းကိုတိတ်တဆိတ်ပြန်ဝင်လာပြန်ပါတယ်။
ပဲနွယ်ကုန်းမှာ..နယ်ချဲ့ဆန့်ကျင်ရေးလုပ်ပြန်ပါတယ်..။
ကံကြမ္မာဖန်လာပုံက..မမထားက..တိုင်းရင်းဆေးပညာလည်းတတ်ပါတယ်..။
စိတ်မနှံ့တဲ့ လူငယ်တစ်ယောက်ကို သူတတ်တဲ့ပညာနဲ့ဆေးကုပေးနေပါတယ်။
တစ်နေ့မှာ..အဲဒီ..စိတ်မနှံ့တဲ့ သူငယ်က စိတ်ဖေါက်ပြန်တာလွန်ကဲပြီး..
အလစ်မှာမမထားကို ဒါးနဲ့ထိုးတာခံလိုက်ရလို့ မမထားတစ်ယောက်
ပဲနွယ်ကုန်းဆေးရုံမှာပဲ ကံကုန်ရရှာပါတယ်.။
မမထားအပြန်ကို..နှင်းဆီပန်း အ၀ါလေးတွေနဲ့ နေ့စဉ်ကြိုနေရရှာတဲ့ အပါနဲ့ ဗန်းမော်မြို့သူမြို့သားတွေကတော့..မမထားရဲ့ ကံကုန်တဲ့ သတင်းကို..သတင်းစာထဲမှာ ဖတ်ရတော့မှ သိကြရရှာပါတယ်..
ဒီလိုနဲ့ မမထားနဲ့အပါ တို့နှစ်ဦးရဲ့..လွမ်းမောဖွယ်..မေတ္တာဇာတ်လမ်းလေးဟာ..
ဗန်းမော်မြိုကလေးမှာ.. တစ်ခေတ်..တစ်ချိန်က..ရင်နင့်ဖွယ် အမှန်တကယ် ဖြစ်ပျက်ခဲ့ဘူးပါတယ်..။
ကျွန်တော်.အခုပြန်လည်ရေးပြတဲ့..အချစ်ဇာတ်လမ်းလေးကို..
စစ်ကြိုခေတ်မှာ..အေ၀မ်းဦးတင်မောင်က…( မြားနတ်မောင် ) အမည်ဖြင့်..
၁၉၆၃ မှာ..အေ၀မ်းကပင်..တစ်ဖန် ( မမထားနဲ့အပါ ) ဆိုပြီး..ရုပ်ရှင်ရိုက်ခဲ့ပါတယ်။
အပါဆိုသူကတော့..မြန်မာစာပေလောကမှာ..မျိုးမြင့်ရန်နောင် လို့လူသိများခဲ့ဘူးသူ
စာရေးဆရာကြီးပင်ဖြစ်ပါတယ်..
အပါ.(သို့မဟုတ်) ဆရာ မျိုးမြင့်ရန်နောင် ဟာ ၁၉၉၆ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှာ
ကွယ်လွန်ခဲ့ပါပြီ…
ငယ်စဉ်ကပင်..(မမထားနဲ့ အပါ) ဆိုသည်ကို…
ကိုယ့်ထက် ကြီးသူတွေပါးစပ်ဖျားမှာ..ကြားသာကြားခဲ့ရပေမဲ့..ဘာမှန်းမသိခဲ့ရပါ..
ဒိရက်မှာမှ..ကျွန်တော် အလွန်နှစ်သက်တဲ့.ဆရာမောင်သန်းဆွေ(ထားဝယ်) ပြုစုတဲ့
ကုန်းဘောင်အလွန်…မှာဖတ်လိုက်ရပါတယ်..
ဆရာ..အရေးကို..ကျွန်တော်..ပြောပြတတ်သလိုပြောပြလိုက်တာပါ..။
ကျွန်တော် အပြောမကောင်းရင်..ကျွန်တော်နဲ့သာ..ဆိုင်ပါတယ်..
ဆရာ့ စာအုပ်ကိုရှာဖတ်မှ..ပိုမိုခံစားနိုင်မှာပါ….