သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့မနက်လည်း ပျော်စရာလေးတွေနဲ့ ဖွင့်လှစ်လိုက်ကြရအောင်ပါ၊ အင်း... ပျော်စရာ ဆိုလို့ တကယ်ပျော်နေရသူတွေက ကျနော်တို့ လူပျိုလေးတွေပါဗျာ....
ရည်းစားမရှိသော လူပျိုချောလေးများ၏ ထူးကဲသော စိတ်ချမ်းသာမှုများကို တော်ရုံတန်ရုံ မရနိုင်ဟု ဆိုလျှင်... မှန်၏ အဘယ်ကြောင့် ဆိုသော်..............
ရည်းစားမရှိသော လူပျိုချောလေးများသည်.....
၁။ မိမိငွေကို လောက်လောက် ငှငှ သုံးစွဲနိုင်ခြင်း။
(ပိုက်ဆံချေးမည့်သူ မရှိသဖြင့်)
၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခံရခြင်းမှ လွတ်ကင်းခြင်း။
(မိသားစု ကိစ္စများထက် အလေးထားဆောင်ရွက်ပေးရန် တောင်းဆိုသူမရှိသဖြင့်)
၃။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာ စသည်တို့ကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင်ခြင်း။
(ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလား၊ ဒါလေးလျှော့ပါ၊ ဟိုဟာလေးဖြတ်ပါ ဟု ကပ်ပူမည့်သူမရှိသဖြင့်)
၎။ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် စသည်တို့ကို အချိန်မရွေး သွားနိုင်ခြင်း။
(ဒီနေ့တော့ ဒို့နဲ့နေပေးပါ၊ မနက်ဖြန်လည်း ဘယ်အချိန်နော် ဟု တောင်းဆိုမည့်သူမရှိသဖြင့်)
၅။ အရောင်းစင်တာ အမျိုးမျိုးသို့ စိတ်ချမ်းသာစွာ သွားနိုင်ခြင်း။
(ဟိုဟာလေး လိုချင်တယ်၊ ဒီဟာလေး လိုချင်တယ်ဟု ပူဆာမည့်သူ မရှိသဖြင့်)
၆။ မိမိ၏ အလုပ်ကို စိတ်အေး လက်အေး လုပ်ကိုင်နိုင်ခြင်း။
(ဘယ်အချိန်မှာ ဘယ်ပန်းခြံ၊ ဘယ်အချိန်မှာ ဘယ်ရုပ်ရှင်ရုံကို သွားရအောင်ဟု ပူဆာမည့်သူမရှိသဖြင့်)
၇။ ညီ၊ ညီမများအား လာဘ်ထိုးရခြင်းမှ ကင်းဝေးခြင်း။
(မိမိ၏ချစ်သူအား မိသားစုထက် ပိုမို ဦးစားပေးနေမှုကို ကာကွယ်လိုသဖြင့်)
၈။ ခြေညောင်း သက်သာခြင်း
(ကော်ဖီဆိုင်၊ အအေးဆိုင်၊ အင်တာနက်ဆိုင်၊ ဂိမ်းဆိုင်၊ အလှပြင်ဆိုင် စသည်တို့သို့ လိုက်လံရှာဖွေရခြင်းမှ ကင်းဝေးသဖြင့်)
၉။ မိမိအတွက် အသုံးအဆောင်များကို စိတ်တိုင်းကျ ၀ယ်ယူနိုင်ခြင်း။
(အွန်လိုင်းသုံးစွဲခနှင့် ဖုန်းကဒ်ဖိုးများ သက်သာသဖြင့်)
၁၀။ မိန်းခလေး သူငယ်ချင်းများနှင့် လွတ်လပ် ရိုးသားစွာ သွားလာနိုင်ခြင်း။
(ဇီဇာကြောင်မည့်သူ မရှိသဖြင့်)
၁၁။ ကိုရီးယား မင်းသမီးနှင့်တူသော မိန်းခလေး ချောချောလေးများကို စိတ်တိုင်းကျ ငေးမောနိုင်ခြင်း။
(ဗိုက်ခေါက်လိမ်၊ လက်မောင်းကိုက်နှင့် အီကြာကွေးနှုတ်ခမ်းဖြင့် ထိုးနှက်မည့်သူ မရှိသဖြင့်)
၁၂။ ကိုယ့်စတိုင်နှင့်ကိုယ် လွတ်လွတ် လပ်လပ် ၀တ်စားဆင်ယင်နိုင်ခြင်း။
(ဟိုလိုမ၀တ်နဲ့ ဒီလိုမ၀တ်နဲ့ဟု ဆရာလုပ်မည့်သူ မရှိသဖြင့်)
၁၃။ မိန်းခလေးအချင်းချင်း အဝေမတည့်ရာမှ ရန်ပွဲဖြစ်သည့် သတင်းကြားရသော်လည်း ပူပန်စရာမလိုခြင်း။
(ကိုယ့်ကောင်မလေးများ ပါမလားဟု ထင်ယောင်ထင်မှားဖြင့် စုံစမ်းစရာ မလိုသဖြင့်)
၁၄။ သူငယ်ချင်းများနှင့် ပိုမိုချစ်ခင်စွာ ပေါင်းသင်း ဆက်ဆံနိုင်ခြင်း။
(ဟိုလူနဲ့မပေါင်းနဲ့ ဒီလူနဲ့ကင်းကင်းနေဟု သ၀န်တိုပြောဆိုမည့်သူ မရှိသဖြင့်)
၁၅။ မည်သည့်မိန်းမချောလေးများကိုမဆို လွတ်လွတ်လပ်လပ် ချစ်ခွင့်ပန်နိုင်ခြင်း။
(တရားဝင် တံဆိတ် ခတ်နှိပ်ထားသူ မရှိသဖြင့်)