စင်ကာပူနိုင်ငံ တွင် ယနေ့ ၁၁.၁၂-၂၀၀၁၁(တနင်္ဂနွေနေ့ ) မနက် ၉ နာရီအချိန်တွင် No-103 ,Verd View,Choa Chu Kang Estate,Singapore 688708 တွင် ချမ်းမြေ့ရိပ်သာ(စင်ကာပူ)ကျောင်းဖွင့်ပွင့် နှင့်
ရေစက်ချပွဲကို ပြုလုပ်ခဲ့ပါသည်။အဆိုပါ ချမ်းမြေ့ရိပ်သာကျောင်းသို့  စင်ကာပူနိုင်ငံမှ တရားချစ်ခင်ဓမ္မမိတ်ဆွေများနှင့် ကျောင်းအလှူရှင်များ။ယောဂီများ။ချမ်းမြေ့ရိပ်သာအဖွဲ့ ဝင် အကျိုးဆောင်များနှင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအသီးသီးတက်ရောက်ပီး ချမ်းမြေ့ရိပ်သာကျောင်းဖွင့်ပွဲကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ယခင်ကစင်ကာပူနိုင်ငံတွင် ဗုဒ္ဓဘာသာ
ဘုန်းကြီးကျောင်း ( ၁၄ ) ကျောင်းသာရှိခဲ့သော်လည်း ယခုအခါ ချမ်းမြေ့ရိပ်သာ(စင်ကာပူ)ကျောင်း ကိုထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းစုစုပေါင်း (၁၅)ကျောင်းတည်ရှိလာပါပြီ။စင်ကာပူနိုင်ငံသည် အများသိကြသိအတိုင်းအလွန်သေးငယ်သောကျွန်းစုနိုင်ငံဖြစ်သော်ငြားလည်း တ၇ားချင်ခင် ဗုဒ္ဓဘာသာဝင်သူတော်စင်များ အလွန်အများပြားရှိပါသည်ခင်ဗျာ။
" ယနေ့ဖွင့်လှစ်လိုက်သော ချမ်းမြေ့ရိပ်သာကျောင်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ တရားအားထုတ်လိုသော သူတော်စင်များ ရည်ရှည်ဖြစ်စေ၊ မိမိတို့အားလပ်သည့်အချိန်ပိုင်းတွင်ဖြစ်စေ မည်သည့်အချိန်မဆိုလာရောက် တရားအားထုတ်နိုင်စေရန် ဖြစ်ပါသည်။"
တရားအားထုတ်သူများ အဆင်ပြေစေရန်အတွက်လည်း လေအေးစက်ဖြင့် တရားခန်းမ နှစ်ခုကို သီးသန့် ထားရှိပါသည်။
မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာဖြင့် တရားဟောသော တရားပြ ဆရာတော်များလည်း အမြဲသီတင်းသုံးလျှင်ရှိပါမည်။
တရားအားထုတ်လိုသော သူတော်စင်များကို လာရောက်အားထုတ်ကြပါရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။
*ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာတော်ကြီးစည်ပင်ပြန့် ပွားရေးအတွက် လက်တွဲညီညာကြိုးစားကြပါစို့ *
အသေးစိတ်အချက်လက်များကိုလည်း http://www.chanmyaysin.orgတွင်သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
"ဆုတောင်းမေတ္တာ"
သူတော်စိတ်မြတ်၊ အငြိမ်းဓာတ် လွှမ်းပတ်ကမ္ဘာ တည်ပါစေ။
မေတ္တာစိတ်မြတ် ၊ အအေးဓာတ် ၊ လွှမ်းပတ်ကမ္ဘာခြုံပါစေ။
သတ္တ၀ါမှန်သမျှ ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ။
သတ္တ၀ါမှန်သရွေ့ ၊ တရားတွေ့  ၊ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓသာသနာ ၊ ရှည်မြင့်ကြာ ၊ ကမ္ဘာအနှံ့ ပျံ့ ပါစေ။
သတ္တ၀ါမှန်သမျှ ၊ကိုးကွယ်ကြ ၊ ဒုက္ခခပ်သိမ်း ၊ ငြိမ်းပါစေ။