ဘ၀တစ်ကွေ့မှာတွေ့ခဲ့ရတယ် ဘယ်သောခါမှ မေ့မရနိုင်သောသူ
မတွေ့တာကြာခဲ့သော်လဲ စွဲလမ်းခြင်းများနဲ့အတူ သူ့ကိုသတိရတယ်….
ပိာုး….တစ်ခါတုန်းက မှိုင်းရှုးမြို့ကို ရောက်ခဲ့စဉ်တုန်းက မောတို့တိုင်းက
ပအို့နီလေးနဲ့ နဂိုပျိုဖြူ သူ့အမည်က နန်းခင်မွှေးတဲ့ အကျွမ်းဝင်ရေးကလွယ်ကူ
သွေးမကြီးတက်သူ ……တစ်ကယ်အကူညီလိုလာတဲ့အခါ…
ရန်ကုန်က အကိုကြီးရယ် ကူညီပါရစေတဲ့…မိန်းခလေးတန်မဲ့ ပြောတက်တဲ့ လှပျိုဖြူ
သူရဲ့ရှက်ပြုံးလေးတွေကို မေ့လို့ရမှာမပာုတ်တော့ပါဘူး…..
မင်းပြောဖူးတယ်နော် " တန်ဖိုးကြီးတဲ့အချစ်တွေဆိုတာ တန်ဖိုးဖြတ်လို့မရဘူးတဲ့ "
ငါမင်အချစ်တွေကို တန်ဖိုးအဖြတ်ခဲ့ပါဘူးကောင်မလေးရယ်…..
ငါ့စာကိုသေချာဖတ်နော်…….
အချိန်တွေကို တန်ဖိုးထားချင်ယုံနဲ့ နာရီတွေကိုရွှေချထားလို့ရပါ့မလား
တန်ဖိုးရှိတဲ့အချိန်တွေရောဖြစ်လာမှာလား……နာရီတွေကိုဖျက်စီးဖြစ်ဖို့ကလွယ်ပါတယ်
ပန်ချီရေးတဲ့လက် အစွမ်းဘယ်လောက်ထက်ထက် ကြိုးဝိုင်းပေါ်တက်ဖို့တော့မလွယ်ကူဘူးလေ…….
အများအမြင်မှာ အမြင့်လို့ထင်ရပေမဲ့ တစ်ကယ်တမ်းကြတော့
တော်ဝင်ပန်းတစ်ပွင့်မပာုတ်ခဲ့ပါဘူး မှိုင်းရှုးသူရယ်……
မင်းပြောဖူးတယ်နော်…ငါကကောင်းကင်ပေါ်က လတစ်စင်းတဲ့
ပာုတ်မှာပါ တစ်ကယ်တန်းကျတော့……..
မြေပေါ်မှာဖြာကြလို့မရတဲ့……ရေပေါ်မှာသာ သာခဲ့ရတဲ့လပါကောင်မလေးရယ်
ဖိအားတစ်ခုရဲ့သက်ရောက်မှု့အရ နစ်မြူပ်မှု့နဲ့ တန်ပြန်တက်ကြွမှု့လွန်စွဲကြရင်း
မို့မောက်ဖြစ်တည်ခဲ့ရတဲ့ တောင်းတန်းကြီးတစ်ခုပါ…..
ဘယ်တောင်တန်းတွေနဲ့မှ မနှိုင်းယှုဉ်လိုက်ပါနဲ့ ကောင်မလေးရယ်….
ကုန်းသတ္တ၀ါတွေရဲ့ ရုပ်ကြွင်းက သမုဒ္ဒရာကြမ်းခင်းအောက်မှာ ရှိတက်ကြသလို
ရေသတ္တ၀ါတွေရဲ့ ရုပ်ကြွင်းတွေပာာလဲ ကုန်းပြင်မြင့်တောင်တန်းတွေပေါ်မှာရော ကန္တာရ လမ်းတွေပေါ်မှာလဲ တွေ့ရတက်ပါတယ်……
နေရာ နဲ့ ဘ၀ မတူညီမှု့တစ်အခုအတွက်ကြောင့်
ကမ္ဘာပြောင်းလွဲမှု့ဖြစ်စဉ်ကို မလေ့လာပဲ တစ်ခုထဲတရားသေ တွေးတောတက်သူက
ရူးသွပ်နေတဲ့သူပဲဖြစ်မယ်…….
တစ်လောကလုံးကို ခြုံကြည့်စမ်းပါ……
လောကကြီးထဲမှာ ပေးသူနဲ့ယူသူ နှစ်မျိုးပဲရှိတယ်….
အဲ့နှစ်မျိုးထဲကလွတ်နေတဲ့သူပာာ
သုညကမ္ဘာ က ငါပဲဖြစ်လိမ့်မယ်….
အဲ့နေ့ အဲ့အချိန်တွေကစလို့ အချိန်စေ့သွားခဲ့တော့…..
နှုတ်မဆက်ပဲ ပြန်သွားခဲ့လိုက်တယ်….မိုင်းရှုးသူလေးရယ်……
ငါ့ကိုခွင့်လွှတ်ပေးစမ်းပါ
ဘာလဲနာကျင်နေနေရတယ်တဲ့လား…
ရင်ကိုခွဲ အသည်းကိုထုတ်လို့ လက်ဆောင်အဖြစ်ဆက်သခဲ့တယ်နော်
ဒီအသည်းကိုစားပြီး တေးသွားတွေကို တဖန်ပြန်လည်ဖန်းဆင်းပစ်လိုက်စမ်းပါ
သဘာဝကိုမြင်အောင်ကြည့် မြင့်မြတ်ချင်လာရင် အများကို နားလည်နိုင်အောင်ကြိုးစား
သစာဖောက်လို့ သစာတရားဆူးခဲ့ရင် မိုးကြိုးတွေစကန့်တိုင်းပစ်ချ…..
ငါရဲရဲဝံ့ဝံ့ခံပြလိုက်မယ်…..
ငါ့ဘ၀မှာ တစ်ယောက်ထဲနဲ့လုံလောက်သွားပါပြီ……
နင့်အတွက်ဆိုထပ်ပြောရဲသေးတယ်
အချစ်နဲ့ဂုဏ်သိက္ခာ လောကမှာတံခွန်ကူးဖို့အားထုတ်မှု့မရှိခဲ့ဘူး
ငါ့ဘ၀ဘယ်ရောက်နေနေပါ
မင်းအတွက်ဆိုရင် အကြိမ်ကြိမ်ပြန်လျှောက်လာရဲတယ်
အချစ်နဲ့လုပ်ငန်းခွင် မရောထွေးစေဖို့ တစ်ခုစီကန့်သက်
ငါခဏတော့ခွဲခွာခဲ့လိုက်တယ်….
နင်မှနားလည်တက်ပါစ…..
သတိရတိုင်း………..
ဖော့ဖယောင်းလို ပျော့ပြောင်းတဲ့ လက်ကလေးတွေရယ်
နှစ်ယောက်အတူစပ်ဆိုခဲ့တဲ့ သစာတိုင်ရတု တစ်ပုဒ်ရယ်
မင်းရဲ့အလှပာာ မြစ်တစ်စင်းလို စီးဆင်းတယ်
ပန်းပဒုမ္မာလို ညို့ဖွဲ့တယ်…..
ပေးခဲ့ဖူးတဲ့ နှဖူးပေါ်က အနမ်း မျိုးစေ့များချခဲ့လေရောလား…
မှတ်မိသလောက် အားလုံးပေါင်းစပ်လိုက်တော့….
လက်တစ်ချက်လောက် လှုပ်ခါလိုက်တိုင်း
နာရီစည်းဝါးတွေ အတိတ်မေ့ကုန်ကြလိမ့်မယ်……
လောကကြီးရဲ့အလကာင်္တွေ အကြည်းတန်သွားမှာမို့
မကချင်စမ်းပါနဲ့ မှိုင်းရှုးသူလေးရယ်…..
ဒီလိုနဲ့အလည်တစ်ခေါက်ရောက်ခဲ့ရတဲ့ မြို့လေးသို့
တစ်နေ့အရောက်တော့ ငါပြန်လာမယ်…….
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပွင့်ဖတ်တစ်ဖတ်ကြွေလွှခဲ့လေတိုင်း
အသဲနှလုံးအစိတ်အပိုင်းတစ်ခု ကျေပျက်ခဲ့ရသလို
ရင်နှင့်အမျှတုန်ခါ ခံစားရပါတယ်……
ဧဒင်နန်းက ပန်းနှင်းဆီရယ်…….