မရယ်ရရု ရယ်ရသည်
တစ်နေ့သ၁ှ် ကျွန်ုပ်မွန်စီယာဆီညော်သည် ရန်ကုန်တိုင်းဒေသကြီး၏ မြို့လယ်ခေါင် တစ်နေရာဖြစ်သော ကုန်သည်လမ်းမကြီး၏ ပလက်ဖောင်းပေါ်တွင် ဖြန့်ခင်းရောင်းချနေသည့် “ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါကွယ်” သီချင်း စာသားကဲ့သို့ အလွန်အင်မတန် အနှစ်သာရ ပြည့်ဝစုံလင်လှပေထသော စာအုပ် ဟောင်းတချို့ကို ကောက်ကိုင်လှန်လှော မြည်းစမ်းဖတ်ရှုနေစဉ်တွင် ကျွန်ုပ်နှင့် မလှမ်းမကမ်းတစ်နေရာဆီမှ မထိတ်သာမလန့်သာ ပြောဆိုအော်ဟစ်ပြေးလွှား သံများအား ကြားလိုက်ရပေသောကြောင့် Eye နဲ့ Ear အလကားမထားလိုသဖြင့် မျက်စိကိုဖွင့် နားကိုစွင့်လိုက်မိချေတော့၏ တမုံ့တကား။ ။
ကျွန်ုပ်၏ဖွင့်လိုက်သော မျက်စိမြင်လွှာမြင်ကွင်းထဲသို့ မူလပထမ အစကနဦး ၀င်ရောက်လာသည့် ပုံရိပ်လွှာများကား လူရည်သန့်ဟု ဆိုအပ်နိုင်သော မိန်းမပုတ်ဂို(လ်)၊ ယောက်ျားပုတ်ဂို(လ်)များ ထိုထိုတို့ဖြစ်ပြီး ၄င်းတို့၏နှုတ်ဝဆီမှ လည်း ထုတ်ဖြည်(ဖြေ)ပြသည့် အသံများအား နှစ်ဖက်သော ကျွန်ုပ်၏နားတို့ မှကြား လိုက်ရပေသည်ဖြစ်သောကြောင့် ယင်း၎င်းကြားသိခဲ့ရသည့် အသံများကို အများသူငါ သိရှိယုံကြည်စိမ့်သောငှာ ကှုသို့ ကှုပုံ အဖြစ်စုံကို ကညစ်ကြုံ ရေးပြလိုက်ရပေတော့၏။
“နောက်ကျခြေထောက်သစာ(စ)ဖောက် အသားထဲက လောက်။
ဖမ်းပြီဆီးပြီ ရဲဝီစီ တရွှီးရွှီးနဲ့မြည်။
မျဉ်းကြားမကူး ခြေနဲ့ဒူး ရိန်းဂျားပေါ်တက်ဦး။
တရားရုံးမှာ ဒဏ်ဆောင်ပါ တစ်နေကုန်လည်းကြာ။
ရုပ်ဖတ်ဖတ်မော စိတ်ထဲဒေါ အကောရင်းတူလော(According to Law) ကျွန်ုပ်မွန်စီယာဆီညော်သည် အဖို့မူကား လွန်ခဲ့သော နှစ်ပေါင်း၃၀နီးပါးကာလဆီ က အဖြစ်သနှစ်များဆီသို့ စိတ်အစုံက အိပ်မှုန်စုံမွှားဖြင့်ရောက်ရှိသွားရချေတော့ ၏။ ထိုနှစ်၃၀နီးပါးကာလကား 18/79ဟု ခေါ်တွင်ကြကုန်သော ဂဠုန်စီမံချက်ဖြင့် လမ်းဘေးကျူးကျော်ဈေးသည်များအား ဖမ်းဆီးရှင်းလင်းခြင်း အရှိန်အ ဟုန်ပြင်းထန်သောကာလဖြစ်ပေသတည်း။ ကျူး/ရှင်းဟု အတိုကောက်ခေါ်တွင် သော ကှုအနှီ၎င်း စည်ပင်သာယာရဲတို့သည် တစ်နေ့လုပ်မှ တစ်နေ့စားရရှာကြရ ကုန်သော မိမိတို့၏တစ်မြေတည်းနေ တစ်ရေတည်းသောက် နိုင်ငံသားတို့အပေါ် တွင် အကြင်နာကရုဏာတရား ကင်းမဲ့သော ရက်ရက်စက်စက်ဖမ်းဆီးကြပေသ ဖြင့် ဆိုခဲ့ပါ one day work, one day eat လူတန်းစားအလွှာတို့အဖို့ မျက်ရည်ပင်လယ်ဝေ၊ သောကဆည်ကျိုးပေါက်ခြင်းအဖြစ်သို့ ရောက်ရှိကြ ရပေတော့၏။
နောက်ထပ်တစ်ဖန် ကျွန်ုပ်၏အိပ်မှုန်စုံမွှား ပုံရိပ်များကား မကြာမတင်သော 4,5,6 နှစ်ခန့်ဆီသို့ ဖြစ်ပေသတည်း။ ကှုသည့် 4,5,6 နှစ်ခန့်ကလည်း အလားတူပင် မျဉ်းကျားမှမကူးသူများအား ဖမ်းဆီးဒဏ်ငွေရိုက်ကာ ပြန်လွှတ် လိုက်ခြင်းဖြင့် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါပေ၏။ ကျွန်ုပ်မွန်စီယာဆီညော်သည် ယင်းသည့်ကာလအချိန်တွင် နီးစပ်ရာသိမြင်သူ အပေါင်းတို့ကို ကှုသို့ကှ်ုပုံ ဆိုခဲ့တုံလေ၏။
“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးသတဲ့။
ပလက်ဖောင်းမသွားချင်ရင် အမောင်နှစ်ထောင်ပေးရပေမကွဲ့။
ထမင်းမစားလို့ မရူးဘူး။ မျဉ်းကျားကမကူးရင်သာ ရူးချင်စရာ။
အလုပ်အကိုင်ပျက်ပြီး အဟုတ်မှိုင်လျက်နေရမှာ
လာကွာချက်ဖောင်း၊ ပလက်ဖောင်းက လျှောက်ကြစို့။
ကျွန်ုပ်မွန်စီယာဆီညော်သည် နိုင်ငံတော်သမ(မ)တကြီး၏ အစကနဦး မိန့်ခွန်းပါ စာသားဖြစ်သော ဂွတ်ဒ်ဂါးဗားမန့်၊ ကလင်းန်ဂါးဗားမန့်ဟူသည့်စကားကို အလေးအနက်ပြုပြီးသကာလ ကှုသို့ကှုပုံ ခြုံငုံသုံးသပ်မိပေ၏။ “ခေတ်ဟောင်း စနစ်ဟောင်းက လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်အသုံးပြုနေမယ့်အစား ခေတ်သစ်စနစ်သစ်မှာ နိုင်ငံရဲ့တကယ့်ယနရားဖြစ်တဲ့ ပြည်သူလူထုကို နည်းပေးလမ်းပြ ပြုလုပ်ပြီး သင်တန်းပေးနိုင်ခဲ့ရင် ကောင်းပေစွတကား”။
ကျွန်ုပ်တို့၏ယနေ့ ပြည်ထောင်စုသမ(မ)တမြန်မာနိုင်ငံတော်ကြီးသည်ကား အလွန်အင်မတန် လျင်မြန်သော အဟုန်တို့ဖြင့် ပြောင်းလဲနေလေချေရာ ပြည်တွင်း အင်အားစုများကသာ ပြင်ပနိုင်ငံအသီးသီးရှိ ဒီမိုကရက်တစ်ပုဂိုလ်အဖွဲ့ အစည်းများပင်လျှင် အံအားသင့်ကြရသည့်အတွက် နိုင်ငံ၏စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊လူမှုရေး အစရှိသဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရန် ခေါင်းပြူအညှောက်ထွက်နေချိန်တွင် အထက်ပါကိစ(စ)ရပ်တို့ကဲ့သို့ ခေတ်ဆွေး စနစ်ဆွေးမှ ညစ်ထေးသည့်လုပ်ရပ်များကို လုပ်ဆောင်ပြုမူရန် မသင့်တော့ချေဟု ကျွန်ုပ်မွန်စီယာဆီညော်က အလေးအနက် ခံယူသုံးသပ်မိပါပေ၏။ တစ်ဆက်တည်းမှာပင် ကိုယ့်တပ်ကိုယ်နင်းရွေ့ မည်သည့်ကောင်းကျိုးမျှမရ နိုင်သည်ကိုလည်း ပြည်သူလူထုနှင့်အနီးကပ်ဆက်ဆံနေရသည့် အောက်ခြေအဖွဲ့ အစည်းမှ ပုဂိုလ်များစဉ်းစားအမြင်မှန်ရသင့်ချိန်ဖြစ်နေသည်ဟုလည်း ဆပွား စဉ်းစားမိပါပေ၏။
ကှုသည့်အတွက်ကြောင့်မျဉ်းကြားမှမကူးဘဲ လက်သင့်ရာ၊ခြေသင့်ရာ နေရာမှ အလျင်စလိုလမ်းဖြတ်ကူးနေကြကုန်သောမိမိတို့၏တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တိုင်းရင်းသား မိဘပြည်သူညီရင်းအစ်ကို မောင်ရင်းနှမ များအပေါ်တွင် စေတနာမေတာ(တ)ရှေ့ထားပြီး သကာလ ယာဉ်စည်းကမ်းထိန်း သိမ်းရေးမှ ပုဂိုလ်(ဂ)အမွန်အမြတ်များအား ပျူပျူငှာငှာ လမ်းညွှန်သတိပေး သင့်ပေသည့်အကြောင်း ကှုသို့ကှုပုံ ကာရန်ထုံရွှေ့ မေတာ(တ)ရပ်ခံလိုက်ရပါပေ တော့၏ တမုံ့တကား။
-ဟိုမှာမျဉ်းဝါကျား
မိဘမောင်ဖွား လာပါဗျား…….
ကူညီမယ့်ရဲသား။
-အန(တ)ရာယ်လည်းကင်း
ထမင်းနဲ့ဟင်း အေးဆေးသွင်း
မြိန်လိုက်မယ့်ဖြစ်ခြင်း။
-မိမိချွေးနှဲစာ
နှမြောတတ်ပါ အိုမာတာ
စည်းကမ်းရှိကြပါ။
-သားတို့ယာဉ်ထိန်းရဲ
မဖမ်းသော်လည်း ခုလိုပဲ
ထိန်းသိမ်းစောင့်ရှောက်မြဲ။
-အို----နိုင်ငံကြီးသား
ဂုဏ်ယူစိတ်ထား ကှုမျဉ်းကျား
ကူးလိုက်စမ်းပါဗျား………။ ။
by မွန်စီယာဆီညော်
ယခုတစ်ပတ်True News journa အတွဲ(၄) အမှတ်(၁၉)ထုတ်
စိစစ်ရေးမှ ပယ်ဖြုတ်ထားသောစာများကိုပါ အပြည့်အစုံဖတ်ရှုနိုင်ပါသည်