Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နိုင်ငံကိုးနိုင်ငံက ပြဇာတ်ပညာရှင် တွေပါဝင်တဲ့ အနုပညာပွဲတော် ကျင်းပမည်

$
0
0

နိုင်ငံကိုးနိုင်ငံမှ ပြဇာတ်ပညာရှင်များ ပါဝင်တဲ့ ခေတ်ပြိုင်ပြဇာတ်နဲ့ အနုပညာ တင်ဆက်မှုပွဲတော် (International Festival of Contemporary Theatre & Performance) ကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ပွဲတော်ဖွင့်ပွဲနေ့မှာ မြန်မာ၊ ပြင်သစ်၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ တရုတ် (တိုင်ပေ)၊ ဂျာမနီနဲ့ အမေရိကန် နိုင်ငံတို့မှ ပြဇာတ်ပညာရှင်များက 'အရှေ့ တောင်အာရှအတွင်းရှိ ခေတ်ပြိုင် ပြဇာတ်ပညာဖွံ့ဖြိုးမှုဆိုင်ရာ' နှီးနှော ဖလှယ်ဆွေးနွေးပွဲကို ပြုလုပ်သွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ဂျာမနီနိုင်ငံမှ ပြဇာတ်ဝေဖန်ရေး သမား Mr. Till Briegleg က ဂျာမနီ နိုင်ငံမှာ ၁၉၆၀ ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း ထင်ရှားခဲ့တဲ့ ပြဇာတ်အနုပညာရှင် Christoph Schlingensief အကြောင်းကို မိတ်ဆက်မှာဖြစ်ပါတယ်။

၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ပြဇာတ်နဲ့ အနုပညာတင်ဆက်မှု ဘာသာရပ်များကို တက်ရောက်လာတဲ့ နိုင်ငံတကာပညာရှင်များက သင်ကြား ပို့ချပေးမှာဖြစ်ပါတယ်။

မြန်မာ၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံမှ ပြဇာတ်အနုပညာရှင်များ ပူးပေါင်း တင်ဆက်တဲ့ ခေတ်ပြိုင်ပြဇာတ်နဲ့ အနု ပညာတင်ဆက်မှုကိုတော့ ဖေဖော်ဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်ညနေ ၆ နာရီတွေမှာ ကြည့်ရှုခံစားရမှာဖြစ်ပြီး မည်သူမဆို စိတ်ဝင်စားသူတိုင်း သွားရောက်ကြည့်ရှု နိုင်ပါတယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...