လူအပါအဝင် သက်ရှိသတ္တဝါမှန်သမျှသည် မွေးဖွားခြင်း(ဇာတိ)ရှိခဲ့လျှင် သေဆုံးခြင်း(မရဏ)
ရှိမှာအမှန်ပင်ဖြစ်သည်။ ယနေ့ခေတ် လူငယ်အတော်များများဟာ သေဆုံးခြင်းကို ကိုယ်နှင့်မဆိုင်သလို
နေကြတယ်။ သေဆုံးခြင်း(သို့) သေခြင်းတရားဟာ လူငယ်/လူကြီး/ကလေး အားလုံးနှင့်သက်ဆိုင်
ပါတယ်။ ဘယ်သူ ဘယ်နေ့ ဘယ်အချိန် အသက်ဘယ်လောက်မှာ သေမယ်ဆိုတာကို မသိလို့ပါပဲ။
(ဘုရား ရဟန္တာကလွဲရင်)
ဒီတော့ ကျွန်တော်အပါအဝင် လူငယ်တွေဟာ သေဆုံးခြင်းကို မေ့လျော့နေကြတယ်။
မောင် ……. အသက်(၂၅)နှစ်နဲ့ ကွယ်လွန်သွားပြီဆိုရော ဟယ် အသက်အငယ်လေးပဲရှိသေးတယ်။
သနားပါတယ်။ ဘွဲ့ရပြီးယုံရှိသေးတယ် နေချင်ရင် နေလို့ရသေးတယ် ဆိုတဲ့ အသံတွေကို ကြားဘူး
ပါတယ်။ မနေရလို့ သေပဲသေပေါ့ဗျာ ဒါကို ကိုယ်က ဆင်ခြင်ပြီးနေရမှာ။ ငါလည်းပဲသေနိုင်တာပဲ
ဒါကြောင့် မသေခင်မှာ ကိုယ်အတွက်နောက်ဘဝပါအောင် ကုသိုလ်ကောင်းမှုတွေလုပ်ဖို့လိုပါတယ်။
လူငယ်တွေအတော်များများဟာ ညအိပ်ယာဝင်အချိန်နဲ့ နံနက်အိပ်ရာထတဲ့အချိန်တွေမှာ
ဘုရားရှိခိုးကြပါတယ်။ နံနက် အိပ်ယာထတဲ့အချိန် ၊ နေ့တစ်နေ့ရဲ့ မင်္ဂလာရှိတဲ့အချိန်မှာ ဘုရားရှိခိုးရင်း
(၅)မိနစ်လောက် တရားလေးမှတ်ကြည့်စမ်းပါ။ တရားလေးမှတ်ကြည့်စမ်းပါဆိုလို့ စကားလုံးကြီး
သွားတယ်။ ဝင်လေထွက်လေ(အာနာပါန) လေးလုပ်ကြည့်စမ်းပါ။ တစ်နေ့ (၂၄)နာရီထဲက (၅)မိနစ်ဆို
တာ သိပ်မများပါဘူး။ လုပ်ကြည့်စမ်းပါ။ မိမိရဲ့စိတ်ကို နှာသီးဖျားမှာထားပြီး လေကလေး ဝင်လာရင်
စိတ်က ဝင်တယ်လို့ မှတ်ပေး လေက လေးထွက်သွားရင် ထွက်တယ်လို့မှတ်ပေးပါ။ အဲဒီတစ်နေ့တာမှာ
ကိုယ်အတွက် စိတ်လက်ပေါ့ပါးပြီး အမြဲတမ်း လန်းဆန်းတက်ကြွနေတယ်။ လုပ်ကြည့်စမ်းပါဗျာ။
လူငယ်တွေဟာ ဘာသာရေးအလုပ်(တရားနာ/တရားထိုင်)တဲ့အလုပ်ကို လူကြီးတွေလုပ်ရမှာ
လို့ မှတ်နေကြတာဟာ မကောင်းဘူးဗျာ။ ကိုယ်အသက်ငယ်ငယ်လေးအတွင်းမှာ လူငယ်ပီပီ ပျော်မယ်၊
ပါးမယ်၊ သွားမယ်လာမယ်၊လည်မယ် ပတ်မယ်နဲ့ အချိန်တွေကို ဖြုန်းနေရင် ဗြုန်းကနဲ သေကြည့်စမ်းပါ
ကိုယ်အတွက် ဘာပါသွားမှာတုန်း။ လူကြီးတွေကလည်း နားလည်မှုတွေပေးပြီး လူငယ်တွေပဲ ပျော်ချင်
ပါးချင်မှာပေါ့ဆိုပြီး လွှတ်ထားကြတယ်။ အပျော်လွန်ပြီး အသက်ပါဆုံးရော မိဘတွေ ရင်ကျိုးရောဗျာ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားအလုပ်ကို ဇောက်ချ လုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
တစ်နေ့ကို(၂၄)နာရီရှိတဲ့အထဲက အလုပ်တွေ ခွဲခြမ်းစိတ်ဖြာပြီး လုပ်ဖို့ပြောတာပါ။ ကျောင်းတက်မယ်။
စာကျက်မယ်။ ကိုယ့်လက်ရှိဘဝထက် တိုးတက်ရာတိုးတက်ကြောင်းတွေကို ရှာဖွေရင်း။ ခေတ်နဲ့လည်း
မျက်ခြေမပြတ်အောင် ကွန်ပျူတာ အင်တာနက်တွေကိုလည်း လေ့လာမယ်။ ညရောက်တော့ ကိုယ်အတွက်
ပါအောင်လုပ်ဖို့ပြောတာပါ။ ကျွန်တော်ဟာ လူတတ်ကြီးလုပ်တာမဟုတ်ပါဘူး။ ကျွန်တော်သူငယ်ချင်း တစ်ယောက် နောက်ဆုံးခရီးကိုလိုက်ပို့ရင်း အခုနေ ငါများသေခဲ့ရင် ဘယ်ဘဝ
ကိုရောက်မလဲလို့ စဉ်းစားမိရာက အခုလိုအတွေးတွေ ပေါ်လာလို့ မြို့တော်သူ/သားအပေါင်းကို မျှဝေ
လိုက်တာပါ။ ဘာသာရေးနဲ့ပတ်သက်ရင် ကျွန်တော်လည်း လေ့လာသူတစ်ဦးပဲရှိပါသေးတယ်။