Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမှတ်တရချန်ထားခဲ့သည့် နေ့တစ်နေ့မှတ်တမ်း (သို့မဟုတ်) ဗိုလ်ချုပ်နှင့် လူယုတ်မာတစ်သိုက်

$
0
0

အမှတ်တရချန်ထားခဲ့သည့်

နေ့တစ်နေ့မှတ်တမ်း

(သို့မဟုတ်)

ဗိုလ်ချုပ်နှင့် လူယုတ်မာတစ်သိုက်

၁၉၄၇ ခုနှစ်၊ 

ဇူလိုင်(၁၉)ရက်။

နံနက် (၁၀း၃၀)မိနစ်။

ဝန်ကြီးများရုံး အစည်း အဝေး ခန်းမ။

 ကော်ရိုက်ယမ်းပေါက်ကွဲသံကျယ်လောင်လှသည်။

ငရဲပွက် သလိုပင်။ အစည်း အဝေးခန်းမ ထဲမှ ဗိုလ်ချုပ်အောင်ဆန်း နှင့် ၀န်ကြီးများ ကျယ်လောင်သည့် သေနတ်သံနှင့် ၀န်ကြီးများ ကျယ်လောင်သည့် သေနတ်သံ နှင့်အတူ လူတွေလဲ ပြိုကျကုန်၏။ အခန်းထဲရှိ သွေးစက်တွေက မြင်မကောင်း။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ၀န်ကြီးများ သွေးအိုင် တွင်းလဲကျ ငြိမ်သက်လျှင် သူတို့ အခန်းထဲမှ ပြေးထွက်ခဲ့သည်။ သူတို့က အားလုံး ယူနီဖောင်း ၀တ်နှင့်။ အမှတ်(၁၂) စစ်တပ်တံဆိပ်၊ ခြင်္သေ့တံဆိပ်နှင့် စုစုပေါင်း(၅)ယောက်။

                      သူတို့အသွင်က အရေးတကြီး ရောက်လာ သလိုဖြစ်သည်။ သူတို့က စစ်တပ်မှ မဟုတ်။ ဂဠုန်ဦးစော အမည်ခံ အာဏာရူး လူယုတ်မာ၏ ဘက်တော်သား များ။ မိုက်မဲသူများ။

                    သူတို့ စိးလာတဲ့ ကားက AC 1814 နံပါတ် တပ် ဂျစ်ကား။

အစည်းအဝေးခန်းမကြီးကား-----

                       ဗိုလ်ချုပ်အောင်ဆန်း သည် ဂငယ် ပုံခင်း ထားသည့် စားပွဲရှည်ကြီး သုံးခုမှ ထိပ်ဆုံး စားပွဲရှည် ၏ အလယ် တည့်တည့် သီးသန့် နေရာတွင် ထိုင်နေသည်။ လက်ဝဲဘက် စားပွဲရှည်ကြီးတွင်မူ  ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ မိုင်းပွန်ဆော်ပွားစပ်စံထွန်း၊ ပျော်ဘွယ်ဦးမြတို့ ယှဉ်တွဲထိုင်နေသည်။

လက်ယာဘက် စားပွဲတွင်သခင်မြ၊သီးဘချို၊ ဦးရာဇာတ်၊ ဦးဘ၀င်းနှင့် မန်းဘခိုင်တို့ ထိုင်နေသည်။

ထိုနေံ့က ၁၃၀၉ခု၊ ၀ါခေါင်လဆန်း (၂) ရက်နေ့၊ စနေနေ့။ ၁၉၄၇ခု ဇူလိုင် (၁၉) ရက်။ ထိုနေ့က နောင်အခါ အာဇာနည်နေ့ ဟု မြန်မာနိုင်ငံအ၀န်း ဥဒါန်းတွင် ရစ်မည့်နေ့ ဖြစ်၏။

စင်စစ် ထိုအစည်းအဝေးအားဗုဒ္ဓဟူးနေ့မှကျင်းပရန်စီစဉ်ပြီးဖြစ်သော်လည်းဗိုလ်ချုပ်အမိန့်နှင့်

စနေနေ့ သို့ စောစီးစွာ ပြောင်းလွဲ ကျင်းပခြင်း ဖြစ်၏။ ခေါင်းဆောင်ကြီး များသည် အစည်းအဝေး အား နံနက် (၁၀း၁၅) မိနစ်တွင်စတင်စတင်ကျင်းပခဲ့သည်။

                      ငါ့မှာရန်သူမရှိ၊ ငါ့ကိုပြည်သူကချစ်သည်

ဟု ယုံကြည်ထားပြီး ရိုးသားစွာ နေသည့် ဗိုလ်ချု့ပ်အောင်ဆန်း အားမသမာ သူတို့က သေနတ် ဒဏ်ရာ (၁၃) ချက် နှင့် နေရာတွင်ပွဲ ချင်းပြီး ကွယ်လွန် ကျဆုံး ရအောင် ရက်စက်စွာ လုပ်ကြံခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း (၃၃)နှစ်

 ဒီးဒုတ်ဦးဘချို (၅၅)နှစ်

သခင်မြ (၄၃)နှစ်

 ရဲဘော်ကိုထွေး(၁၈)နှစ်

ထိုအသက်အရွယ်က တိုင်းပြည်ကို စိတ်ရော ကိုယ်ပါ ထမ်းဆောင် နိုင်သည့် အရွယ် များဖြစ်၏။ ဗိုလ်ချုပ်နှင့် အာဇာနည် ခေါင်းဆောင် များက လွတ်လပ်ရေး ခရီး ရောက်ခါမှ ကွယ်လွန် ရသူများတည်း။ မိမိ နှင့် တကွ မိမိကိုသာ အကျိုးပြုသည့် အမူကိုပြုသူ၊ မကြံကောင်း မစည်ရာ အကြံအစည်အား ပက်စက်စွာ ကြံစည် ခဲ့သည့် ဂဠုန်ဦးစော နှင့် အပေါင်းအပါ များအား ဗိုလ်ချုပ်တို့ ကျဆုံးသည့် နေမှာပင် ဖမ်းဆီး နိုင်ခဲ့၏။

လုပ်ကြံ သူများက ဗိုလ်ချုပ်အောင်ဆန်း ကိုသာ အဓိကထား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဂဠုန်ဦးစော နှင့် အပေါင်းအပါ များက ဗိုလ်ချုပ် ကျဆုံးလျှင် အရာရာ အောင်မြင်ခဲ့ပြီ ဟု မှတ်ယူ ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုသာ ပဓာနပြုခဲ့၏။ သူတို့ ဘာကြောင့် ဗိုလ်ချုပ် ကိုမုန်းတာလည်း သူတို့ဘာကြောင့် ဗိုလ်ချုပ်အား မုန်းနေ ကြသနည်း။

ယခုဗိုလ်ချုပ်ကျဆုံးခဲ့ပြီ။ သို့တစေဗိုလ်ချုပ်အမွေ၊ ဗိုလ်ချုပ်နည်း၊ ဗိုလ်ချုပ် ၏မူ ကျဆုံး သွားခြင်း ကြွေလွင့် သွားခြင်း မရှိခဲ့။ သူကို ကြည်ညိုသူ၊ သူ၏ လက်တွဲဖော်များက သူခင်းပေးတဲ့ လမ်းကိုလျှောက် ခဲ့၏။ သို့အတွက် ဗိုလ်ချုပ် အသေဖြောင့် မည်ဟု ယူဆရ၏။

ဗိုလ်ချုပ်နှင့် တကွ အမျိုးသား ခေါင်းဆောင်ကြီး များသည် သူတို့ မျော်မှန်း ခဲ့သည့် နိုင်ငံအား မတည်ဆောက်နိုင်မီ ကျဆုံး ကြွေလွင့်ခဲ့ ရ၏။

သူတို့ နေရာအား ဆက်ခံ လာသူများက ဗိုလ်ချုပ် မျှော်မှန်းချက် တို့အား အကောင် အထည် ဖော်နိုင်ပါမည် လော-------------

ဖတ်မိတာလေးတင်ပြလိုက်ပါတယ်

ယုယမေပါ

 

 

 

 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>