ကျွန်တော်ဟာ သိတတ်စ အရွယ်ကတည်းက အခုအသက်အရွယ်ရောက်တဲ့အချိန်ထိ သီချင်းတခါမှ မဆိုဖူးပါဘူး။ ကျွန်တော့်ရဲ့အသက်က ၂၆ နှစ်ရှိပါပြီ။ ငယ်ငယ်လေးကတည်းက သီချင်းကို အသံထွက်ပြီး ဆိုရမှာကို ရှက်တယ်.။ဒါပေမယ့်နားထောင်ရ တာကိုတော့အင်မတန်မှ ကြိုက်နှစ်သက်ပါတယ်။ လူ ငယ်သဘာဝ ညဘက်ဆိုရင် သူငယ်ချင်းတွေစုပြီး လှတပတ ကောင်မလေးတွေအိမ်ရှေ့မှာ ဂစ်တာတီး သီချင်းဆိုရင်လည်း ကျွန်တော်အမြဲတမ်းပါတယ်။ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ဘယ်တော့မှ မဆိုပါ။နောက်ပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျွန်တော့်ရဲ့အဖေဟာလည်း သူသေသွားတဲံ့အချိန်ထိ သီချင်းဆိုသံကို တခါမှမကြားဖူးလိုက်ဘူးလို့ အမေနဲ့ အဖေ့ရဲ့ ညီအကိုမောင်နှစ်မတွေ ပြောတာကြားခဲ့ဖူးပါတယ်။အဖေတူသားတဲ့..။ နောက်ပြီးတော့ ကျွန်တော်ဟာ အလွန်တရာမှ ဒေါသထွက်စရာ ကိစ္စ ဖြစ်တယ်ဆိုရင်လည်း ဘယ်တော့မှ လူတွေမသိပါဘူး ။ကျွန်တော့် စိတ်ထဲမှာပဲ တအုံနွေးနွေးနဲံ့  အမြဲတမ်း ရှိနေတတ်တယ်...။နှစ် ၂၀ ကြာရင်လည်း မမေ့တော့ပါ ....။နောက်ပြီး လူတွေနဲံ့ သိပ်မတည့်တော့ပါဘူး ...သူငယ်ချင်းဆိုရင် လည်း ၁၀ ဂဏန်းလောက်ပဲရှိပါတယ်။ အမြဲတမ်း စိတ်တိုနေတတ်တယ်...။ကျွန်တော် အားရပါးရ ရယ်မော မိတဲ့အချိန်ဆိုတာမရှိပါ။ စိတ်လွှတ် လက်လွှတ် ရယ်မော မိတဲံ့ အချိန်ကို တောင်လက်ချိုးရေတွက်လို့ရပါတယ်..။ ဒါ တွေဟာ ကျွန်တော် သီချင်းမဆို တာတွေ နဲ့ပတ်သက်မှု ရှိမရှိ မျိုးရိုးလိုက်မလိုက် ဆိုတာကို နားလည်တတ်ကျွမ်းသူများအနေ ကူညီ ဖြေကြားပေးစေလိုပါတယ်.......
↧