သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ နောက်တစ်ပုဒ်အနေနဲ့ မဟုတ်က ဟုတ်ကလေးတွေ ပြောဦးမယ်နော်၊ သူငယ်ချင်း တစ်ယောက် ပို့ထားပေးတဲ့ မေးလ်ထဲကပါ၊ ရေးသင့် မသင့် စဉ်းစားပြီးတော့ ရေးလိုက်တာပါ၊ ထိခိုက် စော်ကားလိုတဲ့ ဆန္ဒ လုံးဝ မပါဘူးနော်၊ ဟာသအနေနဲ့ပဲ ဖတ်ရှုပေးကြဖို့ တောင်းဆိုပါရစေဗျာ.....
ကျနော်တို့ နီုင်ငံရဲ့ မြို့တွေ တော်တော်များများမှာရှိတဲ့ ရွာတွေရဲ့ နာမည်တွေက တော်တော် ဆန်းပြားပါတယ်၊ သိသလောက် ပြောရရင်တော့.. ပြွန်တန်ဆာရွာ (ဘာလဲတော့သိဘူး)၊ ဂွေးချိုရွာ (စားဖူးလို့များလား)၊ ဖုတ်ကုန်းရွာ (ပေါများတဲ့သဘောလား)၊ လင်မသာရွာ (တော်တော်ရိုင်းတဲ့မိန်းမပဲနော်)၊ ဖင်လှန်ကုန်းရွာ (အရှက်မရှိတဲ့သဘောလား)၊ စွပ်ခွရွာ (တော်တော်ကြမ်းပယ့်ပုံ) ဟီးးး ထားလိုက်ပါဗျာ.... သူငယ်ချင်းပို့တဲ့ မေးလ်ထဲကရွာက ဂွေးကြီးရွာတဲ့ဗျ....
အဲ... အဲ့ဒီရွာမှာ ရွာရဲ့ ဓလေ့ပေါ့ဗျာ... ရွာဦးမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိသတဲ့၊ အဲ့ဒီကျောင်းရဲ့ နာမည်က မဟာဗောဓိကျောင်းတဲ့လေ၊ အင်း... မြန်မာတို့ရဲ့ ထုံးစံအတိုင်း မြို့/ရွာ ပညတ်ကိုလိုက်လို့ ပုဂ္ဂိုလ်ကိုပါ တွဲခေါ်တတ်လွန်းတော့ အဲ့ဒီ မဟာဗောဓိကျောင်းက ဘုန်းတော်ကြီးလည်း ကင်ပွန်းတပ်စရာမလိုပဲ ""ဂွေးကြီးဆရာတော်"" ရယ်လို့ နာမည် တွင်လို့နေသတဲ့ဗျာ၊ ကျောင်းထိုင်ဘုန်းကြီးလည်း ဂွေးကြီးဆရာတော်၊ ဂွေးကြီးဆရာတော် ရယ်လို့ ခေါ်ခံရဖန်များတော့.... ရှက်စိတ်တွေဝင်ပြီး အကြံထုတ်လိုက်တာက၊ ""အင်း... မဖြစ်ချေဘူး၊ တစ်ခုခု လုပ်မှပဲ ကုသိုလ်လည်းရ၊ နာမည်လည်းလှအောင် စေတီလေး တစ်ဆူ တည်မယ်"" ဆိုပြီး သူ့ကျောင်းဝင်းထဲမှာ န၀င်းလည်းကျေ၊ အလင်းလည်းဝေတဲ့ ကိုးတောင်ပြည့် စေတီလေးတစ်ဆူ တည်လိုက်သတဲ့၊ အင်း... အဲ့ဒီလိုစေတီလေး တည်လိုက်တော့လည်း ကျောင်းထိုင်ဘုန်းကြီးအတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဆိုသလို.... စေတီတည်ထားပြီးခါမှ ဆရာတော်ရဲ့ နာမည်ဟာ ပိုပြီး ဝေဆာသွားတယ်ဆိုပဲဗျ၊ ဘာတဲ့.... ဂွေးကြီးဆရာတော် ဆိုတာကနေ ""ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်"" လို့ ပညတ် ခေါ်ဝေါ်ကြပြန်သတဲ့လေ၊ အင်း.... အဲ့ဒီတော့ ဘုန်းကြီးလည်း ဘာတတ်နိုင်မှာလည်း သူတို့ပညတ်တာကလည်း ဟုတ်နေတာပဲဆိုပြီး မပြောသာဘူးပေါ့ဗျာ၊ ဒါနဲ့.... ကထိန်ပွဲရာသီ ရောက်လာတော့ ဖင်လှန်ကုန်းရွာ ဘုန်းကြီးကျောင်းရဲ့ ကထိန်ပွဲကို အဲ့ဒီ ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်လည်း ကြွသတဲ့၊ ကထိန်ပွဲပြီးလို့ ရေစက်ချ လှူဒါန်းမှုတွေလည်းပြီးရော ပင့်ထားတဲ့ ဆရာတော်တွေ ပြန်ကြွခါနီးမှာ အဲ့ဒီ ဆရာတော်တွေကို စာရေးတံမဲနှိုက်ပြီး လှူဖွယ်တွေ ဆက်ကပ်လှူဒါန်းမှု ပြုကြတဲ့အခါမှာတော့.... အစီအစဉ် ကြေညာတဲ့လူကလည်း ဟိုဖက်ရွာ ဒီဖက်ရွာကြားအောင် မိုက်ကရိုဖုန်းကိုင် အသံချဲ့စက်နဲ့ အော်တာပေါ့ဗျာ၊ စွပ်ခွဆရာတော် ဗဒေသာပင်ငွေ (၁၀၀၀၀)ပါဘုရား၊ ဖင်လှန်ကုန်း ဆရာတော် ကြာသင်္ကန်းပါဘုရား၊ လင်မသာရွာ ကျောင်းဆရာတော် ထီးပါဘုရား၊ ဖုတ်ကုန်းဆရာတော် ဖိနပ်ပါဘုရား၊ ဂွေးချိုဆရာတော် ယပ်ပါဘုရား၊ ပြွန်တန်ဆာ ဆရာတော် ဆေးပါဘုရားပေါ့ဗျာ... ဒီလိုနဲ့ ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်ရဲ့ အလှည့်လည်းရောက်ရော... ကြေညာသူက အော်တာပေါ့ ထုံးစံအတိုင်း... ""ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား"" ဆိုတော့... အရင်ကတည်းက နာမည်ကို မကြိုက်လို့ စိတ်ညစ်နေတဲ့ ကိုးတောင်ပြည့် ဂွေးကြီး ဆရာတော်ကလည်း စိတ်ကိုမထိန်းနိုင်တော့ဘဲ ""ဟေ.... ဘာကွ"" လို့ အသံကုန် ပြန်အော်လိုက်တဲ့ အခါမှာတော့ ကြေညာသူက ""နှာဘူးမဲပေါက်တာပါဘုရား"" လို့ ပြန်ကြေညာ ပေးလိုက်သတဲ့လေ၊ အဲ့ဒီတော့မှပဲ.... ဆရာတော်လည်း ဟင်းးးးးးးးးးးးး ရယ်လို့ သက်ပြင်းချကာ ကျောင်းသို့ပြန်ကြွခဲ့ရတယ်ဆိုပဲ... သူငယ်ချင်းတို့ရယ်၊
ပြောထားတယ်နော်.... ဟာသလိုပဲ မြင်ပေးပါလို့..............