မင်္ဂလာပါရှင်..............။
ပြည်ထောင်စုနေ့ အမှတ်တရ ချစ်သူမြို့တော် ပြည်ထောင်စုနေ့ အမှတ်တရ ဘလော့စုပေါင်းရေးပွဲကို ဖိတ်ခေါ်ပါတယ်ရှင်....။
“စည်းလုံးခြင်းသည် အင်အား”
တစ်ကွဲတစ်ပြားစီ ဖြစ်နေသော တိုင်းရင်းသား အားလုံးကို တစ်စည်းတစ်လုံးတည်းပေါင်းစည်းနိုင်ခဲ့သော နေ့ထူးနေ့မြတ် ပင်လုံစာချုပ်နှင့်အတူ ဖြစ်ပေါ်လာသော တိုင်းရင်းသားများရဲ့ စည်းလုံးညီညွှတ်ခြင်း ပြည်ထောင်စုနေ့ အမှတ်တရ အဖြစ် တိုင်းရင်းသား ပေါင်းစုံနှင့် ဖွဲ့စည်းထားသော ချစ်သူမြို့တော် ရွှေမြို့တော်မှ ပြည်ထောင်စုနေ့အမှတ်တရ ဘလော့ပို့စ် စုပေါင်းရေးပွဲ ပြုလုပ်သွားမည် ဖြစ်ပါတယ်ရှင်....။
ယခု ဘလော့ပို့စ် စုပေါင်းရေးပွဲမှာ ဘလော့ပို့စ် ရေးပြိုင်ပွဲမဟုတ်ပါ...။ အမှတ်တရ စုပေါင်း ရေးပွဲသာ ဖြစ်ပါသည်...။
ထို့ကြောင့်ဘလော့ပို့စ်များကို မိမိနှစ်သက်ရာ အကြောင်းအရာများဖြစ် ရေးခြယ်သီးကုံးနိုင်ပါတယ်ရှင်..။
သမိုင်းကြောင်း ၊ ဝတ္တုတို၊ ဆောင်းပါး၊ အမှတ်တရနေ့ပျော်ပွဲရွှင်ပွဲ၊ မိမိကြိုက်နှစ်သက်ရာကို ရေးသားနိုင်ပါတယ်ရှင်..။
ခေါင်းစဉ်ကို
ပြည်ထောင်စုနေ့ အမှတ်တရ
ဟု ရေးသားပေးရမှာ ဖြစ်ပါတယ်ရှင်...။
ဘလော့ပို့စ်များကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နောက်ဆုံးထား ပေးပို့၍ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ပြည်ထောင်စုနေ့တွင် ရေးသားထားသော ဘလော့များစုပေါင်းပြီး သီးသန့်စာမျက်နှာဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်....။
ဘလော့များကို ပုံမှန် ဘလော့ပို့စ်တင်သော စာမျက်နှာတွင်သာ တင်သွားရန်ဖြစ်ပါသည်..။
မှတ်ချက်။ ။ ရွှေမြို့တော် အထူးဘလော့ဂါများနှင့် ပုံမှန်ဘလော့ရေးသားသူများ မရေးမနေရ........။ မရေးရင် ပညာပေးမယ်...။
ချစ်သူမြိ့တော်မိသားစု ကိုယ်စား
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်