ကျီးမိုက်နဲ့ကြီးမိုက်
ငှက်ကျီးမိုက်ဆိုတာက သူ့သဘာဝ မိုက်လို့ ကောက်ကျစ်လို့ ယုတ်မာလို့ ကျီးမိုက်လို့ခေါ်တာ....။
လူ ကြီးမိုက်ဆိုတာက ငယ်ငယ်ရွယ်ရွယ် အချိန်တုန်းက ပြောကောင်းဆိုကောင်းနဲ့ လိမ္မာသလို
ရှိပေမဲ့ အသက်နည်းနည်းကြီးလာတော့ ကြီးလာလေလေ လူရည်လည်လာလေနဲ့
လူလည်ပန်ကာဖြစ်ကာ ကျွတ်ဆက်ဆက် ဂျစ်ကန်ကန် ဘုကျကျ မိုက်န်ကန်နဲ့ပြောမကောင်း
ဆိုမကောင်းဖြစ် လာတာကို ကြီး မိုက်လို့ခေါ်တာ ...။
လူဆိုတာ အတ္တတွေကြီးရင့်နေပြီး မာနတွေ ထောင်လျှက် အမြဲ မိုက်နေဖို့
ဗိုလ်ကျနေဖို့မဟုတ်ဘူးလေ...၊ ကိုယ်ချင်းစာတရားတွေ နားလည်မှုတရားတွေ
အမှားအမှန် ဝေဖန်ဆုံးဖြတ်နိုင်တဲံ အသိပညာ တွေနဲ့ အမြဲတမ်း might (မိုက်) နေဖို့
(တန်ခိုးကြီးတဲ့ ကြီးမားတဲ့ ထက်မြတ်တဲ့ စိတ်ထားတွေရှိနေဖို့ပဲ လိုတာလေ.....။
အရှင်သုနန္ဒ (မိုးမြေ)