အပိုင်း(၁)
မွေးဖွားရာအရပ်
နိုင်ငံဆိုတာ..... မွေးဖွားရာအရပ်....
ဘယ်သို့သော အကြောင်းကြောင့်ဖြစ်ဖြစ်
မွေးဖွားလာရာ အရပ်ကို ..
သစ္စာမဖေါက်နဲ့...
လျှာပေါ်မှာ မြတ်ပေါက်သွားပါစေ....
ရောင်းမစားနဲ့...............။
ဘာလို့လဲဆိုတော့...
ဒီမြေပေါ်မှာ မင်းတစ်ယောက်ထဲ
မွေးဖွားလာတာ မဟုတ်ဘူး...............။
မွေးဖွားလာရအရပ်
ငယ်ငယ်က ဘ၀ကို မင်းမှက်မိမှာပါ.....
မင်းထာဝရစွန့်ခွာဝံ့လား...
ချစ်စိတ်မမွေးနိုင်တောင်...
ဖျက်ဆီးဖို့မကြိုးစားနဲ့..................။
မင်းမွေးဖွားရာအရပ်ဟာ....
သုခဘုံဖြစ်ဖြစ်
ဒုက္ခဘုံဖြစ်ဖြစ်
မင်းခေါင်းငုံ့ပြီး
မွေးဖွားလာရာအရပ်ကို အလှဆင်...
လူကောင်းတိုင်း.....
ပြဿနာမရှိဘူးလို့
မင်းကိုဘယ်သူအာမခံလို့လဲ...
မင်းလုပ်ဖို့က...
ကိုယ်ဥာဏ်စွမ်းရှိရှိ
အလှဆင်ဖို့..........................။
(၀စီပိတ်ဆရာတော်)
အပိုင်း(၂)
မြူနှင်းမိုးတွေ တစ်ဖျောက်ဖျောက် တစ်သုံသုံစွေတက်သော အောင်လံမြို့၏ ဆောင်း
သည်ပင် တစ်ကျော့တစ်လီ ပြန်ရောက်လာလေပြီ။ ပြတင်းပေါက်မှ မြင်နေရသော သစ်ကိုင်း
သစ်ရွက် သစ်ခက်များပေါ်မှ မိုးနှင်းရည်တွေ တပေါက်ပေါက်ကြွေကျနေပုံကို ကြည့်ရခြင်းသည်
လွမ်းမောစရာပင်။ မှိုင်းပြပြနှင့်မြင်နေရသော နှင်းမှုံနှင်းမွှားကလေးများက ဇာပုဝါအဖြူပါးပါးလေး
နှင့် ကာရံထားသလို။
အိမ်ရှေ့မျက်နှာစာမှ စိုက်ပျိးထားသော ပန်းဝတ်မှုံလေးများပေါ်သို့ ကြွေကျလာသော နှင်း
ရည်နှင်းပါက်ကလေးများက ကြည်လင်ပြာလဲ့နေပြီး နေရောင်ခြည်အနည်းငယ် ဖြာကျလာသော
အခါ ပို၍တောက်ပါလာပြီး ပုလဲရည်လေးများ ပတ်ဖြန်းထားသလို ရှိနေသည်ဟုဦမှက်ကြီး တစ်
ယောက်စိတ်ကူးယဉ်နေမိသည်။
သည်ရာသီက စိတ်ကူးယဉ်၍ အလွန်ကောင်းသည်၊ လှသည်၊ ဆန်းသည်၊ လွမ်းဖွယ်ပင်
ညို့ညို့ကလေးရှိနေသည်။ ပြတင်းပေါက်မှတဆင့် အာရုံနံနက်ခင်း၏ ဆောင်းရာသီ၏ အလှကို
အားရအောင်ခံစားပြိးနောက် ဦမှက်ကြီး၏စိတ်ထဲတွင် ပေါ့ပါးလန်းဆန်းသွားသလို ခံစားရသည်။
အိမ်ပေါ်ထပ်တွင် အ၀တ်စားလဲလိုက်သည်။ အင်္ကျီတွေကို ကြီုးတန်းမှာ ကိုင်းချိတ်နှင့်
ချိတ်ထားလိုက်သည်။ ပုဆိုးကိုတော့ ခုတက်ခြေရင်းတွင် ဖြန့်လွှားထားခဲ့သည်။
အောက်ထပ်ကိုဆင်းလာခဲ့ပြိ ပီယာနိုခုံပေါ်တွင် ထိုင်လိုက်ပြီး အံဖုံးကိုဖွင့်ကာ အ
သံစမ်းလိုက်သည်။ အသံစမ်း၍ ဆရာတင်၏ နံ့သာမြိုင်သီချင်းကို တီးခက်လိုက်သည်။
-- ပန်းပေါင်းစုံညီ ဝေေ၀စီစီ မြိုင်တောမဟီ..........
-- ဆီးနှင်းဖုံးလို့ မှိုင်းရီရီ . ကိုယ်ချမ်းလို့ မေ့ကိုတမ်းတမိသည်........................
ဆရာတင်၏ရေးသားမှုက ရသမြောက်လှသည်၊ ဆောင်းရာသီ၏ အာရုံနံနက်ခင်းနှင့်
လိုက်ဖက်သလို ဦးမှက်ကြီးကိုယ်တိုင်လည်း သီိဆိုတီးခက်နေရင်း သဇင်၊ ခွာညို၊ ခက်တာ၊ဂမုန်း
အင်းကြင်း၊ သရဖီနှင့်၊ နှင်းဆီပန်းတွေစုံညီနေသော ပန်းဥယျာဉ်မြိုင်ကြီး အလယ်သို့ ရောက်ရှိ
သွားသလို ခံစားလိုက်ရသည်။
--ကျားသစ်ဆင်တွေ သမင် ဒရယ်နဲ့ အညီ.........
--ကျားသစ်ဆင်တွေ သမင် ဒရယ်နဲ့ အညီ.........
--ပေါသည်.........ဟေ၀န်တောင်တန်းဆီ...................................
တောမြိုင်အတွင်းဝယ် မြူးထူးဆော့ကစား သွားလာနေကြသော တိရိစ္ဆာန်များကို သီဆို
နေရင်း အာရုံထဲပေါ်လာသည်။
--နံ့သာမြိုင်အတွင်းဝယ် စိတ်အေးကြည် ...................
--ရေတံခွန်နားမယ် ... ဥသြငှက်တွေ လက်ချင်းတွဲယှက်သည်..................
--သင်းရနံ့မြိုင်ဆီ မေလိုက်ခဲ့စေချင်သည် ...............
ဦးမှက်ကြီး တွေးမိလိုက်သည် ဟုတ်ပါ့ ဒီလောက်ပန်းမျိုးစုံပေါ၊ ရေတံခွန်တွေနဲ့၊ စိမ့်စမ်း
ရေအေးအေးလေးတွေ၊ သင်းသင်းကြီုင်နေတဲ့ ပန်းရနံ့တွေရှီတဲ့နေရာကို ဘယ်သူကများ ကိုယ်
ချစ်သူကို မခေါ်ဘဲ နေချင်ပါအံ့နည်း။
-- တောတန်း ကလေးက မညီးတော့သည် ဒေါင်းအိုးဝေသံမည်..............
--နက်ကုဏ္တလာကန်တွင် ဖန်တိးတော့သည် စိမ့်ကြီးမြိုင်ယံဆီ.................
သဟာယဆရာတင်က ဦးမှက်ကြီးကို သီချင်းနှင့်အတူ ခေါ်ဆောင်သွားသည်။
-- ဖွဲ့ဖွဲ့နွဲ့နွဲ့ လဲ့လဲ့ရီ ကျေးငှက်သံစုံချီ ရွှင်မြူးဖွယ် စုံညီ ရဂုံတွင်းသင်းကြည်............
--ဇီဇ၀ါ ဖူးတံချီ ပန်းသော်က ဒေါနနှင်းဆီ လေယူရာမွှေးကြိုင်သည်
-- အသဲထဲလှိုက်ဖိုပြီ ............................
ဆရာတင်၏ အနုပညာ အစွမ်းကြောင့် ပန်းပေါင်းစုံများ၏ ရနံ့ကို ဦးမှက်ကြီးတစ်ယောက်
ခြုံငုံပြီ ရူရှိုက်မိလိုက်သည်။
-- စိမ်းညီု့မှိုင်းတဲ့တောင်တန်းကြီးမှာ ခတ္တာ ဇလပ်နဲ့ ရွှေသရဖီ
--ပန်းဝါဆိုမှီ ခူးဖို့ကောင်းတဲ့ မြိုင်တောဆီ .................
--နံ့သာမြိုင်အတွင်းဝယ် စိတ်အေးကြည် ရေတံခွန်နားမယ် ဥသြငှက်တွေ
-- လက်ခြင်းတွဲ ယှက်သည်...................။
သီချင်းလေးကတော့ ဆုံးသွားပြီ။ ဦမှက်ကြီး၏ စိတ်အာရုံက သဟာယဆရာတင်၏
နံ့သာမြိုင်ဥယျာဉ်အတွင်းမှ ရုံးမထွက်နိုင်သေး....
သံယောဇဉ်တွယ်ရစ်နေမိသည်၊ ပန်းပေါင်းစုံ၏ ရနံ့ကိုမွှေကြူနေမိသည်၊ တောတန်းလေး
အတွင်းမှ ပျံ့လွင့်လာသော အိုးဝေအိုးဝေဟု သီကြူးနေသော ဒေါင်းပျီုလေး၏အသံကို သာယာ
စွာနားသောတဆင်နေမိသည်၊
မိမိတစ်ဥိးတည်း ဥယျာဉ်အတွင်းမှ ကျေးငှက်တိရစ္ဆာန်များနှင့် ပျော်မြူးနေစဉ်......
အနိဋ္ဌာရုံအသံတစ်ခုက ဦးမှက်ကြီး၏အလှကမ္ဘာကလေးကို ဖျက်ဆီးပစ်လိုက်သည်။
သူငယ်ချင်းတို့ရဲ့ဘ၀မှာ ဆယ်စက္ကန့် အရူးထဘူးလား
အလို....ထူးဆန်းအံ့သြဖွယ် ကောင်းပေစွ .. အဘယ်ကဲ့သို့သော မေးခွန်းတွေပါနည်း..
မကြာလိုက်.... နောက်တစ်ခုထွတ်ပေါ်လာပြန်သည်......
အနောက်ဘက်ပိုင်းကတော့ သိပ်မကြည် ငါ့နာမည်က တောဂေါ်လီ ...
အိုးလေးလှုပ်ပါဟေ့ အိုးလေးလှုပ်ဟေ့ ကောင်မလေးတွေ...........
ဟိုက်.....နာမည်တွေကလည်း ကဗျာဆန်ပေစွ.......စာသားတွေကလည်း နှုးညံ့သိမ်မွေ့
လှသည်၊နောက်တစ်ပုဒ်ထွတ်ပေါ်လာပြန်သည်....
မင်းစောက်ခွက်ကြီးရာသီလာသွားမယ်.....
သီကြူးပုံက ကြည်နူးစရာ ကောင်းလှသည် မျက်နှာကို ဆယ်နှစ်ရာသီ ဖူးပွင့်နေသော ပန်း
များနှင့်တင်စားသွားသည်၊
သူ့ကိုယ်သူ အမှန်လေးပါပဲ ခုတော့အမှေးလန်နေပြီ.......
မြန်မာမိန်းကလေးတစ်ယောက်ကို တင်စားပြီးဖွဲ့နွဲ့ပုံက ယဉ်းကျေးသိပ်မွေ့လှသည်...
ကဲသာကဲ ဟေ့ကောင်မလေး မင်းကိုစွဲမှာဘဲ...........
ရို့ရို့
အို့အို့
အာဟ
ဝတ်အူ ၀တ်အူ
အာမေဋ္ဋိတ်သံများက စံပါယ်ကုံးများသဖွယ် လှပစွာသီကုန်းထားကြသည်
ဒီမှာ တင်းတယ် တင်းတယ် တင်းတယ်တင်းတယ်ဟေ့ ........
လူမသိ သူမသိ ငါမှာတစ်ယောက်ထဲ ခက်ကွာ......................
မိန်းမပျိုလေး၏ သီဆိုပုံက အဓိပ္ပာယ်ကြွယ်ဝလှသည်၊ နက်ရှိုင်းလှသည်၊
အာဖျံကွိးပဲ
မိုးမမြင်လေမမြင်
ဟုနာမည်ပေးထားပုံက ဗဟုသုတကြွယ်ဝလှသည်....
သီချင်းသံငြိမ်ြ့ငိမ့်ညောင်းညောင်းလေးများကို နားထောက်ရင်း ဦးမှက်ကြီးတစ်ယောက် ခေတ်သစ်
လူငယ် အနုပညာရှင်များ၏ ပညာအစွမ်းကို နှစ်ထောင်းအားရကျေနပ်မိသည်။ ဒီလိုအနုအညာ
ရှင်မျီုးတွေ ပေါ်ပေါက်လာတာကိုလည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနှင့် ဂုဏ်ယူမိလိုက်
သည်။
သီချင်းတွေကို အမှက်မထင်နားထောက်မိရင်း သီချင်းစာသားများက ဦးမှက်ကြီးကို ညှင်
ညှင်သာသာနှင့် သားသက်ဥယျာဉ်သို့ ပို့ဆောင်ပေးလိုက်သည်။
နူးညံ့သိမ်မွေ့စွာပင် ဦးမှက်ကြီးတစ်ယောက် ဓားမြမြကလေးနှင့် ကိုယ်တိုင် ကျွဲ၊ နွား၊
ဆိတ်၊ ၀တ်များ၏လည်ကို ညှင်သာဖြေးညှင်းစွာ မိုးမမြင် လေမမြင် လှီးဖြတ်နေမိသည်.......
သီချင်းသံက ပြီးသွားပေမဲ့ ခုတ်ထစ်မှုက မပြီးနိုင်သေး................
ဇာတိမာန်(အောင်လံ)