ကျွန်တော်ဆက်မပြေးချင်တော့ အမောလဲတော်တော်ဖေါက်နေပြီ ။ ကိုယ့်ကိုကျော်တက်သွားသူများလည်းမနဲတော့ ။
ခြေလှမ်းကိုရပ်ပြစ်ဖို့ စိတ်ကူးပြန်တော့လဲသူငယ်ချင်း သန်းထိုက် နှင့်ဝင်းကိုပြောစကားကနားထဲပြန်ဝင်လာသည်။
ဟေ့ကောင် မောင်မောင် မင်းအရည်အချင်းနဲ့  ပထမ ဒုတိယ.မရဘူး ဆိုတာတော့ ငါတို့ သိတယ် ။ဒါပေမဲ့
ပန်းဝင်အောင်ပြေးမယ်ဆိုတဲ့  ဂတိတော့ ပေးကွာ ။ဘယ်လိုလဲ ပန်းဝင်အောင်ပြေးနိုင်ရင် မင်းကြိုက်တဲ့ 
ကြေးအိုး စိတ်ကြိုက်အ၀စား ငါတို့ တာဝန်ယူတယ် ။
တစ်ခုခု လုပ်ချင်လျှင် တဇောက်ကမ်းလုပ်တတ်သော ကျွန်တော်က ။
အေး မင်းတို့ ဂတိတည်ပါစေနော် ။
ကောင်းပြီ ငါတို့ ပန်းဝင်မဲ့ နေရာကနေစောင့်နေမယ် မင်းလမ်းတ၀က်ကထွက်ပြီးမပြန်ရဘူးနော် ။
စိတ်ချပါကွမောင်မောင်ပါ မဖြစ်ဘူးဆိုတာမရှိစေရဘူး ။ မင်းတို့ သာစောင့်နေကြ ။
ကျွန်တော် အံကြိတ်ပြီးဆက်ပြေးနေလိုက်သည် ။နောက်ကိုလှည့်ကြည့်လိုက်တော့ကျွန်တော့်လိုပင် ။
ပြေးနေသူများရှိသေးသည်။ရှေ့ မှ ကျွန်တော်နှင့် ၃ လှမ်းအကွာလောက်တွင်ရှိသော အကိုတယောက်နောက်မှ ။
ထပ်ချပ်မကွာလိုက်နေမိသည် ။ ချွေးကလဲ တကိုယ်လုံး ရွှဲစိုနေပြီ ။လက်ကနာရီကိုကြည့်လိုက်တော့ ။
ပြေးချိန်တစ်နာရီပြည့်တော့မည် ။ တကယ်လေ့ကျင့်ထားသောအပြေးသမားတစ်ဦးအဖို့ ဤအကွာအဝေးသည် ။
မိနစ် ၄၀ လောက်နှင့်ပန်းဝင် ပြီဖြစ်သည် ။ရှေ့ မှအကိုက ကျွန်တော့်ကို လှည့်ကြည့်ပြီး ။
ညီလေးဇွဲမလျော့နဲ့  ပန်းဝင်အောင်ပြေးနော် ။
ကျွန်တော်ခေါင်း ညိတ် ပြလိုက်သည် ။ တဖြေးဖြေး နှင့်ရှေ့ မှအကိုသည် ကျွန်တော်နှင့်အလှမ်းဝေးသွားပြီး ။
မြင်ကွင်းမှပျောက်သွားသည်။ နောက်ကိုလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းတွင် ၄ ၅ ဦးခန်ု့ ပြေးလိုက်လာနေသည်ကိုတွေ့ ရသည်။
ပြေးချိန် တစ် နာရီကျော်ကျော် ကြာလာပြီဖြစ်သဖြင့် ခြေလှမ်းများလဲလေးလာပြီ ချွေးကလဲ မတရားထွက်သဖြင့် အာခေါင်ခြောက်ပြီး။
ရေကလဲငတ်လာသည် ။ထိုအခိုက် ကျွန်တော်တို့  မာရသွန်အပြေးသမားများကို လိုက်ပါစောင့်ရှေက်ပေးနေသော ။
ဦးလေးကြီး တစ်ဦးစက်ဘီး နှင့်ရောက်လာပြီး ရေပုလင်းကိုလှမ်းပေးရင်း ။
ရော့ငါ့တူ အများကြီးမသောက်နဲ့ နော် အာစွတ်ယုံပဲသောက် ဇွဲ မလျော့နဲ့  နော် ပန်းဝင်အောင်ပြေး ။
မင်းနောက်မှာ ၅ ယောက်တောင်ရှိသေးတယ် သိလား ။
ကျွန်တော်ခေါင်းညိတ်ပြရင်းအားတင်းလိုက်သည် ။နောက်မှ ၅ ယောက်ကိုတော့ ကျော်တက်ခံလို့  မဖြစ်တော့။
ပြေးလမ်းကိုသာစိုက်ကြည့်ပြီး ခြေလှမ်းမှန်မှန် နှင့် ဆက်ပြေးနေလိုက်သည် ဤသို့ ဖြင့်တစ်နာရီခွဲ ကျော်ကျော် လောက်တွင်။
ရှေ့ မှာပန်းဝင်မည့်နေရာနှင့် ပန်းဝင်လာသော လူများကို လက်ခုတ် လက်ဝါးတီးပြီးအော်ဟစ် ကြိုဆိုနေသော။
လူအုပ်စုကြီးကို တွေ့ လိုက်ရသည် ။ကျွန်တော်ပျော်သွားပြီး အားတက်သရော ပြေးနေမိသည် ။ထိုအခိုက် ။
ဟေး မောင်မောင် ဟုတ်ပြီ ပြေးထားကွဒါမှငါတို့ သူငယ်ချင်း ။
သန်းထိုက်နှင့်ဝင်းကို တို့ ၏ အော်ဟစ်သံများကို ကြားလိုက်ရသည် ။
ကျွန်တော် ပန်းဝင်ပြီဖြစ်သည် လာကြည့်ကြသောပရိတ်သတ်များကလဲ လက်ခုတ်တီးပြီး အားပေးကြသည်။
ပထမ ဒုတိယ တတိယ ရသောအကိုများနှင့်အတူကျွန်တော့် ကိုဇွဲမလျော့နဲ့ ညီလေးဟုပြောသွားသော ။
အကိုကလည်းလာနှုတ်ဆက်သည် ။ ကျွန်တော်ပျော်လိုက်သည့်ဖြစ်ခြင်း ။မောတာတွေလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
သန်းထိုက်ပေး သောရေပုလင်းကို ယူပြီး စိတ်ရှိလက်ရှိမော့သောက်လိုက်သည် ။ရေသောက်ပြီးပေမဲ့ 
ကျွန်တော့်တာဝန်မပြီးသေး ကျွန်တော့်ရှေ့ မှပန်းဝင်သူများကြိုဆိုသလို ကျွန်တော့်နောက်မှ ပန်းဝင်လာသူများကိုလည်း။
ကြိုဆိုရပါဦးမည် ။ ခဏ အကြာ ၄င်း သူငယ် ၅ ယောက်လည်း ရှေ့ ဆင့်နောက်ဆင့်ဆိုသလို ပန်းဝင်လာကြသည် ။
သူတို့ အားလုံးအား ပြိုင်ပွဲကျင်းပပေးသောလူကြီးများ ပ ။ ဒု ။ တ ရသူများ ပန်းဝင်ခဲ့ ကြသူအားလုံးက ၀မ်းပမ်းတသာ
ကြိုဆိုကြသည် ။လက်ကိုဆွဲ ပခုံးကိုဖက်ပြီး ချီးကျူးကြသည် ။ ဤ မြင်ကွင်းကိုကြည့်ပြီး ကျွန်တော်အရမ်းပျော်နေမိသည်။
ကျွန်တော်လည်းသူတို့ ကိုသွားပြီး နှုတ်ဆက်လိုက်သည် ။အားလုံး လူ ၂၀၀ ကျော်ပြေးသော မာရသွန်ပြိုင် ပွဲတွင် ။
လူ ၆၀ သာပန်းဝင် သည်။ ပ ။ ဒု ။တ ရသူများအား အထူးဆုများပေးပြီး ကျန်သူများအားလုံးကို ဒိုင်လူကြိးများက။
ဇွဲဆုအဖြစ် လက်ဆောင်တစ်ခုစီပေးသည် ။ ကျွန်တော်ရသောဆုကို ဖွင့်ကြည့်လိုက်တော့ စားပွဲတင်နာရီလေးတစ်လုံး ။
ဤ နာရီလေးအားကြည့်ပြီး ကျွန်တော်စဉ်းစားနေမိသည် ။ ပ ။ဒု ။တ ။ ရခဲ့ ကြသူများသည် အချိန်ကုန်ခံကာ ။
ကျိုးစားပမ်းစားလေ့ကျင့်ခဲ့ကြသည့် တကယ့် မာရသွန်အပြေးသမားများဖြစ်သည် ။ ကျွန်တော်တို့ ကတော့ ။
လေ့ကျင့်မှုမရှိပဲ အပျော်သဘောဝင်ပြိုင် ခဲ့ကြခြင်းဖြစ်သည် ။သို့ သော် မလျော့သောလုံ့ လနှင့်ကျိုးစားခဲ့သောဇွဲဆုကိုတော့။
ကျွန်တော်ရရှိခဲ့သည် ။မည်သို့ ပင်ဖြစ်စေကာမူ ပြည်တောင်စုနေ့ အကြို မာရသွန်ပြိုင်ပွဲ ကြီးအပြီးတွင် ။
ကျွန်တော်တွေးမိခဲ့ သည့်အတွေးတစ ကတော့ ။
ပြိုင်ပွဲပြုလုပ်ပေးသော ဒိုင်လူကြီးများ၏ ရိုးသားပွင့်လင်းသော ကူညီဖေးမတတ်သော ခေါင်းဆောင်ကောင်းတို့ ၏စိတ်ဓါတ်။
ပ ။ ဒု ။တ ။ ရသူများဟုမာနမကြီးပဲ ကိုယ့်နောက်မှပန်းဝင်လာသူများကို ကြိုဆိုအားပေးတတ်သောညီအကိုမောင်နှမစိတ်ဓါတ်။
မည်သု့ ကိုမဆို ပန်းဝင်လာသူများအား အားပေးခဲ့ ကြသော ပရိတ်သတ်များ ၏စိတ်ဓါတ် ။
ပန်းဝင်အောင်ပြေးခဲ့ကြသော ကျွန်တော်တို့ ကဲ့သို့ ဇွဲဆုရသူများ၏ရင်ထဲမှာတော့ ။
ဤကဲ့သို့ ရိုးသားပွင့်လင်းစွာအားပေးတတ် ဖေးမတတ် ကူညီတတ်သူများနှင့်ဆိုလျှင်
မပြီးဆုံးသေးသော ဘ၀ မာရသွန်ပြိုင်ပွဲကြီးပင် ဖြစ်စေကာမူမလျော့သောဇွဲ လုံ့ လနှင့်ပန်းတိုင်ရောက်အောင်ဆက်လက်ပြေးနေဦးမည်သာဖြစ်ပါတော့သည် ။။။။။။။။။
ရွှေမြို့ တော်မှ အက်ဒမင်များ ဘလောက်ဂါများ မန်ဘာများ ကွန်မန်းပေးပြီး အားပေးတတ်သော။
သူငယ်ချင်းများအားလုံးကိုရည်ညွှန်းလျှက် ပြည်ထောင်စုနေ့ အမှတ်တရအဖြစ် ။
စည်းလုံးညီညွတ်မှုကိုဖေါ်ကျူး သော ဤ ဘလောက်လေးကို ရေးသားးလိုက်ရပါသည် ။။။။။။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်