နိဒါန်း.....
“ဘယ်ဆီကိုမင်းရောက်နေလဲ...ဘာတွေကိုမင်းလုပ်နေလဲ...”
ဂစ်တာသံသဲသဲနှင့် အသံလေးကသြရှရှ..။လေးဖြူအသံနှင့်မတူပေမယ့် တစ်မျိုးတော့နားထောင်ကောင်းသည်..။ဂစ်တာတီးနေသူကလည်း သန့်သန့်ပြန့်ပြန့်..။ဒီခောတ်စကားနဲ့ပြောရရင်..အလန်း
ဇယားလို့ပြောရမယ်ထင်ပါရဲ့..။ဒါပေမယ့် ..သူရဲ့မျက်ဝန်းတွေက မျက်ရည်တွေနဲ့ပြည့်သိပ်နေလေရဲ့...။
အဲ့ဒီကောင်လေးရဲ့ဘေးမှာ လက်ကိုင်ပ၀ါလေးက တလွင့်လွင့်...။လက်ကိုင်ပ၀ါလေးရဲ့ ထောင့်လေးမှာက “့your honey spp” လို့ထိုးထားတယ်...။နောက်အဲ့ဒီဘေးမှာ အတော့်ကိုလှပသော ၊Romatic
ဆန်သော...၊လိုချင်ဖွယ်အတိဖြစ်သော စသော သောပေါင်းများစွာဖြင့် ပြည့်စုံသာ မိန်းမစီးဖိနပ်တစ်ရံ..။ထိုဂစ်တာတစ်လက်၊မျက်ရည်များဖြင့်ပြည့်နက်နေသောကြေကွဲစရာမျက်ဝန်း..၊လက်ကိုင်ပ၀ါအဖြူ
တစ်ထည်..၊လှပသောဖိနပ်တစ်ရံနှင့်အတူရှိနေသော ကောင်လေးသည်ခြုံကြည့်ရလျှင် ကဗျာဆန်နေသလားမပြောတတ်ပေ...။
သို့သော်..သူရဲ့အကြောင်းကမူ တော့်တော့်ကိုကဗျာဆန်လေသည်..။သူနှင့်ပတ်သက်သောကဗျာတစ်ပုဒ်မှာ ရင်ခုန်မှုနှင့်အစပြုခဲပြီး ပျော်ရွင်မှု၊တောက်ပမှု၊မြတ်နိုးမှု..စသောအရာတို့နှင့်အဆုံးသတ်
လိမ့်မည်ဟုထင်ရသော်လည်း ကဗျာဆရာ၏လှပသေသပ်စွာလှည့်စားမှုကြောင့် လွန်စွာမှနူးညံ့သိမ်မွေ့လှသော မျက်ရည်များစွာကိုထုတ်ပေးနိုင်သည့်အလွမ်းဆိုသော ကြေကွဲခြင်းများဖြင့် အဆုံးသတ်ခဲ့
လေသည်..။ကဗျာဆရာကအဆုံးသတ်လိုက်သောကဗျာသည် မပြီးဆုံးသေးဘဲ..ကောင်လေးကဆက်ရေးနေခဲ့ပါသတဲ့...။အဲ့ဒီကဗျာလေးက ဘာကာရန်မှမပါဘဲ စကားလုံးတိုင်းဟာ မျက်ရည်တွေနဲ့ပဲ..
သီကုံးဖွဲ့သီထားတာဆိုတော့ ဒီကဗျာကိုကောင်မလေးသာ ဖတ်ခဲ့မိရင် ကောင်မလေ့းလည်း..အဲ့ဒီကဗျာလေးကိုသူ့ရဲ့လှပတဲ့မျက်ရည်တွေနဲ့ဆက်ရေးနေဦးမှာ အမှန်ပါပဲ....။
*****************************************************************************************
(၁)
လေပြေကလေးတစ်ချက်ဝေ့လိုက်စဉ် ဖူးပွင့်နေသောပန်းကလေးကြွေကျသွားလေသည်..။
ချစ်သူရယ်.......။
မင်းသာပန်းလေးတစ်ပွင့်တ စ်ပွင့်ဆိုရင် ကိုယ်ပြောတဲ့စကားလုံးတိုင်းဟာ လေပြည်လေးဖြစ်လိုက်ချင်ရဲ့ကွယ်.
..။မင်းရဲ့စိတ်တွေ ပန်းပွင့်ကလေးလိုကြွေဆင်းလာအောင်လို့လေ..။မင်းနဲ့ကိုယ် မဖြစ်နိုင်မှန်းသိ
လျက်နဲ့ချစ်နေမိတယ်လေ...။
ကိုယ်တွေးနေတုန်းမှာပဲ...နားထဲကိုသံရေပူတွေလောင်းထည့်လိုက်ပြန်တယ်..ချစ်သူရေ...။
“မင်းတို့သင်တန်းမှာ မိုးမြင့်ရဲ့ သမီး ရွှန်းဖြူဖွေးဆိုတာရှိတာ...”
“ ဘယ်သူသမီးလဲတော့မသိဘူး...ဒါပေမယ့် သူလေးကတော့ရှိတယ်..ဒက်ဒီ..နောက်ပြီး သူကအချောဆုံး...”
“ တော်တန်တိတ်...”
ကျွန်တော်စိတ်ထဲကတော့ “အကြော်ပန်းကန်ဖိတ်..” ဆိုပြီးလိုက်ပြောင်လိုက်မိတယ်..။အဟဲ..။
“ဘာအဟဲလဲ...အဲ့ဒီကောင်မလေးနဲ့ ကင်းကင်းနေပါ..ဒါပဲ...“
“ဟာ..မရပါဘူး...ကျွန်တော်ကချိန်နေတာ ဒက်ဒီရ....”
“မင်းဘာသာမင်းချိန်ချိန် မချိန်ချိန် သူနဲ့မပတ်သက်ရဘူး...ဒါပဲ...မချစ်ရဘူး...မကြိုက်ရဘူး...ကွာ...”
ထိုသို့အဖေပြောစဉ်ကနားမလည်..။သိုသော့် မာမှပြောမှသိ၇တာက ဒက်ဒီနဲ့ ချစ်သူလေးရဲ့ အဖေက ငယ်ငယ်ကတည်းကပြိုင်ဘက်ဆိုလားပဲ..။တို့ကြောင့် အဖေများသာမက အမေများကပါ
ပြိုင်ဖက်တဲ့ဗျာ...။ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်ကလည်း ပြိုင်ဖက်ဖြစ်ကြလေသတည်း..တဲ့ဗျာ..။
ကျွန်တော်ကမပြိုင်ချင်ပါဘူ.း..။ဆုံချင်တာ...။ဘာလို့လဲလို့မမေးပါနဲ့ဗျာ...။ကျွန်တော့်ရင်ဘတ်ထဲက ...အဲ့ ကျွန်တော်တစ်ကိုယ်လုံးက သူ့ကိုသိပ်ချစ်လို့ပါပဲ...။
ရွှန်းဖြူဖွေးဆိုတဲ့ကောင်မလေးရေ...။
ဘယ်သူတွေဘာပြောပြော..ငါကတော့မင်းကိုသိပ်ချစ်တယ်...။
မင်းလည်း ငါ့ကို ပြန်ချစ်ပါ..နော့..။
*********************************************************************
(၂)
“ဟဲ..ဖြူဖွေး..ဟိုမှာနင့်ကို ဇွဲမာန် ကြည့်နေတယ်ဟဲ့...ပိုးစိုးပက်စက်ကိုကြည့်နေတာနော်..သရေတောင်ကျမလားအောင့်မတ်ရတယ်ဟယ်..အမလေး..ဟီးဟီး..ခစ်ခစ်...”
“မိန်းမနော်..နီနီ..နင်ဟာလေ..သူ့ကြည့်ကြည့်ပေါ့..ငါနဲ့ဘာဆိုင်တာကျလို့..”
“အံမယ်..မိန်းမနော်..နောင်ကျမှ ဆိုင်လာမယ်နော...ဟင်းဟင်း...”
“ဟွန်း..မဆိုင်စေရဘူး...ငါ့အဖေကပြောတယ်..ဦးဇွဲအောင်ရဲ့ သားကိုယောင်လို့တောင်လှည့်မကြည့်နဲ့တဲ့...သူအခုလိုငါကိုကြည့်နေတာက ဟန်ဆောင်နေတာဖြစ်မှာပေါ့ဟယ်...နင်သိတယ်မဟုတ်
လား..ရုပ်ရှင်တွေထဲလိုလေ..ငါ့ကိုကြိုက်ဟန်ဆောင် ငါကပြန်ကြိုက် နောက်ငါ့အသည်းတွေကိုခွဲသွား...အမလေး..သူ့အဖေခိုင်းထားတာနေမှာပါ..ဂရုမစိုက်နဲ့ ဂရုမစိုက်နဲ့...”
“အလဲ့..ကြိုသိနေတာလား..သူကခန့်တယ်နော်...နင်နဲ့ဆိုရင်..စိန်နှင့်မြ sweety home ..အဲ့...”
“အမလေး..နီနီ..ဘာကမွေ့ယာတွေပါလာရတာတုန်း...စိန်နဲ့မြမဟုတ်ပါဘူး...နေနဲ့လ ရွေနဲ့မြ..လုပ်စမ်းပါ...ဒါနဲ့နီနီ..နင်ယူလိုက်ပါလား သူ့ကို နင်နဲ့လည်းအလိုက်ပါဘဲ...”
“ယူချင်တာပေါ့ဟယ်..ဒါပေမယ့် သူက နင့်ပဲကြိုက်တာလေ..သိလား..”
“တော်တော်..မပြောနဲ့တော့...အဲ့ နင်ရယ်ငါရယ်..မုန့်ဟင်းခါးအစားပြိုင်မလား..”
“အံမယ်..စိန်လိုက်လေ...”
“ကဲ..ဒါဆိုစမယ်...သုံးပွဲစီအရင်မှာလိုက်...”
|
|
|
ရွန်းတို့နှစ်ယောက်စကားပြတ်သွား
ပြီး မုန့်ဟင်းခါးကိုအပြိုင်အဆိုင်စားနေကြရာ.သူကိုတဒင်္ဂဂမေ့သွားခဲ့လေသည်..။အကြာကြီးတော့ဘယ်မေ့ပါ့မလဲ..။
“ဟဲ့ ဖြူဖွေး နင်ရှုံးတယ်နော်..ငါကနောက်တစ်ပွဲထပ်မှာတာဆိုတော့ နင့်ထက်တစ်ပွဲသာတယ်..ဟဲဟဲ...နင်ဝန်ခံလိုက်စမ်းပါ...ကဲ..ပိုက်ဆံအိတ်လေးထုတ်လိုက်ပါဦးရှင်..”
“အစားပုတ်မ..ရှင်းမယ်..ရှင်းမယ်...ဟွန်း”
“ဟဲ့နီနီ...ငါ့ပိုက်ဆံအိတ်က ကားထဲမှာထင်တယ်...ဘယ်လိုလုပ်မလဲ...နင့်မှာပါတယ်မဟုတ်လား...”
“နင်ကတော့လေ..ဟွန်း..ငါ့မှာ ဗိုက်တွေအင့်နေတာတောင် နင့်ကိုနိုင်ချင်လို့အတင်းမြိုဆိုထားရတာ..အခုတော့ငါကရှင်းရမှာတဲ့..အဟင့်...”
နီနီအသံ ကျယ်သွားသောကြောင့် ဆိုင်ထဲကလူတွေကျွန်မတို့ကို လှည်ကြည့်လာကြတယ်..။အဲ့ဒီနီနီဟာလေ..သူ့မိဘတွေချမ်းသာသလောက် အသေအကျေကပ်စီးကပ်မပဲ..။ဒါကြောင့် သူများတွေက သူ့ကို မကပ်စီးလို့ခေါ်တာ..ဟွန်း..။ထိုစဉ်...
“အစ်မ...အစ်မ..”
”ခေါ်နေပြီနော်..ဖြူဖွေး...နင်ရှင်းရမယ်နော်..”
“အေးပါဟယ်....ဒီမှာညစ်နေရတဲ့အထဲ..တကတည်းမ..”
“ဟို အစ်မတို့ဝိုင်းကို ရှင်းသွားပြီခင်ဗျ...”
အမလေး...နီနီဝမ်းသာသွားလိုက်ပုံများ..ထခုန်မတတ်...။ ထခုန်ချင်တာကို မနဲချုပ်ထိန်းထားရတဲ့မျက်နှာနဲ့ ကပ်စီးကုပ်မ စပ်စုမ နီနီက ကောင်လေးကိုထပ်မေးလိုက်တယ်..။
“ဘယ်သူရှင်းသွားတာလဲ..မောင်လေး...”
“ဟို..ပြိုင်ကားအမိုးပွင့်အနီရောင်စီးတဲ့ အစ်ကိုပါ..”
“ဟယ်..ဇွဲမာန်တော့....ဖြူဖွေး...ဟဲဟဲ..စလာပြီနော်...”
“ကပ်စီးမနော်....မိန်းမ..”
“ကျေးဇူးပဲမောင်လေး....သွားစို့နီနီ..ငါဖိနပ်သွားဝယ်မလို့ လိုက်ဦးမလား...”
“ဘာ..အမလေး နင့်မလဲ..၀ယ်လိုက်ရတဲ့ဖိနပ်..အရန်(၅၀)ကျော်နေပြီလေ...နင်ဝယ်တာက nonstop ပဲ...ဖိနပ်သေလို့ဝင်စားသလားမသိ..ဖိနပ်သရဲမဖြစ်မယ့်အမျိုး..ငါဆိုရင်အများဆုံး လေးရန်ပဲ...ဒါတောင်
ငါ့မာမီက ၀ယ်ပေးလို့..ငါ့ပိုက်ဆံနဲ့ဆိုရင်တော့...no”
“ငါက ကြိုက်တာကိုဟဲ့..နင်နဲ့တူမလား...ငါက ကားကောင်းကောင်းမစီးရချင်နေ ဖိနပ်တော့ ကောင်းကောင်းစီးရမှပဲ...ငါဘ၀မှာ ငါအကြိုက်ဆုံးက ဖိနပ်ပဲ..”
“ဇွဲမာန် ဟုတ်ဖူးလား ဟင်...”
“ဟယ်..နီနီ ယုတ်မာလိုက်တာဟယ်....“
“ဟား ဟား..ရှက်သွားပြီဟေ့....”
သူမတို့နှစ်ယောက် ကားရပ်ထားရာနေရာသို့ အပြေးလှမ်းလိုက်ကြသည်..။အမိုက်စားလေးများဖြစ်သော သူမတို့နှစ်ယောက်ကို ကောင်လေးများက စကြတယ်...။စိုက်ကြည့်နေကြတယ်..။ဒါပေမယ့် ...ကျွန်မက
ရင်မခုန်ပါဘူး...။ကျွန်မက နီနီကျွန်မကို စစနေတဲ့ ဇွဲမာန်ကြည့်မှတောင် နဲနဲလေးခုန်တာကို...နော့...။
********************************************************************************************
(၃)
သူမ၏ကားအဖြူလေးနောက်မှာ ပြိုင်ကားအမိုးပွင့်အနီရောင်လေးက တကောက်ကောက်လိုက်နေသည်..။ရွန်းစိတ်ပျက်မိသည်..။သူနှင့်ကျွန်မသည်..ဘယ်လိုမှမဆုံနိုင်သော မျဉ်းပြိုင်နှစ်ကြောင်း..။ဒါကို သူ..
သိသင့်သည်..။သို့သော် လိုက်နေတာက အခုမှအခုလည်းမဟုတ်..second year ကတည်းက...အခုကျောင်းပြီးလို့ အလုပ်ထဲရောက်တဲ့အထိလိုက်တုန်း..။ကျောင်းတုန်းက ရည်းစားမရလိုက်တာ သူ့ကြောင့်လို့ပြော
နိုင်သည်..။သူနှင့် ကျွန်မကပဲ ဘာလိုလို ညာလိုလို..။သို့သော်..ဘာလည်းမဟုတ်ကြ ညာလည်းမဟုတ်ကြ..။
သူက ရွှန်းကိုအဝေးကပင် သူရဲ့မျက်လုံးရွဲကြီးများဖြင့်ကြည့်တတ်သည်..။ကျွန်မဒါကိုတော့ နှစ်သက်မိသည်...။သူကျွန်မကို ချစ်စကားတစ်ခေါက်တော့ပြောဖူးသည်..။အဲ့ဒီနေ့က မှတ်မှတ်ရရ..အားလုံးကချစ်ကြတဲ့
February (14) 2007 မှာဖြစ်သည်..။ရွှန်းအဲ့ဒီနေ့ကအဖြစ်ကိုမေ့လို့မရ..။မိဘပြောလို့ အားတင်းထားသော်လည်း ကြည်နူးမှု၊သာယာမှုတို့နှင့် အပြင်းအထန်အားပြိုင်လိုက်ရသေးသည်..။
ရွှန်းအတွေးစကို ဖြတ်လိုက်ပြီး ဖိနပ်ဆိုင်ရှေတွင်ကားကိုရပ်လိုက်သည်..။သူကလည်းရှေ့ဆင့်နောက်ဆင့်ရပ်လိုက်သည်..။ရွှန်းဆိုင်ထဲသို့သွားရန်ပြင်စဉ်...
“ရွှန်း...ရွှန်း...”
သူမ အယောင်ယောင်အမှားမှားနှင့် လှည့်ကြည့်မိတော့...။ သူလက်ထဲမှာ ဖိနပ်တစ်ရံ......
“အိုး.....”
လှလိုက်သည့်ဖိနပ်..။ကျွန်မမြင်ဖူးသမျှတွေထဲက အလှဆုံးပဲ..။ကျွန်မအသက်ရူဖို့တောင် မေ့နေခဲတယ်..။ဖိနပ်ကလေးက ဘာစကားလုံးနဲ့မှနှိုင်းစရာမရှိအောင် Romatic ဆန်လေသည်..။
“ဒါ...ရွှန်းအတွက် ကိုယ့်ရဲ့လက်ဆောင်ပါ..ကိုယ်မင်းကို ချစ်သူအဖြစ်သတ်မှတ်ထားတာ (၂)နှစ်ပြည့်ပြီ..”
ကျွန်မထပ်ပြီး အံသြသွားရပြန်ပြီ..။ဟုတ်ပါရဲ့...ဒီနေ့က 2009 February (14) ပါလား..။စိတ်ထဲမှ ကဗျာဆန်လိုက်တဲ့ငါ့ဘ၀လို့ ပြောမိရဲ့..။
“ဒါဆို 2008 တုန်းက ဖိနပ်ပို့တာရော ရှင်လား...”
“အင်း..ဟုတ်တယ်..အဲ့ဒီတုန်းကကိုယ်ခ၇ီးထွက်နေလို့ ကိုယ်တိုင်မလာတာပါ..အခုတော့...”
“ဒါလေးကို လက်ခံပေးပါ..ပြီးတော့...”
ကျွန်မ သူ့စကားမဆုံးသေးခင်မှာကို လှမ်းယူနေမိပြီ..။ဖိနပ်က အရမ်းလှတာကို....
“ကိုယ်ကို ..အဖြေပြန်ပေးပါ...”
“အိုး...”
“မရှက်ပါနဲ့..ရွှန်းရယ်...ရွှန်းစဉ်စားတာ ကြာလှပြီ...ကိုယ်စောင့်တာ သုံးနှစ်သုံးမိုးရှိပြီ...”
“ရှင်ကလဲ...လူတွေကြည့်နေတယ်..ဘယ်လိုဖြစ်နေတာလဲ...”
“ပေးပါကွာ...ကိုယ်ဒီချစ်သူများနေ့မှာပဲ ရွှန်းနဲ့ချစ်ချင်လို့ပါ...”
“ရှင်က ကျွန်မကိုချစ်သေးလို့လား ကျွန်မကမေ့နေပြီရှင့်...”
“ဟာ...ချစ်တယ်..ချစ်တယ်..ချစ်တ.ယ်...ချစ်တယ်...”
သူအကျယ်ကြီးအော်ပြောတော့ ကျွန်မလှမ်းတားရသည်..။ရွစိကိုတက်နေတာပဲ ရှင်ကတော့...
“အိုး..တော်တော့ တော်တော့..အရှက်လည်းမရှိဘူး...ဟွန်း”
“ဒါဆို..မြန်မြန်ပြော...ကိုယ်ထပ်အော်မှာနော်...ချစ်...”
“တော်ပါတော့ ရှင်...”
”ပြောလေ..ရွှန်း...”
သူမပြောထွက်၇မှာ ရှက်လှပါသည်..။ထို့ကြောင့် ခေါင်းလေးညိမ့်လိုက်မိသည်..။ကိုယ့်ကိုကိုယ်အဲ့သြလို့မဆုံး...။တဒင်္ဂအတွင်းမှာ အချစ်ကပေါက်ထွက်လာလို့လေ...။နောက်တော့ ကျွန်မတို့နှစ်ယောက်
ပန်းခြံထဲမှာ စကားထိုင်ပြီးတစ်နေ့လုံးပြောကြတယ်..။နောက်ပြီး ကျွန်မတို့နှစ်ယောက် ကတိတစ်ခုထားခဲကြတယ်..။ အဲ့ဒါက Valentine day တိုင်းဒီပန်းခြံမှာဆုံကြမယ်လို့လေ...။အဲ့ဒီပန်းခြံက အဲ့ဒီအချိန်မျာ ပန်းတွေ
အများကြီးပွင့်နေကြတယ်..။
ကျွန်မကို ကျွန်မအိမ်ကိုဘယ်လိုပြန်ရောက်ပြီး ကားကိုဘယ်လိုမောင်းခဲ့တယ်ဆိုတာ မသိတော့ပေမယ့်...သူကျွန်မကို အိမ်အထိလိုက်ကြည့်ခဲ့တာကို မှတ်မိနေတယ်..။ရင်ခုန်သံတွေကလည်း ပရမ်းပတာခုန်ပေါက်
နေလေရဲ့...။သိပ်ဆိုးတဲ့ကောင်လေးပါပဲ..။နီနီရေ....မနက်ဖြန်မှ နင့်ကိုပြောပြရဦးမယ်...။ အဖြစ်အပျက်တွေကိုပေါ့ဟယ်....။
***********************************************************************************************
(၄)
“ဟင်..နင်တကယ်အဲ့ဒီဖိနပ်ယူလာတာလား...”
”အင်း...”
“ဟဲ့ ....ယူစရာလား...ပေးတိုင်း..”
“ဘာလို့လဲ..ငါကဖိနပ်မို့ ယူတာလေဟယ်..နောက်ပြီးသူက အတင်းပေးတာ.....ဟီးဟီး..”
”ငါကလည်း ဖိနပ်မို့လို့ပြောတာပေါ့ဟယ်...ချစ်သူတွေဖြစ်ပါတယ်ဆိုပေးစရာလား..နောက်ပြီး ချစ်သူများနေ့ကြီးမှာမှ...အဲ့ဒါကိုယ်ချစ်သူကထွက်ပြေးတတ်တယ်ဟဲ့..ချစ်ရင်ဝက်ဝံရုပ်တို့ ချောကလက်တို့ ဘာတို့ပေးရတာ..”
“ဘာမှမဆိုင်ဘူး...ငါကထွက်မပြေးပါဘူး...သူ့ဆီကိုပဲအနီးဆုံးရောက်အောင်သွားမှာ...”
“အမလေး..အမလေး တတ်နေလိုက်တာ တတ်နေလိုက်တာ..ချစ်သူရတာတောင် (၂၄)နာရီမပြည့်သေးဘူး..ဒီထက်ပိုကြာရင်ခက်မယ်...ဒါပေမယ့် နင်မယုံမရှိနဲ့နော်...ငါကတကယ်ပြောတာ..”
“အင်း..မယုံပါဘူးဆို...”
“ပြီးရော..မပြောတော့ဘူး..မိဖြူဖွေး...”
ဟုတ်တယ်..ကျွန်မမထွက်ပြေးပါဘူး...။ကျွန်မက သူဆီကိုပဲရောက်အောင်သွားမှာ..။ဘယ်တော့မှ ထွက်မပြေးပါဘူး....။ကျွန်မ မျက်နှာမှာ တောက်ပတဲ့ အပြုံးတစ်ပွင့်ပေါ်လာတယ်...။
“နင်ကရော သူ့ကိုဘာလက်ဆောင်ပေးလဲ..”
“ငါ့အချုစ် ဖြူစင်ကြောင်းပြချင်လို့လေ..ငါကလက်ကိုင်ပ၀ါအဖြူလေး လက်ဆောင်ပေးလိုက်တယ်..ငါကတောင်အဲ့ဒီလက်ကိုင်ပ၀ါကို ပြန်တောင်းလာတာ မနေ့ကပေး မနေ့ကတောင်းပဲ..ဟဲဟဲ..အဲ့ဒီအပေါ်မှာ
ငါ့နာမည် အတိုကောက်SPP လို့ထိုးပေးမလားလို့..”
”သေစမ်း..နင်တို့နှစ်ယောက်တကယ်သေပြီသိလား...တယောက်ကဖိနပ်ပေးတယ်..တစ်ယောက်က လက်ကိုင်ပ၀ါတဲ့...အစကတည်းက နမိတ်ကိုမကောင်းတာ..ဘယ်လိုအတွဲလည်းမသိပါဘူး...လက်လန်
တယ်..ခြေခွင်တယ်....”
”ငါရော..သူရော မယုံပါဘူးဟယ်...ဒါတွေကအလကား..”
”နင်တို့ ကွဲသွားကြရင်ဘယ်လို လုပ်မလဲ..ငါပါ အသည်းလိုက်ကွဲမှာနော်...”
“ဟယ်..နမိတ်မရှိ..နမာမရှိ..နင်ကတော့ မနာလို အူတို..သူချစ်သူမရှိတိုင်း...ဟွန်း အပျိုကြီးမနီနီ...”
ထိုစကားသည် မှန်ကန်လိမ့်မည်ဟု ကျွန်မမထင်...။ပျော်ပျော်နေမှ ကောင်းလိမ့်မည်..။သို့မှသာ အသက်ရှည်မည်..။သို့မှသာ ကျွန်မချစ်သူနှင့်ပျော်ပျော်ရွင်ရွင်နေနိုင်မည်...။မျက်လုံးကို စုံမှိတ်ကာ ကျန်တာအား
လုံးကို ဘေးချိတ်ထားလိုက်တော့မယ်...။သြော်...မျက်လုံးမှိတ်လိုက်ရင်တောင်..မင်းပုံရိပ်တွေပါလား..ကောင်လေးရယ်..။
*************************************************************************************************
(၅)
“ဇွဲမာန်..ဇွဲမာန်...”
“သားလေး..”
“အခန်းထဲက ထွက်လာပါဦး....”
“ဒီမှာ ဧည့်သည်တွေရောက်နေတယ်..သေသေချာချာပြင်ဆင်လာခဲ့နော်..ဖေဖေနဲ့မေမေ ဧည့်ခန်းထဲကစောင့်နေမယ်...”
ကျွန်တော် တော်တော်စိတ်ရှုပ်သွားမိတယ်..။ဒါပေမယ့် အခန်းပြင်ထွက်လိုက်တယ်..။အဲ့ဒီအခါ ကျွန်တော့်ဘ၀က ပြိုလဲကြေကွဲပါပဲ..။ရပ်ကွက်လူကြီးအစုံအလင်နဲ့ကျွန်တော့် စေ့စပ်ပွဲကို တွေ့လိုက်ရတာပါပဲ..။
ဒါဖေဖေရဲ့ စနက်ဖြစ်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိလိုက်တယ်..။
နောက်ပြီး ကျွန်တော့်အိမ်မှာ ပြိုလဲကြေကွဲနေတဲ့အချိန်မှာ ကျွန်တော့်ချစ်သူလေးကလည်း ပြိုလဲကြေကွဲနေတာပါပဲ..။သူမလည်း သင်္ဘောသီး...အဲလေ..သင်္ဘောသားတစ်ယောက်နဲ့စေ့စပ်လိုက်ရတယ်ဆိုပဲဗျာ..။ကဲ...
မထူးဆန်းဘူးလား..။မထူးဆန်းပါဘူး..ဒါဟာလည်း ကျွန်တော်တို့ရဲ့ ခက်ထန်လှသောအဖေနှစ်ယောက်ရဲ့ ပြိုင်ပွဲဖြစ်မှာပါ..။ရွှန်းရဲ့ အဖေက ငါ့သမီး ဒီနေ့စေ့စပ်မယ်ဟေ့ လို့ဖုန်းဆက်တော့ ဖေဖေ့မလည်း တော်တော်ကို
ပျာယာခပ်ပြီး ကျွန်တော့်အတွက်အသင့်တော်ဆုံးမိန်းမတစ်ယောက် ရှာပြီးစေ့စပ်ပေးရောလေ..။
ကဲ...
မထူးဆန်းဘူးလား..။မထူးဆန်းပါဘူး
..ဒါဟာလည်း ကျွန်တော်တို့ရဲ့ ခက်ထန်လှသောအဖေနှစ်ယောက်ရဲ့ ပြိုင်ပွဲဖြစ်မှာပါ..။ရွှန်းရဲ့ အဖေက ငါ့သမီး ဒီနေ့စေ့စပ်မယ်ဟေ့ လို့ဖုန်းဆက်တော့ ဖေဖေ့မလည်း တော်တော်ကို
ပျာယာခပ်ပြီး ကျွန်တော့်အတွက်အသင့်တော်ဆုံးမိန်းမတစ်ယောက် ရှာပြီးစေ့စပ်ပေးရောလေ..။အားကျမခံပေါ့ကွာ လို့ဒက်ဒီပြောပြောတယ်..။
အဖေနှစ်ယောက်အကျောမခံပုံတွေကတော့ ကျွန်တော်သေချင်မိပါရဲ့..။မင်္ဂလာပွဲကိုတောင် ဘယ်သူအရင်ဆောင်ဖြစ်မလဲဆိုတာပါ ပြိုင်ကြရောတဲ့...။ ကျွန်တော်တို့က အရုပ်တွေလား..။ ကျွန်တော်တို့က
အဆော့ခံနေရတာဆိုတော့ ကျွန်တော်တို့က အရုပ်တွေပေါ့..။ ဒါဆို့ အဖေတို့က ကလေးတွေပေါ့..ဟီး..။
***********************************************************************************************
(၆)
ကျွန်မ တကယ်ကို သေချင်စိတ်ပေါက်နေပြီ..။မဆုံနိုင်တဲ့မျဉ်းနှစ်ကြောင်းကို ဆုံတွေ့နိုင်ဖို့ ကောက်နေအောင် ဆွဲခဲ့မိတဲ့ ကျွန်မတို့နှစ်ယောက်ကသာ ပိုမှားနေတာလား..။ဟုတ်တယ်..မျဉ်းပြိုင်ဆိုတာ ပြိုင်နေရမှာလေ.။
စိတ်နဲနဲလေး ထိခိုက်ရင်တောင် နှလုံးအားနည်းပြီးအပြင်းဖျားတတ်သော ကျွန်မ..အရင်ကဖျားရင်ဘာမှမတွေးသောကျွန်မ..။အခုတော့ ကျွန်မတို့နှစ်ယောက်ရဲ့ရှေ့ရေးနဲ့ ပတ်သက်ပြီးတွေးနေရတယ်..။အရင်က စာကျက်ရ
လို့..၊ခရီးထွက်ရလို့..အဲ့ဒါတွေကြောင့် ဖျားရတာ..။အခုတော့ ကျွန်မက နှလုံးသားကြောင့် ဖျားနေရတာပါရှင်..။ ကျွန်မရဲ့ ရူးကြောင်ကြောင်စာကြောင်းတွေကို တွေ့ရုံမြင်ရုံနဲ့ ကျွန်မဟာ မချစ်ဖူးသေးလို့ အချစ်ရူး ရူးနေတယ်ဆိုတာ သေချာပါတယ်..။ ကျွန်မတို့ ချစ်တာတောင်နှစ်လမပြည့်တတ်သေး..။ထို့ကြောင့် ပျော်မဆုံး..၊ ချစ်မဆုံး ရှိနေတဲ့ အချိန်မှာမှ အိမ်ကလူကြီးတွေသိကုန်ကြတာပေါ့..။
ဒါတွေဟာ ပတ်ဝန်းကျင်ဆိုတဲ့ လူ့အသိုင်းအ၀ိုင်းတွေရဲ့ လက်ချက်ပါပဲ..။လူတွေဟာ သနားတတ်သလို ချစ်တတ်သလို ဂ၇ုဏာရှင်တွေလို ဘာလိုနဲ့ တကယ်တမ်းတော့ ဘာမှမလိုပါဘူး..။ပါးစပ်ပိတ်ဖို့ပဲလိုတယ်..။
သူတို့ကြောင့် ကွဲရတော့မယ်လေ...။ခွဲရက်ကြတယ်..။ကျွန်မပြောရင်း...အဲ တွေးရင်း ငိုချင်လာပြီနော်...။
ကျွန်မရဲ့တိတ်ဆိတ်မှုတွေကို ဖုန်းသံလေးကဖြိုကွဲလိုက်တယ်...။Ring toneအသံသီချင်းလေးက Take me to you heart တဲ့..။ကျွန်မသိပ်ကြိုက်တဲ့သီချင်းလေး..။ဒါဆို့...သူပေါ့..။
“ဟဲလို..”
သူအသံလေးကြားတော့ ကျွန်မရုတ်တရက်ထရပ်လိုက်တယ်..။အဲ့ဒီမှာ ကျွန်မကို ကျွန်မမထိန်းနိုင်ဘဲ နဖူးနဲ့ ကုတင်စောင်းနဲ့ မိတ်ဆက်မိသွားတယ်...။
“၀ုန်း..”
“အား လာလာ ..နာလိုက်တာ..”
“ဘာဘာ..ဘာဖြစ်တာလဲ..ရွှန်း....”
“ဟင့်အင်း”
“ကိုယ်တို့မတွေ့ရတာ တစ်ပတ်လောက်ရှိနေပြီ..နောက်အပတ်မှာ ကိုယ်တို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်ရှိတယ်နော်...ကိုယ်တို့အချိန်ဆွဲနေလို့မဖြစ်ဖူး...ခိုးပြေးမှဖြစ်မယ်..နော်...”
“အင်း..အင်း..”
“ မနက်ဖြန်ည 12း00 နာရီတိတိကို ကိုယ်လာခေါ်မယ်...ကိုယ်ဖုန်းဆက်လိုက်မယ်..စောင့်နေနော်...ဒါပဲနော်..သိပ်လွမ်းတယ်သိလား...”
“အတူတူပါပဲ...ဒါပဲနော် ..ပြွတ်..”
“သမီး ဘယ်ကဖုန်းလဲ....ကွ”
“တိန်..”
“နီနီပါ ဖေဖေ...”
“ဒီနေ့ကစလို့ ဖုန်းသိမ်းတယ်..ဒါပဲ..”
“ရှန်..”
“မင်း..ဟိုကောင်နဲ့ အဆက်အသွယ်လုပ်မှာစိုးလို့ဟေ.....”
“ဖေဖေကလဲ...”
“ပြောတော့ဖျားနေတာတဲ့..အခုတော့ ဂျော်ကာရုပ်နဲ့...တယ်...”
အဖေပြောမှ ကျွန်မဖျားနေမှန်းသတိရတော့တယ်....ဟုတ်သားပဲနော်...။
“အမလေး..အမလေး...ဖေဖေရေ ကယ်ပါဦး...မေမေရေ...အား...”
ဟုတ်တယ် အခုမှတကယ်ကို ခေါင်းကမူးသွားတာ...ဖုန်းသိမ်းခံလိုက်ရတာကိုရှင့်။ ကျွန်မ အဖေစုံ အမေစုံ တလိုက်မိတော့တယ်...။
***********************************************************************************
(၇)
“မနက်ဖြန်ကျရင်တော့ လူပျိုဘ၀က ကျွတ်ပြီ..ဟီးဟီး..”
“ယား..ငါကွ...”
ကျွန်တော်ပျော်ပြီးခုန်လိုက်တာ ပြန်အကျမှာတော့ ခေါင်းနဲ့ ကြမ်းနဲ့မိတ်ဆက်ပါရာလား....။
“ဘုန်း..”
“အမလေးဗျာ..“
“ဘာဖြစ်နေတာလဲ အခန်းထဲမှာ ဆူညံဆူညံနဲ့...”
“ဘာမှမဖြစ်ပါဘူး..ဘောက်ဆင်လေ့ကျင့်နေတာလေ....ဟုဟု ”
“ဟုဟုတွေ ဟဲဟဲတွေလုပ်မနေနဲ့..မင်းဖုန်းပေးစမ်း...ငါသိမ်းထားမယ်..မင်္ဂလာဆောင်ပြီးရင်ပေးမယ်...”
“ဗျာ..”
သေချင်တာပါပဲ...။မနက်ဖြန် ဟိုအရေးအခင်းရှိပါတယ်ဆိုနေမှပဲ...။ရွှန်းတော့ ငါ့ဖုန်းကိုမျှော်နေတော့မှာပဲ...။ဘာမှမဖြစ်ပါဘူး...လူကိုယ်တိုင် 11 နာရီလောက်ကတည်းနဲ့သွားစောင့်နေမှာပေါ့...ဟင်းဟင်း..။
**************************************************************************************
(၈)
ည...။
မိုးက သည်းထန်စွာရွှာသွန်းနေတယ်...။ ညနေကတည်းကပေါ့......။
ကျွန်မကလည်း အဖျားတွေပိုပိုပြီးတက်လာတယ်...။ကျွန်မဘေးမှာ မေမေကလာပြီးအိပ်စောင့်နေတယ်...။ကျွန်မမိုးတိတ်ပါစေလို့ ဆုတောင်းမိတိုင်း မိုးက ပိုပိုသည်းလာတယ်လို့ထင်မိတယ်...။
သူ...လာရောလာပါ့မလား...။
ဒါပေမယ့် ဒီအခြေအနေတွေဟာ ကျွန်မတို့နှစ်ယောက်အတွက် အကောင်းဆုံးအခြေအနေတစ်ခုဟု ကျွန်မထင်သည်..။ကျွန်မတစ်ကိုယ်လုံးလေးလံပြီး မူးမိုက်နေတဲ့ကြာ့းအားတင်းပြီးအိမ်အပြင်ကိုထွက်လာခဲ့တယ်
..။ကျွန်မကို မိုးရေတွေက အကြင်နာမဲ့စွာ ကြိုဆိုနူတ်ဆက်လိုက်ကြတယ်...။ အေးလိုက်တာ..။ကျွန်မတစ်ချက် မိုက်ခနဲဖြစ်သွားတယ်..။ခြံတံခါးသော့ကို လိုက်ရှာပေမယ့်မတွေ့ပါဘူး..ဖေဖေသိမ်းထားတာနေမှာပေါ့...။
ကျွန်မကြိုးစားပြီးခြံကိုကျော်တတ်လိုက်တယ်...။မောင်ရေ..မြန်မြန်လာပါတော့....ကျွန်မကြောက်တယ်..။အဲ့ဒီအချိန်မှာ ကျွန်မတစ်ကိုယ်လုံး စိုရွဲနေပြီလေ..။
ထိုစဉ် ကျွန်မကိုယ်ပေါ်သို့ မီးရောင်နှစ်ခုကျလာတယ်..
မီးရောင်တစ်ခုက မောင့်ကားမှလာသောမီးရောင်ဖြစ်ြ
ပီး နောက်တစ်ခုကတော့ ဖေဖေဆီမှလာသော ဓါတ်မီးရောင်ဖြစ်လေသည်..။ရင်က နှစ်ချက်ဆင့်ခုန်တယ် ဆိုတာဒါမျိုးလား..။ မောင့်ကို မြင်လို့က တစ်ချက်..ဖေဖေသိ
သွားတာကတစ်ချက်..။
“ရွှန်း...တက်..မောင့်အိမ်က မောင့်နောက်ကိုလိုက်လာကြတယ်..မောင်တို့ ရေမြေဆုံးပစေ ပြေးကြမယ်..မြန်မြန်တက်နော်...”
“ဘာ..”
“ဟိုမှာ ဖေဖေနဲ့မေမေ ကားထုတ်နေပြီ.လိုက်လာကြတော့မယ် မြန်မြန်မောင်းတော့..”
“တီ..ဟီ...”
“သမီး..ပြန်လာစမ်း...ရွှန်းဖြူဖွေး ...ပြောနေတာမကြားဘူးလားပြန်လာလေ...”
ကျွန်မ မကြားချင်ယောင်ဆောင်လိုက်တယ်...။ ဟုတ်တယ်..ဒါဟာ ကျွန်မစောင့်စားနေသော..မျှော်လင့်ချက်..။
“နောက်ကလိုက်နေပြီ...မြန်မြန်မောင်း...”
ရှေ့က ကားအမိုးပွင့်ကလေးနှင့်နောက်က ကားအနက်ကြီးနှစ်စီးက ပြင်ဦးလွင်မြို့ကလေးရဲ့ မိုးညမှာစိန်ပြေးတမ်းကစားနေရာ့သလား..။မိုးတွေကလည်း ရက်စက်စွာရွာသွန်းဆဲ...။
“ရွှန်းပျော်လားဟင်....ကိုယ်ကားအမိုးကို တမင်ဖွင့်ထားတာ ရွှန်းနဲ့ ကိုယ်နဲ့ခိုးပြေးတဲ့ညကို မိုးကကြိုဆိုတာလေ..ကိုယ်မိုးမင်းကြီးကို အသိအမှတ်ပြုချငိလို့ပါ...”
“အင်း ပျော်ပါတယ်..”
ကျွန်မ နေမကောင်းဘုး...ချမ်းတယ်..မူးတယ် လို့မပြောရက်ပါဘူး...။ကျွန်မတော်တော်လေးအားတင်းယူထားရတယ်..။သတိကလည်း လွတ်လုလွတ်ချင်...။စကားတွေကလည်းမကြားတစ်ချက် ကြားတစ်
ချက် ဒါကိုချစ်သူသိနိုင်ပါ့မလား
နောက်တော့ လေဟာနယ်ထဲကို ကျွန်မမျှောလွင့်သွားလေသည်..။ ကျွန်တော် တော့်တော့်ကိုပျော်နေတယ်..။ကျွန်တော့်ချစ်သူလေးက ကျွန်တော့ဘေးမှာရှိနေလို့လေ..။ကျွန်တော်နာရီ ကိုတစ်ချက်ကြည့်လိုက်တော့ 123း0နာရီထိုးနေပြီ..။ကျွန်တော်တို့တတွေကလည်းပြေးဆဲ လိုက်သောသူတွေကလဲ လိုက်နေဆဲပါပဲ..။ချစ်သူလေးကလည်း ရှက်လို့ထင်ပါရဲ့..စကားတစ်ခွန်းမှမပြောတော့
“ရွှန်း ကိုယ်သိပ်ပျော်တာပဲကွာ....”
သူဒီစကားကိုပဲ အထပ်ထပ်ပြောနေတာ သူကိုယ်တိုင်တောင်သတိထားမိနေပြီ
..။မိုးတွေက ရွာ အနောက်ကလိုက်တဲ့သူရှိနေလို့သာပေါ့..။နောက်မို့ဆို သူပိုပျော်မှာပဲ..။အဟဲ....။ သူတစ်ခုဆုံးဖြတ်ချက်ချလိုက်သည်..။
မန္တလေးသွားမည်..။ဟိုမှာသူငယ်ချင်းတွေရှိသည်..။သူရောရွန်းရော ရတနာပုံတက္ကသိုလ်ကြီးမှာကျောင်းအတူတူတက်ခဲ့ကြတာပဲ...။ပြင်ဦးလွင်မြို့ထဲမှာ ပတ်ပြေးနေလို့မဖြစ်...။ထို့ကြောင့် ဆန့်ကျင်ဘက်အရပ်သို့သွားနေ
ရာမှ ချက်ချင်းကားကိုကွေ့ချလိုက်ကာ မန္တလေးသွားရာဘက်သို ဦးတည်လိုက်သည်..။
“ကျွီ....”
ကားဘရိတ်ဆွဲသံများဆူညံသွားသည်..။ သူပြုံးလိုက်သည်..။
“ခွေးသားလေ.း...“
“ဟေ့ကောင်.မင်းဘာသာမင်း ငါ့သားကိုဆဲချင်ဆဲ..ငါ့ကိုမပုတ်ခတ်နဲ့ကွ..”
“ပုတ်ခတ်တော့ ဘာလုပ်ချင်လဲ..သူခိုးအဖေကများ...”
“ဘာကွ...”
“တော်ပါတော့..ဟိုမှာ လိုက်လိုက်..ရှင်တို့ရန်ဖြစ်နေတာနဲ့လွတ်တော့မယ်...”
ထိုရန်ဖြစ်သံများကို တစွန်းတစကြားလိုက်ရသောကျွန်တော် အလွန်ရယ်ချင်သည်..။ရွှန်ူးလည်းကြားလိုက်ရမှာပါ..။ကျွန်တော်တစ်ချက်ရယ်လိုက်တယ်..။ရွှန်းကတော့မရယ်ပါ...။
“ရွှန်း....မောင့်ကို စကားမပြောတော့ဖူးလား...”
“.................................”
“ရွှန်း...”
“..........”
သူတစ်ချက်ငဲ့ ကြည့်လိုက်တယ်..။အိပ်ပျော်နေတာတော့မဖြစ်နိုင်...သူလက်တစ်ဖက်နဲ့ စမ်းကြည့်လိုက်တော့ အေးစက်နေပြီ..။သူလှုပ်နိုးလိုက်တယ်..။ထပါဦးကွာ...။နောက်ကကားတွေကလည်း မီလာကြတော့မယ်.
သူလီဗာကိုထပ်တင်လိုက်တယ်..။နောက်ပြီး ရွှန်းကိုအတင်းလှုပ်နိုးနေမိတယ်..။ရွှန်းရဲ့တစ်ကိုယ်လုံးအေးစက်ပြာနှမ်းနေပြီ..။
ကျွန်တော်ဘာလုပ်ရမလဲ..။ကျွန်တော် ဆေးခန်းသွားရပါမည်...။အဲ့ဒါဆိုအဖေတို့ မီလာမှာပေါ့ မသွားဘူး..။ ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော်ဘာလုပ်ရမလဲ...။
ကျွန်တော်ဆေးခန်းကိုသွားဖို့ဆုံးဖြတ်လိုက်တယ်..။ခွင့်လွတ်တော့ချစ်သူ...။
ဒါဆို ကျွန်တော်တို့နှစ်ယောက်ဟာ ထပ်မဆုံနိုင်တော့ပါဘူး..။ကျွန်တော် ကားကိုအရှိန်ထပ်မြင့်လိုက်တယ်..။နောက်တော့ ကိုယ်ချစ်သူလေးကို တရှိုက်မက်မက်ကြည့်လိုက်တယ်...။အဲ့ဒီအချိန်မှာ ကျွန်တော့ကို
တစဲုံတစ်ယောက်က ပုတ်နိုးလိုက်တယ်...။ ကျွန်တော်ကြည့်လိုက်တော့ ကျွန်တော့အရှေ့တွင် သစ်ပင်ကြီးတစ်ပင်....။
“ဒုန်း...”
“ရွှန်း...........”
ကျွန်တော်ရွှန်းကို အတင်းဖက်ထားလိုက်တယ်..။လောကကြီးက အမှောင်တိကျသွားပြီ..ပိုပြီး အမှောင်တိကျသွားပြီ...။
ဒါပေမယ့်..ကျွန်တော် အသံတစ်ခုကြားလိုက်ရပါသေးတယ်...။
“မောင်..အားတင်းပြီးရွန်းကို စောင့်နေနော်...” တဲ့..။
နောက်ပြီး....
“မောင်..ရွှန်းတို့နှစ်ယောက်ထားခဲ့ကြတဲ့ ကတိက်ုမမေ့ပါနဲ့နော်.....ရွှန်းသွားတော့မယ်...”
ပြီးတော့ လက်ဆောင်တစ်ခုပေးသွားခဲ့တယ်..။ကျွန်တော်ကြိုက်တတ်သော လက်ကိုင်ပ၀ါအဖြူရော့င် ..။နောက်တော့ သူမက ဝေး၍ ဝေး၍.....။
ကျွန်တော့ အသံတွေက ခေါ်လို့မရအောင်ကို ဆွံအနေခဲ့ပါလား..။
သူ့ကို ကျောခိုင်းသွားတဲ့ သူမမျက်ဝန်းမှာမျက်ရည်စတွေနဲ့လေ.....အို မငိုပါနဲ့ချစ်သူရယ်...ကိုယ်တောင်မငိုတာပဲ...သူမျက်ဝန်းကနေ မိုးတွေရွာချလာတယ်...။သူစမ်းလိုက်မိတယ်...။အိုး..မျက်ရည်တွေပဲ...
ချစ်သူရယ်..ကိုယ်မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ပါပဲ...။
*****************************************************************************************************
(၉)
လူနှစ်ယောက်က စာရွက်ပေါ်မှာမျဉ်းနှစ်ကြောင်းရေးခဲ့တယ်...။အဲ့ဒီမျဉ်းနှစ်ကြောင်းဟာ ဝေးနေရာကနေဆုံမှတ်ကိုရောက်ခဲတယ်...။နောက်အဝေးကြီးဝေးသွားကြပြန်ရော...။ဒါကြက်ခြေခတ်ပဲလေ..။
ဒီနေ့ကတော့ 2010 February 14 ရက်နေ့..။အဲ့ဒီနေ့မှာ လူငယ်အများစုဟာ တကယ်ကိုပျော်ရွင်နေကြတယ်..။အဲ့ဒီလူတွေပျော်ရွင်နေတာထက်ပိုပြီး ၀မ်းနည်းငိုကြွေးနေတဲ့ကောင်လေးတစ်ယောက်လည်း
ရှိတယ်..။သူ့ရဲ့ မျက်ရည်တွေကို အဖြူရောင်လက်ကိုင်ပ၀ါလေးနဲ့သုတ်ပြီး ကန်တော်ကြီးရုက္ခဗေဒဥယျဉ်ထဲမှာထိုင်နေတယ်..။သူ့ဘေးမှာ သူ့ကောင်မလေးကို ပေးပို့ဖိနပ်တစ်ရံကိုဘေးမှာချထားတယ်..။
အဲ့ဒီဖိနပ်လေးက အရမ်းကိုလှလွန်းလို့ ကောင်မလေးတိုင်းက နှစ်ခါပြန်လှည့်ကြည့်သွားကြတယ်...။အဲ့ဒီကောင်လေးရဲ့ ကောင်မလေးကတော့ အချိန်တွေသာတရွေ့ရွေ့ကုန်လွန်သွားပေမယ့်ရောက်မလာခဲ့ဘူး..။
ကောင်လေးကလည်း ငိုကြွေးနေဆဲပါပဲ...။နောက်ပါးစပ်ကလဲ တတွတ်တွတ်ရွတ်နေတယ်...။
“သိပ်ရက်စက်တယ်..ဒီနေ့ရောက်ရင်ဒီနေရာမှာ တွေ့ဖို့ချိန်းထားတာပဲဟာကို ..မောင်အခုစောင့်နေတယ်လေ..ကတိအတိုင်းအရောက်လာခဲပါ ချစ်သူရယ်....”
“နေ၀င်တော့မယ်...ဒါပေမယ့် Valentine's Day က ည(၁၂း၀၀)မှကုန်တာဆိုတော့ အဲ့ဒီအချိန်ထိစောင့်နေမယ်..”
ဒါပေမယ့် ညရောက်တော့ ပန်းခြံကိုပိတ်လိုက်ကြတယ်..။ကောင်လေးက သောင်းကျန်းနေလို့ မောင်းထုတ်လိုက်ရတယ်....။ကောင်လေးကတော့ ထိုင်ခုံလေးပေါ်မှာ correction pen နဲ့စာလေးတစ်ကြောင်းရေးခဲ့
တယ်..။
“နောက်တစ်နှစ်လည်းလာစောင့်မယ်..အဲ့ဒီကျရင်တော့ဆက်ဆက်လာခဲ့ပါ ချစ်သူ....zm” တဲ့....။
2011 February 14 မှာလည်း အဲ့ဒီကောင်လေးကို အဲ့ဒီနေရာမှာပဲတွေ့ရတယ်...။ ဒီနှစ်မှာလည်း..................။
(သင်သာ 2012 February 14 ပြင်ဦးလွင်ကို ရောက်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီစာတန်းလေးက နှစ်ကြောင်းရှိနေမှာ အသေအချာပါပဲ...။