ညလေညှင်းနဲ့ အတူဖွဲဖွဲလေးကျဆင်းနေတဲ့ မိုးနှင်းစက်တွေကြား
ပုံရိပ်မြင်တိုင်းမင်းအထင်နဲ့ လိုက်ရှာနေမိတယ်...
ဒါကိုအရူးတစ်ယောက်လိုပြောမယ်ဆိုမင်းကိုချစ်တဲ့ စိတ်နဲ့ ငါရူးနေပြီးဆိုတာပဲ
မင်းနဲ့ ဝေးခဲ့ ငါ့ ရဲ့ ညတွေတိုင်းကာညလေပြေလေးတချက်
အဝှေ့ မှာရွက်လွင့်သွားတဲ့ ငါ့ ရဲ့ အလွမ်းတွေကာရံမဲ့ နေပြီးကွာ
ကာရံမဲ့ ရွက်လွင့်နေတဲ့ ငါ့ ရဲ့ အလွမ်းတွေအလင်းမဲ့ အမှောင်ကမ္ဘာထဲ
ဘယ်လိုများဖြတ်ကျော်နိုင်မှာလဲကွာ
ဖြတ်ကျော်ဖို့ ခက်တဲ့ ဒီအလင်းမဲ့ အမှောင်ကမ္ဘာထဲငါ့ ရဲ့ အလွမ်းရင်ခုန်သံတွေ
ပြန်ရှင်သန်ဖို့ အတွက်မင်းရဲ့ နွေးထွေးတဲ့ ကြင်နာအလင်းတွေနဲ့ 
လမ်းပြပေးနိုင်မှာလာကွာ
လူသားတွေအသက်ရှင်ဖို့ ရှင်းသန့် တဲ့ လေပြေလေအေးတွေတောင်းတတလို
ငါ့ ဘဝအမှောင်ကမ္ဘာမှာကြင်နာနွေးထွေးတဲ့ မင်းရဲ့ အလင်းတွေကိုရနိုင်ဖို့ 
ငါ့ ဘဝတစ်လျှောက်လုံးမျော်လင့် မိတယ်...ချစ်သူရယ်...
သူငယ်ခင်အားလုံးကိုချစ်ခင်လျက်
ဒီကောင်လေး...
↧
မျှော်လင့်မိတယ်...ချစ်သူရယ်
↧