ms - “ ကျွန်တော်ချစ်တဲ့ ပြည်ထောင်စု ”
*******************************
အစကတော့ ပြည်ထောင်စုနေ့ကလေးနဲ့ပတ်သက်ပြီတော့ ၀တ္တုတိုလေးတပုဒ်ရေးမလို့ပါပဲ ။ ဒါပေမဲ့ ဒီလိုအဓိပ္ပာယ်တွေလေးနက်နေ
တဲ့ နေ့ထူးနေ့မြတ်လေးမှာ ၀တ္တုတိုလေးတပုဒ်ရေးဖွဲ့လိုက်ယုံနဲ့ပြီပြည့်စုံတဲ့အရသာကို စာဖတ်သူကိုပေးစွမ်းနိင်မှာမဟုတ်ပါဘူး ။ အဲ ဒါ
ပေမဲ့ပေါ့လေ ။ ဝေဒနာနဲ့ဝါသနာကြားက အလွမ်းအဆွေတွေပဲအမြဲရစ်ဝဲနေတဲ့ ကျွန်တော်ရဲ့နှလုံးသားနံရံထက်မှာ အမှတ်မထင်ပဲ့ထန်
လာတဲ့အသံက “ မျိုးချစ်စိတ် ” ဆိုတဲ့အသံလေးကြောင့် ဒီဆောင်းပါးလေးကိုရေးဖွဲ့လိုက်ရခြင်းဖြစ်ပါတယ် ။ တကယ်တော့ တိုင်းပြည်
တခု ၊ နေရာဒေသတခု အေးချမ်းတည်ငြိမ်ပြီသာယာဝပြောဖို့ဆိုတာက တစ်ဦးတယောက်ရဲ့အာဏနဲ့အစပြုပြီး တည်ရှိနေတဲ့လူသားအား
လုံးရဲ့စိတ်ဆန္ဒတွေကို လိုသလိုစုစည်းယူလို့မရပါဘူး ။ “ လူ ” လို့ခေါ်ဝေါ်သုံးနှုန်းလိုက်ကထဲက သတ္တလောကမှာမွေးဖွားသန့်စင်
လာတဲ့ “ အသိ့ညဏ်ရှိသောလူသတ္တ၀ါ ” တွေဖြစ်လာတဲ့အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့အတူ တရားမျှတတဲ့နည်းလမ်းဥပဒေတွေ
ချမှတ်ကျင့်သုံးပြီ တစုတစည်းထဲနဲ့ကိုယ်ပိုင်ဆိုင်ရာနိင်ငံတော်တခုကို ဥမကွဲအသိုက်မပျက်အောင်ထူထောင်နိင်ရပါလိမ်မယ် ။ ဒါက
ဘယ်သူမှသွေးထိုးလှုံဆ်ာမှု့မရှိပဲ ကျွန်တော့်ရဲ့ရင်ထဲကကြွေကျလာတဲ့ စိတ်ခံစားချက်တခုပဲဆိုပါတော့ ။ ဟုတ်တယ် ကျွန်တော်
တို့တွေအားလုံးဟာ မိုက်မဲတဲ့အပြုအမှုတွေကိုမစွန့်လွတ်နိင်ကြသေးဘူးဆိုရင်တောင်မှ လူတိုင်းရဲ့ရင်ထဲမှာရှေးရိုးစွဲကျန်နေရစ်တဲ့
“ မျိုးချစ်စိတ် ” လေးတခုတည်းနဲ့ပဲ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တရားကိုချပြရဲရပါမယ် ။ ဒီလိုလွတ်လပ်တဲ့စိတ်ထားတွေ
နဲ့အတူ လူလူချင်းစာနာသနားငဲ့ညှာတဲ့စိတ်ထားတွေနဲ့ “ မြန်မာ ” ဆိုတဲ့ဝိသေသနကိုအစွဲပြုပြီ ( မွန်မြတ်သန့်စင်တဲ့ ) နိင်ငံတ
ခုကိုတည်ဆောက်ကြရအောင်လား ။ တကယ်တမ်းလက်တမ်းချရေးရရင် စည်းလုံးညီညွတ်မှု့ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လောက်
ခရီးမနှင်ရပါဘူး ။ ကိုယ့်မြင်းကိုယ်စိုင်း ၊ ကိုယ့်လှေကိုယ်ထိုးပြီ စမ်းတ၀ါးဝါးကိုယ့်အမှန်တရားနဲ့ သာ ထင်ရာကိုလမ်းသလားနေရင်
တော့ ကျွန်တော်တို့တွေစည်းလုံးညီညွှတ်မှု့ကနေ ဝေးကြရလိမ်မယ် ။ သူငယ်ချင်းရေ . . မင်းဟာ အမိ့နိင်ငံထဲကပေါက်
ဖွားလာတာမှန်ပေမဲ့ ကိုယ့်အစွဲ၊ကိုယ့်ရဲ့ရိုးရာကိုချစ်မြတ်နိုးသလို ကိုယ့်အိမ်၊ကိုယ့်ယာလေးကိုလဲ ပြုပြင်ထိမ်းသိမ်လိုတဲ့စိတ်ကလေး
ရှိနေခဲ့မယ်ဆိုရင် တို့တွေရဲ့အမိ့နိင်ငံကြီးဟာလဲ ကိုယ့်အိမ်၊ကိုယ့်ယာလိုပဲမပျောက်ပျက်ပဲတည်တန့်ခိုင်မြဲနေမှာအမှန်ပါပဲ ။ တကယ်
တော့ “ ပြည်ထောင်စု ” ဆိုတဲ့စကားလုံး၊အက္ခရာ၊၀ိသေသနတခုကို ကဗ္ဗည်းပေစာထက်မှာရွှေရောင်သုတ်ပြီ အပြင်ဗန်းအမြင်ဆန်း
အောင် တန်ဆာဆင်နေမဲ့အစား ကိုယ်ပိုင်အသိ့စိတ်ကိုယ်စီနဲ့ လက်တွဲဝန်းရံကာကွယ်ထားတတ်ကြမယ်ဆိုရင် ကျွန်တော်တို့တွေ
နေတဲ့ “ မြန်မာ ” ဆိုတာ “ ကမ္ဘာ ” မှာမျက်နှာပန်းလှနေမှာအသေချာဆုံးပါပဲ ။ ။
= ဒီပို(စ်)လေးကတော့ ပြည်ထောင်စုနေ့နဲ့ပတ်သက်ပြီ ဘလော့ရေးသားသူတွေကိုဆင့်ခေါ်ထားတဲ့ သူငယ်ချင်းမေသဇင်ရဲ့တိုက်
တွန်းမှု့ကြောင့်ရေးဖြစ်သွားတာပါ ။ ပြည်ထောင်စုနေ့နဲ့ပတ်သက်ပြီရေးသားထားတဲ့ဘလော့တွေကို စုပြီတင်ဖြစ်မဲ့ရက်ကြရင်လဲ အသစ်
မတင်နိင်ခဲ့ရင်တောင်မှ ဒီပို(စ်)လေးကိုပဲဖတ်ရှု့အားပေးကြပါလို့တောင်ဆိုရင်း -
ချစ်ခြင်းအားဖြင့် - မင်းဆက်ဆက်ခ