Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အွန်လိုင်းပေါ်မှာ ရွှေဘရှိနေမယ်

$
0
0

သူငယ်ချင်းများအားလုံး မင်္ဂလာပါနော်.....

ကျနော်ကတော့ မတောက်တခေါက် အတွေးတွေနဲ့ စာရေးနေသူတစ်ယောက်ပါ၊ ဟာသတွေနဲ့ မှတ်သားစရာလေးတွေကို ရေးလေ့ရှိပါတယ်၊ ရွှေမြို့တော် ဆိုဒ်လေးကို သူငယ်ချင်း မမတစ်ယောက်က ခေါ်လို့ရောက်လာခဲ့တာ အခုဆို တစ်ပါတ်ရှိပါပြီ၊ ကျနော်က နယ်မြို့လေး တစ်မြို့မှာ နေပါတယ်၊ ကျနောရဲ့ ရေးသားချက်တွေဟာ အားနည်းချက်တွေ ရှိခဲ့ရင် မည်သူမဆို အပြုသဘောနဲ့ ဆုံးမသွန်သင် နိုင်ပါတယ်၊ ကျနော့ အသက်က (၂၂)ပါ၊ ၂၀၀၉ခုနှစ်မှာ ဓါတုနဲ့ ကျောင်းပြီးပြီး အခုတော့ ဆန်စပါးကုန်သည် လုပ်ပါတယ်၊ ကျနော်က ဆိုဒ်(၇)ခုလောက်မှာ ပို့စ်တွေ ရေးပါတယ်၊ ကျနော်က အလုပ်တစ်ဖက်နဲ့ အွန်လိုင်းပေါ် ရောက်ရင်လည်း စာရေးဖို့ကို ဦးစားပေးမိတာကြောင့် သူငယ်ချင်းတို့ရဲ့ စာမျက်နှာကို ၀င်ရောက် လည်ပတ်မှု မပြုနိုင်ခဲ့ဘူး ဆိုရင်လည်း နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။
ကျနော်လေ့လာ သိရှိထားတာလေးတွေကို မသိသေးတဲ့ သူငယ်ချင်းတွေလည်း သိလာအောင်၊ သိပြီးသား သူငယ်ချင်းတွေ ကျတော့ ပြန်ပြီးအမှတ်ရလာအောင် ရည်ရွယ်ချက်နဲ့ ၀ါသနာအရ ရေးသားနေသူမို့၊ စာပေတွေကို လေ့လာသင်ယူဆဲမို့၊ ဗဟုသုတရှာဖွေဆဲမို့ ကျနော့ရဲ့ အရေးအသားတွေမှာ အားနည်းချက်တွေရှိခဲ့ရင် ဖြည့်ဆည်းပေးဖို့လည်း တောင်းဆိုချင်ပါတယ်ဗျာ၊ ကျနော်ကတော့ သူငယ်ချင်းတို့ အတွက် ဆက်လက်ကြိုးစားနေမှာပါနော်...

မိုနာလီဇာရဲ့ အပြုံးထဲမှာ

လီယိုနာဒိုဒါဗင်ချီ ရှိတယ်၊

ရေနွေးငွေ့စက်ခေါင်းထဲမှာ

ဂျိမ်းဝပ် ရှိတယ်၊

ပနယ်ဆလင်ဆေးတောင့်ထဲမှာ

ဒေါက်တာဖလဲမင်း ရှိတယ်၊

ရှိနေပုံခြင်း မတူပေမယ့်

ကမ္ဘာကျော်တဲ့သမိုင်း ရှိတာချင်း တူကြတယ်၊

ကျနော်က

သမိုင်းထဲကလူ ဖြစ်ပေမယ့်

ကော်နက်ရှင်နှိပ်စက်တဲ့ အင်တာနက်မြို့ကြီးမှာ

ဖွံ့ဖြိုးဆဲ ကျနော်တို့ အသိက

ပန်းပင်ပျိုးမယ့် လက်တွေအလိုရှိနေတယ်၊

စာပေစင်မြင့်ထက် ရဲရဲတက်ဖို့က

မီးပုံထဲက ခုန်ထွက်လာတဲ့

ဖီးနစ်ငှက်လို

တောင်ပန်ကို ပြင်းပြင်းခတ်

ကောင်းကင်ကို ရင်အုံဟပ်လျှက်

ရိုးသားတဲ့ ကလောင်တစ်စုံရဖို့

စာပေမာန်နဲ့ အသက်ဆက်ရင်း

အခုလောလောဆယ် သမိုင်းထဲမှာ ရှိမနေပေမယ့်

အွန်လိုင်းပေါ်မှာ ရွှေဘ ရှိနေမယ်။ ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>