ပန်းတစ်ပွင့်ကို နမ်းရှိုက်မိတဲ့ငါ
ငါ့ရင်ထဲက မျက်ရည်များစွာ
ငါနမ်းမိတဲ့ပန်းက ဘာပန်းလဲ..၊
နင်သိလား အဆိပ်ပန်းလေ
ငါကျရတဲ့မျက်ရည်ကတော့..
အဆိပ်ဖြေဆေးပေါ့။
ယုံကြည်ထားတဲ့ အချစ်တစ်ခုကြောင့်
ပျက်စီးသွားတဲ့ နှလုံးသားတစ်စုံ
ကွဲအက်နေတဲ့ ခံစားချက်နဲ့မျက်ရည်
ဝမ်းနည်းနေမိတဲ့ လူတစ်ယောက်အကြောင်း
ခံစားချက်နဲ့ယှဉ်လိုက်ရင် အရာရာဟာနည်းပါးလို့...
တကယ်ပါ အဟုတ်ပါ
ငါမလိမ်မညာပါဘူး သစ္စာဆိုပါတယ်
ငါ့အတွက်ပန်းလေးတစ်ပွင့်ကြောင့်
ငါ့ဘ၀တစ်ခုလုံး ရစရာမရှိတော့အောင်
အဆိပ်သင့်သွားတာ
အဆိပ် တဲ့အဆိပ် သင့်ပါစေ
အဲဒီအဆိပ်သင့်တာကိုပဲ
ငါက ကြေနပ်နေတာပါလေ