ဘဝမှာ နာကျဉ်းမှုတွေကို ခံစားနေရတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူ့မှာ ပညာရှိ ဆရာတစ်ဦး ရှိတယ်။ ဆရာဖြစ်သူက သူ့တပည့် ဘဝရဲ့ နာကျဉ်းမှုတွေ ခါးသီးမှုတွေကို ခံစားနေရတာကို မမြင်ရက်ဘူးပေါ့။
တစ်နေ့မှာတော့ တပည့်လုပ်သူအား လက်တစ်ဆုပ်ခန့် ဆားကို ယူစေတယ်။ ပြီးနောက် ဖန်ခွက်ထဲသို့ ထည့်ခိုင်း လိုက်ပါတယ်။ တပည့်ဖြစ်သူအား သောက်စေတယ်။ ဘယ်လို အရသာ ရှိသလဲလို့ ဆရာဖြစ်သူက မေးတော့ အရမ်း ငံပါတယ်ဟု တပည့်က ဆိုပါတယ်။
ထို့နောက် ဆရာဖြစ်သူက ၎င်းဆားကို ရေကန်အတွင်းသို့ ထည့်ကာ သောက်စေတယ်။ ဘယ်လိုနေသလဲလို့ ဆရာဖြစ်သူက မေးတော့ ဘယ်လိုမှ မနေပါဘူး ဒီအတိုင်း ပါပဲဟု ပြန်ဖြေပါတယ်။
သင်ခန်းစာ - လောကတွင် လူတိုင်း လူတိုင်းဟာ ဘဝနာကျဉ်းမှု ဒဏ်တွေကို ခံစားရပါတယ်။ သို့သော် ခံယူပုံသာ ကွဲသွားခြင်း ဖြစ်ပါတယ်။ ဖန်ခွက်လို မခံယူပဲ ၊ ရေကန်ကြီးလို ခံယူပါ။
သူငယ်ချင်းတို့ရော.......???
အရင်တုန်းကနာကျဉ်းခဲ့ဖူးတာတွေကို
ဘယ်လိုပုံစံနဲ့“ခံယူ”ခဲ့ဖူးလဲ...?
↧
ပုံပြင် ဒါမှမဟုတ် သင်ခန်းစာ
↧

_Battalion-Royal_Canadian_Regiment_of_Infantry.jpg)









