ရွှေမြို့တော်မှာ ကျွန်တော် မင်ဘာဖြစ်ခဲ့တာ 2010.မတ်လ 30.ရက်ပါ
လေးနှစ်နိးပါး..ရွှေမြို့တော်မှာတစိုက်မတ်မတ်..နေလာခဲ့တာပါ
မင်ဘာစဖြစ်ကတည်းက ကျွန်တော်မကျွမ်းကျင်တဲ့ ဘာသာရေးနဲ့နည်းပညာ ကလွဲရင်
အကြောင်းအရာမျိုးစုံကို ပို့စ်များရေးလာတာ ခုဆို ပို့စ်ပေါင်း(၃၄၃)ရှိပါပြီ..
ကျွန်တော် မင်ဘာဖြစ်စ ရွှေခေတ်ဦးက ပို့စ်များ၊ ကဗျာများဟာ အင်မတန် အရည်အသွေး
ပြည့်ဝလှပါတယ်။ ကျွန်တော်နဲ့ ရွှေမြို့တော်မှာခေတ်ပြိုင် ဘလော့ရေးသူအားလုံးကို
ယနေ့ထိသတိရနေပါတယ်..။အများစုကတော့ ဘယ်ဆီဘယ်ဝယ်မသိနိုင်တော့
ရွှေမြို့တော်မှာ.. ခုတော့ ကျွန်တော်တစ်ယောက်ထဲ တ၀ဲလည်လည်..။
ကျွန်တော်တို့ ရွှေခေတ်ဦး ဘလော့ရေးသူများတုန်းက သူ့ထက်ငါ အကောင်းဆုံး ဖြစ်အောင်
အပြိုင်အဆိုင်ကြိုးစားရေသားခဲ့ကြပါတယ်။ ဖြစ်ကတတ်ဆန်းဘယ်သောအခါမှမရေးကြပါဘူး
ပို့စ်တိုင်းမှာ စာရေးသူက စာဖတ်သူကို အကြောင်းအရာတစ်ခုတော့ အနည်းဆုံးပေးပါတယ်
စေတနာနှင့်ပေးသောအကြောင်းအရာ(message) မပါတဲ့ ဘလော့ဟာ စာဖတ်သူများအတွက်
အချည်းနှီးသာဖြစ်ပါတယ်။ ဖတ်သာဖတ်လိုက်ရတယ် ဘာမှမကျန်ခဲ့နိုင်ပါ။
လက်ရှိ ရွှေမြို့တော်မှာ အက်မင်တစ်ဦးအနေနဲ့ ချပေးနေရတဲ့ ကဗျာများ၊ ဘလော့များကို မညာမတာ
ကိုယ့်ပေါင်ကို ကိုယ်ပြန်ထောင်းဝေဖန်ရရင်..လေးဆယ်ရာနုန်းလောက်က အရည်အသွေးမရှိပဲ
ချပေးနေရပါတယ်..။မချပေးပဲ ဖျက်လိုက်ဖို့ကလဲ..စာစရေးသူများ စိတ်ဓါတ်ကျသွားမှာ စိုးလို့ပါ
ကျွန်တော် စာရေးတဲ့ပုံစံကို ပြောပြပါ့မယ်..
သမိုင်းကြောင်းတစ်ခု (သို့မဟုတ်) နိုင်ငံရေးအကြောင်းအရာတစ်ခုကို ရေးမယ်ဆိုရင်
ရေးမဲ့အကြောင်းအရာတွေကို ရနိုင်သမျှစာအုပ်စာတမ်းရှာဖတ်မှတ်စုထုတ်ပြီးမှရေးပါတယ်
(စု၊ တု၊ ပြု) ခေါ်ပါတယ်။ အချက်လက်တွေစုဆောင်းတယ်၊ အတုယူတယ်၊ ရေးသားပါတယ်..။
ဒီခေတ်မှာနိုင်ငံရေး ပိုသတိထားရပါတယ်..။ကိုယ်ရေးတဲ့စာဟာ တစ်ပါးသူတွက် အဆိပ်အတောက်
ဖြစ်သွားနိုင်ပါတယ် ။ Face book မှာမဆင်မခြင်တွေအများဆုံးတွေ့နေရပါတယ်။
စာရေးရာမှာ..သုတစာပေလား၊ ရသစာပေလား..။ စာဖတ်သူကို မိမိသိထားတဲ့ဗဟုသုတကို
မျှဝေဖို့ရေးမယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးရေးတာ အကောင်းဆုံးပါ ။ သုတစာပေဆိုတာ
ရသ(စိတ်ခံစားချက်)တော့ မရရှိနိုင်ပါဘူး..။ဥပမာ..နည်းပညာ ဖြစ်ပါတယ်။
ရသစာပေရေးမယ်ဆိုရင်တော့..စာဖတ်သူက မိမိစာလေးဖတ်ပြီးရင် စိတ်ကျေနပ်မှုလေးတစ်ခု
နဲ့အတူ ဆက်ပြီးတွေးတောကျန်နေရစ်စေရပါ့မယ်..။ဥပမာ..သိပ်ကောင်းတဲ့ ရုပ်ရှင်တစ်ကား
ကြည့်ပြီးရင် အိပ်ယာထဲထိ အတွေးပါလာတာမျိုးပါ..။
အချစ်အကြောင်းဖြစ်စေ၊ ဟာသလေးဖြစ်စေ မိမိစာလေးဖတ်ရသူမှာ ရင်ထဲ ရသလေးတစ်ခုတော့
စွဲကျန်စေနိုင်မှ ရေးရကျိုးနပ်မှာပါ..။ဒါက ရသစာပေရဲ့သဘောဖြစ်ပါတယ် ။
ကဗျာအကြောင်းပြောလိုပါတယ်..ကဗျာဟာကဗျာဖြစ်ရပါ့မယ်
ကဗျာနဲ့ စကားပြေမတူပါဘူး..။ခုက..စကားပြေစာကြောင်းတိုတိုလေးတွေကို ကဗျာလုပ်
တင်နေကြတာတွေ့ရပါတယ်..။
“ ကောင်မလေးရယ် နင့်ကိုငါနေ့တိုင်းစောင့်ရတယ်
တွေ့တော့ လှည့်တောင်မကြည့်ဘူး..
နင်ရက်စက်တယ်နော်..
ရပါတယ်ဟာ..နင်ကသူဌေးသမီးကို..”……………..ဒါကဗျာမဟုတ်ပါ။
မော်ဒန်ရေးမယ်ဆိုရင်တော့ ရေးပါ ။ မော်ဒန်ဆိုရင်..စကားလုံးရွေး ချယ်မှုဆန်းသစ်ပါစေ
နိမိတ်ပုံပါပါစေ..။ခေတ်ပြိုင်ခံစားမှုပါပါစေ..။ မော်ဒန်ကဗျာတွေခေတ်စားနေပါတယ်
များများဖတ်ပါ..။ပုံနှိပ်မီဒီယာတွေမှာ မော်ဒန်ကဗျာတွေလေ့လာလို့ရပါတယ်..
ကဗျာရေးချင်ရင် ကဗျာကောင်းတွေများများဖတ်ရပါ့မယ်..။
ရွှေမြို့တော်မှာ လက်သင်လက်သွေး စာရေးသူများကို စေတနာနဲ့အကြံပေးလိုပါတယ်
၁။ မိမိရေးတဲ့စာကိုမိမိကိုယ်တိုင်တန်ဘိုးထားပါ..။ ဆိုက်မှာမတင်ခင် စာအရေးအသားပြန်ချောပါ
စာလုံးပေါင်းပြန်စစ်ပါ..။မိမိပေးချင်တဲ့ အကြောင်းအရာ ပေါ်လွင်ပါရဲ့လား သေချာပြန်စစ်ပါ။
၂။ ဆောင်းပါး ၀တ္ထုတိုဖြစ်လျှင် တစ်ပိုဒ်ထဲမရေးပါနဲ့ စာကြောင်းဆယ်ကြောင်းလောက်ကိုတစ်ပုဒ်
ခြားပါ။
၃။ စာရိုက်ရင် Tab Key မသုံးပါနဲ့ ။ Space bar များများမပုတ်ပါနဲ့ ။
ညာဖက် မာဂျင်ရောက်တဲ့အထိ စာကိုမရိုက်ပါနဲ့.။Enter ခေါက်ဆင်းလိုက်ပါ ။
စာလုံးအရောင်ကို..ဖတ်ရခက်တဲ့အရောင်မသုံးပါနဲ့ ။ Microsoft word နဲ့ရိုက်ရင်
စာလုံးဆိုက်က 12 လှပါတယ်။ ဆိုက်ထဲမှာရိုက်ရင်တော့ 3pt ကလှပါတယ်။
မိမိရဲ့စာတစ်ပိုဒ်ကို စာဖတ်သူက မျက်စေ့နဲ့အရင်ခံစားပြီးမှ စိတ်နဲ့ခံစားလေ့ရှိကြပါတယ်
ကျွန်တော်ဆိုရင် တင်ပြပုံမလှတဲ့ ပို့စ်မျိုးကို ကော်မန့်တောင်မပးချင်ပါဘူး..။
၎။ ကဗျာများကို..ကဗျာပုံစံကျအောင် ရေးပါ။ စာပိုဒ်ကြီးလိုမရေးပါနဲ့ ။
၅။ ကဗျာ၊ ဘလော့ ၊ နည်းပညာသူ့နေရာနဲ့သူ နေရာမှန်အောင်တင်ပေးပါ..။
ဆိုက်ရဲ့ အပေါ်ဆုံးမှာ လမ်းညွှန်အကွက်လေးတွေရှိပါတယ်..(တင်ရန်)ဆိုတာကို
ထောက်လိုက်ရင်..မိမိဘာတင်ချင်လဲရှာတွေ့နိုင်ပါတယ်။ ပို့စ်တိုင်းကို..ခေါင်းစဉ်ပါပါစေ..။
၆။ ဓါတ်ပုံများမျှဝေတာနဲ့ပတ်သက်လို့ကတော့..
မင်ဘာတစ်ဦးအတွက် တစ်နေ့သုံးပုံသာချပေးပါတယ် ။စိတ်ကြိုက် သုံးပုံသာတင်ပါ ။
မိမိကိုယ်တိုင်ပုံများ ဦးစားပေးချပေးပါတယ် ။အင်တာနက်ထဲကရှာဖွေလာသော
မထူးဆန်းသော အကျိုးမရှိပုံများ လုံးဝချမပေးပါ ။vzo ချက်ရင်းရိုက်ယူထားသောပုံများနှင့်
ပတ်သက်၍ အရှုပ်အရှင်းဖြစ်လာရင် တင်သူတာဝန်သာဖြစ်ပါတယ် ။
အထူးသဖြင့် sexy ပုံများတင်လာရင်..မင်ဘာအိမ်ပါဖျက်ခံရပါ့မယ်..။
နောင်ကို..တစ်ကြောင်း..နှစ်ကြောင်းပို့စ်များ ချပေးတော့မည်မဟုတ်ပါ..
ကဗျာမဟုတ်သော..ကဗျာများ ချပေးတော့မည်မဟုတ်ပါ..
စာဖတ်သူများအတွက် အကျိုးမရှိသော ဘလော့ပို့စ်များ ချပေးတော့မည်မဟုတ်ပါ..
အငြင်းပွားဖွယ် ဘာသာရေးပို့စ်..တစ်ဖက်သတ်နိုင်ငံရေးပို့စ် များ ကို
ချပေးတော့မည်မဟုတ်ပါ..
မထူးဆန်းသော..ဥာဏ်စမ်းများ ချပေးတော့မည်မဟုတ်ပါ..။
ရွှေမြို့တော်တွင် ဘလော့ပို့စ် ကောင်းကောင်းလေးများ ပေါ်ထွက်လာစေရန်
ဝိုင်းဝန်းကြိုးစားပေးဖို့..မင်ဘာ..အက်မင်များကို..အထူးမေတ္တာရပ်ခံလိုက်ပါတယ်..။

_Battalion-Royal_Canadian_Regiment_of_Infantry.jpg)








