ကျွန်ုပ် သိပ်ချစ်ခဲ့ရသော မိန်းကလေး တစ်ယောက် အသည်းထဲ နှစ်အောင်ကို ချစ်မိတဲ့သူပေါ့......... လမင်းလေး လို တောက်ပတဲ့ မျက်လုံးပိုင်ရှင်ပါ..........အရမ်းကို မြတ်နိုးချစ်ခဲ့ရပါတယ်........ ဒါပေမဲ့ ကျွန်ုပ် နောက်ကျခဲ့ရတယ်လေး..... လမင်းလေးရဲ့ အလင်းရောင်အောက် အေးမြသာယာတဲ့ ညတစ်ညမှာ နှစ်ယောက်သား အတူထိုင်ရင်း စကားပြောဖြစ်ခဲ့တယ်...... ရင်ထဲက ခံစားချက်ကို ဖွင့်ပြောဖို့ပေါ့.... အရမ်းကို ခင်တဲ့ သူတွေဆိုတော့ ဖွင့်ပြော ဖို့ကြိုးစား အားယူနေတုံး သူကဘဲ ( လွမ်းအိမ် ရယ် တို့နှစ်ယောက် အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေ ဆိုတော့ ငါရဲ့ခံစားချက်ကို ရင်ဖွင့်မယ်နော် ) တဲ့...... ကျွန်ုပ်လည်း အရမ်းချစ် သိပ်တန်းဖိုးထားခဲ့တဲ့ သူရဲ့ စကားကို အရင်နားထောင်ပေးခဲ့ပါတယ်.......ချစ်ရသူ ပြောလာမဲ့ စကားနားခါး စရာလို့ မမှတ်ယူဘဲ နားလည်စွာနဲ့ နားထောင်ပေးမိတယ်........... ချစ်သူ ခံစားချက်ကိုပေါ့... ( လွမ်းအမ်ရယ် ငါ့ကို ကောင်လေးတစ်ယောက်က ချစ်ရေးဆိုတယ်.. သူရုပ်ရည် က မဆိုးပါဘူး.. ဆက်ဆံရေးလည်း ကောင်းပါတယ် ) တဲ့လေး အဲဒီချိန်မှာ ငါ့ရဲ့ကောင်းကို ဆယ်ပေါင်တူ နဲ့ထုလိုက်သလို သေတော့ မတတ်ခံစားခဲ့မိတယ်.. ဒါပေမဲ့ပေါ့ သူကဆက်ပြောပြ တယ် ( ငါလေး သူ့ကို ချစ်မိပြီထင်တယ်) တဲ့ မပြောပါနဲ့လား လို့ရင်ထဲမှာဘဲ ပြောဖြစ်လိုက်ပါတယ်..အပြင်မျက်နှာမှာ တော့ အပြုံးမပျက်နားထောင် ပေးခဲ့ပါတယ်...ရင်ထဲမှာတော့
နားထောင်ပေးခဲ့ပါတယ် ချစ်ရသူစကား မငြိုငြင်ဘဲနဲ့ပေါ့... ( သူလေး ငါ့ပေါ်မှာ ဘယ်တော့မှ မငြိုငြင် အူတိုမှုလည်းမရှိပါဘူး အမြဲခွင့်လွတ် တယ် ) တဲ့ ချစ်ရသူ ရဲ့ ချစ်သူ ကောင်းကြောင်းပြောခဲ့တဲ့ အခါ ကိုယ်လည်း အမြဲခွင့်လွတ်နားလည် ရင်း ရင်မှာ ထာဝရ ချစ်နေမှာပါ လို့ စိတ်ထဲ မှာ ဘဲ ပြောဖြစ်ခဲ့ပါတယ်.... အပြင် မျက်လုံးမှာတော့ လမင်းရဲ့ အလင်းရောင်ကြောင့် စိန်ပွင့် လေးတွေ လိုဖြူ တဲ့ မျက်ရည်ကြည့် ကို ချစ်သူ မသိအောင် ပြန်ရုတ်သိမ်းခဲ့ပါတယ်..( ငါ့အပေါ်မှာ ရိုးသားစွာနဲ့ ကတိတည်လျှက် ဘယ်တော့မှ မခွဲမခွာ ထာဝရ ချစ်သွားမယ်လို့ သူကပြော နေတယ်.. ငါလည်း အရမ်းကို ကြည်နူးခဲ့ပါတယ် လွမ်းအိမ်ရယ် ) ဆိုပြီး ကျွန်ုပ်ဘက်ကို ကြည့်လိုက်တဲ့ အချိန်မှာ ချစ်ရသူရဲ့ မျက်နှာမှာ ယုံကြည်မှု အပြည့်ရှိတဲ့ မျက်လုံးကို တွေ့ခဲ့ရတော့ ကျွန်ုပ် ရင်မှာ နာကျင်ခံစား ခဲ့ပါတယ် သူဘယ်လောက်များ သူ့ချစ်သူ အပေါ် ယုံကြည့်တယ်ဆိုတာ ကို သိလိုက်ရလို့လေး..
( လွမ်းအိမ်ရယ် ငါလေး အဲဒီစကားတွေကို ကြားလိုက်ရတဲ့ အခါ ရင်မှာ ပီတိတွေ ဖြာရင် အတိုင်းမသိ ၀မ်းသာနေမိခဲ့တယ်.. နင်ရော ငါ့အတွက် ၀မ်းမသာပေးဘူးလား ) တဲ့ မေးလာတော့ ရင်မှာ နာကျ င်စွာနဲ့ ၀မ်းသာပါတယ် လို့ ပေါ့ပျက်ပျက်နဲ့ဖြေပေးလိုက်ခဲ့တယ်.. မဖြေရင်လည်း ချစ်ရသူ စိတ်မကောင်းမှာစိုးလို့ပေါ့.. (သူနဲ့လျှောက်လည်တိုင်း ငါ့အပေါ် အမြဲအလိုလိုက်တယ် အလိုက်သိစွာနဲ့ လုပ်ဆောင်ပေးခဲ့တယ်.. ဘယ်ကို သွားသွား ဘာတွေလုပ်လုပ် အမြဲခွင့်လွတ်တဲ့ ငါ့ချစ်သူရဲ့ အပြုံးဟာ နတ်သားလေး တစ်ပါးနဲ့ တူနေတယ် ) အဲဒီအချိန်မှာ ကျွန်ုပ် ချစ်ရသူဟာ ကောင်းကင် ကို ကြည့်ရင်း သူ့ရဲ့ခံစားချက်တွေပြောပြနေတဲ့ သူ့မျက်နှာဟာ ကြည်လင်နေပြီး နတ်မိမယ်လေးပမာ ရင်သပ်ရှုမောဖွယ် ကောင်းနေခဲ့တယ်... ဒါပေမဲ့ ကျွန်ုပ်ရင်ထဲမှာတော့..................
( ငါလေး သူ့ကို အရမ်းချစ်နေမိပြီ လွမ်းအိမ်ရယ် အမြဲလည်းချစ်နေမယ်.. သူ့ရဲ့ရင်ခွင်ဟာ နွေးထွေးမှုတွေ ပေးသလို အချစ်တွေကလည်း ခွန်အားဖြစ်စေခဲ့ပါတယ်..ချိုသာတဲ့ ငါ့ချစ်သူစကား ရင်ကို အမြဲ အေးစေတာပါ ) တဲ့ ကျွန်ုပ်ဘယ်လို ဆက်ပြီးနားထောင်ရမလဲ.. ( ဒါပေမဲ့ လွမ်းအိမ်ရယ် သူတို့က အတိုင်းအ၀ိုင်းကြီးတယ် ငါဘယ်လိုတိုးဝင် ရမလဲ.. သူ့ကို အရမ်းချစ်တယ် မခွဲနိုင်ဘူး.. ခွဲလည်း မခွဲချင်ဘူး... ဝေးသွားမှာကိုကြောက်နေတယ် ) လို့ပြောလာတော့ ချစ်ရသူကို သနားခဲ့မိပြန်တယ်.. သူဘယ်လိုများခံစားနေမလဲ ပေါ့.. ငါလည်းသူနဲ့ဝေးသွားမှာကို သေမလောက်အောင် ကြောက်နေမိတယ်.. ဝေးသွားမှာကို လက်မခံချင်ခဲ့ဘူးပေါ့...ဒါပေမဲ့ သူ့ကိုတော့ပျော်ရွှင်စေချင်မိတယ်...ရင်မှာတော့အလေးသား... ငါဘယ်လိုလုပ်ပေးနိုင်မလဲ..
နောက်ဆုံးတော့ ကျွန်ုပ်ချစ်ရသူရဲ့ ဘ၀ ထာဝရပျော်ရွှင်မှုတွေနဲ့အတူ ရွှေရောင်အိမ်မက်တွေ ကို ပိုင်ဆိုင်နိုင်ပြီး ဘ၀တစ်ခုပိုင်ဆိုင်ရပါစေ လို့ဆုတောင်းပေးနေမိတယ်... သူမသိအောင်ပေါ့.. ကျွန်ုပ်လည်းသူ့ ကို အရမ်းချစ်သလို သူလည်းသူ့ချစ်သူကို အရမ်းချစ်မှာဘဲ..( လွမ်းအိမ်ရယ် သူနဲ့သာဆိုရင် ဒီဘ၀မှာ ဘယ်လို အခက်အခဲ ကိုဖြစ်ဖြစ် ရဲရဲ ရင်ဆိုင်ရင်း ဘ၀ကို ကျော်ဖြတ်မယ် ) ဆိုပြီးပြောလာတဲ့သူ့စကားသံဟာ လောက ကြီးကို ရင်ဆိုင်ဖို့ အားအင်းတွေ အပြည့်ဖြစ်နေပြီဆိုတာသိလိုက်ရတော့ သူ့ချစ်သူကို ဘယ်လောက်ချစ်တယ်ဆိုတာ ကို နားလည်ပေးခဲ့တယ်....
ဒါပေမဲ့ ကျွန်ုပ် နှလုံးသားမှာတော့ မိုးတွေရွာနေခဲ့မိတယ်.. သူမသိအောင်ရွာခဲ့တဲ့မိုးပါ.. ကျွန်ုပ်ချစ်ရသူပြောခဲ့တဲ့ သူ့ချစ်သူ အကြောင်းတွေ ကြားသိလိုက်တဲ့အခါ နှလုံးသား ဟာ ကွဲအက်ခဲ့ပေမဲ့နာကျင်စွာနဲ့ဘဲ နားထောင်ပေးနေမိတာပါ..
ကျွန်ုပ်ဘယ်လို ဆက်လုပ်ရမလဲ.... သူမရှိရင် အသက်မရှင်နိုင်သလို သူလည်းသူ့ချစ်သူမရှိရင် ဘယ်လိုအသက်ရှင်မလဲ..ကျွန်ုပ်ကိုသူထားသွားမဲ့ရက်ကို တွေးကြောက်နေသလို သူလည်း သူ့ချစ်သူထားသွားမှာကို ဘယ်လောက်စိုးရိမ်နေမလဲ..သေမလောက်ခံစားရမယ်ဆိုတာကို သိခဲ့ရပါတယ်....... သူ့ချစ်သူကို သူဘယ်လောက်တန်ဖိုးထားနှစ်သက်နေတယ်ဆိုတဲ့ချစ်ရသူ ပြောတဲ့စကားတွေကို အသက်မဲ့တဲ့ကိုယ်လို တိတ်ဆိတ်စွာနားထောင်ပေးခဲ့ပါတယ်..
ကျွန်ုပ်ကိုလည်း နားလည်ပေးကြပါ.. ဘယ်လိုဖြေသိပ်ကြမလဲ.. ဘယ်လိုဖြေကြမလဲ.. အချစ်ရူံးသမားလား.. အချစ်ကံခေသူလား... ကံဆိုးသူလူသားလား.........
မှတ်ချက်-
( ဘယ်သူ့ကိုမှ မရည်၇ွယ်ပါ.. ရင်ထဲက ခံစားချက်သက်သက်သာ )
လွမ်းအိမ်
( ကချင်ပြည် )

_Battalion-Royal_Canadian_Regiment_of_Infantry.jpg)








