Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Online Lover (Long-distance love) ပထမပိုင်း

$
0
0

Online Lover (Long-distance love……..)

ဒီဇင်ဘာနှင်းသည် မုံရွာစီးပွါးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူလေး တစ်ဦး

ဖြစ်သည်။ မိဘများက၀န်ထမ်းတွေဖြစ်သည်။ ဖေဖေ ကအစိုးရ၀န်ထမ်းအရာ၇ှိတစ်ဦးဖြစ်ပြီး၊

မေမေက ကျောင်းဆရာမဖြစ်သည်။ တစ်ဦးတည်းသောသမီး အဖြစ်နဲ့ ကာလအတော်ကြာ

 ဘိုးဘွား မိဘ တို့ရဲ့ အချစ်ကို အပြည့်အ၀ ရရှိထားသူလည်းဖြစ်သည်။ နှစ်တော်တော်ကြာမှ

အရမ်းချစ်စရာကောင်းတဲ့ မောင်လေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။

စည်းကမ်းအရမ်းကြီးတဲ့ မိသားစုက ပေါက်ဖွားလာသူ ဖြစ်သဖြင့်အိနြေ္ဒ ၊သိက္ခာ ပြည့်ဝတဲ့

မိန်းကလေးတစ်ယောက်လည်းဖြစ်သည်။ နှင်းလေးကဘာသာတရား ကိုင်းရှိုင်းသူလေးဖြစ်ပြီး

၊ကျောင်းမသွားခင် ဘုရားဆွမ်းတော် ၊ရေတော်ကပ် ဘုရားဝတ်ပြုပြီးမှသာ ကျောင်းသို့ သွား

လေ့ရှိသည်။ ဆိုင်ကယ်စီးရင်းနဲ့လည်း ဘုရားဂုဏ်တော်များကို ပွါးများနေတတ်သည်။ တစ်လ

တစ်ခါလောက်တော့ ဘုရားသို့သွားပြီး တံမြက်စည်းလှည်းခြင်း ၊ ဘုရားပန်းလဲခြင်း ၊တရားထိုင်ခြင်း

များကိုပြုလုပ်တတ်သည်။ မွေးနေ့တိုင်းသတ်သတ်လွတ် စားသူလေးဖြစ်သည်။ ညအိပ်ရာ မ၀င်ခင်

ဘုရားကန်တော့ လူနတ်သတ္တ၀ါအားလုံးကိုမေတ္တာပို့ ပြီးမှအိပ်တတ်သည်။ ဘိုးဘွား ၊မိဘ ၊ဆရာ

စကားကို မြေ၀ယ်မကျ နားထောင်တတ်သူလေးဖြစ်သည်။ တစ်ချိန်ချိန်တွင် အောင်မြင်သော

စီးပွါးရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ချင်သည်။ ပညာရေးကိုပဲ တစ်စိုက်မတ်မတ်ကြိုးစားနေ ရသဖြင့်

ယခုခေတ် လူငယ်တွေ ပါးစပ်ဖျားမှာ Online Story ခေတ်စားနေချိန်တွင် နှင်းလေးက Computer

ကိုကျောင်းစာမှလွဲ ၍ မသုံးဖြစ်ပါ။

 

 

 

 

 

 

 

 

 

 

 

နှင်းလေးတို့သူငယ်ချင်းတစ်စု ဖြစ်ကြသော အေးလေး၊မွန်လေး ၊အိလေး ၊နွယ်လေး ၊နီလေး

 

တို့အားလုံး Canteen တွင်စားသောက်ရင်း စကားပြောနေကြသည်။

 

မွန်လေးက

 

“ အခုတလော Internet Connection ကောင်းတော့ Internet သုံးရတာအဆင်ပြေတယ်သိလား၊

 

ငါလိုချင်တဲ့ Economic Website တွေကို ရှာပြီး Download ဆွဲပြီးကူးထားတယ် Exam အတွက်

 

လဲ အထောက်အကူဖြစ်တယ်။ ပြီးတော့ ကိုကိုနဲ့လည်းလိုင်းပေါ်တွေ့ဖြစ်တယ်လေ ခိခိ ”

 

ဆိုပြီးရယ်ရင်းနဲ့ပြောသည်။

 

“ အိလေး ကလည်းအားကျမခံ အောင်မယ် ငါလည်း ငါ့ဘဲဘဲနဲ့ Facebook ပေါ်မှာနေ့တိုင်း လှမ်း

 

Check နေရတာ သူက Thai  မှာဆိုတော့ စိတ်မချဘူးသိလား”

 

 

အေးလေးက

 

“ အော် အဲဒါကြောင့်မို့လို့ လိုင်းပေါ်တက်လိုက်တိုင်း ရှင်တို့အကောင့်တွေ အမြဲစိမ်းနေတာကိုး

 

ပြောသာ ပြောရတာ ငါလဲ Korea ကမောင့်ကို အမြဲသတိပေးနေရတာ ရေခြား မြေခြားမှာဆိုတော့

 

ကျန်းမာရေး ဂရုစိုက်ဖို့ပေါ့။

 

“ နွယ်လေး ကတော့Malay က သူ့ချစ်သူ သားသားနှင့် လိုင်းပေါ်တွင်အမြဲတွေ့နေကျ ဆိုတော့

 

သူငယ်ချင်း  တွေဘာတွေပြောနေသည်ကိုပင် မကြားဘဲ ဆက်Chat နေသည်”

 

“ နီလေး ကတော့ ငါ့ချစ်သူ ကတော့မုံရွာသားဆိုတော့ နင်တို့လို လိုင်းပေါ်တွေ့စရာမလိုဘူး

 

ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ အခန်းရှေ့ေ၇ာက်ပြီးသားပဲ သိတယ်မဟုတ်လား”

 

အားလုံးက တစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြသောကြောင့် နည်းနည်းဆူညံသွားသည် ။

 

နှင်းလေးက အအေးသောက်နေရင်းမှ သိပ်စိတ်မရှည်တော့ပေ

 

“  နင်တို့ကလည်းဟာ Internet ဆိုတာ တစ်ကယ်တော့ အရမ်းတန်ဖိုးရှိတဲ့ အရာတစ်ခုပါ။”

 

“သုံးတတ်ရင်ဆေး ၊မသုံးတတ်ရင်ဘေး ”ဆိုသလိုပါဘဲ ။ကိုယ်လိုချင်တဲ့ WebSite တွေကို

 

တစ်နေရာထဲမှာ ပဲစုစည်းတင်ပြပေးထားတာပါ။ အရမ်းအသုံးဝင်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်

 

မှာ၇ှိတဲ့ လူငယ်အများစုက Online မှာ Game, Chatting ဘဲသုံးနေကြတာတွေ့နေရတယ်။

 

“သတိမမူ ၊ဂူမမြင် ” ဖြစ်နေကြတာပါ။ လူငယ်တွေရဲ့ရှေ့ရေးကို တွေးမိပြီးရင်လေးလို့ပါ။

 

“ယနေ့လူငယ် ၊နောင်ဝယ်လူကြီး ” ဆိုသလို အဲဒီလူငယ်တွေဟာ တစ်ချိန်ချိန်မှာ နိုင်ငံတော်ရဲ့

 

တာဝန်ကိုထမ်းဆောင်ရမယ့် အကြီးအကဲတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှပြောလို့မရဘူး ။အဲဒါကြောင့်

 

သူတို့လေးတွေ အချိန်ကိုအကျိုးရှိရှိ သုံးစေချင်တယ်။

 

“ဟား အရမ်းမိုက်တဲ့ Dialogue တွေဘဲ တန်ဖိုးရှိတယ် နားထောင်ကြ၊ နားထောင်ကြ ”လို့မွန်လေး

 

ကပြောလိုက်သည်။

 

“မွန်လေး အဲလိုမရွဲ့ပါနဲ့ နှင်းကစေတနာနဲ့ ပြောတာပါ။ အဲဒီလို အချိန်ကိုဖြုန်းတီးတဲ့ သူတွေထဲမှာ

 

နှင်း သူငယ်ချင်းလေးတွေ ပါသွားမှာစိုးလို့ သတိပေးနေတာ ။ပြီးတော့ လိုင်းပေါ်မှာ တွေ့တဲ့ သူတွေ

 

ကလည်း ယုံရတာမဟုတ်ဘူး၊ နှင်းကတော့ လုံးဝကိုအယုံအကြည်မရှိတာသိလား”

 

အေးလေးက “ နှင်းလေး နင်ကနင်ရဲ့ ဖူးစာရှင်လေးကို မတွေ့သေးတော့ ပြောအားရှိမှာပေါ့

 

ငါတို့ကတော့ ယုံလက်စနဲ့ ဆက်ယုံလိုက်အုန်းမယ်နော် ”

 

          နှင်းလေး ကသူငယ်ချင်းအားလုံးတွင်ပျော်ပျော် နေတတ်သူလေးဖြစ်ပြီး ဟာသဥာဏ်

 

ရှိသူလေးဖြစ်သည်။ အားလုံးကသူရယ်စရာပြောသည့် အခါတိုင်း မရယ်ဘဲမနေနိုင် အူတက်အောင်

 

ရယ်ကြသည်။ တစ်ခါတစ်လေ မှာတော့သူငယ်ချင်း လေးတွေအပေါ်စိုးရိမ်စိတ်ကလေးနဲ့ အခုလို

 

လူကြီးဆန်ဆန် ဆရာမကြီး လုပ်တတ်ပြန်သည်။

 

          မနက်စောစောကျောင်းကိုရောက်တော့ မွန်လေးက

 

“ နှင်းလေး Teacher ကExam နဲ့ ပါတ်သက်တာတွေကို Mail ကနေပို့လိုက်မယ်တဲ့ နင် gmail

 

အကောင့်တစ်ခု ဖွင့်ထားပါလား ”

 

“အင်း ရပါတယ် ဖွင့်လိုက်မယ်လေ ၊ဒါပေမဲ့ နှင်းမှ မဖွင့်တတ်တာ၊ မွန်ဖွင့်ပေးပါလား ”

 

“ ငါလည်း မအားဘူးနေ့လည်အပြင်သွားစရာ၇ှိတယ် ၊နင်Internet ဆိုင်မှာသွားဖွင့်ခိုင်းလိုက်လေ”

 

“အေးလေ နှင်းမှမလုပ်တတ်တော့လဲ အဲလိုဘဲလုပ်ရတော့မှာပေါ့ ညနေကျမှပဲ သွားလိုက်မယ်”လို့

 

ပြော၇င်း စာသင်ခန်းထဲသို့ဝင်သွားကြသည်။

 

 ညနေကျောင်းဆင်းတော့ Internet ဆိုင်တွင် အကောင့်ဖွင့်ခိုင်းလိုက်သည်။ နှင်းလေး အကောင့်

 

နာမည်က chitthuno -1@gmail.com နှင်းလေးက ညရောက်တော့ Computer ဖွင့်လိုက်ပြီး

 

Teacher ပို့လိုက်သော Mail ကိုဖွင့်ဖတ်နေသည်။ ထိုအချိန်လေးအတွင်းမှာ ပဲရုတ်တရက်

 

Friend Request တက်လာသည်။ ကြည့်လိုက်တော့ ချစ်သူနံပါတ်-၁@gmail.com

 

အကောင့်ကိုတစ်ခါမှလက်မခံဘူးတာရယ် ၊ကိုယ်မသိတဲ့သူကို စကားမပြောဘူးတာရယ်

 

ကြောင့်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ ပြီးတော့နှင်းအကောင့်နဲ့နာမည်တူနေသည်။

 

ချီတုံချတုံ စဥ်းစားရင်းလက်ခံလိုက်ပါမယ်လေ ပြီးမှပဲမီးစင်ကြည့်ကတော့မယ် လို့တွေး၇င်း

 

Yes  ကလစ်နှိပ်လိုက်သည်။

 

ချက်ခြင်းမီးစိမ်းလာပြီး

 

“ ဟိုင်း အမိ နေကောင်းလား”

 

ရုတ်တရက်ကြောင်သွားသည်။ တစ်ခါမှလည်းမChat ဖူးတော့ ဘာပြောရမှန်းမသိပေ။

 

“ ဟေ့ ဒီကနှုတ်ဆက်နေတာမတွေ့ဘူးလား”

 

“ဘာလဲ မာနကြီးတာလား ၊စာမရေးတတ်ဘူးလား ဟားဟား”

 

နှင်းလေးကလည်း ဘယ်ရမလဲ သူက အမိ တွေဘာတွေသုံးနှုန်းထားတော့ သူ့ကိုဘယ်လို

 

ပြန်ခေါ်ရင် ကောင်းမလဲစဉ်းစား နေသည်။ ပြီးမှ ရှေးခေတ်ကကျေးလက်တောရွာတွင်

 

သုံးနှုန်းသည့်  ကိုရင် ကိုသုံးမည်ဟု ဆုံးဖြတ်လိုက်ပြီး

 

“  ကိုရင် ရောနေကောင်းပါစ”

 

“ ဟေ့ မင်းဘယ်သူ့ကိုခေါ်နေတာလဲ ငါသင်္ကံန်းဝတ်ထားတာ မဟုတ်ဘူးကွ”ဆိုပြီးပြောတော့

 

နဲနဲတင်းသွားတာဖြစ်မည်ဟု နှင်းလေးစိတ်ထဲတွင်ထင်မိသည်။

 

“ အော် ၇ှင်က အရင်ကျွန်မကို နာမည်မသိဘဲ ဘာလို့ အမိ လို့ခေါ်တာလဲ ဟွန်း ”

 

“ ဟာ မင်းကမိန်းကလေးမို့ အမိလို့ခေါ်တာပေါ့ ”

 

“ ကျွန်မကလည်း ရှင့်ကို ယောက်ျားလေးမို့လို့ ကိုရင် လို့ခေါ်တာသိလား ”

 

“ ဟာ မင်းစကားပြောတာစွာလှချည်လား ၊မိစွာတေး”

 

“ ရှင်ကလည်း စိတ်တိုတတ်တယ်နော် ဦးစိတ်တို”

 

“ အမိ ကဘယ်မြို့ကလဲ”

 

“ကိုရင် အရင်ပြော”

 

“ အော် ဒီအမိနဲ့တော့ခက်နေပါပြီ၊ စကားပြောပုံကိုကြည့်ရတာ တစ်ခါမှ Online မှာမChat

 

ဖူးဘူးထင်တယ်”

 

သူပြောမှဘဲ နှင်းကိုယ့်ကိုယ်ကို စဉ်းစားမိသွားသည်။ အခြားမိန်းကလေးတွေ Online ပေါ်တွင်

 

ကောင်လေး တွေနှင့်ဘယ်လို စကားပြောကြသည်ကို မသိပေ။နှင်းကတော့ မာနကလည်းကြီး၊

 

စိတ်ကလည်းဆတ်ဆတ်ထိမခံဆိုတော့ အခုမှစ စကားပြောရုံရှိသေးသည် လာလာချင်းဖိုက်

 

သလိုများဖြစ်နေမလား မသိဘူးဆိုပြီးအတွေးနယ်ချဲ့နေတော့သည်။

 

“ဟေ့ အမိအိပ်ပျော်သွားပြီလား၊ အခုနတော့လည်းအတင်းရန်တွေ့နေပြီးတော့”

 

“ ဒီမှာ ကိုရင် ရှင်စကားပြောရင် အဲဒီလိုပဲ ပြောတတ်တာလား ဘုဂလန့်နဲ့ လူ့ဂွစာပဲ”

 

“ဟားဟား အမိ ရေကိုယ်ပြောတဲ့ စကားလဲကိုယ့်ဖာသာပြန်ဖတ်ပါဦး၊ အမိ ပဲတစ်ချိန်လုံး

 

လာရန် တွေ့နေပြီးတော့”

 

“ ကဲကဲ အမိ ငါတို့ဒီနေ့စတွေတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီလောက်ပဲရန်ဖြစ်ရင်းနဲ့ရပ်လိုက်ကြစို့နော်

 

ငါလည်းသိပ်မအားဘူး သူငယ်ချင်းတွေနဲ့ချိန်းထားတယ်”

 

“အောင်မယ် ကိုရင် ရှင်ကများ ပြောရတယ်ရှိသေး ဒီကစာမေးပွဲနီးလို့ စာကျက်နေတာ ၊ရှင့်လို

 

၁၀၉ – ၁၁၀ များထင်နေလား”

 

“ ဟုတ်ကဲ့ ဒီနေ့တော့ငါအလျှော့ပေးလိုက်မယ် အမိစောစောအိပ်နော် ၊ကျန်းမာရေးထိခိုက်နေဦး

 

မယ်”လို့စလိုက်သည်။

 

“ ဒီမှာ ကိုရင် ရှင်စိတ်ပူစရာမလိုဘူး”

 

“ တာ့တာနော် အမိ ”လို့ပြောပြီး လိုင်းအောက်သွားသည်။

 

နှင်းစိတ်ထဲတွင် ဘယ်လိုလူနဲ့လာတွေ့နေလဲမသိပါဘူး စိတ်ညစ်ပါတယ်။ စာဆက်ကြည့်လိုက်ပါ

 

မယ်လေဆိုပြီး စာဆက်ကြည့်ဖြစ်သည်။

 

          ညနေသူငယ်ချင်းတွေနဲ့တွေ့တော့ လည်း Online တွင်တွေ့ခဲ့သော ကောင်မလေးကို

 

စိတ်ကူးမိပြီး တစ်ကယ်စွာတဲ့ မိစွာတေးဘဲလို့ စိတ်ထဲတွင် ရေရွတ်ရင်း ပြုံးမိသွားသည်။

 

သူငယ်ချင်းဇော်ဇော်က         

 

“ ဟေ့ကောင် ကိုမင်း တစ်ယောက်ထဲ ဘာတွေတွေးပြီး ပြုံးနေတာလဲကွ”

 

သြော် အေး ငါမင်းတို့ကို ပြောပြစ၇ာရှိတယ်။

 

“ ငါ ဒီနေ့ Online မှာ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ဆိုပြီး

 

အကျဉ်းချုံးပြောပြလိုက်ရာ အားလုံးက၀ိုင်းရယ်ကြသည်”

 

“မင်းကတော့ကွာ စတွေ့တွေ့ချင်းမှာတောင်မင်းကို ဒီလောက် ကက်ကက်လန်အောင်ရန်တွေ့သွား

 

တာကိုတောင်မှ မင်းကရင်ခုန်တယ်ဆိုတော့ အမိကလေ မင်းကို အပြင်မှာတွေ့ရင် ဒေါသထွက်ပြီး

 

ပါးချခံရရင်တောင် ပျော်နေမလားမသိပါဘူးကွာ ဟားဟား”

 

“မင်းတို့ဘာပြောပြော အဲဒီကောင်မလေးကို ငါ တွေ့တွေ့ချင်းစိတ်ဝင်စားသွားပြီကွာ၊ သူကတစ်ခြား

 

မိန်းကလေးတွေနဲ့မတူ ထူးခြားတဲ့ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတယ်ကွ” မင်းမင်းဦးတစ်ယောက်

 

မိမိကို စတွေ့တွေ့ချင်း ရန်လုပ်တတ်သော မိစွာတေးလေးကို မမြင်ဖူးလေတော့ စိတ်ကူးထဲတွင်

 

ပုံဖေါ်ကြည့်ရင်း ပျော်ရွှင်နေမိတော့သည်။”

 

 

          နှင်းလေး ဒီနေ့ကျောင်းနောက်ကျနေတော့ တစ်ယောက်ထဲဆိုင်ကယ်ကို မြန်မြန်မောင်း

 

ရင်း မုံရွာစီးပွါးရေးတက္ကသိုလ် ကျောင်းဝင်းထဲသို့ ၀င်လာသည်။ သူငယ်ချင်းအားလုံးကတော့

 

Canteen တွင်စောင့်နေကြသည်။ မွန်လေးက

 

“ နှင်း နင်ဒီနေ့နောက်ကျတယ်နော် ငါတို့တောင်စားပြီးပြီ အခုပဲ အတန်းတက်တော့မလို့”

 

“ ဟုတ်တယ် နှင်းမနေ့ညက စာကြည့်နေတာ 1း00 am လောက်မှအိပ်ဖြစ်တယ် ။”

 

“ကဲ ဘာစားမှာလဲ ၊မြန်မြန်စား ပြီးရင်သွားရအောင်”

 

“အုန်းနို့ခေါက်ဆွဲ တစ်ပွဲပေးပါ ၊အန်တီ ချဉ် ငန် စပ် လေးလုပ်ပေးနော် ”

 

“နှင်းအားလုံးကိုပြောစရာ၇ှိတယ် ၊နှင်းပြောလိုက်ရင် အားလုံးမအံ့သြကြနဲ့နော်”

 

အေးလေးက “ ကဲပါ နှင်းရယ်ပြောမှာသာပြောစမ်းပါ စကားအစချီနေသေးတယ်အတန်းနောက်ကျ

 

တော့မှာပါဆိုနေမှ”

 

“ထူးဆန်းတယ်သိလားမနေ့ညကလေ gmail အကောင့် ဖွင့်လိုက်တာနဲ့ နှင်းနဲ့အကောင့် နာမည်

 

တူတဲ့ တစ်ယောက်က Friend Request လုပ်တယ် ၊ရွာဘက်ကလားမသိဘူး စကားပြောတာ

 

တောဆန်တယ်နှင်းကိုလဲအမိ တဲ့လေ နှင်းလဲအမြင်ကတ်တာနဲ့သူ့ကို ကိုရင်လို့ခေါ်လိုက်တယ်

 

စာကျက်နေရလို့အိပ်ရေးပျက်ပါတယ်ဆိုနေမှ သူကတစ်မျိုးလာ၇န် ဖြစ်နေသေးတယ်ဆိုပြီး ညက

 

ကိုရင် နဲ့ ရန်ဖြစ်ခဲ့သည်များကို သူငယ်ချင်းများအားပြောပြလိုက်ရာ ”အားလုံးက၀ိုင်းရယ်ကြသည်။

 

“ ဟာ ရယ်စရာဘာပါလို့လဲ ”

 

အိလေးက

 

“မပြောမ၇ှိနဲ့ ငါတို့အားလုံး သူတို့နှစ်ယောက်ကိုသေချာစောင့်ကြည့်ရမယ် ၊ငါဗေဒင်ဟောလိုက်

 

မယ် တစ်ချိန်ချိန်မှာ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်ဖို့သေချာနေပြီ ”

 

“အဲလိုတော့ နှင်းကို ကြိုပြီးတော့ ဟောကိန်းမထုတ်ပါနဲ့ အခုတောင်ရန်တော်တော်ဖြစ်နေရတာ၊

 

အိလေး တင်သွင်းတဲ့အဆိုကို Reject လုပ်ပါတယ်”

 

“ ကျန်သူငယ်ချင်းအားလုံးက နှင်းလေးကိုစချင်တာနဲ့ Accept လုပ်ပါတယ်လို့ ထအော်ကြသည်”

 

“ရန်ဖြစ်ပြီးရင်တော့ ဘာဖြစ်မလဲဆိုတာကို အားလုံးလည်းသိကြမှာပါ ”ဆိုပြီးနွယ်လေးကပါစနေသည်။

 

“နှင်းလေးလည်း စိတ်ဆိုးပြီး အုန်းနို့ခေါက်ဆွဲ မြန်မြန်စားပြီး ဘယ်သူ့ကိုမှ မစောင့်ဘဲ ထွက်သွားသည်။”

 

သူငယ်ချင်းအားလုံးကနောက်မှ အတင်းပြေးလိုက်ရင်း

 

“နှင်း ငါတို့ကနင့်ကို ချစ်လို့စနေကြတာပါ ၊သိပါတယ် နှင်းလေးရဲ့စိတ်ဓါတ်ဘယ်လိုရှိတယ်ဆိုတာ”

 

“မသိဘူး နောက်ဆိုဘယ်သူကိုမှ ဘာမှမပြောပြတော့ဘူး”

 

မွန်လေးက

 

“ဟာအဲလိုတော့မလုပ်ပါနဲ့ ဒါပေမဲ့နှင်းလေး တစ်ခုတော့ထူးခြားတယ် ငါတို့လည်းOnline သုံးလာ

 

တာဒီလောက်ကြာနေပြီ ယောက်ျားလေးသူငယ်ချင်းတွေဆိုအများကြီးပဲ ဒါပေမဲ့ တစ်ခါမှသူတို့

 

နဲ့ရန်မဖြစ်ဖူးဘူး ဖြစ်စရာလည်း မလိုဘူးလေ ဒါပေမဲ့ ငါကပဲအေးလို့လားတော့မသိဘူး ခိခိ”

 

“ အော် ရှင်တို့အားလုံးပြောပုံအရဆိုရင် နှင်းကစွာတယ်ပေါ့ ၊ရှင်တို့ကိုလေ ကိုရင် ဘယ်လောက်

 

စွာလဲဆိုတာကို ရှင်တို့မှမသိတာ ဟွန်း ယောက်ျားလေးဖြစ်ပြီး ရန်ဖြစ်လိုက်တာများ မုန်းဖို့သိပ်

 

ကောင်းတယ်”

 

“ကဲ ကဲ တော်ကြပါတော့ ကိုရင်တွေရော သီလရှင်တွေရော အဲဒါနဲ့ အတန်းထဲကိုမရောက်တော့

 

ဘူးဆိုပြီး နီလေးက ပြောလိုက်ရာ အားလုံးက ၇ယ်ပြီးအခန်းထဲကိုဝင်သွားကြသည်”

 

ညနေပိုင်းကျောင်းဆင်းလို့ အိမ်ပြန်ရောက်တော့ မိမိအခန်းထဲ Computer ရှေ့တွင် Economic

 

Website များကိုကြည့်ရင်း ည 10:00 pm လောက်တွင် ကိုရင့်အကောင့်မီးစိမ်းလာပြီး

 

“အမိ ကြိုးစားလှချည်လား ၊ဒီနေ့လည်း စာကျက်နေတယ်ပေါ့”

 

“ဟုတ်တယ်ကိုရင် အဲတော့ဘာဖြစ်လဲ ”

 

“ဟား အမိကတော့လေ ကို မဆုံးမရင် မဆုံးမသလိုပဲ အရမ်းစွာတယ်”ကိုရင်ကလည်းနှင်းစိတ်တို

 

လာစေ၇န်တမင်စလိုက်သည်။

 

“ကိုရင် စကားပြောတာကြည့်ပြောနော် ၊ဒီမှာအသေတင်းနေပြီသိလား”

 

“အော် အမိရယ် တင်းနေတာများအောင့်ထားရသေးတယ် ၊ဘာလဲ ကို့ ကိုအားနာလို့လား

 

၊ရပါတယ် မြန်မြန်Toilet သွားလိုက်ပါ ကို စောင့်နေပါ့မယ်ကွာ ”

 

“ ဘာ ကိုရင် ဘာပြောလိုက်တာလဲ ရှင်အဲလိုတွေလျှောက်ပြောနေရင် ကျွန်မ ချက်ခြင်း Block

 

လိုက်မှာနော် ”လို့ခြိမ်းခြောက်လိုက်တဲ့အခါမှာတော့ မင်းမင်းဦးတစ်ကယ်လန့်သွားသည် ။

 

သူ ဒီကောင်မလေးနှင့်အဆက်ပြတ်သွားလို့တော့ လုံးဝမဖြစ်ပေ။

 

“ဆော၇ီးပါ အမိရယ် အမိမကြိုက်ရင်လည်း မစတော့ပါဘူးကွာ ၊ငါကမင်းလေးကို မမြင်ဖူးပေမဲ့

 

တစ်ကယ်ကိုခင်မိနေတာပါ တစ်ကယ်တောင်းပန်ပါတယ်ကွာ Block တော့မလုပ်လိုက်ပါနဲ့”

 

“အဲလို လိမ္မာမှပေါ့ ကိုရင်ရယ်”

 

“ ဒါနဲ့ အမိက ဘယ်ရွာကလဲဟင် ”

 

ဒီဖက်ကိုလည်း ဘာမှမမေးဘဲ ရမ်းသမ်းပြီး ကိုယ့်ကိုတောသူလို့ပြောလိုက်တော့ နှင်းဘာဆက်

 

ပြောရမှန်းမသိဖြစ်သွားသည်။ နှင်းလေးက မန်းသူဖြစ်ပြီး ကျေးလက်တောရွာ ကိုကြားဖူးပြီး

 

တစ်ခါမှမရောက်ဖူးပေ။ နှင်းလေးက ကိုရင်ကိုစကားပြောလျှင်အနိုင်ရချင်သည်။ နောက်ဆုံးတော့

 

မထူးပါဘူးဆိုပြီး ကိုရင်ကို လိမ်ရန်ဆုံးဖြတ်လိုက်သည်။ သူ့ရဲ့စကားအတိုင်း Follow

 

လိုက်ပြောလိုက်မယ်ဆိုပြီး တွေးနေသည်။

 

“အမိ နင်ကလေ တစ်ခါတစ်လေ ကျရင် စကားပြောရင်းနဲ့ အိပ်ပျော်သွားတာလား ၊တော်တော်ကြာ

 

တယ်ဟ ငါစောင့်နေရတာ လည်ပင်းရှည်နေပြီကွာ”

 

“ကိုရင် ငါလည်း နင့်လို တောသူပါဘဲ သပြေတောရွာကပါ”

 

“ဟုတ်လား အမိ ငါပျော်လိုက်တာ ငါတို့ ရိုးသားတဲ့တောသူ တောင်သား အချင်းချင်းတွေ့၇တာ

 

အ၇မ်း ၀မ်းသာတယ်”

 

“ကိုရင်ကရော ဘယ်ရွာကနေပြောနေတာလဲ”

 

 

အမှန်တစ်ကယ် မင်းမင်းဦးက ရန်ကုန်သားဖြစ်ပြီး တစ်ဦးတည်းသောသားဖြစ်သည် ။လူကုံထံ

 

အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသူ တစ်ဦးဖြစ်သည့် အလျှောက် ငွေကို ရေလိုသုံး ဖြုန်းတတ်သူ

 

တစ်ဦးဖြစ်သည်။ ပြိုင်ကားတစ်စီး ဖြင့် လျှောက်လည်ရတာကို ပျော်တတ်ပြီး ၊ဒီဇိုင်းကိုလည်း

 

Korea Style ဖမ်းထားသည်။ ဥစ္စာပေါ ရုပ်ချော သူဌေးသားလေး ဆိုတော့ ကျောင်းတွင်

 

ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတော့သည်။ University Of Foreign Language (Korea )

 

နောက်ဆုံးနှစ်တက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။ မင်းမင်းဦးက မိန်းကလေးတွေ

 

ထည်လဲတွဲ ခဲ့ပေမဲ့ ယခုလို အူတူတူ အတတ နဲ့ ရိုးသားပြီးတစ်ခါမှ မChat ဖူးမှန်း စကားပြော

 

ကြည့်ရုံနှင့် ပင်သိသာနေသော အမိကိုတမင်စချင်သဖြင့် တောသားဟန်ဆောင်လိုက်သည်။

 

“ငါက ထန်းတပင်ရွာကပါ”နှစ်ဦးစလုံး အလိမ်တွေပေါ်မည်စိုးသဖြင့် ဘယ်မြို့မှာ ရှိသည်ကိုပင်

 

မစပ်စုကြပေ။

 

“ထန်းတပင်ဆိုတော့ ထန်းပင်တွေ  အ၇မ်းပေါမှာဘဲနော် ကိုရင်ကတော့ ရွာ မှာ ထန်းရည်သောက်

 

ဖဲရိုက် ၊ကြက်တိုက်နေမှာ မြင်ယောင်သေးတယ်” ဆိုပြီး မခံချင်အောင် စလိုက်သည်။

 

“အမိ နင် ငါ့ကို ဘလိုင်းကြီးလာကစ်နေပါလား အေး နင်မကျေနပ်ရင် ငါထန်းရည်သောက်တုန်း

 

ကြက်ကြော်နဲ့ အမြည်းလာလုပ်ပေးပါလား ဟားဟား ”ကိုရင်ကလည်း နှင်းလေးဒေါသထွက်လာ

 

အောင် စလိုက်သည်။

 

“ ကိုရင် နင်နော် မိုက်ရိုင်းလှချည်လား နင့်ကို ငါကစ နေတာ နင်တော့ ပါးယားနေပြီထင်တယ်”

 

“အမိ ငါပါးယားနေတာကို နင်ကသိတယ် ဟုတ်လား အမိရယ် နင်ဘာတွေလျှောက်တွေးနေတာလဲ”

 

ဟားဟား ဆိုပြီး ထပ်စပြန်သည်။

 

ဒီတစ်ခါတော့ နှင်လေး တစ်ကယ်စိတ်တိုလာပြီး

 

“အော် ကိုရင် ပြောလေ ကဲလေပါလား နောက်ကို ငါ့ကို လာမခေါ်နဲ့ နင်  အရမ်း၇ိုင်းတာပဲ ဟွန်း”

 

“စတာပါအမိရယ် ငါလေ တစ်ကယ်ပြောတာ နင်နဲ့ Chat ရတဲ့ အချိန်တွေဆို အပျော်ဆုံးပဲသိလား

 

နင့်ကိုတွေ့လိုက်တိုင်း နင်စိတ်ဆိုး စိတ်ကောက်လာအောင် တမင် စချင်နေမိတယ် ငါမှားပါတယ်

 

တောင်းပန်ပါတယ် ကဲကျေနပ်ပြီလား အမိ”

 

တစ်ဖက်ကလည်း အတင်းတောင်းပန်နေတယ်ဆိုတော့ နှင်းလည်း စိတ်ဆိုးပြေသွားသည်။

 

“အင်းပါ ရပါတယ် ဒါပေမဲ့ နောက်တစ်ခါ ငါနဲ့စကားပြောရင် ဆင်ခြင်ပါ”

 

“ဟုတ်ကဲ့ ပါဗျာ ဆင်ခြင်ပြီးမှပဲ ပြောပါ့မယ်”

 

 

“ဘိုင်းနော် အမိ”

“ဘိုင်း ”

“အိမ်မက် လှလှမက်ပါစေ” စာတန်းလေးပေါ်ပြီးနောက် ကိုရင် လိုင်းပေါ်မှဆင်းသွားသည်။

ဒီလိုနဲ့ပဲ နှင်းလေးနဲ့မင်းမင်းဦးတို့Online တွင်ခင်လာခဲ့သည်မှာ ၆လနီးပါးရှိလာသည်။

နှင်းလေးနဲ့ တစ်ကယ်ရင်းနှီးခင်မင်သွားတော့လည်း အရမ်းကြီးမစွာပါ။ အရင်လို တစ်ယောက်နှင့်

တစ်ယောက်ရန်မဖြစ်ကြတော့ ပဲနှစ်ဦးစလုံးနားလည်မှုရှိလာကြသည်။ နှစ်ဦးစလုံးကပျော်ရွှင်တတ်

သူများပီပီ အရင်အတိုင်းပင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ကြိုမချိန်း

ပဲ Online ပေါ်တွင် 10:00 pm ဆိုလျှင်အမြဲဆုံနေကျဖြစ်သည်။

“ဟေ့ အမိ ဘာတွေလုပ် ”

“ငါ ပျင်းလို့ဟ အကြည်တော် ၀တ္တုဖတ်နေတာ”

“ နင်က အကြည်တော်ရဲ့ ၀တ္တုကိုကြိုက်လို့လား ”

“ငါက အရင်ကတည်းက အကြည်တော် ၀တ္တု Crazy လေ လတိုင်းဖတ်ဖြစ်တယ်။

ဆရာ့ဝတ္တုကိုကြိုက်လွန်းလို့ လတိုင်းဆိုင်မှာသွားဝယ်ပြီး စာအုပ်စင်မှာစုထားတာ”

နှင်းလေးက အခုလိုရင်းနှီးတော့လည်း သူကြိုက်သော အရာများကို ရင်းရင်းနှီးနှီး ပြောပြတတ်

သည်။ မင်းမင်းဦးကလည်း သူတိတ်တခိုး စွဲလမ်းနေရသော မိန်းကလေး ဘာတွေကြိုက်တတ်လဲ

ဆိုတာကို အရမ်းသိချင်သည်။ ဒီအတိုင်းမေး၇င်တော့ သူပြောမှာမဟုတ်တော့ လှည့်ပတ်မေးရ

တော့သည်ပေါ့။

“အမိ ငါသိသလောက် နင်တို့မိန်းကလေးတွေက ပန်းလေးတွေကို ကြိုက်ကြတယ်နော်

နင်ရော ဘာပန်းကြိုက်လဲ အရောင်ကရော ဘာအရောင်လဲ”

“ကိုရင် ငါကလေ ပန်းတွေထဲမှာ နှင်းဆီဆို အကြိုက်ဆုံးပဲ ၊အရောင်ကတော့ ပန်းေ၇ာင်ပေါ့

ငါက Pink Crazy ”

“ဟုတ်လား အဲဒါဆို ငါ နင်ကြိုက်မယ်ထင်တဲ့ နှင်းဆီပန်း ပန်းေ၇ာင်ပုံလေးတွေကို Mail

ပို့လိုက်မယ်”

“အင်း ကျေးဇူးဘဲနော် ကိုရင် ”

“အမိ သတိထားမိလား ငါတို့ အရင်လိုရန်သိပ်မဖြစ်တော့ဘူးနော်”

“အင်း ဟုတ်တယ် အဓိက ကတော့ နင်လိမ္မာလာလို့ပါ ငါ့ကို အရင်လို မစတော့ဘူးလေ”

“အမိ တစ်ကယ်တမ်းကျတော့လေ နင့်ကို ငါ…………………”

ဆိုပြီး စကားကိုဆက်မပြောဘဲ ရပ်ထားလိုက်သည် ။မင်းမင်းဦးစိတ်ထဲတွင် တော့

နင့်ကိုအ၇မ်းချစ်နေမိပြီကွာ လို့ပြောလိုက်ချင်သည်။ ရုတ်တရက်ဖွင့်ပြောလိုက်၇င် လည်းနှင်းလေး

က ကက်ကက်လန်အောင် ရန်တွေ့ပြီး သူငယ်ချင်းစည်းဖောက်တယ်ဆိုပြီး စိတ်ဆိုးမည်ကို

ကြိုသိနေလေတော့ မပြောရဲပဲ ကြောက်နေမိသည်။မင်းမင်းဦး Computer မှာဖွင့်ထားသောသီချင်း

က “အိနြေ္ဒရှင်မလေး” ဖြစ်သည်။ သီချင်းထဲတွင် ပါသောစာသားနှင့် မိမိ အပြင်မှာလက်တွေ့

ဖြစ်နေသည်မှာတိုက်ဆိုင်နေသည်ကိုတွေးရင်း သီချင်းကိုလိုက်ဆိုနေမိသည်။ 

 

အိနြေ္ဒရှင်မလေး

  •      အချစ်စစ်စတင်လာ.....ရင်ခွင်နှလုံးသား.....တစ်ချိန်မှာ ငါ သိခဲ့၇ပါလား
  • ဆွံ့အလို့နေတာ... မင်းနဲ့ ဆုံတွေ့မှ ငါဟာ ကျောက်၇ုပ်တစ်၇ုပ်ဖြစ်သွားးးးးးးးးး
  • အိနြေ္ဒရှင်မလေး၇ယ်….မင်းကို ငါ ချစ်တဲ့စကား
  • ပြောမထွက်ခဲ့တာ .....၇င်မှာ တကယ်မြတ်နိုးတာ.......အိနြေ္ဒရှင်မလေးတစ်ယောက်သာ
  •      ငါ ချစ်ခဲ့မိပြီကွာ...................
  • ခိုင်မြဲတဲ့အချစ်.......ယိုင်လဲတဲ့ စိတ်နဲ့ချစ်နေမိတဲ့ ကျနော့်ကို.....မက မယုံကြည်တဲ့ အကြည့်
  • အထင်သေးတဲ့ အကြည့်တွေ ကြည့်တော့ ကျနော့်မှာမ ကို ယုံကြည်ပါကွာဒီကမ္ဘာမှာဗျာ...
  • အိနြေ္ဒရှင် မကိုပဲ....ထာဝစဉ်မှာချစ်နေဆဲလို့  သေချာစွာပြောချင်ပေမယ့် အခြေနေတွေက မပေးခဲ့
  • ကျောင်းသွား၇င် ဘေးက အမြဲပဲ ငေးကြည့်ခဲ့...ကြည့်တော့ မကိုတွေ့ပြီ.။။။တွေတော့မကအ၇မ်းကို
  • လှသည် လှတော့ မကို ကျနော်က ချစ်သည် မိန်းခလေးတွေကို ချစ်တယ် ပြောဖို့ ၀န်မလေးပါဘူး
  • တစ်ပတ်လောက်နေတော့မှ ၇ည်းစားဖြစ်....   အပေါစားဆန်တဲ့ ကျနော့်၇ဲ့အချစ် သူတို့ ပစ်
  • အချစ်စစ်ကိုလည်း စတင်တွေ့တော့       ဆွံ့အသွားတာ ကျနော့်၇ဲ့ ပါးစပ်ပါ
  • ချစ်စ၇ာကောင်းတဲ့ မ၇ဲ့ အလှ ပိုင်ဆိုင်ခွင့်သာ မ၇ခဲ့၇င် ကျနော့်၇ဲ့ အသဲတစစီကွဲ
  • မျှော်လင့်မိသလိုဖြစ်မလာခဲ့တဲ့ ကျနော့်၇ဲ့ဘ၀က မနဲ့ လွဲ အသစ်တဖန်ပြန်လည်ပွင့်လန်းတော့မယ့်
  • ကျနော့၇ဲ့၇င်ထဲ ချစ်ပန်းလေးလည်း နွမ်းကြွေမှာပဲ..............
  •      အချစ်စစ်စတင်လာ.....ရင်ခွင်နှလုံးသား.....တစ်ချိန်မှာ ငါ သိခဲ့၇ပါလား
  • ဆွံ့အလို့နေတာ... မင်းနဲ့ ဆုံတွေ့မှ ငါဟာ ကျောက်၇ုပ်တစ်၇ုပ်ဖြစ်သွားးးးးးးးးး
  •      အိနြေ္ဒရှင်မလေး၇ယ်….မင်းကို ငါ ချစ်တဲ့စကား
  • ပြောမထွက်ခဲ့တာ .....၇င်မှာ တကယ်မြတ်နိုးတာ.......အိနြေ္ဒရှင်မလေးတစ်ယောက်သာ
  •      ငါ ခ်စ္ခဲ့မျိပီကြာ...................

 “ကိုရင် နင်ဘာပြောမှာလဲ ပြောလေ”

“အော် သူငယ်ချင်းလေးကို အ၇မ်းခင်နေပြီလို့ပြောမလို့ပါ”

“အော် ကိုရင်ကလည်း နင်နဲ့ငါ ကြားမှာအဲလို ပြောဖို့မလိုပါဘူးငါကလည်း ခင်ပါတယ်နင့်ကို”

“ဘိုင်းနော် အမိ”

“ဘိုင်း”

“အိမ်မက် လှလှမက်ပါစေ”

လိုင်းပေါ်မှအောက်သွားတော့သည်။

          ဒီနေ့တော့ ကျောင်းပိတ်သဖြင့် သူငယ်ချင်းတွေနှင့်လည်း ချိန်းထားသည်။ နံနက်စောစော

ပဲဆိုင်ကယ်ကိုပုံမှန်မောင်းရင်း သူငယ်ချင်းများနေထိုင်ရာ အဆောင်သို့ထွက်လာခဲ့တော့သည်။

အဆောင်ထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ မွန်လေးက

“ နှင်း အစောကြီးပါလား နင်လာမယ်ဆိုတာကြိုသိလို့ ငါတို့ပုဇွန်ဟင်းချက်ထားတယ်။နေ့လည်ကျ

လက်ဖက်သုပ်စားရအောင် ”

“ဟာ ဟုတ်လားပုဇွန်ဆို နှင်းအရမ်း ကြိုက်တယ် ပြောရင်းနဲ့တောင် ဗိုက်ဆာလာပြီ”

“ အောင်မလေး နှင်းကြိုက်မှန်းသိလို့ အိ နံနက်စောစောကတည်းကချက်ထားတာ”

“အဲဒါကြောင့် နှင်းကလေး ဟောဒီသူငယ်ချင်းလေးတွေကိုချစ်နေရတာ”

အိလေးက“ အောင်မလေး အဲဒီအပြောလေးတွေနဲ့ပဲစားနေတာ ဟွန်းမပြောလိုက်ချင်ဘူး”

“ နှင်းလေး နင့်ကိုမေးစရာရှိလို့ ငါတို့အားလုံးစောင့်နေကြတာ”

“မေးစရာ၇ှိတယ် ဟုတ်လား Online အကြောင်းမှဟုတ်ရဲ့လား”

“ဟာ သိတယ် ကြည့်စမ်း သူ့ကို ဘာမေးချင်လဲဆိုတာကို ဟိဟိ”

“နှင်းကလဲ ပြောပြမလို့ပါဘဲ ကျောင်းမှာကျတော့ စာသင်နေရတာနဲ့မပြောဖြစ်တာ”

“ကဲ နှင်းရေ ပြောမှသာပြောစမ်းပါ ၊နားထောင်နေပါတယ်ဆိုပြီး အိပ်ယာထဲတွင်လှဲနေရင်းကနေ

အေးလေးကပြောတယ်”

“အခု ကိုရင်နဲ့ နှင်းသူငယ်ချင်းတွေဖြစ်သွားကြပြီလေ သူကတစ်ကယ်တမ်းခင်တော့လည်း

ရိုးသားပါတယ်”

“နှင်း နင်ကသူ့အကြောင်းဘယ်လောက်သိလို့ ရိုးသားတယ်လို့ပြောတာလဲ”လို့အားလုံးက၀ိုင်းမေး

ကြတော့သည်။ယခုတစ်ခါတွင်တော့ နှင်းလေးကို သူတို့အားလုံးက စိုး၇ိမ်နေကြသည်။ Online

ကိုလည်းယခုမှ စသုံးသည် ဘယ်ကမှန်းမသိတဲ့ ကောင်လေးနဲ့ နေ့တိုင်း Chat နေသည်ကို သိပ်

တော့သဘော မတွေ့ကြပေ။

“နှင်းလည်း သူနဲ့နေ့တိုင်းစကားပြောကြည့်တော့ တစ်ဖြည်းဖြည်းရင်းနှီးရင်းနဲ့သိလာတာပါ”

“နင်တို့အရင်လို ရန်မဖြစ်ကြ တော့ဘူးလား”

“ဟုတ်တယ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိလာတော့ စကားပြောရတာ ပိုအဆင်ပြေ

လာတာထင်တယ်”

“နှင်း နင်ငါတို့ ကိုရယ်စရာတွေမပြောတော့ ဘူးလား ၊အခုတလော ဂရုစိုက်ရမယ့်သူ ပေါ်လာတာနဲ့

ငါတို့တွေကိုတောင် နင်အရင်လိုဂရုမစိုက်တော့ဘူးနော် ၊အ၇င်တုန်းကဆိုရင် နင်ဟာသတွေ ပြော

လွန်းလို့ ငါတို့ကျောင်းတက်ရတာ အချိန်ကုန်လို့ကုန်မှန်း တောင်မသိတော့ဘူး အခုတော့ ပြောင်း

လဲသွားပြီ ညဆို Online ကိုညဉ့်နက် တဲ့ထိသုံး ၊မနက်ဆို ကျောင်းနောက်ကျတော့ ဘယ်လိုလုပ်

စကားပြောချိန်ရှိမှာလဲ”

“ဟာ အဲဒါတော့လုံးဝမဟုတ်ဘူး အခုတလော မုံရွာမှာ ယာဉ်တိုက်မှုတွေ အရမ်းများတယ်လေ

အဲဒါကြောင့် ဆိုင်ကယ်ကို အရင်လိုSpeed သိပ်မမြန်ရဲ တော့ဘူးလေ ဆိုင်ကယ်စီးရင်းတောင်

ဘုရားဂုဏ်တော်ကို ရွတ်နေရတာ”

“ ကဲထားပါတော့ ယုံပေးလိုက်မယ်”

“အခု သူငယ်ချင်းတွေစုံတုန်း ရယ်စရာပြောပြမယ် နှင်းအခုတလောဖတ်ဖြစ်နေတဲ့ ဟာသစာအုပ်

ထဲကအကြောင်းပြောပြမယ်နော် နားထောင်ကြမလား”

“ ပြော ပြောနှင်းလေးရေ နှင်းလေးပြောမယ်ဆိုနားထောင်ပြီးသားပဲ”

အားလုံးက၀ိုင်းတောင်းဆိုသဖြင့် နှင်းလေးကပြောရတော့သည်ပေါ့။

“နှင်း က ဟာသစာအုပ်တွေထဲမှာ စိတ္တဇ ဟာသကိုပိုကြိုက်တယ်”

“စိတ္တဇ ဆေးရုံမှာ ရောဂါကုသပြီးလို့ ဆေးရုံကဆင်းခါနီးရင် နောက်ဆုံးတစ်ကြိမ်လက်တွေ့စမ်းသပ်

ပြီး အောင်တယ်ဆိုမှ အိမ်ပြန်ခိုင်းတယ်။အဲဒီနေ့ စမ်းသပ်ခံမဲ့ Patient ၅ယောက် ရှိတယ်။ ဒီတစ်ခါ

ဆရာဝန်ကြီးက ရုပ်ရှင်ရုံတစ်ရုံတွင် ရှေ့ဆုံးထိုင်ခုံ ၅ ခုံ ကိုသင်္ဘောံဆေးသုတ်ခိုင်းလိုက်တယ် ။

ပြီးတော့ မလှမ်းမကမ်းက စားပွဲပေါ်မှာ သတင်းစာထား ပေးထားတယ်။အဲဒီထဲက တစ်ယောက်

ကပဲ စားပွဲပေါ်ကသတင်းစာကိုခင်းပြီးထိုင်လိုက်တယ်။ ကျန်လေးယောက်က သင်္ဘောံဆေး

မခြောက် ခင်ထိုင်လိုက်တော့ သင်္ဘောံဆေး တွေပေကုန်တာပေါ့ ၊ဆရာဝန်ကြီးကလည်း

သတင်းစာခင်းပြီးထိုင်တဲ့ တစ်ယောက်ကိုပဲ ဆေးရုံကနေဆင်းခွင့်ပေးလိုက်တယ်။ ဒီလိုနဲ့

အိမ်ရောက်တယ်ဆို၇င်ဘဲ မိန်းမက ၀မ်းသာအားရနဲ့ “ယောက်ျား ရှင်အရမ်းတော်တာပဲ

ရောဂါတစ်ကယ်ပျောက်သွားပြီထင်တယ် ကျွန်မဖြင့်ဝမ်းသာလိုက်တာ”

“ဒါနဲ့ နေပါဦး ယောက်ျား ရှင့်ကိုမေးကြည့်ဦးမယ် ရှင်က ဘာလို့သတင်းစာခင်းထိုင်လိုက်တာလဲ”

“အော် မိန်းမရယ် မင်းကလဲ ဒါတောင်မသိဘူးလား ငါအဲဒီထိုင်ခုံ ကိုကြည့်လိုက်တော့ နိမ့်နိမ့်လေး

အဲဒါနဲ့ ငါလည်း ရုပ်ရှင်ကြည့်ရင် ထိုင်ခုံပို မြင့်အောင်လို့ သတင်းစာခင်းထိုင်လိုက်တာ”

“ကဲ မှတ်ကရော ”

“မိန်းမမှာ စောစောက ပျော်ရွှင်နေတဲ့ စိတ်တောင်ပျောက်သွားပြီး နက်ဖြန် ဆေးရုံကိုပြန်ပို့ရမယ့်

အရေးတွေးပြီး ရင်မောသွားသည်။”

နောက်တစ်ခုကတော့

“လက်ရှိဆေးရုံကနေ နောက်တစ်မြို့မှာရှိတဲ့ ဆေးရုံကို စိတ္တဇ ဝေဒနာ သည်တွေကို ပြောင်းမှာ

ဖြစ်တယ်။ လေယာဉ်နဲ့ သွားရမှာဖြစ်တယ်။ သူတို့ကို ဆေးကုပေးနေတဲ့ ဆရာဝန်ကြီးကိုယ်တိုင်

လည်းအဲဒီ လေယာဉ်နဲ့ လိုက်မှာဖြစ်တယ်။အဲဒီ Patient တွေထဲမှာနှစ်နည်းနည်းကြာပြီဖြစ်တဲ့ Head

တစ်ယောက်လဲ ပါတယ်။ တစ်ခါတစ်လေ Patient တွေကို တစ်ခုခုပြောချင်တဲ့ အခါတိုက်ရိုက်

မပြောပဲ Head ကိုပဲမှာလိုက်တယ်။   Patient တွေကလည်း လေယာဉ်နဲ့သွားရမှာဆိုတော့

အားလုံးပျော်နေတာပေါ့ ။ လေယာဉ်ပေါ်လည်း ရောက်ရော ပျော်ပြီး အားလုံးဘောလုံး ကစားကြ

တယ် ဆူညံနေတာဘဲပေါ့ ”ဆရာဝန်ကြီးကလည်း စိတ်မရှည်တော့ပဲ Head ကိုခေါ်လိုက်တယ်။

“နောက်ခန်းမှာ ဘာလို့ဒီလောက် ဆူနေတာလဲ ၊ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူး

ဆိုတာမသိဘူးလား..သွားစမ်း၊ငါနောက်ထပ် ဆူညံတာ မကြားချင်ဘူးနော်”

 လို့ဆရာဝန်ကြီးကပြောလိုက်တယ်

“ဟုတ်ကဲ့ ကျွန်တော်အားလုံးကို ငြိမ်အောင်အောင်ထိန်းထား လိုက်ပါမယ်”

ဆိုပြီးလှည့်ထွက်သွားသည်။

ခဏကြာလို့ ဆရာဝန်ကြီး ဆူညံသံများ ကြားဦးမလားဆိုပြီး နားစွင့်လိုက်သည်။ ဆူညံသံများ

လုံးဝမကြားရတော့ပေ။ တိတ်ဆိတ်နေသည် ။သို့ပေမဲ့ ဆရာဝန်ကြီး စိတ်ထဲတွင် မသင်္ကာံသဖြင့်

Head ကိုခေါ်မေးလိုက်ရာ

“Patient တွေအားလုံး တိတ်ဆိတ်သွားတာပဲ မင်းဘယ်လိုထိန်းလိုက်တာလဲ”

"ဆရာပဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွန်တော်လည်း လေယာဉ်

တံခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခုသူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "
 “ဟာ ကောင်းကွာ ဆိုပြီး ဆရာဝန်ကြီးက ကိုယ့်နဖူးကို လက်နှင့်ရိုက်လိုက်တယ်”

အားလုံးလည်းပြောပြီးသွားရော သူငယ်ချင်းအားလုံးက အူတက်အောင်ရယ်ကြတော့သည်။

ဟားဟား…. ဟိဟိ ….ခိခိ….. ဟီးဟီး…………

“နှင်း နင်အရမ်းပြောတတ်တာပဲ အရမ်းရယ်ရတယ်သိလား ဘာပဲပြောပြော ငါတို့သူငယ်ချင်း

အုပ်စုမှာ နင့်လို ဟာသလေးတွေပြောတတ်တဲ့ သူရှိလို့ ပိုပျော်စရာကောင်းတာပါ

လို့နွယ်လေးကပြောတယ်။”

“ဟာသ၀တ္တုလေးတွေကို ဖတ်ရတာ ကိုယ်ဖတ်နေတဲ့ တခဏ အတွင်းမှာ စိတ်ကို ပျော်ရွှင်မှုပေး

တယ်လေ ပြီးတော့ တိုတောင်းလှတဲ့ လူ့ဘ၀ကြီးမှာ နေရတဲ့ တစ်ခဏလေးမှာ ဘ၀ကို ပျော်ပျော်

ရွှင်ရွှင်ဘဲ အဆုံးသတ်ချင်တယ်”

“နှင်းတို့ သူငယ်ချင်းအုပ်စု အားလုံးထမင်း စားကြပြီး စကားပြောနေကြတာနဲ့ ညနေမှပဲ

အပြင်ထွက်ဖို့ သတိရကြသည်”

“နှင်း ဒီနေ့ငါတို့ ဘယ်ဘုရားသွားဖူးမလဲ”

“ဒီတစ်ပါတ်တော့ နှင်းတို့ကျောင်းနဲ့လည်းနီးတယ် ရှေးသမိုင်းဝင်ဘုရားလည်းဖြစ်တဲ့ ကျောက္ကာ

ရွှေဂူနီဘု၇ား သွားမယ်လေ”

သူငယ်ချင်းအားလုံး ဆိုင်ကယ်ကိုယ်စီမောင်းရင်း ကျေက္ကာရွာဘက်သို့ မောင်းထွက်သွားသည်။

ညနေပိုင်းရောက်မှ အိမ်ပြန်ရောက်သည်နှင့် ဗိုက်ဆာလာတာနဲ့ ထမင်းစားပြီး ခဏလှဲ လိုက်ရာ

အိပ်ပျော်သွားသည်။ ည 10:00 pm လောက်မှနိုးလာပြီး Computer ဖွင့်လိုက်သည် ။

ဘာပဲပြောပြောလေ နေ့တိုင်း ဒီအချိန်ဆိုလျှင်လိုင်းပေါ်မှာ ကိုရင် နဲ့တွေ့နေကျဆိုတော့

သူ့ အကောင့် မီးစိမ်း မလာရင် မျှော်နေတတ်ပြီ ဖြစ်သည်။

“ဟေ့ အမိ နောက်ကျတယ်နော် ငါစောင့်နေတာကြာပြီ”

“ဟုတ်တယ် ကိုရင် ငါဒီနေ့ သူငယ်ချင်းတွေနဲ့ ဘုရားသွားလိုက်လို့ ပင်ပန်းနေတာနဲ့ အိပ်ပျော်သွား

တာ အခုမှနိုးတာ”

“ဟုတ်လား အေး ငါနင့်အတွက် နှင်းဆီပန်း ပန်းရောင်လေးတွေ ပို့လိုက်တယ် ရလား”

“အော် ငါ Mail မဖွင့်ကြည့်ရသေးဘူး ပြီးရင်ကြည့်လိုက်မယ်လေ”

“အမိ ငါနင့်ကို ဒီနေ့ ၀န်ခံစရာ တစ်ခုရှိတယ် နင်နားထောင်ပေးမှာလားဟင်”

“အေး ပြောလေ ကိုရင် ငါနားထောင်နေတယ်”

“ငါပြောလိုက်ရင် နင်ငါ့ကိုစိတ်မဆိုးပါနဲ့ဟာ”

“ဟာ နင်ကလည်း ပြောမှာသာပြော စကားပလ္လင် ခံနေရသေးတယ် ဘာတွေများ အရေးကြီး နေတာလဲ ”

“ငါ နင့်ကို Online မှာစခင် ကတည်းက အရမ်းဖြူစင်တဲ့ စိတ်ထားနဲ့ ပြည့်စုံသူလေးမို့  

ငါအရမ်းစိတ်ဝင်စားမိသွားတယ် အချိန်တွေကြာလာတာနဲ့အမျှ နင့်ကိုချစ်တဲ့ အချစ်တွေ

ရင်ထဲမှာသိမ်းဆည်းထား လို့မရတော့လို့ ငါဖွင့်ပြောလိုက်တာပါ ငါနင့်ကို အရမ်းချစ်တယ် ”

ရုတ်တရက်လုံးဝမထင်မှတ် သောစကားကိုဖတ်လိုက်ရသောအခါ နှင်းလေး ဘာပြန်ပြောရမှန်း

မသိတော့ပေ။ နှင်းလေးကလည်း မိမိ အနိုင်ယူသည့် အခါတိုင်း အလျှော့ပေး တတ်ပြီး မိမိကို

အရမ်းချစ်ပြီး အမြဲအလိုလိုက် တတ်သောသူလေးကို ချက်ခြင်းမငြင်းရက်တော့ပေ။ သို့ပေမဲ့

အားလုံးကို ယုံလို့တော့မဖြစ် ။ကိုရင် ကိုလေ့လာရဦးမည် သူငယ်ချင်းများကလည်း အမြဲ

သတိပေးနေတာ့ အချိန်တော်တာ် ယူပြီး စဉ်းစားရင်ပိုကောင်းမည်ဟု တွေးမိသွားသည်။

“အမိ နင်ကတော့လေ အိပ်ပျော်နေတာလား ငါဒီမှာ စောင့်နေတာကိုလည်း သတိရ ပါအုန်း”

“နေပါဦး ကိုရင် ငါနင့်ကိုမေးပါဦးမယ် နင်အခုမှ ဘာဇာတ်လမ်းတွေလာပြောနေတာလဲ”

“အမိ ငါတစ်ကယ်ပြောတာပါဟာ ငါ့ကိုစဉ်းစားပေးပါ မဟုတ်ရင် ငါတစ်ကယ်ရူးတော့မယ်”

“အေးလေ နင်ကတစ်ကယ်ဆိုတော့လည်း ငါစဉ်းစားပေးလိုက်မယ် ဒါပေမဲ့ ချက်ခြင်းကြီးတော့

ငါအဖြေမပေးချင်သေးဘူး ငါ့ကိုအချိန်တော့ပေးဦး”

“ရပါတယ် အမိရယ် ငါက နင့်အချစ် ကိုလိုချင်တဲ့သူဆိုတော့ စောင့်နိုင်ပါတယ်”

“ကိုရင် အခုကSeptember လဘဲရှိသေးတယ် ဆိုတော့ နောက် ၆လပြည့် လို့ February 14 ရက်

နေ့ကျရင် အဖြေပေးမယ် အမှတ်တယ လဲဖြစ်သွားတာပေါ့”

ကိုရင် ကအရမ်းဝမ်းသာသွားသည် မိမိ ကို နှင်းလေး ကစိတ်မဆိုးဘဲ စဉ်းစားပေးမယ် ဆိုတော့

“အမိ ငါလေအခု အရမ်းပျော်လွန်းလို့ လက်ကွက်တွေတောင် ရိုက်ရတာ သိပ်မမှန်ချင်တော့ဘူးဟ”

“အေး ကိုရင် အရမ်းလည်း ကြိုပျော်မနေနဲ့ဦး ၊ငါပေးမယ့် အဖြေက ဘာမှန်းလဲမသိဘဲနဲ့ နင်အပျော်

လွန်ပြီး သေနေဦးမယ် သတိထား”

“ဟာ အမိ ကလည်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ၊နင်အဲလို လျှောက်မပြောပါနဲ့ ငါတစ်ကယ်မခံစားနိုင်

လို့ပါဟာ”

နှင်းစိတ်ထဲတွင် နဲနဲတော့ တစ်မျိုးဖြစ်သွားသည်။ မိမိကဘာရယ် မဟုတ် သူငယ်ချင်းအချင်းချင်း

စလိုက်တာကို သူဘာ့ကြောင့် အဲလောက်ကြောက်သွားတာလဲဆိုတာကို တော့မသိပေ။

အမှန်တစ်ကယ် နှင်းစလိုက်သော စကားမှာ သာမာန်ကောင်လေးတွေ အဖို့ ဘာမှမဖြစ်ပေမယ့်

မိမိလိုဘယ်အချိန် ဘယ်ကာလမှာ သေရမလဲဆိုတာကို မသိသေးတဲ့ သွေးကင်ဆာ ဝေဒနာသည်

တစ်ယောက်အဖို့တော့ သွေးပျက်သွားစေသည့် စကားပင်ဖြစ်သည်။

“ကိုရင် ဒီတစ်ခါတော့ နင်အိပ်ပျော်နေတာလား ဟွန်း ”

နှင်းလေး ပြောမှပဲ မင်းမင်းဦးရဲ့ ပျံ့လွင့်နေတဲ့ စိတ်ကလေး ရုတ်တရက် သတိပြန်ဝင်လာသည်။

“မအိပ်ပါဘူး အမိရဲ့ ငါဒီနေ့ အရမ်းစိတ်လှုပ်ရှားလို့ပါ”

“ငါနင့်ကို ကြိုပြောထားမယ်နော် ဒီ၆လအတွင်း နင် ငါ့ကို သူငယ်ချင်းအဖြစ်နဲ့ပဲ စကားပြောရမယ် ။

မရိုးသားတဲ့စကားလုံးဝမပြောရဘူးနော် ဘယ်လိုလဲကိုရင်”

အခုမှ သူငယ်ချင်းအဖြစ်မှ ရည်းစားတောင်မဖြစ်သေးဘူး စည်းကမ်းချက်တွေများလွန်းသော

နှင်းကို မင်းမင်းဦးစချင်သွားသည်။

“အမိ နင်ပြောတာကို ငါလက်မခံဘဲ စည်းဖောက်တယ် ဆိုရင်ရော ”

“အဲဒါဆိုရင်တော့ နင် Block & Remove ကြိုက်တာရွေးတော့ ဒါပဲ”

“ဟာ အမလေး မလုပ်ပါနဲ့ဗျာ ကျွန်တော် လိုက်နာပါ့မယ်”

“ကိုရင် နင်ကလည်း အဲလို လိမ္မာမှပေါ့”

“အမိ ငါနင့်ကို Mail ပို့ထားတယ် ဖွင့်ကြည့်လိုက်ဦးနော်”“ငါလေ နင်ကြိုက်တဲ့ နှင်းဆီပန်းပုံလေးတွေရယ်

၊ပြီးတော့ နင်ကြိုက်မယ်ထင်တဲ့ ပုံလေးတွေကို ပို့ပေးလိုက်တယ်”

 

 

 

 

“Good Night အမိ”

 

“good night ကိုရင်”

 

Sweet Dream ………

 

ဆက်လက်ကြိုးစားပါဦးမည်။

Snow Queen (ရွှေမန်းသူလေး)

 

 

 

 


Viewing all articles
Browse latest Browse all 9878

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


တိုင်းနဲံ့ ပြည်နယ်အလိုက် (၁၀)တန်းအောင်စာရင်း အွန်လိုင်းမှ ကြည့်နိုင်ပြီ


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


မြွေဆိပ်၊ ကင်းဆိပ် နဲ့ ​ရောဂါများ အတွက် ကြက်သွန်နီ အဆိပ် ဖြေဆေး


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မိုင်းဆတ်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်သည့်...


တစ်စီးရှင် သီဟသူ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


နိုင်ငံတော် သံဃာ့  မဟာနာယက အဖွဲ့ အကြောင်း တစေ့တစောင်း


မောင်မိုးသူ - လုပ်ပြဖို့ပဲ လိုတယ်နှင့် ဘကြီးမိုး

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>