Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ

$
0
0



ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။ တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စောပိတ်ပြီး စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။

(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်

လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။

(၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင်

National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့ ၂၆%ဟာအိပ်ရေးမဝဘဲ ပင်ပန်းနွမ်း နယ်နေမှုကြောင့် အိမ်ထောင်ရေး သုခလုံလောက်စွာမရကြောင်း တွေ့ရ တယ်။ အိပ်ချိန်လုံလောက်စွာ မရ သောသူများတွင် testosterone ဟုခေါ်သည့် လိင်နှင့်ပတ်သက်သော hormone ကျလာကြောင်းလည်း သိရပါတယ်။

(၃) အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေ ဒနာများကို သက်သာစေနိုင်

တကယ်လို့များ သင့်မှာ လတ် တလောဒါမှမဟုတ် ယခင်ရရှိခဲ့သော ဒဏ်ရာတစ်ခုခုကြောင့် နာကျင်မှု ဝေဒနာခံစားနေရတယ်ဆိုရင် အိပ် ပျော်အောင်သာအိပ်လိုက်ပါ။ အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေဒနာ ခံစားရမှုလျော့နည်းလာကြောင်းကို လေ့လာမှုတွင်အများကြီး လုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ နာကျင်နေခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေး ပါတယ်။

(၄) လုံလောက်စွာအိပ်စက်ခြင်းက မတော်တဆထိခိုက်ဒဏ်ရာရမှုကိုလည်း လျော့ကျစေနိုင်

US Institute of Medicine မှ လေ့လာမှုတစ်ခုအရှ့ တွင် ယာဉ်တိုက်မှု(၅)မှုဖြစ်တိုင်း (၁)မှုမှာ အိပ်ရေးမဝသည့်အတွက်ကြောင့် ဖြစ်ရသည်ဟုသိရပါတယ်။

(၅) အိပ်ရေးဝလျှင် တက်တက်ကြွကြွ ရှိစေပါတယ်။

အိပ်ရေးဝဝအိပ်တဲ့နေ့တိုင်း စိတ် ချမ်းသာဖွယ်ရာ တက်တက်ကြွကြွ ရှိလိမ့်မယ်လို့တော့ အာမခံနိုင်ပေမယ့် အိပ်ရေးမဝလျှင်တော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တယ်ဆိုတာ သတိ ထားမိမှာပါ။ သင့်ရဲ့ သူဌေးကို စိတ်မ ထိန်းနိုင်ဘဲ နင်ပဲငဆပြန်ပြောမိတာ မျိုးတွေ၊ စိတ်ကိုထိန်းချုပ်ရခက်ခဲတာ မျိုးတွေဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ပိုဖြစ်တတ်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်အ လေးချိန်ထိန်းနိုင်

အိပ်ရေးဝဝအိပ်လျှင် ကိုယ်အ လေးချိန် ထိန်းနိုင်ပါတယ်။ အပြန်အ လှန်အားဖြင့်ကောင်းကောင်းမအိပ်တဲ့ သူတွေမှာ ကိုယ်အလေးချိန်ပိုတိုးတတ် ပါတယ်။ ဘာကြောင့်လဲ။

(က) သင်ပင်ပန်းတဲ့နေ့တွေမှာ ပင်ပန်း တာကိုပြေပျောက်စေရန် အရသာရှိတဲ့ အစားအစာတွေကို ပိုစားဖြစ်ပါတယ်။
(ခ) Leptin ဆိုတဲ့ hormone က ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်ကို တင်းတိမ်စေရန် ဆောင်ရွက်ပေးပါ တယ်။

တကယ်လို့အိပ်ရေးဝဝမအိပ် ထားတဲ့ သူတွေမှာတော့ Leptin ပမာဏကျသွားပါတယ်။ ဒါကြောင့် အိပ်ရေးမဝပင်ပန်းနေတဲ့လူတွေဟာ တင်းတိမ်တယ်မရှိဘဲအဆက်မပြတ် အဆီများတဲ့အစာတွေ၊ကယ်လိုရီများတဲ့ အစာတွေ စားလေ့ရှိပါတယ်။

(၇) အတွေးအခေါ်များကို ပိုကြည် လင်စေ

အိပ်ရေးပျက်ခြင်းက သင့်ရဲ့ အတွေးအခေါ်၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ရမှုတို့အပေါ်မှာ သက် ရောက်မှုရှိပါတယ်။

(၈) မှတ်ဉာဏ်ပိုကောင်းစေနိုင်

သင်ခဏခဏမေ့တတ်နေပြီး လား၊ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့အိပ် ရေးပျက်ခံတတ်တဲ့ အကျင့်ကို အရင် ဆုံးအပြစ်တင်လိုက်ပါ။ လေ့လာမှု တစ်ခုအရအိပ်ပျော်နေစဉ်မှာကျွန်တော် တို့ဦးနှောက်ကနေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စနစ်တကျသို လှောင်ပေးပါတယ်၊၊အိပ်ရေးပျက်သူတွေ မှာတော့ဦးနှောက်ကကောင်းကောင်းသို လှောင်ချိန်မရှိတဲ့အတွက် မှတ်Óဏ် ကိုကျစေနိုင်ပါတယ်။

(၉) ခုခံအားစနစ်ကိုအားပေးပါတယ်

လေ့လာမှုအသေးစားတစ်ခု တွင် လူ(၁၅ဝ)ဦးအား နှစ်ပတ်ကြာ သူတို့ရဲ့ အိပ်စက်မှုကိုစောင့်ကြည့်ပြီး ထိုသူများအား အအေးမိခြင်းဖြစ်စေ သည့် Cold Virus နှင့် ထိတွေ့စေ သည့်အခါ တစ်ညလျှင် ည၇နာရီသာ အိပ်သောသူများသည် ၈နာရီအိပ် သောသူများထက် အအေးမိခြင်း ဖြစ်နိုင်ချေသုံးဆခန့်ပိုများကြောင်း တွေ့ရပါတယ်။ ဒီလေ့လာမှုက သေး ငယ်တဲ့အပြင် တရားဝင်ထုတ်လွှင့်ဖို့ ဆိုရင်တော့ လေ့လာမှုတွေအများကြီး လုပ်ဖို့လိုပါသေးတယ်။


Viewing all articles
Browse latest Browse all 9878

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


တိုင်းနဲံ့ ပြည်နယ်အလိုက် (၁၀)တန်းအောင်စာရင်း အွန်လိုင်းမှ ကြည့်နိုင်ပြီ


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


မြွေဆိပ်၊ ကင်းဆိပ် နဲ့ ​ရောဂါများ အတွက် ကြက်သွန်နီ အဆိပ် ဖြေဆေး


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မိုင်းဆတ်မြို့တွင် တိုးချဲ့ဖွင့်လှစ်လိုက်သည့်...


တစ်စီးရှင် သီဟသူ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


နိုင်ငံတော် သံဃာ့  မဟာနာယက အဖွဲ့ အကြောင်း တစေ့တစောင်း


မောင်စွမ်းရည် - သံသယကဗျာဆရာမ ကေသီလှိုင်

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>