ရန်ကုန်၊ ဇန်န၀ါရီ - ၃၀
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်နှင့် နာမည် ကျော် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ နှစ် ပေါင်း ၂၃နှစ်အတွင်း ပထမဆုံး အကြိမ် ပြန်လည်တွေ့ဆုံခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် လူများစွာ သတိမပြုခဲ့မိသော်လည်း ထူးခြားစွာ သမိုင်းဝင်ခဲ့သည့် ထိုနေ့မှာ ဇန်န၀ါရီ ၂၄ ရက်ဖြစ်၏။
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးသမားနှစ်ဦးဖြစ် သော ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်တို့မှာ ၁၉၈၉ နှစ်ဆန်းပိုင်းနောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်နှင့် ထောင်ဒဏ်ကျခံ ခဲ့ရခြင်းတို့ကြောင့် ၂၃ နှစ်ကြာမှ ယခု ပြန်လည်တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆယ်စုနှစ်နှစ်ခုကျော်အကြာ မတွေ့ဆုံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေးတို့အပါအ၀င် ကိုးဦးတွေ့ဆုံခဲ့သောစကားဝိုင်း သည် များစွာနွေးထွေးမှုရှိခဲ့သော မိသားစုတွေ့ဆုံပွဲဟု ကိုမင်းကို နိုင်က ပြောသည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဇန်န၀ါရီ၂၄ ရက် ညနေပိုင်းက သူမနှင့် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံပွဲနှင့်ပတ်သက်၍ ကိုမင်းကိုနိုင်ကို မေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
ကျွန်တော်တို့ သိသလောက်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်မတွေ့ရတာ အနှစ်နှစ်ဆယ်လောက်ရှိပြီလို့ထင်တယ်။ ဇန်န၀ါရီ၂၄ရက်က တွေ့ဆုံပွဲလေးအကြောင်းပြောပြပေးပါလား။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကို အပြင်မှာ အတူ တွဲပြီး မထားနိုင်ဘူးဆိုပြီးတော့ ပြီးခဲ့တဲ့ ၂၃ နှစ်လုံးလုံး ဟော ကိန်းထုတ်ခဲ့ ကြတာရှိတယ်။ အဲဒါ က ဗေဒင်နည်းနဲ့ပဲတွက်တွက်၊ နိုင်ငံရေးဗေဒင်ပဲခေါ်ခေါ်၊ အာရုံ ရတဲ့နည်းနဲ့ပဲပြောပြောပေါ့ဗျာ။ တကယ်တော့လည်း မှန်ခဲ့တာ ပေါ့။ ဘာလို့လဲဆိုတော့ အဲဒီ့ တုန်းက သူတို့မှာ ခြွင်းချက်စကား တစ်လုံးရှိတယ်။ သေချာခိုင်မာတဲ့ အခင်းအကျင်းတစ်ခုကို မရမချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန် တော်တို့နဲ့ကို တစ်ပြိုင်နက် အပြင် မှာ မထားဘူးလို့ဆိုတာ သွေး ထွက်အောင် မှန်ခဲ့တယ်ပေါ့ဗျာ။ အခု သေချာခိုင်မာတဲ့ အခင်းအ ကျင်းတစ်ခုရသွားပြီးတဲ့ နောက်ကျမှ အပြင်မှာ ပြန်ပြီးဆုံတွေ့ခွင့်ရ တာပါ။
၂၃ နှစ်ကြာမှ ပြန်တွေ့ရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ဘာ တွေပြောင်းလဲသွားတယ်လို့ထင် ပါသလဲ။
ပြန်တွေ့ကျတော့ အရင်က ထက်စာရင် ရင့်ကျက်မှုတွေ ပိုပြီး တော့ ဒေါ်အောင်ဆန်းစုကြည်မှာ ကျွန်တော်မြင်ရတယ်။ ကျွန်တော် တို့ကိုယ်တိုင်လည်း ကာလတစ်ခု ကိုဖြတ်သန်းပြီးပြီ။ နိုင်ငံရေးမှာပဲ နှစ် ၂၀ ကျော် ဖြတ်သန်းပြီးပြီဆို တော့ ထုသားပေသားလည်းကျပါ ပြီ။ အဲဒီ့အခါကျတော့ ကျွန်တော် တို့ ပြန်ဆုံတွေ့ကြတဲ့အခါမှာ နှစ် ပေါင်းများစွာ ကွဲနေတဲ့မိသားစု ပြန်တွေ့ဆုံပွဲလိုဖြစ်တဲ့အတွက် ၀မ်းသာအယ်လဲနဲ့ ဒေါ်အောင် ဆန်းစုကြည်ဘက်က သိပ်ကိုလှိုက်လှဲတဲ့ကြိုဆိုမှုကိုလည်း ကျွန်တော် တို့ တနွေးတထွေးကြီး ခံစားကြ ရတယ်။ ပြီးတော့ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ဘ၀တွေကို သူ အသေအချာနားလည်ထားတယ်။ ဒါ တော်တော်ထူးဆန်းတယ်ဗျ။ ကျွန်တော် အဲ့လိုခေါင်းဆောင်မျိုး သိပ်မတွေ့ဖူးဘူး။ သူက ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ ဖြစ်နေတဲ့
စိတ်အနာတရတွေ၊ မိသားစုဘ၀တွေကအစ သူအ ကုန်သိပြီးတော့ တစ်ယောက်ချင်းကို လိုက်ပြီး အကျအန နွေးထွေးမှုကိုပေးတယ်။ နောက်ပြီးတော့ သူက အရင်ကတည်းက ကျွန်တော်တို့ကို လူကြီးလူကောင်းလိုဆက်ဆံတာဗျ။
ဆိုကြပါတော့ဗျာ၊ အကြောင်းအ ရာတစ်ခုကို သဘောထားမတူ သည့်တိုင်အောင် သူက ကျေကျေနပ်နပ်လက်ခံပြီးတော့ ဒီနေရာမှာ ဖြစ်ရင် တို့တွေ သဘောမတူကြဘူးဆိုတာကို လက်ခံတယ်။ သဘောမတူဘူးဆိုတာကို သဘောတူတယ်ဆို တဲ့စကားလုံး ဟာ အင်မတန်အရေးကြီးပါတယ်။ ဒီမိုကရေစီ နည်းလမ်းကျတယ် ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ သဘောထားအမြင်တွေကို သူက လွတ်
လွတ်လပ်လပ်နဲ့ အမြဲတမ်းပြောခွင့်ပေးတယ်။ ဂရုတစိုက်နားထောင်တယ်။ ပြီးတော့မှ သူသဘောတူရင် တူတဲ့ အကြောင်း၊
မတူရင် မတူတဲ့အကြောင်း အားလုံးကို ပြေလည်စွာ ရှင်းပြလေ့ရှိ တယ်။ အဲဒီ့အကျင့်ကောင်းတွေ အခုထိ သူ့မှာ ရှိနေတုန်းပဲ။ အားလုံးခြုံပြောရရင်တော့ သူက အရင်ကထက် ပြည့်ဝလာ တာကိုတွေ့ရတယ်။ ဒီအတွက် အနာဂတ်အတွက် အားတက်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်က ကိုမင်းကိုနိုင်ကို အိမ်ထောင်ပြုဖို့ တိုက်တွန်းထားတယ်လို့သိရတယ်။ ကိုမင်းကိုနိုင်ရော အိမ်ထောင်
ပြုဖို့အစီအစဉ်ရှိပါသလား။
အဲဒါက အစ်မကြီးတစ်ယောက်က မောင်တွေကို ပူပန် သလို ပူပန်မှုမျိုးပါဗျာ။ မိသားစုထဲမှာ သူ့အနေနဲ့ တာဝန်ရှိသလို ခံစားရပါလိမ့်မယ်။ အဲဒီ့အခါကျတော့ အစ်မကြီးတစ်ယောက်ရဲ့ တာဝန်ရှိတဲ့အလျောက် မောင်တွေကို တိုက်တွန်းတာပါပဲ။ အဲဒါ
ကတော့ ကျွန်တော့်ဘက်က ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးပါပဲ။ ရယ်နေရုံပဲ တတ်နိုင်တာပေါ့ဗျာ။
ကျွန်တော်တို့က ရယ်နေရုံအပြင်ရော ဘာများ တတ်နိုင်ဦး
မှာမို့လို့လဲ။ ကျွန်တော်တို့ရဲ့ အခြေအနေအရ...(ရယ်လျက်)။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကွယ်လွန်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ထပ်တိုးရန်မရှိ
by 7Day News Journal on Wednesday, 1 February 2012 at 18:19
ရန်ကုန်၊ ဇန်န၀ါရီ - ၃၀
အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦး ဇန်န၀ါရီ ၂၈ ရက်ကကွယ်လွန်ခဲ့သော်လည်း ထိုကိုယ် စားလှယ်၏နေရာတွင် အစားထိုး
လစ်လပ်မဲဆန္ဒနယ် ထပ်မံတိုးမြှင့် ရန် လောလောဆယ်မဖြစ်နိုင် ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက်မှာ နီးကပ်နေပြီဖြစ်သည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဘိုကြီး(ခေါ်)ဦးအောင်ငွေ ကွယ်လွန်သွားသော်လည်း လာမည့်ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်ထပ် တိုးရန် မဖြစ်နိုင်တော့ကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေး ကောက်ပွဲဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိရာတွင် နှစ်နေရာမှာ ကွယ်လွန်ခဲ့သော ကိုယ်စားလှယ်နှစ်ဦးအ တွက် အစားထိုးရန် ကျင်းပရခြင်းဖြစ်သည်။ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းတင်နှင့် ရေကြည်(၂) တိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသောင်းဟန်တို့မှာလည်း ၂၀၁၁ ခုနှစ်၌ ကွယ်လွန်ခဲ့သည်။
ထို့ကြောင့် ဦးအောင်ငွေမှာ သုံးဦးမြောက် လွှတ်တော်ကိုယ်စား လှယ်များထဲမှ ကွယ်လွန်ခြင်းဖြစ်ကြောင်း ဦးသောင်းလှိုင်ကပြော သည်။
ရုပ်ပျိုတိုင်းရင်းဆေးသမာ တော် ဒေါက်တာဘိုကြီး(ခေါ်) ဦးအောင်ငွေ အသက် ၅၇ နှစ် သည် ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန်အစည်း အဝေးတက်ရောက်နေစဉ် ဇန်န ၀ါရီ ၂၈ ရက် နံနက် ၈ နာရီခွဲ တွင် သေဆုံးသွားကြောင်း သမီး ဖြစ်သူ မအေးအိသုကပြောသည်။
“အဖေက အဆုတ်ကင်ဆာ ဖြစ်နေလို့ ဘန်ကောက်မှာ ကိုးလ လောက် ဆေးကုနေတာ၊ ကင် ဆာကျိတ်လည်းခွဲထုတ်ပြီးပြီ။ ဟေမိုလည်းသွင်းပြီး ဓာတ်ရောင် ခြည်ပေးတာ၊ ကိုးဆယ့်ကိုး ရာခိုင်နှုန်း သက်သာပြီဆိုလို့ ပြန်လာ တာ။ အဖေက လွှတ်တော်အစည်း အဝေးတက်ရင်း ရာသီဥတုက လည်းအေးတော့ နမိုးနီးယားဝင်တာရယ်၊ ဓာတ်ရောင်ခြည်ရဲ့ ဒဏ်ရယ်ကြောင့် ဆုံးတာဖြစ် မယ်“ ဟု ၎င်းင်းကပြောသည်။
သမားတော် ဒေါက်တာ ဘို ကြီးသည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ရွေးကောက်ခံရသော အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ယောက်ဖြစ်သည်။
Popular Myanmar News Journal
"ဆန္ဒကို သိက္ခာဖြင့် မထိန်းသော အမျိုးသားများ၏ အန္တရာယ်မှ ကာကွယ်ရန်
ယာဉ်လိုင်းများပေါ် ဝီစီတပ်တော့မည်"
မြို့တွင်းယာဉ်လိုင်းများပေါ် အိနြေ္ဒပျက်ပြားအောင်အပြုမူခံရသော အမျိုးသမီးများ အကူအညီ တောင်းခံနိုင်ရန်အတွက် ဝီစီများတပ်ဆင် ပေးတော့မည်ဟု Akhaya အမျိုးသမီး အဖွဲ့မှ ပရိုဂရမ် ဒါရိုက်တာ ဒေါ်ထားထားက ပြောသည်။
ဝီစီမှုတ်၍ အကူအညီ တောင်း ခံနိုင်မည့် အဆိုပါစနစ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင် မည်ဖြစ်ပြီး ယာဉ်လိုင်းများပေါ်တွင် သာမက လူစည်ကားရာ လမ်းတစ်လျှောက် တွင်လည်း အဖွဲ့ ၇ ဖွဲ့တို့မှ အမျိုးသမီးများ ရရှိစေရန် ခရာကို အခမဲ့ ဖြန့်ဝေသွားမည်ဟု ၄င်းက ပြောသည်။
''ကားပေါ်မှာ အမျိုးသမီးတွေ ထိကပါး ရိကပါး အလုပ်ခံရတာ များလာလို့ အဲဒီအတွက် ရည်ရွယ်ပြီး လုပ်တာပါ'' ဟု ၄င်းက ဆက်လက်ပြောသည်။
အချို့သော အမျိုးသမီးများ သည် ထိပါးခံရသော်လည်း ပါးစပ် မှ ဖွင့်မပြောရဲ ကြသည့် အတွက် ခရာ ဖြင့် ဝီစီမှုတ်ခြင်းသည် အဆင်ပြေ နိုင်မည်ဟု ယူဆကြောင်း ဝီစီ လှုပ်ရှားမှု အဖွဲ့ဝင် ဒေါ်စိုးစိုးက ပြောသည်။
ယခု အစီအစဉ်သည် အမျိုးသားထု တစ်ရပ်လုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဆန္ဒကို သိက္ခာဖြင့် မထိန်းသိမ်းကြသည့် အမျိုးသား အချို့၏ အပြုအမူများ ရပ်တန့် သွားစေရန် အတွက်သာ ဖြစ်ကြောင်း ဒေါ်ထားထားက ပြောသည်။
ဝီစီတပ်ပေးမည့် စနစ်သည် ဝီစီမှုတ် အချက်ပြ၍ အကူအညီ တောင်းသည့် အမျိုးသမီး များအား အကာအကွယ်ပေးရန်သာ ဖြစ်ပြီး နှောင့်ယှက်သူအား ကိုယ်ထိလက် ရောက် မပြုရန် မြန်မာနိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန် ထားသည်။
ဝီစီကို ရထားများပေါ်တွင် လည်း တပ်ဆင်သွားမည်ဟု ဒေါ် ထားထားက ပြောသည်။
Akhaya အဖွဲ့သည် အမျိုး သမီးနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လူ့အဖွဲ့ အစည်း တစ်ခုဖြစ်သည်။
ယာဉ်လိုင်းများပေါ် ဝီစီတပ်တော့မည်"
မြို့တွင်းယာဉ်လိုင်းများပေါ် အိနြေ္ဒပျက်ပြားအောင်အပြုမူခံရသော အမျိုးသမီးများ အကူအညီ တောင်းခံနိုင်ရန်အတွက် ဝီစီများတပ်ဆင် ပေးတော့မည်ဟု Akhaya အမျိုးသမီး အဖွဲ့မှ ပရိုဂရမ် ဒါရိုက်တာ ဒေါ်ထားထားက ပြောသည်။
ဝီစီမှုတ်၍ အကူအညီ တောင်း ခံနိုင်မည့် အဆိုပါစနစ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင် မည်ဖြစ်ပြီး ယာဉ်လိုင်းများပေါ်တွင် သာမက လူစည်ကားရာ လမ်းတစ်လျှောက် တွင်လည်း အဖွဲ့ ၇ ဖွဲ့တို့မှ အမျိုးသမီးများ ရရှိစေရန် ခရာကို အခမဲ့ ဖြန့်ဝေသွားမည်ဟု ၄င်းက ပြောသည်။
''ကားပေါ်မှာ အမျိုးသမီးတွေ ထိကပါး ရိကပါး အလုပ်ခံရတာ များလာလို့ အဲဒီအတွက် ရည်ရွယ်ပြီး လုပ်တာပါ'' ဟု ၄င်းက ဆက်လက်ပြောသည်။
အချို့သော အမျိုးသမီးများ သည် ထိပါးခံရသော်လည်း ပါးစပ် မှ ဖွင့်မပြောရဲ ကြသည့် အတွက် ခရာ ဖြင့် ဝီစီမှုတ်ခြင်းသည် အဆင်ပြေ နိုင်မည်ဟု ယူဆကြောင်း ဝီစီ လှုပ်ရှားမှု အဖွဲ့ဝင် ဒေါ်စိုးစိုးက ပြောသည်။
ယခု အစီအစဉ်သည် အမျိုးသားထု တစ်ရပ်လုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဆန္ဒကို သိက္ခာဖြင့် မထိန်းသိမ်းကြသည့် အမျိုးသား အချို့၏ အပြုအမူများ ရပ်တန့် သွားစေရန် အတွက်သာ ဖြစ်ကြောင်း ဒေါ်ထားထားက ပြောသည်။
ဝီစီတပ်ပေးမည့် စနစ်သည် ဝီစီမှုတ် အချက်ပြ၍ အကူအညီ တောင်းသည့် အမျိုးသမီး များအား အကာအကွယ်ပေးရန်သာ ဖြစ်ပြီး နှောင့်ယှက်သူအား ကိုယ်ထိလက် ရောက် မပြုရန် မြန်မာနိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန် ထားသည်။
ဝီစီကို ရထားများပေါ်တွင် လည်း တပ်ဆင်သွားမည်ဟု ဒေါ် ထားထားက ပြောသည်။
Akhaya အဖွဲ့သည် အမျိုး သမီးနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လူ့အဖွဲ့ အစည်း တစ်ခုဖြစ်သည်။
some comments:
Win Naung ၀ီစီမှုတ်ပြီး အချက်ပေးမဲ့အစား ပြည်သူတွေကို အသိပေးနိုင်အောင် ကြိုးစားပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်အောင် ပညာပေးသင့်ပါတယ်။ ရိုင်းပင်းကူညီပြီး ထိရောက်သော တရားရေးဆောင်ရွက်မှုများဖြင့် ထိန်းသိမ်းပေးခြင်းဖြင့် ယခုကဲ့သို့ ဆန္ဒလွန် ယောက်ျားများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်ပါမည်။ အခရာ ... တဒင်္ဂ ဖြေရှင်းနိုင်သော နည်းလမ်းထက် ထိရောက်သော နည်းလမ်းများကို တချိန်မှာ အသုံးပြုနိုင်ပါစေ....
Win Naung ၀ီစီမှုတ်ပြီး အချက်ပေးမဲ့အစား ပြည်သူတွေကို အသိပေးနိုင်အောင် ကြိုးစားပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်အောင် ပညာပေးသင့်ပါတယ်။ ရိုင်းပင်းကူညီပြီး ထိရောက်သော တရားရေးဆောင်ရွက်မှုများဖြင့် ထိန်းသိမ်းပေးခြင်းဖြင့် ယခုကဲ့သို့ ဆန္ဒလွန် ယောက်ျားများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်ပါမည်။ အခရာ ... တဒင်္ဂ ဖြေရှင်းနိုင်သော နည်းလမ်းထက် ထိရောက်သော နည်းလမ်းများကို တချိန်မှာ အသုံးပြုနိုင်ပါစေ....
Hnin Wai Lwin တကယ်တော့ မြန်မာ အမျိုးသမီးတွေ ရှက်တတ်တာကို အခွင့်ကောင်းယူပြီး ယောက်ျားတွေက သောင်းကျန်းနေတာ အမျိုးသမီးထုကြီး မရှက်ပဲဒါတွေကို တိုက်ဖျက်ရမယ်..
Pyae Phyo Aung ကားရထားပေါ်တပ်ထားမဲ့ဝီစီက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး.. တွယ်ချိတ်(အပ်) ကလေးနဲ့ဆို သိပ်အဆင်ပြေသဗျာ...
Shwe Wah Htun မရောင်ရာ ဆီလူးတဲ့ အပိုအလုပ်တွေပါ ။လမ်းတွေကို ယဉ်ကြော မပိတ်အောင်လုပ်မယ် ကားအစီးတိုးပြီး ကားတစ်စီးနဲ့ တစ်စီးအကြား ဂိတ်က စထွက်တဲ့ အချိန်ကိုလျေ့ချပြီး လူတွေငါးပိသိပ် ငါးချဉ်သိပ် တင်တဲ့ ကားတွေကို ထိထိရောက်ရောက် အရေးယူလိုက်ပါ ။ပါးစပ်ကမပြောရဲတဲ့ မိန်းကလေးက ဝီစီရော မှုတ်ရဲမယ်တဲ့လား
ရန်ကုန် -နေပြည်တော်- မန္တလေး ကျည်ဆန်ရထားလမ်း ဖောက်ရန် ပြည်ပ ၄နိုင်ငံကမ်းလှမ်း ဘီအိုတီစနစ်ဖြင့်
လုပ်ကိုင်လိုလျှင် ခွင့်ပြုမည်
ရန်ကုန်တွင် ကောင်းကင်ရထားလမ်း၊ ရန်ကုန်-နေပြည်တော်မြေအောက် ရထားလမ်း နှင့် ရန်ကုန် -နေပြည်တော်- မန္တလေး ကျည်ဆန် ရထားလမ်း ဖောက်ရန် တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယား ၄နိုင်ငံကမ်းလှမ်း ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်လိုလျှင် ခွင့်ပြုမည် by Popular News Journal
နိုင်ငံ၌မြေအောက်ရထား လမ်းနှင့် ကောင်းကင်ရထား လမ်းဖောက်လုပ် ရန် ပြည်ပ နိုင်ငံအချို့မှ ကမ်းလှမ်းမှုများ ရှိနေရာ ၄င်းတို့သာ ဘီအိုတီ စနစ်ဖြင့် လုပ်ကိုင် လိုပါကခွင့်ပြု ပေးသွားမည်ဟု နေပြည် တော်ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
''နိုင်ငံမှာ ဒီလိုတွေ လုပ်ကိုင်ချင်တယ် ဆိုပြီး ကမ်းလှမ်းမှုတွေက ရှိနေတယ်။ ကျွန်တော် တို့က လာလုပ်ပါ၊ လာလုပ်ရင် ရာနှုန်းပြည့် လုပ်ရမယ်၊ ကျွန်တော် တို့က ငွေ မစိုက်နိုင်ဘူး''ဟု ၄င်းက ဆိုသည်။
မြေအောက်ရထားလမ်းများ၊ ရန်ကုန်မြို့တွင်း ကောင်းကင်ရထား လမ်းများ အား ပြည်ပနိုင်ငံများမှ B.O.T စနစ်ဖြင့် လာရောက်ဆောင် ရွက်မည်ဆိုပါက ၄င်းတို့ နှစ်ပြည့် သွားလျှင်နိုင်ငံက သာဆက်လက် တာဝန်ယူလုပ်ဆောင် သွားရမည် ဖြစ်သဖြင့် အရှုံးမရှိဘဲအမြတ်သာကျန်မည် ဟု ၄င်းက ဆက်လက်ပြောသည်။
''နိုင်ငံတကာမှာ ရထားလမ်း ဆိုတာမျိုးက အရှုံးခံပြေးဆွဲကြရတဲ့ လုပ်ငန်း တစ်ရပ်ပဲ။ နောက်ပြီး မြို့ပြ ရဲ့ အလှတစ်မျိုးလည်းဖြစ်နေတယ်။ ဒီတော့ ဒီမြေအောက် ရထားလမ်းတို့၊ ကောင်းကင်ရထားလမ်း တို့ဆိုတာ မျိုးတွေကို ကျွန်တော်တို့လည်း လို ချင်တာပဲ''ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးကဆိုသည်။
အဆိုပါ မြေအောက်ရထား လမ်း၊ ကောင်းကင်ရထားလမ်းနှင့် အမြန်ရထားလမ်းတို့ လာရောက် ဖောက်လုပ်ရန် ကမ်းလှမ်းသည့် နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ဂျပန်နှင့် တောင်ကိုရီးယား တို့ဖြစ်ပြီး B.O.T စနစ်အပေါ် ၄င်းတို့က ယနေ့အထိ အကြောင်းပြန်ခြင်းမရှိသေးပေ။
၎င်းတို့ကရန်ကုန်တွင် ကောင်းကင်ရထားလမ်း၊ ရန်ကုန်-နေပြည်တော်မြေအောက် ရထားလမ်း နှင့် ရန်ကုန် -နေပြည်တော်- မန္တလေး ကျည်ဆန် ရထားလမ်း ဖောက်ရန် ကမ်းလှမ်းခဲ့ကြောင်း ၄င်းက ပြောသည်။
မြေအောက်ကျည်ဆန်ရထား လမ်းနှင့် ကောင်းကင်ရထားလမ်း တို့ ဖောက်လုပ်ပါက ၁ ကီလိုမီ တာလျှင် ကန်ဒေါ်လာ ၁ဝသန်း နီးပါးခန့် ကျသင့်မည်ဟု နိုင်ငံတကာ ဈေးနှုန်းများအရ သိရ ကြောင်း ၄င်းက ပြောသည်။
Photo- Korea Train Express KTX
Photo- Korea Train Express KTX
Photo- Korea Train Express KTX
some comments:
Lwin Aung Soe ကောင်းတာတခုကြောင့် မကောင်းဘဲ ကျန်နေသေးတဲ့ ကိစ္စတွေလည်း ကောင်းအောင်လုပ်ဖို့ တွန်းအားပေးစရာ ဖြစ်လာတတ်ပါတယ်။ ကမ်းလှမ်းထားတဲ့ ၄ နိုင်ငံထဲမှာ ဂျပန်က စိတ်ချရတယ်လို့ လက်တွေ့အာမခံနိုင်ပါတယ်။ တရုတ်ကတော့ ဟိုတလောကလေးတင် ပြဿာနာ ဖြစ်သွားခဲ့ဖူးတယ်။
Black Angle အမျှော်အမြင်ကြီးကြီးနဲ့ ဟိုးအနာဂတ်ဆယ်စုနစ်ပေါင်းများစွာကို လှမ်းကြည့်ပြီး ဆုံးဖြတ်လုပ်ကိုင်ဘို့လိုတယ်။ အဲဒီအတွက် သုတေသနလုပ်နိုင်ပြီး အကြံကောင်းညာဏ်ကောင်းတွေပေးနိုင်မယ့် လမ်းပန်းဆက်သွယ်ရေး မြို့တော်တည်ဆောက်ရေးနဲ့သက်ဆိုင်တဲ့ ပညာရှင်တွေ စီးပွားရေးသမားတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ရဲ့အကူအညီကိုယူဘို့လိုတယ်။
Black Angleကျနော့်အမြင်ကတော့ စီမံကိန်းလုပ်တာကောင်းတယ်။ ဒါပေမဲ့ စီမံကိန်းတစ်ခုလုပ်တိုင်း Stateholder Engagement လိုတယ်။ Enviromental Impact Assessment လိုတယ်။ အင်္ဂျနီယာတွေလိုသလို ဂျီအိုလော့ဂျစ်တွေလိုတယ်။ ဟိုက်ဒရိုဂျီအိုလော့ဂျစ်လိုတယ်။ Town Planning လိုတယ်။ ပြောရင်တော့မပြီးတော့ဘူး။ လက်ရှိစီမံကိန်းတိုင်းမှာ ဒါတွေကို မလုပ်ပဲ အမိန်နဲ့ လုပ်ခိုင်းသလိုဖြစ်နေတာတော့မကောင်းဘူး။ ကြာလာရင် အကျိုးဆက်အနေနဲ့  Air Pollution, Soil Pollution စတဲ့ ညစ်ညမ်းမှု့ တွေကြောင့် လူတွေဒုက္ခရောက်တော့မယ်။ တကယ်တမ်းပြင်ချင်ရင် အချိန်မှီသေးတယ်။ ဒါကတော့ စီမံကိန်းကိုဆက်လုပ်နေတဲ့ကာလအတွင်းမှာ ၾသစေတ်လ် အေမရိကန္စတဲ့ နိုင်ငံတွေက ပညာရှင်တွေကို ငှားသင့်တယ်။ ထိုင်းကလုပ်မဲ့ စီမံကိန်းကို ထိုင်းက ငှားတာကတော့ အလုပ်မဟုတ်ဘူး။ မလေးရှားလည်း မကောင်းဘူး။ ဘာ့ကြောင့်လဲဆိုတော့ လိမ်တာတွေများတယ်။ ဒီလိုအခြေအနေကို အခုမြင်နေရပြီ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေက အကူအညီထက် ဖွံ့ ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတွေရဲ့ စနစ်နဲ့ အကူညီကိုတောင်းသင့်တယ်။ အခုဟာက ဘာပဲလေ့လာ လေ့လာ တစ်ခါလာလည်း အင်ဒိုနီးရှား၊ ကုလားပြည်၊ တရုတ်၊ စင်္ကာပူ ပဲဖြစ်နေတယ်။ ဒီနိုင်ငံတွေကို ကျော်ပြီး ကြည့်သင့်နေပြီ