ကျွန်တော် အောင်ထက်ဟာ..ငယ်စဉ်က..ဟီရိုးလစ်ဇင် သမားပါ..
အရွယ်ရောက်တော့..ဘာကြောင့် ဟီရိုလစ်ဇင်ဖြစ်ရလဲပြန်တွေးကြည့်မိပါတယ်..
ဝန်ကြီးချုပ်ဟောင်း ဦးနုရေးခဲ့တဲ့ “ အာဇာနည်..” ဆိုတဲ့စာအုပ်ကြောင့်လို့တော့ ထင်တာပါပဲ..
ခုတောင်..သူရဲကောင်းတွေရဲ့ Biography ဆိုစွဲလန်းနှစ်သက်စွာ ဖတ်ရှုနေတုန်းပါ။
ရှေးပဒေသရာဇ် မြန်မာဘုရင်ခေတ်က..သူရဲကောင်းတွေထဲက.
ထူးဆန်းတဲ့ သူရဲကောင်းတစ်ချို့ကို ခန်းဆက်လေးလို ရေးသားမယ်လို့ စိတ်ကူးမိပါတယ်..
အရင်ဆုံးတော့..သူရဲကောင်း “ လဂွန်းအိမ်..” ပါ။
မြန်မာနဲ့ မွန် နှစ်လေးဆယ်ပြည်တွင်းစစ် အတွင်း..ဟံသာဝတီပဲခူးမင်း ရာဇာဓိရာဇ်ရဲ့စစ်သူကြီးပါ..
ရာဇာဓိရာဇ် ပဲခူးအရှေ့ဖက်နယ်ပါယ်တွေကို..အခိုင်မာ သိမ်းယူပြီးနောက်..
မြောင်းမြမြိ့စား လောက်ဖျား မလေးစားတဲ့အတွက်..မြောင်းမြကိုတိုက်ခိုက်သိမ်းယူဖို့ ကြံဆောင်ရပြန်ပါတယ်..
မြောင်းမြမြို့စားလောက်ဖျားက..ဆွေသားမျိုးသား၊ သားသမက် ကျေးကောင်းကျွန်ကောင်း အလုံးအရင်း
အင်ခွင်ကြီးပါတယ် ၊ မြို့ပြကောင်းပါတယ် ၊အလုပ်အကြံခက်တာကြောင့်..
မြောင်းမြကို.မလုပ်ကြံခင် ပုသိမ်ကို လုပ်ကြံပါတယ်။
ပုသိမ်မှာက နော်ရထာ၊ သမိန်ဗြဂြင်၊ လောက်ရှိန် သုံးယောက်စလုံးက လောက်ဖျားရဲ့သားတော်များချည်းဖြစ်ပါတယ်..
ပုသိမ်မှာက ရေတပ်အင်မတန်ကောင်းပါတယ်..
ရာဇာဓိရာဇ် ပုသိမ်ကိုရပေမဲ့ အရေးတော်ကုန်စင်ခြင်းမရှိခဲ့..မြောင်းမြကို ဆက်လက်လုပ်ကြံပန်ပါတယ်..
ပုသိမ်သားများက “ ငါတို့က လှေတက်အများပြားစီရင်၍ ကူးမိအောင်ကူးမည်။
မြောင်းမြမြို့ကလည်းထွက်၍တိုက်၊ ငါတို့ကလည်းရေကြောင်းတိုက်မည်၊
နှစ်ဖက်ညှပ်တိုက်ရက ဗညားနွဲ့ ခံနိုင်မည်လော “ ဟုဆိုလာပါတယ်။
ရာဇာဓိရာဇ်(ဗညားနွဲ့)က သူရဲကောင်းလဂွန်းအိမ်ကို..အောက်ပါတိုင်း စစ်ဗျူဟာ ခင်းစေပါတယ်..
“ လဂွန်းအိမ်က..ဒေါင်းပေါင်လုလင်မှာ..ကြည်းတပ်အခိုင်အမာနဲ့စောင့်ရန်..
ချောင်းထဲမှာ..ငုတ်တိုင်များအခိုင်မာ စိပ်စိပ်စိုက်ထားရန်..ဒီရေအတက် ကမ်းလုံးပြည့်လျှင်
ငုတ်တိုင်များကိုမမြင်စေရန်..
နောက်..လှေပေါ့နှစ်ဆယ်ခန့်နှင့် ပန်းပင်အထိ သွားရောက်စစ်မြူဆွယ်ရန်..
ပုသိမ်သားလှေတပ်ထွက်လိုက်က ပြန်ဆုတ်ခဲ့ရန်..
မိမိမှတ်သားထားသော..လှေလမ်းတိုင်း ပြန်ဝင်ရန်..ပုသိမ်လှေတပ် အတင်းလိုက်ရင်း ငုတ်များကြား
ရှုပ်ရှုပ်ထွေးထွေး ဖြစ်မှ..အင်အားနှင်ဖိတိုက်ရန်..”
အမှာတော်ရှိပြီးတဲ့နောက်..ရာဇာဓိရာဇ်ဘုရင်က..မိဖုရား တလမုမာယာ ကိုကွမ်းခွက်တော်နှင့်
ကွမ်းထည့်စေပါတယ်..အားတက်အောင်မြှောက်စားလိုက်တာပါ..
သူရဲကောင်း လဂွန်းအိမ် စိတ်ထဲမှာ..
“ ပုသိမ်သားတို့က..လှေတက်အင်အားများလှတယ်..ငါတို့က နည်းလှတယ်..
ငါ့သခင် ငါ့ကိုချစ်မချစ် သခင်စိတ်ကိုစမ်းမှတော်မယ်လို့ စိတ်ကူးနေပါတယ်..”
နောက်နေ့ တိုက်ပွဲထွက်ချိန်ထိ စောင်ကိုခေါင်းမြီးခြုံလို့ မိုးလင်းသည့်တိုင်မထပဲနေပါတယ်..
စစ်သူကြီး ဗြတ်စ နဲ့ အမတ်တိန် တို့တွေ့တဲ့ခါ အဘယ်ကြောင့် ဘုရင့်အမိန့်ကိုလွန်ဆန်လဲလို့မေးလာပါတယ်..
လဂွန်းအိမ်က..မနေ့က ဘုရင့်မိဖုရား တလမုမာယာ ကိုစိတ်စွဲလန်းလို့ စစ်မထွက်နိုင်ဖြစ်နေရကြောင်း..
စစ်သူကြီး ဗြတ်စ နဲ့ အမတ်တိန် တို့က..ရာဇာဓိရာဇ် ကို ပြန်လည်လျှောက်ထားတော့..
ရာဇာဓိရာဇ်က..” မိဖုရားကိုမသမြော..သင်းကိုသာ သမြောတယ်..” လို့ဆိုပါတယ်
နောက်တော့ မိဖုရားကို..လဂွန်းအိမ်ထံပို့ပေးပါတယ်..
စစ်သူကြီး ဗြတ်စ နဲ့ အမတ်တိန် တို့ကို ..မိဖုရားတလမုမာယာကို သူရဲကောင်း လဂွန်းအိမ်ထံပို့ပေးရတယ်....
လှေထက်ကနေ..မိဖုရားတလမုမာယာ ကို လဂွန်းအိမ် မြင်တဲ့အခါ..
အလျှင်အမြန် ထွက်လို့ လက်ဆောင်ပဏ္ဏာ နဲ့တကွ ကန်တော့ပြီး..
“ အရှင် သူ့ကိုချစ်မချစ်..စိတ်စမ်းခြင်းသာဖြစ်ပါကြောင်း..” ဆိုပါတယ်..
ချက်ချင်းပဲ..ဒေါင်းပေါင်လုလင်သို့ချီတက် တိုက်ခိုက်ရာ..အောင်ပွဲရလာပါတယ်..။
လဂွန်းအိမ် သတ္တိကို ကြိုက်တာပါ။
(ရှေးပဒေသရာဇ်ခေတ်ထဲက..မွန်သူရဲကောင်း စစ်သူကြီး..လဂွန်းအိမ်ရဲ့..အသက်နဲ့ရင်းပြီး..
ဘုရင့် မိဖုရားကိုတောင်းလို့ ဘုရင့်အချစ်ကို စမ်းတာကတော့..အသဲယားစရာပါ့ဗျာ..)